မုံရွာ - မန္တလေး အဝေးပြေးကာလမ်းမကြီးပေါ်တွင် လူအုပ်စုဖွဲ့ရိုက်နှက်၍ ပစ္စည်းလုယူမှုများဖြစ်ပေါ်

ချောင်းဦး၊ ဇွန် ၈

မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးပေါ်တွင် ခရီးသွားလာလျက်ရှိသည့် ဆိုင်ကယ်များကို လူအုပ်စု ဖွဲ့၍ ရိုက်နှက်ကာ ပစ္စည်းလုယူသွားသည့် လုယက်မှုဖြစ်စဉ်တစ်ရပ်အား ဇွန်လ ၇ ရက်နေ့ မနက် ၂ နာရီက မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချင်းစိန်ထံမှ သိရသည်။

ဖြစ်ပွားပုံမှာ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်သို့ ကိုမျိုးထွန်း အပါအ၀င် လူလေးဦး သည် ထိုနေ့ညက ဆိုင်ကယ်နှစ်စီးဖြင့် မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးအတိုင်း စီးနင်းလာစဉ် ၎င်းတို့ နောက်မှ ဆိုင်ကယ်သုံးစီး လူကိုးယောက်အဖွဲ့က တဟုန်ထိုး လိုက်ပါလာခဲ့ပြီး ကိုမျိုးထွန်းတို့၏ ဆိုင် ကယ်နှစ်စီးအား ရပ်တန့်ခိုင်းကာ လူကိုးယောက်မှ တုတ်များဖြင့်ရိုက်နှက်၍ ပစ္စည်းများကို လုယူထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။

လူအုပ်စုဖွဲ့၍ တုတ်များဖြင့်ရိုက်နှက်ကာ ပစ္စည်းများ လုယူခြင်းခံလိုက်ရသည့်အတွက် HUAWEI အမျိုး အစား ဆင်းကဒ်ပါ ဖုန်းတစ်လုံး၊ အုတ်နံရံဖောက်စက် တစ်လုံး၊ နှင့် ပိုက်ဆံ( ၈၀၀၀၀)ရှစ်သောင်းကျပ်၊ မြွေ ရေခွံအိတ်တစ်လုံး စုစုပေါင်း ကာလတန်ဘိုး(၂၂၉၀၀၀)နှစ်သိန်း၊ နှစ်သောင်း ကိုးထောင်ကျပ်ဘိုးခန့်အား လုယက်ခံလိုက်ရသည်ဟု လုယက်ခံရသူ ကိုမျိုးထွန်းနှင့်အဖွဲ့က ချောင်းဦးမြို့မရဲစခန်းတွင် သွားရောက်၍ တိုင်ချက်ဖွင့်ထားခဲ့သည်။

အဆိုပါ တိုင်တန်းချက်အား ချောင်းဦးမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၁/ ၂၀၁၄(ပ) ၈၉/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၉၅ အရ ဆောင်ရွက်လျက်ရှိရာ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကန္နားလမ်း၊ နန်ချွန်ကူးတို့ဆိပ်ကမ်းအနီး နေ ဆိုင်ကယ်၊ ကယ်ရီမောင်းသူ ပေါက်စီး(ခ)သီဟ၊ မျောက်ဇီးကွက်(ခ) ရဲမင်းဦး၊ ဒါးမ(ခ)ရဲလင်း ဆိုသူတို့ အပါအ၀င် ကူးတို့ဆိပ်ကမ်း၌ ကုန်ထမ်းလုပ်သားများဖြစ်ကြသော ကိုရင်မောင်၊ ကိုချစ်ဦး၊ ကိုရင်အောင်၊ ကို ရင်ဒက်ချီး(ခ)မိုးစက် ဆိုသူတို့အား လူအုပ်စုဖွဲ့၍ ရိုက်နှက်ကာ ပစ္စည်းများ လုယက်ရယူမှုဖြင့် ချောင်းဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်နှင့်အဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (FACEBOOK)


မုံရွာ - မန္တလေး အဝေးပြေးကာလမ်းမကြီးပေါ်တွင် လူအုပ်စုဖွဲ့ရိုက်နှက်၍ ပစ္စည်းလုယူမှုများဖြစ်ပေါ်  မုံရွာ - မန္တလေး အဝေးပြေးကာလမ်းမကြီးပေါ်တွင် လူအုပ်စုဖွဲ့ရိုက်နှက်၍ ပစ္စည်းလုယူမှုများဖြစ်ပေါ် Reviewed by သစ်ထူးလွင် on 18:07 Rating: 5
Powered by Blogger.