လယ်သမား တစ်သိန်းကျော် ပါဝင်မည့် ဧရာဝတီ လယ်သမား ညီလာခံ ပြုလုပ်မည်


              မြန်မာ နိုင်ငံရှိ လယ်သမားများ တွေ့ကြုံ နေရသော အခက်အခဲ ပြဿနာ များအား စုပေါင်း ဖြေရှင်း ကြရန် ရည်ရွယ်၍ ၂၀၁၄ ခုနှစ်၊ မေလလယ်၌ လယ်သမား တစ်သိန်းကျော် ပါဝင်သော ဧရာဝတီ လယ်သမား ညီလာခံကို ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင် မြို့နယ်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက The Messenger သတင်းစာသို့ ပြောသည်။

အဆိုပါ ဧရာဝတီ လယ်သမား ညီလာခံ အား ဒုတိယ အကြိမ် ပြုလုပ် ကျင်းပခြင်း ဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်က  ဖားရွှေကျော် ဒေသတွင် ပထမအကြိမ် လယ်သမား ညီလာခံ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ပထမအကြိမ် လယ်သမား ညီလာခံ၌ လယ်သမား နှစ်သိန်းကျော် တက်ရောက် ခဲ့ပြီး၊ လယ်သမား များ၏  နစ်နာ ဆုံးရှုံးမှု များအား ခေါင်းငုံ့ မခံဘဲ  ဥပဒေ ဘောင်ထဲ မှ တောင်းဆို ဖြေရှင်းရန် အဆိုပါ လယ်သမား ညီလာခံ၌ ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ ““အဓိက ဆွေးနွေးမှာက အစိုးရ ချေးငွေ တွေကို လယ်သမား တွေက မြေသြဇာ မ၀ယ်ဘဲ သုံးဖြုန်း လိုက်လို့ ကြွေးလည်ပင်း နစ်တဲ့ အကြောင်းကို အဓိကထား ဆွေးနွေးမယ်”” ဟု တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ ညီလာခံသို့ ပဲခူးတိုင်း ဒေသ ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လယ်သမားများ တက်ရောက်ရန် စာရင်း ပေးသွင်း ထားကြောင်း တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ သိရသည်။

            ““မနှစ်က ဖားရွှေကျော် မှာလည်း တက် ဖူးတယ်။ လယ်သမား တွေရဲ့ တကယ်ကြုံရတဲ့ ပြဿနာ တွေကို ပါးစပ်နဲ့ မဖြေရှင်းဘဲ လက်တွေ့ စုပေါင်း ဖြေရှင်းဖို့ လိုတယ်။ ဒေသ တစ်ခု နဲ့ တစ်ခု မတူတော့ ကိုယ့်ဒေသ အကြောင်း ကိုယ်ဆွေးနွေး ရမှာပဲ”” ဟု ရန်ကုန်တိုင်း ဒေသ ကြီး၊  ထန်းတပင် ခရိုင်မှ ဧရာဝတီ လယ်သမား  ညီလာခံသို့  တက်ရောက်ရန် စာရင်း ပေးသွင်း ထားသူ လယ်ပိုင်ရှင် ဦးမြတ်တိုးက The Messenger သတင်းစာသို့ ပြောသည်။

            အဆိုပါ ညီလာခံ၌ လယ်သမား အခွင့် အရေး ကာကွယ်သည့် ဥပဒေ၊ သီးနှံ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရမည့် နည်းပညာများ၊ လယ်သမားများ ကြုံတွေ့ နေရ သည့် အခက်အခဲ ပြဿနာများ ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

The Messenger


လယ်သမား တစ်သိန်းကျော် ပါဝင်မည့် ဧရာဝတီ လယ်သမား ညီလာခံ ပြုလုပ်မည်   လယ်သမား တစ်သိန်းကျော် ပါဝင်မည့် ဧရာဝတီ လယ်သမား ညီလာခံ ပြုလုပ်မည် Reviewed by သစ်ထူးလွင် on 18:51 Rating: 5
Powered by Blogger.