ဟင်္သာတမြို့တွင် မီးလောင်၊ ၁ ဦး သေဆုံး


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် ရေတံခွန် ၁ လမ်းနဲ့ ၂ လမ်းကြားမှာ ဒီနေ့ မွန်းလွဲ ၁ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် လူတဦးသေဆုံးပြီး နေအိမ် ၅ လုံး

မီးလောင်ပျက်စီးသွားပါတယ်။

အဆိုပါ မီးလောင်သေဆုံးသူဟာ အငြိမ်းစားကျောင်းဆရာမကြီး တဦးဖြစ်ပြီး လေဖြတ်ဝေသနာခံစားရနေရတယ်လို့ ဟင်္သတဒေသခံ ကိုမြင့်နိုင်က ပြောပါတယ်။

မွန်းလွဲ ၁ နာရီကျော်လောက်ကနေ မီးစတင်လောင်ကျွမ်းရာ ၂ နာရီကျော်မှာ မီးငြိမ်းခဲ့တယ်လို့ ပြောပါတယ်။

By ဒီဗွီဘီ

ဓာတ်ပုံ – Hinthata HumanRights

ဟင်္သာတမြို့တွင် မီးလောင်၊ ၁ ဦး သေဆုံး ဟင်္သာတမြို့တွင် မီးလောင်၊ ၁ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 15:13 Rating: 5
Powered by Blogger.