ငြိမ်းချမ်းရေးအတွက် မုံရွာမှ လိုင်ဇာသို့ ချီတက် လမ်းလျှောက်သူ များ ချောင်းဦးသို့ရောက်ပြီ

မုံရွာမြို့မှ လိုင်ဇာသို့ ငြိမ်းချမ်းရေး အတွက် ချီတက် လမ်းလျှောက် သူများသည် ယနေ့ညနေ ၃နာရီ ၄၀ခန့်တွင် မုံရွာခရိုင် ချောင်းဦးမြို့ သို့ ရောက်ရှိပြီဟု သိရသည်။ ၄င်းတို့သည် ယနေ့နံနက် ၉နာရီခွဲခန့်မှ စတင်ကာ မုံရွာမြို့မှ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မှ လိုင်ဇာ သို့ ချီတက်လာတဲ့ အဖွဲ့ နဲ့ မန္တလေးမှာ ပူးပေါင်းမည်

စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးမည်

စစ်တပ်ပိုင် မြေအဖြစ် သိမ်းယူထားတဲ့ လယ်ယာ မြေတွေထဲက မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေထံ ပြန်ပေးဖို့ရှိပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကိုလည်း ကာလပေါက် ဈေးတွေနဲ့ လျော်ကြေးပေးဖို့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

တိုင်းရင်းသားနယ်မြေအားလုံးတွင် ထိုးစစ်ရပ်ရန် ကရင်လက်နက်ကိုင်အဖွဲ့ တောင်းဆို

တိုင်းရင်းသား နယ်မြေ အားလုံးမှာ ထိုးစစ်တွေ ရပ်စဲဖို့  ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) က ပြောကြား လိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်အနီးက  ကေအန်အယ်လ်အေ တပ်မဟာ ၇ နယ်မြေမှာ ဒီနေ့မနက်က ကျင်းပတဲ့----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂျော်နီ

သာသနာရေး ၀န်ကြီး နှင့် ပတ်သက်ပြီး ဦးဆန်းဆင့် သဘောထား (ရုပ်/သံ)

နိုင်ငံတော် သမ္မတရဲ. သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ပြည်ထောင်စု လွှတ်တော်ကို ပေးပို.ခဲ့တဲ့ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသ ကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် ကသူ.ရဲ. သဘောထားကို DVB ကို အခုလို ပြောပြခဲ့ပါတယ်။ (ရိုက်ကူး-သူသူအောင်)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ  




 

ဒေါ်အောင်ဆန်းစုကြည် ဂွမ်းဂျူး လူ့အခွင့်အရေးဆုကို လက်ခံရယူ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ ရရှိထားတဲ့ ဂွမ်းဂျူး လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 


၂၀၀၄ခုနှစ်တွင်ရရှိခဲ့တဲ့ ဂွမ်းဂျုးလူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူစဉ်

ဆင်းရဲသားဘဏ် သို့မဟုတ် လက်ခံလျှင် ဘဝကိုပါ ပစ်တင်ရတော့မည့် အသက်ရှူသံများ


လှိုင်သာယာမြို့နယ် ၁၆ ကွေ့ မှတ်တိုင်အနီး  ”ရွှေရင်အေး (၂)” ပုဂ္ဂလိက လိုင်စင်ရငွေချေးလုပ်ငန်း ဆိုင်းဘုတ် တပ်ထားသော တိုက် အိမ်ထဲမှ ပြန်ထွက်လာသည့် ဒေါ်   အေးယဉ်ရဲ့ ခြေလှမ်းတွေက ခပ် သွက်သွက်။ ဝင်သွားကတည်းကပါသွားသောလက်ထဲက ကြွပ် ကြွပ်အိတ်ထုပ်က ပြန်ထွက်လာ တော့လည်း ပါလာသည်။”နွမ်းနေ လို့ လက်မခံဘူး။ ကျွန်မကလည်း တကယ်အရေးကြီး နေလို့ပါ။ အိမ်မှာပေါင်စရာ နှံစရာ တန်ဖိုးရှိပစ္စည်းကလည်း မရှိတော့ ရှိတဲ့ အင်္ကျီလေးတွေ လာပေါင်တာ” ဟု ပြောရင်း ထန်းတဖျားခန့် ရောက် နေပြီဖြစ်သောနေကို မော့ကြည့်သည်။အဖြူရောင်ပျောက်၍ သံချေး ရောင်ပေါက်နေသည့် အင်္ကျီနွမ်းနွမ်း လေးက သူမ၏ ရှိရင်းစွဲ အရွယ်ကို ပိုမို အိုမင်းနေစေသည်က အမှန်။ ၄ဝ စွန်းစွန်း အသက်အရွယ်နှင့် မျက်နှာပေါ်တွင်သိသိသာသာ မြင် နေရသော အရေးအကြောင်းများ က လောကဓံအထုအထောင်းနှင့် မည်မျှရင်းနှီး ကျွမ်းဝင်နေခဲ့ရသည် ကို မှန်းဆမိနိုင်စေသည်။ မွေးက တည်းက မိဘမဲ့ဘဝဖြင့် ကြီးပြင်းခဲ့ ရပြီးပညာသင်ကြားခွင့်လည်း မရခဲ့ ဟု ဆိုသည့် သူမအလုပ်က ရပ် ကွက်တွင်းအိမ်တကာလှည့် အဝတ် လျှော်ခြင်းသာ။

”အလုပ်က ဘယ်လောက် လုပ်လုပ် ဘယ်တော့မှ လောက်င တယ်မရှိဘူး။ ဘယ်လောက်အလုပ် များလဲဆိုရင် သမီးမွေးနေ့တောင် မေ့နေတယ်။ သမီးက ဒီမနက်ကျ မှသူ့မွေးနေ့၊ကျောင်းက သူ့ဆရာမ ကို မုန့်နဲ့ကန်တော့ချင်လို့ ပိုက်ဆံ တောင်းမှသတိရတယ်။ လက်ထဲမှာ ပိုက် ဆံကလည်း အပိုကို မရှိတာ” ဟုအနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြော နေသော သူမမျက်နှာတွင် မေတ္တာ အရောင်ကိုတွေ့နေရသည်။ ဟင်္သာ တ ဇာတိဖြစ်သော သူမသည် အသက် ၁၈ နှစ်အရွယ်တွင် ရန် ကုန်သား ပန်းရံသမားတစ်ဦးနှင့်အကြောင်းပါကာ မဟာရန်ကုန်မြို့ သို့ ရောက်ရှိခြေချခဲ့ရသည်။ သို့ရာ တွင် အိမ်ထောင်သက် ၁၆ နှစ် အရောက်တွင် လုပ်ငန်းခွင် မတော် တဆဖြစ်၍ ဆုံးပါးခဲ့ရသော ခင်ပွန်း ဖြစ်သူထားခဲ့နိုင်သည်က သမီးတစ် ယောက်သာ။ တတ်စွမ်းသလောက် ထမ်းနေသော်လည်း
မကျေနိုင်သေး သည့် မိခင်တာဝန် ဝတ္တရားအတွက် လည်း ရှက်ရွံ့ဟန်ရှိသည်။


 ”အခုအိမ်ပြန်ပြီး စားအိုး စားခွက်တွေ ပြန်ယူပြီး နောက် ထပ် သွားပေါင်ရဦးမယ်။ သမီးက သိတတ်တယ်။ တော်ရုံ တောင်းတာ မဟုတ်ဘူး။ သူ့ဆရာမကို ချစ်လွန်း လို့ေ တာင်းတာ”ဟုပြောရင်း ထွက် သွားသော သူမ၏အလောသုံးဆယ် ခြေလှမ်းများက ”အမေ့မေတ္တာကို အပြည့်ဖော်ကျူးနိုင်သည့် စည်း ချက်များ”ဟု တင်စားသင့်သော် လည်း ”မေတ္တာတရား သက်သက် နှင့်ကိစ္စ မပြီးသော ကမ္ဘာပင် မဟုတ်လော။သူမ လိုအပ်မည့် ငွေပမာဏ သည် ၁၉ လမ်းမှ ဘီယာတစ် ဝိုင်းစာပင် မရှိ။ ကွင်းစတားမှ ပန်းကုံးတစ်ကုံးစာပင် မရှိ။ သို့ သော်ထိုမရှိခြင်းက သူမတို့လို ဘဝ များစွာအတွက်တော့ နေ့စဉ်ပိနေ သည့်တောင်။ ထိုသို့သော အခြေ အနေများကြောင့် ဆင်ခြေဖုံးရပ်
ကွက်များတွင် အပေါင်ပစ္စည်း မပါဘဲ ငွေချေးသော ငွေတိုး လုပ် ငန်းများက အစီစီအရီရီ။ သို့ရာတွင် များပြားသော အတိုးနှုန်း၊ ငွေတိုး ထုတ်ပေးမည့်သူနှင့် ရင်းနှီးခင်မင်မှ သာ ရမည်ဟူသောအချက်က သူ တို့နှင့် သိပ်မသက်ဆိုင်သလို ခပ် လှမ်းလှမ်းမှပင်။

 ဤကဲ့သို့သော အောက်ခြေ လူတန်းစားများ၏ ဘဝများကား အမြဲတစေလိုအပ်ချက်များ ရှိနေပေ လိမ့်မည်။ အလုပ်နှင့်လက်နှင့်မပြတ် မှသာ နေ့စဉ် စားဝတ်နေရေးကို   ပြေလည်စေမည် ဖြစ်၍ ရထားသော အလုပ်တစ်ခုကို တင်းတင်းဆုပ်ရင်း ကိုယ့်အခွင့်အရေးကိုပင် မသိကြ တော့။ ရတတ်သမျှအလုပ်အကိုင်ကို ရှိသည့်အားနှင့် သွန်လု ပ်သည့်တိုင် အရေးပေါ်ဆိုသော အခြေအနေ များက ရှောင်လွှဲမရ။ ထိုအခါ သူ တို့အဖို့ အပေါင်ဆိုင်တစ်နည်း လိုင်စင်ရပုဂ္ဂလိက ငွေချေးလုပ်ငန်း များကို အားကိုးကြရ သည်။ ငွေပေါ်ရန်အတွက် သူတို့သုံးသည့် ပစ္စည်း များမှာ တန်ဖိုးကြီးမဟုတ်။  တန်ဖိုး ရှိဟုပင် ဆိုနိုင်စရာ မရှိသော နေ့ စဉ်သုံး အိမ်အသုံးအဆောင်များ သာ။

”လာ ပေါင်ကြတာတော့ ပစ္စည်း အစုံပဲဗျ။ ဒီလှိုင်သာယာ (၁၉) ရပ်ကွက်က အကုန်ဆင်းရဲ သား လိုလိုချည်းပဲဆိုတော့ ကျွန် တော်တို့လည်း ရွေးပြီး လက်ခံရ တယ်။ သူတို့ မရွေးနိုင်လို့ ဆုံး သွားရင် ပြန်ရောင်းလို့ရမယ့် ဟာ မျိုးတွေပေါ့။ မဟုတ်ရင် ဒါကြီးကအဖတ်တင်နေမှာ။ ဘာမှလည်း သုံးလို့မရ၊ ရှုံးလည်းရှုံးဦးမယ်” ဟု လှိုင်သာယာ(၁၆)ေ ကွ့အနီး အပေါင် ဆိုင်တစ်ခုမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ဆိုင်ရှေ့တွင် တပြန့် တပြောစီတန်း၍ ရပ်ထားသော စက်ဘီးအစီး ၅ဝ ခန့်ကို လက်ညှိုး ထိုးပြရင်း”ဒါအေ ပါင်ဆုံးတွေလေ၊ ဒီလိုပြန်ရောင်းလို့ရမယ့် ပစ္စည်း တွေဆိုရင်တော့ တစ်မျိုးပေါ့”ဟု ဆိုင်ရှင်ကပြောသည်။ လူသားချင်း စာနာထောက်ထားမှု ဟူသော စကား ရပ်သည် ဂျာနယ်စာမျက်နှာ များထက်တွင်သာ ဖောဖောသီသီ တွေ့နေရပြီး တကယ့်လက်တွေ့ ဘဝတွင်ရှားပါးနေသည်ကလည်း သဘာဝကျပါသည်။လူသည် အတ္တ ကို ဗဟိုပြု၍သာ ကျင်လည် တတ်ကြသည့် သတ္တဝါဖြစ်သည့်အ လျောက် ကိုယ့်အကျိုးကို အထိပါး ခံပြီး အများအတွက် အနစ်နာခံမည့် သူမှာ အင်မတန်မှရှားပါးပေလိမ့် မည်။

 ”အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေးကချည်းပဲ သိန်း၂ဝဝ ကျော် သွင်း ရတယ်။ အရင်းကလည်း သိန်းကို ထောင်ဂဏန်းလောက် ရင်းထားရတာ” ဟု လှိုင်သာယာမြို့ နယ်မှ အပေါင်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ဤမျှများပြားသော ငွေရင်း ပမာဏဖြင့်ရင်းနှီးမြှုပ်နှံ နေခြင်းမှာ ဤအပေါင်ဆိုင်လုပ် ငန်းမှာ ရှုံးရန် ဖြစ်နိုင်ခြေနည်းပါးပြီး ပုံမှန်ဆိုပါက အလွန်ကောင်းမွန် သည့် စီးပွားရေး လုပ်ငန်းဖြစ်၍ ပင်ဖြစ်သည်။ ရန်ကုန် မြို့တွင်း အောင်မြင်ဖြစ်ထွန်းနေသော စီးပွား ရေးလုပ်ငန်းများတွင် အပေါင်ဆိုင် လုပ်ငန်းသည်လည်းတစ်ခုအပါ အဝင်ဖြစ်၍ လုပ်ကိုင်လိုသူပေါများ နေပြီး နှစ်စဉ်အပေါင်ဆိုင် အရေ အတွက် တိုးပွားလာနေသည်ကို ကြည့်ရုံနှင့်ပင် ဤသည်ကို သိသာ   နိုင်ပေသည်။

သို့ရာတွင် မည်သည့် လုပ် ငန်းမဆို စွန့်စားမှုကရှိစမြဲ။ အပေါင် ဆိုင်များအတွက် အဓိက သတိ ထားရသည်မှာ ခိုးရာပါ ပစ္စည်း လက်ခံမှုပင် ဖြစ်သည်။ ထို့ကြောင့်  အပေါင် ဆိုင်လုပ်ငန်းရှင် အား လုံး၏ တူညီသော စည်းမျဉ်းတစ်ခု မှာလာရောက်ပေါင်နှံသူများ၏  ထင်ရှားသော သက်သေအထောက် အထားပါလာမှသာ လက်ခံလေ့ရှိ ခြင်း ဖြစ် သည်။”ကျွန်တော်တို့ အဓိက သတိ ထားတာ ရွှေပေါ့။ ဖြစ်နိုင်ရင် ဘောက်ချာ ပြခိုင်းတယ်။ ဒါမှမ ဟုတ်ရင် မှတ်ပုံတင်တော့ ပါရ မယ်။ ဒါမှ တစ်ခုခု ပြဿနာ ဖြစ် လာရင် ကျွန်တော်တို့ ရှင်းရပြုရ လွယ်မှာလေ” ဟု လမ်းမတော်မြို့ နယ်မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ သို့ရာတွင် အခြေခံ အသုံးအဆောင်ပစ္စည်းများကိုမူ မှတ်ပုံတင် မပါလည်း လက်ခံလေ့ ရှိသည်ဟုဈေးကွက်တွင်းမှ သိရ သည်။


   ကြီးပွားချမ်းသာ နေသော နိုင်ငံများတွင်လည်း အပေါင်ဆိုင် များ ရှိနေသော်လည်း ၄င်းတို့၏ လည်ပတ်ပုံမှာ ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများနှင့်မူ အနည်းငယ် ကွဲပြား မှုရှိ ပါသည်။ သို့ရာတွင် ထိုအပေါင် ဆိုင်များကိုမှီခိုနေရသော သူများမှာအခြေခံလူတန်းစားများသာ ဖြစ် သည်ဟူသော အချက်ကတော့အတူတူပင်။အမေရိကန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် စာရင်းများအရ အပေါင်ဆိုင် ပေါင်း ၁၂၄ဝဝဝ ကျော် ရှိပြီး ကြော်ငြာပုံတွေကလည်း ခပ်ဆန်း ဆန်း။ History Channel ရုပ်မြင် သံကြားအစီအစဉ်တစ်ခုမှ ထုတ် လွှင့်ခဲ့သော အပေါင်ဆိုင်စီးပွား ကြယ်ပွင့်များ (Pawn Stars) သည် လူကြိုက်များသော အစီအစဉ်တစ် ခုဖြစ်သည်။ လာ့စ်ဗီးဂတ်စ်မြို့မှ အပေါင်ဆိုင်မိသားစုတစ်စု အ ကြောင်း ဇာတ်အိမ်ဖွဲ့ထားခြင်းက ပင် စိတ်ဝင်စားစရာ။ ၁၉၉၈ ခုနှစ် ကတည်းက ကီဗင်ဗရိုချာစတာ ဆို သူက ဦးဆောင်ပြီး အမျိုးသားအ ပေါင်ဆိုင် လုပ်ငန်းရှင်များ
အသင်း ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယခု အခါ အပေါင်ဆိုင်စီးပွားရေး လုပ် ငန်းသည် စနစ်တကျနှင့် အောင် အောင်မြင်မြင် ရပ်တည်နိုင်ခဲ့ပြီး အောက်ခြေလူတန်းစား များ အ တွက် တကယ့်အားထားရာ နေရာ အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေခဲ့ သည်။ အမေရိကန်အပေါင်ဆိုင် များ၌အများဆုံးတွေ့ရသည့် ပစ္စည်း များမှာလျှပ်စစ်ပစ္စည်း၊ ဂီတဆိုင်ရာ ပစ္စည်း၊ စက်ပစ္စည်း အသုံးအဆောင် နှင့် အဖိုးတန် အဝတ်အထည်များ သာ။ ထိုသို့ပင် ကျွန်တော်တို့နိုင်ငံ က အပေါင်ဆိုင်များတွင် အများဆုံး အပေါင်ခံ သည်က ရွှေ၊ ငွေ ပစ္စည်း တွေ၊အိမ်သုံးပစ္စည်းတွေ၊ စက်ဘီး နှင့် အဝတ်အထည်ပစ္စည်းများ။
 နေ့စဉ် လမ်းစရိတ်အတွက် ဒန်အိုး၊ဒန်ခွက်များပေါင်နှံ၍ အလုပ် သွားကြရသည်ဟူသော စကားမှာ အမှတ်တမဲ့ဆိုလျှင် ဖြစ်နိုင်ဟန် မရှိဟု ယူဆစရာပင်။ သို့ရာတွင် ယင်း ကဲ့သို့သော ကိစ္စရပ်များသည် ရန်ကုန်မြို့ဆင်ခြေ ဖုံးရပ်ကွက်များ တွင် ယနေ့တိုင် တွေ့နေရသေး သည်။

”မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်လေးတွေ လာပေါင် ပြီး လမ်းစရိတ်နဲ့ မနက်စာဖို့ လုပ် ရတယ်။ ညနေ အလုပ်ကပြန်လာရင် ပေါင်ထားတဲ့ အိုးခွက်တွေ ပြန်ရွေး အဲဒါနဲ့ပဲ ထမင်းဟင်းချက်စားရ တယ်။ နောက်တစ်နေ့ကျတော့ သွားပြန်ပေါင်ပေါ့။အဲဒီလိုလုပ်ရ တဲ့ ရက်က တစ်လမှာ ဆယ့်လေးငါး ရက်လောက်ရှိတယ်” ဟု ပြောလာ သူက သာကေတမြို့နယ် ဝက်စု ရပ်ကွက်နေ ဦးဘဇံ (အမည်လွှဲ)   ဖြစ်သည်။လက်တစ်ဖက်က ဒန် အိုးလေး ၂ လုံးဆွဲပြီးအပေါင်ဆိုင် တွင်းမှ ထွက်လာသည့် သူ့ရုပ်သွင်ကနွမ်းလျနေသည်။ ချွတ်ထား သော အင်္ကျီကိုပခုံးပေါ် လှမ်းတင် လိုက်ရင်း ခေါင်းပေါ်မှ ဖုန်မှုန့်၊ သဲ မှုန့်များကို ခါချလိုက်သည့် သူ့သွင် ပြင်က ယခုမှပင် အလုပ်ကြမ်းလုပ် ငန်းခွင်မှပြန်လာကြောင်း သံသယ ဖြစ်ဖွယ်မရှိ။ တစ်နေ့ ၃   ထောင်ရ သောအလုပ်ကမိသားစုလေးဦး အတွက် ဖူလုံကောင်းဖူလုံစေနိုင် မည် တွေးမိသော်လည်းမဟုတ်။

 ”ကျွန်တော်တစ်နေ့ကို နှစ် လုံးထီ ၅ဝဝ၊ ၁ဝဝဝ ဖိုး အမြဲလိုလို ထိုးဖြစ်တယ်ဗျာ။ ပိုက်ဆံလုံးလုံးခဲ ခဲလေးများ ရမလားဆိုတဲ့ စိတ်ကူး ပေါ့ဗျာ။ ဒါပေမဲ့ မပေါက်တာက များပါ တယ်။ မပေါက်လေ မဲချင် လေပဲဗျ” ဟု ဦးဘဇံက ပြော သည်။”ဒီတီဗီကို လာပေါင်တဲ့သူက အဲဒီလို လူမျိုးပေါ့။ တစ်လကို သုံး ခါလောက် လာပေါင်လိုက် ပြန်ရွေး လိုက် လုပ်ရတာ။ တစ်ခါက နင် ဟယ် . . . ချဲထိုးမနေပါနဲ့လို့ ပြောမိပါတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ ကျွန်တော်တို့မှာ ငွေ လုံးလုံးခဲခဲ ရစရာဆိုလို့ဒါပဲရှိတာ လို့ ပြန်ပြော တယ်လေ” ဟု ဆိုလာ သူက တောင်ဒဂုံဆိပ်ကမ်းမြို့နယ် မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်သည်။ လူတွေများ မတော် လောဘတော်တော်များ နေကြပြီ  လားဟူသော တရုတ်နွယ်ဖွား ဆိုင် ပိုင်ရှင်အန်တီကြီး၏ ညည်းသံက စဉ်းစားဖွယ်ပင်။

   နုံချာခဲ့သော အတိတ်ကံ ကြောင့် ဟုပဲဆိုဆို၊ အောက်ခြေ လူတန်းစား ဆင်းရဲသား မိသားစု တွင် လူဖြစ်လာခြင်းသည် အပြစ် ဆိုစရာ မရှိ။ မဆိုအပ်။ ခေတ်အ ဆက်ဆက် အစိုးရလက်ထက် ပညာရေးစနစ်ကို ဖိနှိပ်ထားသည် ဆိုသော်ငြား မြန်မာပြည်တွင် မြန်မာစာကို လူတော်တော်များ ဖတ်နိုင်သည်၊ ရေးနိုင်သည်၊ သို့ရာ တွင် အသိအမြင် ကျယ်ပြောခြင်း သည် မှန်ကန်သည့်ဆုံးဖြတ်ချက် များချမှတ်စေနိုင်သည့် အကြောင်း ရင်းတစ်ရပ်ဟု ဆိုရပါလျှင် ကျွန် တော်တို့ ပြည်သူတွေ ဤအပိုင်းတွင် အလွန် ချို့ယွင်းခဲ့သည်ဟု သာ ဆိုရမည်။အသိအမြင်နည်းခြင်းသည် ဆင်းရဲမွဲတေမှု အကြောင်းတစ်ရပ် ဟု ဆိုပါလျှင် အသိအမြင်နည်း ခြင်းကို အရင်တိုက်ဖျက်ရမည်။

”ဆင်းရဲနွမ်းပါးမှုကို လျှော့ချ နေတဲ့ နေရာမှာ လောင်းကစားကို မတားဆီးနိုင်ရင် မအောင်မြင်နိုင် ဘူး။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ချေးငွေတွေ ပေးနေရင် လည်း လောင်းကစားတွေ လုပ် ပစ်လို့ ဘာမှအရာမထင်ဘူး။ အိမ်ရှင်မ ၅ဝ ရာခိုင်နှုန်း၊ ၆ဝ ရာခိုင်နှုန်း လောက်က ချေးငွေတွေ ကိုင်လောင်းကစား လုပ်ပစ်ကြ တယ်။ ဒါကို မတွန်းလှန်နိုင်သမျှ မနှိမ်နင်းနိုင်သရွေ့ကတော့ ဆင်းရဲ နွမ်းပါးမှုဟာ ပပျောက်မှာ မဟုတ် ဘူး။ ဒါကို မတွန်းနိုင်သရွေ့ ဆင်းရဲ တွင်း နက်နေဦးမှာပဲ” ဟူသောထွန်းဖောင်ေ ဒးရှင်းဘဏ် ဥက္ကဋ္ဌ ဦး သိန်းထွန်း၏ စကားက လက်တွေ့ လောကနှင့် အတော်နီးစပ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ရွေးကောက် တင်မြှောက်မှုဖြင့် တက်လာေ သာ ဒီမိုကရေစီအစိုးရ ဆိုသည့် အရပ်သားတစ်ပိုင်း အစိုး ရလက်ထက်တွင် ဆင်းရဲမွဲတေမှု နှုန်း လျှော့ချရေးအတွက် လုပ် ဆောင်ရန် ပြင်ဆင်နေသည်ကို တွေ့ရပါ သည် ။ ကောင်းမွန်သော အလားအလာဟု ဆိုရမည် ဖြစ် သော်လည်း ထည့်သွင်းစဉ်းစားရ မည်က အောက်ခြေမှ အချက် အလက် မှန်၊ အခြေအနေမှန်အပေါ် မူတည် မှသာ အကျိုးရလဒ်က မျှော်လင့် ထားသလို ဖြစ်လာမည်ဟု သုံး သပ်ရသည်။ အသိဥာဏ်နည်းပါး မှု၊ ချဲထီလောင်းကစား၊ ရှားပါး သော အလုပ်အကိုင်နေရာ စသည့် အခြေခံ အကြောင်း အချက်များကို ထည့်သွင်းစဉ်းစား အဖြေရှာရန် အလွန်အရေးကြီးပါသည်။ သို့ မဟုတ်လျှင် စိုက်ဘဏ်မှချေးငွေထုတ်ပြီး အိမ်ပြန်ရောက်သည့် အခါ ဘာငွေမှ မပါလာတော့သည့် လယ်သမားကြီးများကို တွေ့နေရ ဦးမည်ကမလွဲ။
မည်သို့ပင်ဖြစ်စေ . . .

 မြန်မာနိုင်ငံတွင် နံနက်ခင်း မျက်စိပွင့်သည်နှင့် သေးသေး ကုတ်ကုတ်အိမ်တွင်းမှ ရွှေ့ပြောင်း ၍ ရနိုင်မည့် ပစ္စည်းမှန်သမျှကို မကာ တစ်နေ့တာ ဘဝအတွက် ထိုးအပ်ပစ် လိုက်မည့် ဘဝများရှိ ပါသည်။ ထို့အတူ လာသမျှ ပစ္စည်းများ ကို ဖင်တပြန် ခေါင်းတပြန်လှန် လှောကြည့်၍ ဈေးဆစ်နိုင်သမျှ ဆစ်ကာ ခါချရန် အသင့်စောင့်နေ သော အပေါင်ဆိုင်များလည်း ရှိ နေပါသေးသည်။ မျှော်လင့်ချက်အပြည့်ဖြင့် အထုပ်လေးများ လက်တွင်ဆွဲကာ သုတ်သုတ်ပျာပျာ ဝင်သွားပြီး လက်ဗလာဖြင့် ပြန်ထွက်လာသည့် လူများ၏ အိတ်ကပ်ထဲတွင် ဂဏန်း ငါးလုံး မပြည့်သော ငွေစလေးများ ရှိနေပါသည်။ တစ်နေ့တာအတွက် စောင့်မျှော်နေမည့်ဆာလောင်မှုများ အတွက် နေညိုချိန် ပါလာ မည်ဟူ သော မျှော်လင့်ချက်များဖြင့် သူတို့ အလျော်အစားလုပ်နေကြခြင်းဖြစ် သည်။တကယ်တော့ အပေါင်ဆိုင် များသည် အခြေခံ လူတန်းစားများ အတွက်တော့ အေ ကာင် အထည်ရှိ သော ကယ်တင်ရှင်များ ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ဆိုသည်ထက် ပိုအသက်ဝင်နေ သော အားကိုးရာများလည်း ဖြစ် သည်။ တကယ်ေ တာ့ ဆင်းရဲနွမ်းပါး မှုသည် အရေးတကြီး ကာကွယ် ဆေးကျွေး၍ တိုက်ဖျက်ရမည့်     ရောဂါဖြစ်ပြီး ကုသရန် ဆေးမရှိ ပါက အပေါင်ဆိုင် ကောင်တာပေါ် သူတို့ ၏ ဘဝများ ပစ်တင်လိုက်ရန်မှ လွဲ ၍ …ဘာများ ရွေးရန် ကျန်ဦး မည်နည်းဟုသာ မေးရတော့မည် ဖြစ်သည် . . .။

ရန်ကုန်ဆောင်းက ဤတစ် နေ့တည်းကိုပင် အငြိုးဖြင့် ကွက် ၍ တာဝန်ကျေနေသည်လား မသိ။ နံနက်ခင်း အေးစက်စက်ထဲ စောင် တစ်ထည်အောက်တွင် လုံးထွေး ၍ ကွေးနေကြသော ကလေးများကို ကြည့်ရင်း  ဒေါ်မြသက် ရင်ထဲ မချိသော်လည်းမတတ်နိုင်။”ဟဲ့ဟဲ့ . . .ဖယ်ကြစမ်း။ ပေးစမ်းစောင်ကို။ နင်တို့စားဖို့ လုပ် ရဦးမယ်ဟဲ့”ဟု ဆူပူပြော ဆိုရင်းမှ စောင်ကို အတင်းဆွဲ ယူလိုက်သည်။ ဟုတ်သည်။ စောင် နှင့် ဒန်အိုး ပေါင်လျှင်တောင် သုံး ထောင်ရရန် မနည်းတိုက်ပွဲ ဝင်ရဦး မည်ဖြစ်ရာ ဒေါ်မြသက် အလိုလို ဒေါပွနေ ခြင်းဖြစ်သည်ဟု ဆိုပါသည်။အပေါင်ဆိုင်သို့ သွားရန် အိမ်အပြင် ထွက်ချိန်တွင် အေး၍ ထငိုလိုက်သော သားငယ်၏ အသံ ကြားချိန်တွင်တော့ အရာရာ ကို မကျေနပ်စိတ်ဖြင့် ဒေါ်မြသက် တစ်ယောက် ”အေးရင်လည်း ကိုယ့်ဟာကိုယ် ကိုင်ပြီးတော့သာ နွေးအောင် နေကြတော့ဟေ့”ဟုနာနာကျည်းကျည်း အော်လိုက် ပါေ တာ့သည်။


ကျော်ရဲလင်း  
အောင်ခွန်းဆက် ကူညီသည်။
Popular Myanmar News Journal

ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို တောင်ငူ အာဏာပိုင်များ ကူညီ၊ ဒုက္ခသည်များ အတွက် ငွေလှူ (ရုပ်/သံ)

ကေအိုင်အေ ဌာနချုပ်ရှိတဲ့ လိုင်ဇာကို ငြိမ်းချမ်းရေး အတွက် မိုင်၈ဝဝ ချီတက်နေတဲ့ လူငယ်တွေက တောင်ငူမြို့အရောက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ကူညီမှုကို ရခဲ့တယ်လို့ လှုပ်ရှားတက်ကြွသူ ကိုရန်နိုင်ထွန်းက ဇန်နဝါရီ ၂၉ရက်နေ့မှ ပြောဆိုခဲ့ပါတယ်။
တောင်ငူမြို့အဝင်မှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ဆို့မှုတွေ၊ နှောင့်ယှက်ဟန့်တားမှုတွေ လုပ်တယ်ဆိုတဲ့သတင်းတွေ မှားယွင်းကြောင်း၊ ကချင်ပြည်ငြိမ်းချမ်းရေးအတွက် စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတို့က ငွေတွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ  




ကချင်ထိုးစစ် အရှိန်ကျသွားသော်လည်း အစိုးရတပ်များ ပြန်မရုပ်သေး

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေ သော တိုက်ပွဲများ ယခုလ ၂၆ ရက်နေ့ နောက်ပိုင်း ငြိမ်သက်စပြုလာသော်လည်း  လိုင်ဇာအနီးတစ်ဝိုက်ရှိ အစိုးရတပ်များ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရ သည် ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာ့တပ်မတော် အားဖြည့်စစ်ကြောင်း

မြန်မာ့အကြွေး ဒေါ်လာသန်း သုံးထောင့် ငါးရာကျော်ကို ဂျပန်က လျော်ပစ်လိုက်ပြီ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းမှု၊ စီးပွါးရေးနဲ့ လူမှုရေးပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်မှုတွေကို အားပေး ကူညီတဲ့ အနေနဲ့ မြန်မာ အစိုးရထံက ရစရာရှိတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၅၈ဝ ကို ဂျပန်နိုင်ငံ လျော်ပစ်လိုက်ပါတယ်။

ရန်ကုန်မြို့ရှိ ဂျပန်သံရုံးရဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ ကြေညာချက်မှာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက်ပံ့ပိုးဖို့ အရေးကြီးတယ်လို့ ဂျပန်အစိုးရက ယုံကြည်တဲ့အတွက် အကူအညီတွေ ကျယ်ကျယ်ပျံ့ပျံ့ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ မြန်မာပြည်အနေနဲ့ နိုင်ငံတကာကနေ အထောက်အပံ့တွေ ရရှိရေးအတွက်လည်း ဂျပန်နိုင်ငံက ဆက်လက်ဦးဆောင်ကြိုးပမ်းမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

RFA Burmese


ဒေါ်အောင်ဆန်းစုကြည် သူရဲကောင်း ဗိမာန်မှာ ဂုဏ်ပြုပြီး ဂွမ်ဂျုးမြို့တော်သူဆု လက်ခံရယူ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျုးမြို့ကိုေ၇ာက်ရှိလာပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ကျဆုံးသွားသူတွေကို အမှတ်တရ တည်ဆောက်ထားတဲ့ သူရဲကောင်း ဗိမာန်မှာ သွားရောက် ဂုဏ်ပြုခဲ့ပါတယ်။ အဲဒိ့နောက် ၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမျြင့်ခဲ့တဲ့ ဂွမ်ဂျုး လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သလို ဂွမ်ဂျုး မြို့တော်ဝန်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျုးမြို့တော်သူဆုကိုလည်း တပါတည်း လက်ခံရယူခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျုးမြို့ကိုေ၇ာက်ရှိလာပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ကျဆုံးသွားသူတွေကို အမှတ်တရ တည်ဆောက်ထားတဲ့ သူရဲကောင်း ဗိမာန် "sacred site of democratisation" in Gwangju ကို သွားရောက် ဂုဏ်ပြုပြီး အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ပါတယ်။ အဲဒိ့နောက် ၂၀၁၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမျြင့်ခဲ့တဲ့ ဂွမ်ဂျုး လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သလို ဂွမ်ဂျုး မြို့တော်ဝန်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျုးမြို့တော်သူဆုကိုလည်း တပါတည်း လက်ခံရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျုးလေဆိပ်ကနေ ဆိုးလ်မြို့ ကမ်ပိုလေဆိပ်ကို ဒေသစံတော်ချိန် နေ့လည် ၂ နာရီက ပြန်လည်ထွက်ခွာသွားပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် (မြန်မာစံတော်ချိန် နံနက် ၇နာရီမှ ၈နာရီခွဲ) မှာ ဆိုးလ်မြို့မှာ ကိုရီးယားရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲကို အောက်ပါ လင့်မှာ ကြည့်နိုင်ပါတယ်။

ကိုရီးယား အချိန် နံနက် ၉း၃၀ မှ ၁၁း၀၀ နာရီအထိ (မြန်မာစံတော်ချိန် နံနက် ၇နာရီမှ ၈နာရီခွဲ)

သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ကို အမှုကျေအေး

သတ္တုတွင်း ဝန်ကြီးဌာနက The Voice Weekly ကို တရားစွဲဆိုထားတဲ့ အမှုကို "စာနယ်ဇင်းလောကရဲ့ အကျိုးကို ရှေးရှုဖို့ ညှိနှိုင်းလာတဲ့ အပေါ် ကျေအေးလိုက်ကြောင်း" သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ဦးဇော်ကိုကိုက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ

နေပြည်တော် လေးလပတ် အစည်းအဝေးတွင် လိုင်ဇာသိမ်းပိုက်ရေး အစီအစဉ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိ

မြန်မာ့ တပ်မတော်၏ လေးလပတ် အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က စတင် ကျင်းပလျက် ရှိကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ခေါင်းဆောင်များနှင့် တိုင်းမှူး၊ တပ်မမှူးများအားလုံး တက်ရောက် နေကြသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 


ဒဂုံဆိပ်ကမ်းက ညဥ့်ငှက်ဂေဟာ

ဇန်န၀ါရီ ၁၉ ရက် ည ၆ နာရီခွဲခန့် တွင် ဒဂုံဆိပ်ကမ်း မြို့ နယ် (၈၇) ရပ်ကွက်ရှိ တိုက်ခန်း တစ်ခုတွင် ပြည့်တန်ဆာ လုပ်ကိုင်နေကြောင်း သတင်း အရ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့  အထူးမှုခင်း နှိမ်နင်းရေး ဌာနစုမှူး ရဲအုပ် ထွန်းလင်း ဦးစီး၍ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တိုက်ကြီးတွင် တောဆင်ရိုင်း အန္တရာယ် ကြုံတွေ့နေရ

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီး မြို့နယ်အတွင်း ကျေးရွာငယ်များတွင် တောဆင်ရိုင်းများ ဒုက္ခပေးသည့် ဆင်အန္တရာယ် ကြုံတွေ့နေရကြောင်း ကျားချောင်း ကျေးရွာသားများက ပြောကြားသည်။
တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာမှ ဦးစိန်မောင်က---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်

ဇေကမ္ဘာ ကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက် သောက် ကျေးရွာတွင် ငွေအကျေ ချေပြီး ရောင်းချ ခဲ့သော ပီစီအိုဖုန်း များကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ သေးသည်ဟု ဆိုကာ ဆက်သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေး ဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်း ပသော ပြည်ထောင်စု လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် အား လုံးက သဘောတူသဖြင့် အတည် ပြုကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်

တိုင်ကြား ခံရသည့် အကောက်ခွန် ဝန်ထမ်း ၃၅ ဦး အရေးယူ ခံရ

အကောက်ခွန် ဝန်ထမ်းများ တာဝန် ပျက်ကွက်ခြင်း၊ မမှန်မကန် လုပ်ခြင်းကို စီးပွားရေး လုပ်ငန်းရှင် များက သက်သေ အထောက် အထားနှင့် တိုင်ကြားသည့် အတွက် ၂၀၁၂ ခုနှစ် အတွင်း အကောက်ခွန် အဆင့်မြင့် အရာရှိ နှစ်ဦး အပါအဝင် ဝန်ထမ်း ၃၅ ဦးကို ယင်း ဦးစီး ဌာနက အရေး ယူပြီး ဖြစ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





သတင်းဓါတ်ပုံမှားယွင်း အစိုးရသတင်းစာတောင်းပန်

ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ သုံးစောင်မှာ ဖော်ပြခဲ့တဲ့ ကေအိုင်အေ မိုင်းခွဲတိုက်ခိုက် မှုသတင်းမှာ အသုံးပြုထားတဲ့ သတင်းဓာတ်ပုံဟာ အဲပုဂံ လေယာဉ်ပျက်ကျမှုမှာ ပါရှိတဲ့ ဆိုင်ကယ်ပုံကို (ဘေးက၀ိုင်းကြည့် နေသူများ ကိုဖြတ်ပြီး) သုံးစွဲ ဖော်ပြ ထားပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒမတ်စကပ်ကို အစ္စရေးတိုက်ခိုက်ဟုဆို

ဒမတ်စကပ်မြို့တော် အနောက်မြောက်ပိုင်းက စစ်သုတေသန ဌာနတခုကို အစ္စရေး စစ်လေယာဉ်တွေ လာဗုံးကြဲ သွားတယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။ ဗုဒ္ဓဟူး နေ့ မနက် လင်းအားကြီးက ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှု အတွင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗုဒ္ဓဟူးနေ့ မနက်က တိုက်ခိုက်ခံရ

ဂွမ်ဂျူး လူ့အခွင့်အရေးဆု ဒေါ်စုလက်ခံယူမည်

တောင်ကိုးရီးယား နိုင်ငံကို ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ ကြာသာပတေး နေ့မှာတော့ ၂၀၀၄ ခုနှစ် ကတည်းက ရရှိထားတဲ့ ဂွမ်ဂျူး လူ့အခွင့် အရေး ဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ရဲ့ တောင်ကိုရီးယား ခရီးစဉ် အတွင်း လိုက်ပါ သတင်း ယူနေပြီး အခု ဂွမ်ဂျူး မြို့မှာ ရောက်နေတဲ့ ဗွီအိုအေ ၀ိုင်းတော်သား ဦးရော်နီညိမ်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းတာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးရော်နီညိမ်း အခုလို စပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာဆိုလို့ရှိရင် မနေ့တုန်းက ဖျောင်းချန်းမြို့မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် မသန်မစွမ်းသူများရဲ့ အထူး အိုလံပစ်ပွဲတော်နဲ့ တတွဲတည်း ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီး ဆွေးနွေးပွဲကနေတဆင့် ဂွမ်ဂျူးမြို့ကို မနေ့ညနေ ကတည်းက ရောက်ရှိသွားတာပေါ့ခင်ဗျာ။ ဒီကနေ့ မနက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီ တော်လှန်ရေးအထိမ်းအမှတ် သုဿန်ကိုသွားပြီး လွမ်းသူ့ပန်းခွေ ချမှာပါ။ အဲဒါကတော့ သမ္မတ ချန်ဒူးဝှမ်လက်ထက်တုန်းက ဂွမ်ဂျူးမြို့မှာ ဒီမိုကရေစီရေး ဆန္ဒပြကြသူတွေကို အင်အားသုံး နှိမ်နင်းခဲ့တာမှာ သေဆုံးသွားခဲ့ရသူတွေအတွက် အထိမ်းအမှတ်ပြုလုပ်ထားတဲ့ သုဿန်ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂွမ်ဂျူးမြို့တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဂွမ်ဂျူးမြို့တော်သူဆုကိုလည်း တက်ရောက်ပြီးတော့ ရယူမှာပါ။ နောက်ပြီးတော့ အခုနတုန်းက ဒီမိုကရေစီရရှိရေး ဂွမ်ဂျူးမြို့ကနေ အပြင်းအထန်ကြိုးပမ်းခဲ့လို့ ဂွမ်ဂျူးအရေးတော်ပုံ လို့ လည်း ခေါ်ကြတဲ့ အထူးသဖြင့် ကျောင်းသားတွေ ကျဆုံးသွားခဲ့တာပေါ့- အဲဒီတော့ အဲဒီအထိမ်းအမှတ်နဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီးတော့ နှစ်စဉ်နှစ်တိုင်း ထူးချွန်သူတွေကို ဆုချီးမြှင့်တယ်။ ၂၀၀၄ ခုနှစ်တုန်းက ဂွမ်ဂျူးမြို့ကနေပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကို ဂွမ်ဂျူးလူ့အခွင့်အရေးဆု ဆိုပြီးတော့ ချီးမြှင့်ခဲ့တာ ရှိပါတယ်။ အဲဒီ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ချီးမြှင့်တဲ့ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီး ဒီဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေ ၂ နာရီခွဲလောက်မှာ ဂွမ်ဂျူးမြို့ကနေ ဆိုးလ်မြို့တော်ကို ဆက်ပြီးထွက်ခွာသွားမှာပါ။ ဆိုးလ်မြို့တော်ကို ရောက်တဲ့အခါမှာ ညနေပိုင်း မှာ ကိုရီးယား လွှတ်တော်အမတ်တွေက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မှာ ဖြစ်ပါတယ်ခင်ဗျား။

မေး။ ။ ဟုတ်ကဲ့၊ ဦးရော်နီ- ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခွင့်ရတယ်လို့ လည်း ပြောပါတယ်။ အဲဒါ ဘယ်မှာလဲရှင့်။

ဖြေ။ ။ ကျနော်က မနေ့တုန်းကပေါ့နော်- ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ မသန်မစွမ်းသူတွေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ ဆွေးနွေးပွဲမှာ သတင်းထောက်တွေ မေးခွန်းမေးခွင့်ရတဲ့အခါမှ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို ဗမာနိုင်ငံ မှာ စစ်ပွဲတွေနဲ့ပတ်သက်လို့ ဆက်စပ်ပြီး ဖြစ်ပေါ်လာရတဲ့ မသန်မစွမ်းသူတွေရဲ့ ကိစ္စကို မေးတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်ဖြေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။  ။ မသန်မစွမ်းသူတွေရဲ့ ပြဿနာဟာ လူမျိုးရေးကြောင့်လို့ ကျမကတော့ မထင်ပါဘူး။ ဒါက လူမှုရေး၊ နိုင်ငံ ရေးတွေနဲ့ ဆက်စပ်နေတာပါ။ မသန် မစွမ်းသူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ရုံနဲ့ ကျမတို့ရဲ့ တိုင်းရင်းသား ပဋိပက္ခတွေ ကို ဖြေရှင်းနိုင်မယ်လို့လည်း ကျမအတွက်တော့ မသေချာပါဘူး။ အားလုံးအနေနဲ့ ခြုံပြီးပြောရရင်တော့ ငြိမ်းချမ်းရေးဆိုတာအတွက် ကျမတို့တွေဟာ ရိုးသားရမယ်၊ လိုက်လိုက် လျောလျောရှိရမယ်၊ မေတ္တာရှေ့ထားတာနဲ့ မဆုတ်မနစ်စိတ်ထားတွေ ရှိရမယ်၊ မတူကွဲပြားခြားနားမှုတွေ ရှိကြတာဟာ တစုံတရာချွတ်ယွင်းမှု ရှိနေ လို့ မဟုတ်ဘူးဆိုတာကို နားလည်ကြရမယ်။ လူတွေဟာ ဘာကြောင့် တယောက်ကိုတယောက်၊ ဘာကြောင့် ရုပ်ပိုင်းခန္ဓာကိုယ် အနေအထားကို ကြည့်ပြီး ခွဲခြားဆက်ဆံနေကြရတာလဲ။ လူတွေဟာ အခြေခံအားဖြင့် မတူကွဲပြားခြားနားမှုတွေအပေါ်မှာ ကြောက်တတ်ကြတယ်။ ဒါကြောင့် လူလူချင်းကြားမှာ အသားအရောင်အရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေ လုပ်လာကြတာပဲ။

ဒီနေရာမှာ အဓိကကျတာကို ကျမပြောချင်ပါတယ်။ လူတွေက တယောက်နဲ့တယောက်ကြားက မတူကွဲပြားခြားနားကြတာကို ကြောက်နေကြတယ်။ ဒါကြောင့် မတူကွဲပြားခြားနားမှုကို ကိုယ့်ကိုခြိမ်းခြောက်နေမှု တစ်ရပ်လို့  မြင်လာကြတယ်။ တကယ်တော့ ဒါဟာ ခြိမ်းခြောက်မှု မဟုတ်ပါဘူး။ လူလူချင်းကြားမှာ မတူကွဲပြားခြားနားကြတာဟာ လူသားရဲ့ ဖြစ်တည်မှုပါပဲ။ ဒါက မတူကွဲပြားမှုတွေကို ဘ၀အတွေ့အကြုံပါ ထပ်ပေါင်းထည့် ပေးလိုက်ရပါမယ်။ ဒါကို ကျမတို့ နိုင်ငံအပါအ၀င်မှာ လေ့လာသင်ယူကြရလိမ့်မယ်။ မတူကွဲပြားခြားနားကြတဲ့ လူမျိုးစုတွေ ရှိနေကြလို့ ပြဿနာတွေ ရှိလာရတာမဟုတ်ပါဘူး၊ အဲလိုသာပြောရရင် လူမျိုးစုတွေ များပြားတဲ့ ကျမတို့နိုင်ငံမှာ အထူး ပြဿနာတစ်ရပ် ဖြစ်နေမှာပေါ့။ ကျမတို့ဟာ မတူကွဲပြားခြားနားမှုကနေ ဘ၀မှာ သင်ယူနိုင်တဲ့ အထူးအခွင့် အရေးကို ရကြတာပါပဲ။ သိပ်မကြာတော့တဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှမှုကို ကျမတို့ ရရှိကြမယ်ဆိုတာ ကျမကတော့ သေချာပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ ဦးရော်နီ- အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးရော်နီ ဘာများ ထပ်ဖြည့်ပြောချင်ပါသေးလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကတော့ အလွန်အောင်မြင်တဲ့ခရီးစဉ်ပါပဲ။

 မသိင်္ဂီထိုက်,  ဦးရော်နီညိမ်း (ဗွီအိုအေ)


အင်းလေးဟိုတယ်ဇုန်အတွက် မြေသိမ်းလို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေ တင်းမာမှုဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ မြို့နယ်၊ အင်းလေးကန် အရှေ့ဖက် ကမ်းက အင်ကြင်းကုန်းကျေးရွာ အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဟိုတယ်ဇုန်စီမံကိန်းကြောင့် မြေယာ သိမ်းခံထားရတဲ့ အင်ကြင်းကုန်း၊ ကန်ပဲ့၊ ရွာမကျေးရွာတွေက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရွာသားတွေ သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာနားမှာ အခြေစိုက်တဲ့ အမြှောက်တပ် (အမတ-၃၇၂) အနီးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနေ့ည ၇နာရီလောက်က အစိုးရတပ် နဲ့ ကေအိုင်အေတပ်တွေကြား တစ်နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကိုသုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖေါ်ပြောဆို

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုဝင်ဘာ ၂၈ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို စောင့်ကြည့်နေသည့် လုံထိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ Photo Courtesy/Aung Nay Myo

ဘင်္ဂလားဒေ့ရှ်ဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမာကြီးတွေကို နေထိုင်ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ၀င်ရောက်လာပြီး တရားဝင်ခိုလှုံ ခွင့်တောင်းထားတဲ့ အိမ်ထောင်စု ၄၄ စုကို မြန်မာအစိုးရဘက်က တရားဝင်ခိုလှုံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ လူဝင်လူထွက် စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့ရစဉ်။ Photo: RFA

ဇန်န၀ါရီလ (၂၉)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၄၇

ဇန်န၀ါရီလ (၂၉)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၄၇

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဇန်န၀ါရီလ (၂၉)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ(၉)အမှတ်(၅)

ဇန်န၀ါရီလ (၂၉)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ(၉)အမှတ်(၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




စီးပွား ကူးသန်းပိုင် တက္ကစီကား ဟောင်းတွေ လျှော့ဈေးနဲ့ ရောင်းထုတ်မည်

စီးပွားကူးသန်း ၀န်ကြီးဌာနပိုင် တက္ကစီကား ဟောင်းတွေကို ပြင်ပပေါက်ဈေးထက် ၆၀ ရာခိုင်နှုန်း လျော့ပြီး ထုတ်ရောင်း ပစ်တော့မယ်လို့ သက်ဆိုင်ရာ ၀န်ကြီးရုံး ညွှန်ကြားရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ ၁၉၉၀ ခုနှစ်ကထဲက ၀န်ကြီးဌာနက ၀ယ်ယူခဲ့တဲ့ တက္ကစီကားစီးရေ ၂၆၀ ကျော်ကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ညှိနှိုင်းမှု မပြီးသေးသရွေ့ အပတ်စဉ် ထုတ်ဝေနေတဲ့ မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေခွင့်ကို ရပ်ဆိုင်း

မြန်မာတိုင်းမ်ရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက မြန်မာတိုင်းမ် အပါအ၀င် ထုတ်ဝေနေတဲ့ Now ၊ Crime စတဲ့ စာစောင်တွေကို ညှိနှိုင်းမှု မပြီးမချင်း ထုတ်ဝေခွင့် မပြုဖို့သက်ဆိုင်ရာ စာပေစိစစ်ရေးရုံး အပါအ၀င် မြန်မာတိုင်းမ်ရုံးကို ဒီနေ့ တရားဝင်စာပို့ခဲပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ ယခုနှစ် မီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာ အဆင့်တက်လာ

မြန်မာ အစိုးရသည် ပြီးခဲ့သော နှစ်မှစ၍ စီးပွားရေးနှင့် ... နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ စာပေလွတ်လပ်ခွင့် အနည်းငယ်တိုးတက် လာ၍ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (Reporters WithoutBorders )၏ ၂၀၁၃ အတွက် ကမ္ဘာ့မီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းတွင် ယမန်နှစ်ကထက် အဆင့် ၁၈ ဆင့် တိုးတက်ခဲ့ကြောင်း သိရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အိုး/အိမ်မှ သိမ်းဆည်းထားသော မြေယာအရေး ကော်မရှင် လက်ခံသည်အထိ ဖြေရှင်းပေးမည်ဟုဆို

ရန်ကုန်တိုင်း ဒေသကြီး ဧရိယာ အတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ သိမ်းဆည်း ထားသည့် မြေများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြား လာသော တိုင်ကြား စာစုစုပေါင်း ၅၁ ခုရှိရာ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


ကျောက်မျက်ရတနာလုပ်ကွက်သစ် ထပ်ချပေးတော့မည် မဟုတ်

ကျောက်မျက်ရတနာ လုပ်ကွက် အသစ်များ ထပ်မံ ချထားပေးတော့မည် မဟုတ်ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်လိုက်သည်။ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ၏ ၁/၂ဝ၁၃ အစည်း အဝေး ဆုံးဖြတ်ချက်အရ ကျောက် မျက်နှင့် ကျောက်စိမ်း လုပ်ကွက် အသစ်များ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓာတ်ပုံ - ဖားကန့်ဒေသရှိ ကျောက်မျက်လုပ်ကွက်တစ်ခု

မြန်မာ့ပင်လယ်ပြင်အား ဗဟိုပြု၍ ၃.၇ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

ဇန်န၀ါရီ ၃၀ ရက်နေ့ ယနေ့ည တွင်လှုတ်ခတ်ခဲ့သော အင်အား အနည်းငယ်ရှိ ငလျင်လှုတ်ခတ်ခဲ့ မှုနှင့် ပတ်သက်၍ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန မြေငလျင်ဌာနခွဲမှ ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာစံတော်ချိန် ၂၀ နာရီ ၀၅ မိနစ် ၅၂ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်ဘက် ၃၅ မိုင်ခန့် အကွာ မြန်မာ့ပင်လယ်ပြင်အား ဗဟိုပြု၍ ၃.၇ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမြေငလျင်ဌာနခွဲမှ သတင်းထုတ်ပြန်သည်။

ငွေစန္ဒီ - Yangon Media Group


ငြိမ်းချမ်းရေးလူငယ်အဖွဲ့ နှင့်အတူလမ်းလျှောက်သူ ပြင်သစ်နိုင်ငံသားကို မြန်မာနိုင်ငံမှ ပြန်ထွက်ခွာရန် ညွှန်ကြား

ရန်ကုန် မှ ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက်သည့် ငြိမ်းချမ်းရေး လူငယ် အဖွဲ့တွင် လိုက်ပါ လာသော ပြင်သစ် နိုင်ငံသား ကို တောင်ငူ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန က ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာရန် ညွှန်ကြား ခဲ့ကြောင်း---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ငြိမ်းချမ်းရေး အတွက် ကချင်ပြည်နယ် လိုင်ဇာသို့လမ်းလျှောက်သူများ အဖွဲ့နှင့် အတူ လိုက်ပါ သတင်းရယူလျက် ရှိသည့် ပြင်သစ် နိုင်ငံသား တစ်ဦးသည် တောင်ငူတွင် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရရသည်ဟု The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။

မင်းဘူးတွင် အိမ် ၂၂ လုံး မီးလောင်၊ လူတစ်ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္ထရာ မြို့နယ် အပေါ ကျေးရွာ အုပ်စု၊ မင်းဒင်ကျေးရွာ တွင် မီးဖို၏ မီးကြွင်း မီးကျန် မှ တစ်ဆင့် နေအိမ် ၂၂လုံး မီးလောင်ကျွမ်းမှု တစ်ခု ဇန်နဝါရီလ ၂၈ ရက် ရက် နံနက် ၉နာရီ နာရီ ၁၅မိနစ် တွင် ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရန်ကုန်တွင် ငလျင်ငယ်တစ်ခုလှုတ်ခတ်သွားခဲ့

ယနေ့ဇန်န၀ါရီလ ၃၀ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က အင်အားအနည်းငယ်ရှိ ငလျင်ငယ် တစ်ခု ကမာရွတ်မြို့နယ် နှင့် လှည်းတန်း ဗဟိုလမ်း တစ်ဝိုက်တို့တွင် လှုတ်ခတ်သွား ခဲ့ကြောင်းသိရသည်။

လှည်းတန်းဗဟိုလမ်းတွင်နေထိုင်သူတစ်ဦးက "ငလျင်က သိသိသာသာ လှုပ်သွားပါတယ် ကျွန်တော်တို့က ၆ လွှာဆိုတော့ စိတ်ချရအောင်အောက် ကိုဆင်းနေလိုက်ပါတယ်" ဟု ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ရတနာပုံ call center သို့ စုံစမ်းမေးမြန်းရာတွင်လည်း "ငလျင်လှုပ်သွားတာတော့ ဟုတ်ပါတယ် ၊ ဒါပေမယ့် ငလျင်စခန်းက သတင်းအချက်အလက်တွေ မရသေးတဲ့အတွက် ကျွန်မတို့က မပြောနိုင်သေးပါဘူး "ဟု ပြန်လည်ဖြေကြားသည်။

Yangon Media Group

 http://www.tmd.go.th/en/earthquake_report.php
ယနေ့ည ၈ နာရီ ၁၅ မိနစ်က ရန်ကုန်တွင်လှုပ်ခတ်ခဲ့သောငလျင်သည် ဖိလစ်ပိုင်ကျွန်းစုများကို ဦးတည်လှုတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကို အောက်ပါလင့်(ခ်) တွင် ကြည့်ရှုနိုင်ပါသည်။ပြင်းအား ၅.၀ အဆင့်ရှိကြောင်းဖော်ပြထား သည်ကိုတွေ့ရသည်။
Thai Meteorological Department -- Earthquake Report
www.tmd.go.th
The Meteorological Department of Thailand Homepage is proud to present an up-to-date information of weather forecast, Hydrological meteorological, Agrometeorological, GIS, climatology Datum, Long range forecasts, Local climate, and its relative products. โฮมเพจของกรมอุตุนิยมวิทยาที่นำเสนอผลงาน ด้าน...




မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲမည်

၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော် ဘတ်ဂျက် မှီခို အသုံးပြုခြင်း မရှိတော့သည့် ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း လွှတ်တော်သို့ တင်သွင်းထားသည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၀)

ဇန်န၀ါရီလ (၃၁)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





မြန်မာတိုင်းမ် အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို တရားစွဲပြီဟု ရှယ်ယာပိုင်ရှင်ကဆို (ရုပ်/သံ)

မြန်မာတိုင်းမ်ရဲ့ ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ရော့စ်ဒန်ကလေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲလိုက်ပြီလို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာတိုင်းမ် ဂျာနယ်တိုက်ကို ဇန်နဝါရီ ၂၈ရက်နေ့ညနေမှာ သွားရောက်တဲ့အခါ အယ်ဒီတာချုပ်လည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေက မောင်းထုတ်ခဲ့ကြောင်း၊ ဒါ့အပြင် သူ့ကို တွန်းဖယ်ပြီး လက်ရောက် စော်ကားခဲ့တာကြောင့် ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြည်မြန်မာ ဂျာနယ်တိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ရော့(စ်)ဒန်ကလီ ။ ဓါတ်ပုံ - The Voice Weekly

မြစ်ကြီးနား၌ တစ်ရက်လျှင် ဘိန်းခင်း ဧကတစ်ရာကျော် ဖျက်ဆီးနေ

မြစ်ကြီးနား မြို့နယ်အတွင်း တစ်ရက်လျှင် ဘိန်းခင်း(၁၂၅) ဧကအား ဖျက်ဆီး  နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရှိရသည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့၊ မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့မှ ယခုလ(၂၈) ရက်နေ့က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်

လတ်တလော ဖြစ်ပွားနေသော ဆက်သွယ်ရေး အရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်း မိုဘိုင်း ဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ တန်ဖိုးနည်း မိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့် ပတ်သက်၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တပ်မတော် သိမ်းထားသောမြေ ဖြေရှင်းပေးရန် ကာ/ချုပ် ညွှန်ကြားထား

တပ်မတော်မှ သိမ်းဆည်း ထားသော မြေများကို အမှန်တကယ် နစ်နာသူများ အတွက် ဖြေရှင်းပေးရန် ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြား ထားသည်ဟု တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာရဲများ၌ အရည်အချင်း ပြည့်မီသူမရှိသေး

ကုလသမဂ္ဂ လက်အောက်ရှိ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တစ်ဖွဲ့အား ခေါ်ယူခဲ့ သော်လည်း သတ်မှတ်ထားသော အရည်အချင်း ပြည့်မီသူ မရှိသဖြင့် စေလွှတ်နိုင်ခဲ့ခြင်း မရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စီမံရေးနှင့် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ရဲမှူးကြီးဝင်းခေါင်က ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဓာတ်ပုံ- ကျော်ဇင်သန်း - 7Day News Journal

ဦးဆန်းဆင့် သာသနာရေးဝန်ကြီး ရာထူးလက်ခံရန် မသေချာ

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ရာထူးအား လက်ခံရန် ကိစ္စကို ပြည်သူများ၏ ဆန္ဒသဘောထား အတိုင်းသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၀န်ကြီး ခန့်အပ်ရန် အဆိုတင်သွင်းခံ ရသူ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်

လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ် လျှော့စား သင့်ကြောင်း လယ်ဆည် ၀န်ကြီး အကြံပြု

လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်

မြန်မာ တစ်နိုင်ငံ လုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များ ကဲ့သို့ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၃၁၈ မှုဖြစ်ပွားခဲ့ရာတွင် လူသတ်မှု ၁၃၂၃၊ မုဒိမ်းမှု ၆၅၄ ရှိပြီး၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဌာနများတွင် လူသစ်များ အရည်အချင်းမပြည့်ဝ၍ လက်ရှိလူများ ဆက်ခန့်ရဟုဆို

 အစိုးရ ဌာနများတွင် အသက် ၆၀ ပြည့်ပြီး နေရာ ဖယ်ရှားခြင်း မရှိဘဲ အကြံပေးများ အဖြစ် ဆက်လက်ခန့် ထားရခြင်းမှာ တာဝန်လွှဲပြောင်း ယူမည့်သူများ အရည်အချင်း မပြည့်ဝသေး၍ ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ