သင်္ကြန်အတွင်း အရက်မရောင်းချရန် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များ ရောင်းချ


သင်္ကြန်အတွင်း အရက်များ မရောင်းချရန် အစိုးရပိုင်းအနေဖြင့် တားမြစ်ထား သော်လည်း ဘီယာများနှင့် အရက်များကို လက်တွင်ကိုင်ကာ ရောင်းချသူတချို့သည် လှည်လည် ရောင်းချ လျက်ရှိသည်။ ယင်းကဲ့
သို့ ရောင်းချမှုများကို ကမ္ဘာအေး ဘုရားလမ်းရှိ မဏ္ဍာပ်များတွင် ရောင်းချသူများကို တွေ့မြင်ရခြင်း ဖြစ်သည်။ အဆိုပါ ရောင်းချသူများသည် အရွယ်ရောက်သူများနှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုယ်တိုင် ရောင်းချနေကြခြင်းဖြစ်သည်။



သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေး အတွက် ဖြေရှင်းကြရသူများ


သင်္ကြန်ကာလအတွင်းတွင် ၀မ်းရေးအတွက် လှည့်လည် တောင်းရမ်းကာ စားသောက်ဖြေရှင်းကြရသည့် သက်ကြီးရွယ်အိုများကို ၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် တွေ့မြင်ရမှုသည် ပိုမို များပြားလာသည်။ အဆိုပါသက်ကြီးရွယ်အိုများသည် ယင်းကာလအတွင်း၌ ၀မ်းရေးအတွက် ဖြေရှင်းကြရာတွင် လာရောက်လှူဒါန်းကြသည့်သူများသည် များပြားကြခြင်းကြောင့် ၀င်ငွေများပြားသည်ဟု ဆိုကြသည်။

မဇ္စျိမသတင်းအဖွဲ့

Mizzima - News in Burmese


သင်္ကြန်အတွင်း အရက်မရောင်းချရန် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များ ရောင်းချ သင်္ကြန်အတွင်း အရက်မရောင်းချရန် တားမြစ်ထားသော်လည်း ဘီယာများနှင့် အရက်များ ရောင်းချ Reviewed by သစ်ထူးလွင် on 05:08 Rating: 5
Powered by Blogger.