HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သားများ အခက်အခဲဖြစ်နေသည့် အချက် (၂) ချက် လွှတ်တော် တင်မည်

HIV ဝေဒနာရှင် များနှင့် လိင်လုပ်သား များအတွက် အခက်အခဲ အတားအဆီး ဖြစ်နေသည့် (၂) ချက် အား HIV အကူအညီ ပေးရေး ကွန်ရက် (၇)ခု ပူးပေါင်း၍ လာမည့် လွှတ်တော်တွင် ပေးဖို့ တင်ပြ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘာသာ ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့  HIV/AIDS မှ သိရသည်။

မော်တော်ယာဉ် လိုင်စင် လျှောက်ထားရာတွင် HIV ရောဂါရှိ၊ မရှိ စစ်ဆေးခြင်း အား ပယ်ဖျက် ပေးထား သော်လည်း လက်ရှိ တွင် စစ်ဆေး နေဆဲ ဖြစ်ပြီး၊ လိင် လုပ်သားများ အဖော်ဆောင် ထားမှု ကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးမှုများ ရှိနေသေး သည့် အချက် တို့ကို တင်ပြ တောင်းဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ဒါတွေက ပယ်ဖျက် ပေးထားပြီး ဖြစ် တဲ့ အချက်တွေပါ။ ဒါပေမဲ့ လက်တွေ့မှာ အခက် အခဲရှိ နေ သေးတယ်။ အမှန်တကယ် ကျင့်သုံး လာအောင် တောင်းဆိုမှာပါ ဟု မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့  (HIV/AIDS) မှ ညှိနှိုင်း ရေးမှူး မခေါန်တောင် က ပြောသည်။

လက်ရှိတွင် HIV ဝေဒနာရှင် များနှင့် လိင် လုပ်သားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရန် လွှတ်တော် ကိုယ်စားလှယ် များနှင့် HIV အကူအညီပေးရေးကွန်ရက် (၇) ခုမှ တာဝန်ရှိ သူများပူးပေါင်း၍ HIV ဆိုင်ရာ Working group ကို ဖွဲ့ စည်း ထားသည်။

HIV ဆိုင်ရာ Working group မှ HIV ဝေဒနာရှင်များ နှင့် လိင် လုပ်သား များကို အကာအကွယ် ပေးနိုင်မည့် ဥပဒေ တစ်ရပ် ရေးဆွဲ အတည်ပြုနိုင် ရန် ပြင်ဆင်လျက် ရှိပြီး၊ HIV အကူ အညီပေးရေး ကွန်ရက် (၇) ခုမှ တစ်နိုင်ငံလုံး ရှိ ကွန်ရက် အဖွဲ့ ဝင်များ နှင့် ချိတ်ဆက်၍ လက်ရှိ ဖြစ်ပေါ် နေသည့် ခွဲခြား ဆက်ဆံနေ ရမှုများ၊ အတားအဆီးရှိ နေမှုများ ကို သက်သေနှင့် တကွ ချပြ နိုင်ရန် စုစည်းလျက် ရှိကြောင်း သိရသည်။

Messenger News Journal



HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သားများ အခက်အခဲဖြစ်နေသည့် အချက် (၂) ချက် လွှတ်တော် တင်မည် HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သားများ အခက်အခဲဖြစ်နေသည့် အချက် (၂) ချက် လွှတ်တော် တင်မည် Reviewed by သစ်ထူးလွင် on 16:45 Rating: 5
Powered by Blogger.