ဆင်းရဲသားဘဏ် သို့မဟုတ် လက်ခံလျှင် ဘဝကိုပါ ပစ်တင်ရတော့မည့် အသက်ရှူသံများ


လှိုင်သာယာမြို့နယ် ၁၆ ကွေ့ မှတ်တိုင်အနီး  ”ရွှေရင်အေး (၂)” ပုဂ္ဂလိက လိုင်စင်ရငွေချေးလုပ်ငန်း ဆိုင်းဘုတ် တပ်ထားသော တိုက် အိမ်ထဲမှ ပြန်ထွက်လာသည့် ဒေါ်   အေးယဉ်ရဲ့ ခြေလှမ်းတွေက ခပ် သွက်သွက်။ ဝင်သွားကတည်းကပါသွားသောလက်ထဲက ကြွပ် ကြွပ်အိတ်ထုပ်က ပြန်ထွက်လာ တော့လည်း ပါလာသည်။”နွမ်းနေ လို့ လက်မခံဘူး။ ကျွန်မကလည်း တကယ်အရေးကြီး နေလို့ပါ။ အိမ်မှာပေါင်စရာ နှံစရာ တန်ဖိုးရှိပစ္စည်းကလည်း မရှိတော့ ရှိတဲ့ အင်္ကျီလေးတွေ လာပေါင်တာ” ဟု ပြောရင်း ထန်းတဖျားခန့် ရောက် နေပြီဖြစ်သောနေကို မော့ကြည့်သည်။အဖြူရောင်ပျောက်၍ သံချေး ရောင်ပေါက်နေသည့် အင်္ကျီနွမ်းနွမ်း လေးက သူမ၏ ရှိရင်းစွဲ အရွယ်ကို ပိုမို အိုမင်းနေစေသည်က အမှန်။ ၄ဝ စွန်းစွန်း အသက်အရွယ်နှင့် မျက်နှာပေါ်တွင်သိသိသာသာ မြင် နေရသော အရေးအကြောင်းများ က လောကဓံအထုအထောင်းနှင့် မည်မျှရင်းနှီး ကျွမ်းဝင်နေခဲ့ရသည် ကို မှန်းဆမိနိုင်စေသည်။ မွေးက တည်းက မိဘမဲ့ဘဝဖြင့် ကြီးပြင်းခဲ့ ရပြီးပညာသင်ကြားခွင့်လည်း မရခဲ့ ဟု ဆိုသည့် သူမအလုပ်က ရပ် ကွက်တွင်းအိမ်တကာလှည့် အဝတ် လျှော်ခြင်းသာ။

”အလုပ်က ဘယ်လောက် လုပ်လုပ် ဘယ်တော့မှ လောက်င တယ်မရှိဘူး။ ဘယ်လောက်အလုပ် များလဲဆိုရင် သမီးမွေးနေ့တောင် မေ့နေတယ်။ သမီးက ဒီမနက်ကျ မှသူ့မွေးနေ့၊ကျောင်းက သူ့ဆရာမ ကို မုန့်နဲ့ကန်တော့ချင်လို့ ပိုက်ဆံ တောင်းမှသတိရတယ်။ လက်ထဲမှာ ပိုက် ဆံကလည်း အပိုကို မရှိတာ” ဟုအနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြော နေသော သူမမျက်နှာတွင် မေတ္တာ အရောင်ကိုတွေ့နေရသည်။ ဟင်္သာ တ ဇာတိဖြစ်သော သူမသည် အသက် ၁၈ နှစ်အရွယ်တွင် ရန် ကုန်သား ပန်းရံသမားတစ်ဦးနှင့်အကြောင်းပါကာ မဟာရန်ကုန်မြို့ သို့ ရောက်ရှိခြေချခဲ့ရသည်။ သို့ရာ တွင် အိမ်ထောင်သက် ၁၆ နှစ် အရောက်တွင် လုပ်ငန်းခွင် မတော် တဆဖြစ်၍ ဆုံးပါးခဲ့ရသော ခင်ပွန်း ဖြစ်သူထားခဲ့နိုင်သည်က သမီးတစ် ယောက်သာ။ တတ်စွမ်းသလောက် ထမ်းနေသော်လည်း
မကျေနိုင်သေး သည့် မိခင်တာဝန် ဝတ္တရားအတွက် လည်း ရှက်ရွံ့ဟန်ရှိသည်။


 ”အခုအိမ်ပြန်ပြီး စားအိုး စားခွက်တွေ ပြန်ယူပြီး နောက် ထပ် သွားပေါင်ရဦးမယ်။ သမီးက သိတတ်တယ်။ တော်ရုံ တောင်းတာ မဟုတ်ဘူး။ သူ့ဆရာမကို ချစ်လွန်း လို့ေ တာင်းတာ”ဟုပြောရင်း ထွက် သွားသော သူမ၏အလောသုံးဆယ် ခြေလှမ်းများက ”အမေ့မေတ္တာကို အပြည့်ဖော်ကျူးနိုင်သည့် စည်း ချက်များ”ဟု တင်စားသင့်သော် လည်း ”မေတ္တာတရား သက်သက် နှင့်ကိစ္စ မပြီးသော ကမ္ဘာပင် မဟုတ်လော။သူမ လိုအပ်မည့် ငွေပမာဏ သည် ၁၉ လမ်းမှ ဘီယာတစ် ဝိုင်းစာပင် မရှိ။ ကွင်းစတားမှ ပန်းကုံးတစ်ကုံးစာပင် မရှိ။ သို့ သော်ထိုမရှိခြင်းက သူမတို့လို ဘဝ များစွာအတွက်တော့ နေ့စဉ်ပိနေ သည့်တောင်။ ထိုသို့သော အခြေ အနေများကြောင့် ဆင်ခြေဖုံးရပ်
ကွက်များတွင် အပေါင်ပစ္စည်း မပါဘဲ ငွေချေးသော ငွေတိုး လုပ် ငန်းများက အစီစီအရီရီ။ သို့ရာတွင် များပြားသော အတိုးနှုန်း၊ ငွေတိုး ထုတ်ပေးမည့်သူနှင့် ရင်းနှီးခင်မင်မှ သာ ရမည်ဟူသောအချက်က သူ တို့နှင့် သိပ်မသက်ဆိုင်သလို ခပ် လှမ်းလှမ်းမှပင်။

 ဤကဲ့သို့သော အောက်ခြေ လူတန်းစားများ၏ ဘဝများကား အမြဲတစေလိုအပ်ချက်များ ရှိနေပေ လိမ့်မည်။ အလုပ်နှင့်လက်နှင့်မပြတ် မှသာ နေ့စဉ် စားဝတ်နေရေးကို   ပြေလည်စေမည် ဖြစ်၍ ရထားသော အလုပ်တစ်ခုကို တင်းတင်းဆုပ်ရင်း ကိုယ့်အခွင့်အရေးကိုပင် မသိကြ တော့။ ရတတ်သမျှအလုပ်အကိုင်ကို ရှိသည့်အားနှင့် သွန်လု ပ်သည့်တိုင် အရေးပေါ်ဆိုသော အခြေအနေ များက ရှောင်လွှဲမရ။ ထိုအခါ သူ တို့အဖို့ အပေါင်ဆိုင်တစ်နည်း လိုင်စင်ရပုဂ္ဂလိက ငွေချေးလုပ်ငန်း များကို အားကိုးကြရ သည်။ ငွေပေါ်ရန်အတွက် သူတို့သုံးသည့် ပစ္စည်း များမှာ တန်ဖိုးကြီးမဟုတ်။  တန်ဖိုး ရှိဟုပင် ဆိုနိုင်စရာ မရှိသော နေ့ စဉ်သုံး အိမ်အသုံးအဆောင်များ သာ။

”လာ ပေါင်ကြတာတော့ ပစ္စည်း အစုံပဲဗျ။ ဒီလှိုင်သာယာ (၁၉) ရပ်ကွက်က အကုန်ဆင်းရဲ သား လိုလိုချည်းပဲဆိုတော့ ကျွန် တော်တို့လည်း ရွေးပြီး လက်ခံရ တယ်။ သူတို့ မရွေးနိုင်လို့ ဆုံး သွားရင် ပြန်ရောင်းလို့ရမယ့် ဟာ မျိုးတွေပေါ့။ မဟုတ်ရင် ဒါကြီးကအဖတ်တင်နေမှာ။ ဘာမှလည်း သုံးလို့မရ၊ ရှုံးလည်းရှုံးဦးမယ်” ဟု လှိုင်သာယာ(၁၆)ေ ကွ့အနီး အပေါင် ဆိုင်တစ်ခုမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ဆိုင်ရှေ့တွင် တပြန့် တပြောစီတန်း၍ ရပ်ထားသော စက်ဘီးအစီး ၅ဝ ခန့်ကို လက်ညှိုး ထိုးပြရင်း”ဒါအေ ပါင်ဆုံးတွေလေ၊ ဒီလိုပြန်ရောင်းလို့ရမယ့် ပစ္စည်း တွေဆိုရင်တော့ တစ်မျိုးပေါ့”ဟု ဆိုင်ရှင်ကပြောသည်။ လူသားချင်း စာနာထောက်ထားမှု ဟူသော စကား ရပ်သည် ဂျာနယ်စာမျက်နှာ များထက်တွင်သာ ဖောဖောသီသီ တွေ့နေရပြီး တကယ့်လက်တွေ့ ဘဝတွင်ရှားပါးနေသည်ကလည်း သဘာဝကျပါသည်။လူသည် အတ္တ ကို ဗဟိုပြု၍သာ ကျင်လည် တတ်ကြသည့် သတ္တဝါဖြစ်သည့်အ လျောက် ကိုယ့်အကျိုးကို အထိပါး ခံပြီး အများအတွက် အနစ်နာခံမည့် သူမှာ အင်မတန်မှရှားပါးပေလိမ့် မည်။

 ”အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေးကချည်းပဲ သိန်း၂ဝဝ ကျော် သွင်း ရတယ်။ အရင်းကလည်း သိန်းကို ထောင်ဂဏန်းလောက် ရင်းထားရတာ” ဟု လှိုင်သာယာမြို့ နယ်မှ အပေါင်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ဤမျှများပြားသော ငွေရင်း ပမာဏဖြင့်ရင်းနှီးမြှုပ်နှံ နေခြင်းမှာ ဤအပေါင်ဆိုင်လုပ် ငန်းမှာ ရှုံးရန် ဖြစ်နိုင်ခြေနည်းပါးပြီး ပုံမှန်ဆိုပါက အလွန်ကောင်းမွန် သည့် စီးပွားရေး လုပ်ငန်းဖြစ်၍ ပင်ဖြစ်သည်။ ရန်ကုန် မြို့တွင်း အောင်မြင်ဖြစ်ထွန်းနေသော စီးပွား ရေးလုပ်ငန်းများတွင် အပေါင်ဆိုင် လုပ်ငန်းသည်လည်းတစ်ခုအပါ အဝင်ဖြစ်၍ လုပ်ကိုင်လိုသူပေါများ နေပြီး နှစ်စဉ်အပေါင်ဆိုင် အရေ အတွက် တိုးပွားလာနေသည်ကို ကြည့်ရုံနှင့်ပင် ဤသည်ကို သိသာ   နိုင်ပေသည်။

သို့ရာတွင် မည်သည့် လုပ် ငန်းမဆို စွန့်စားမှုကရှိစမြဲ။ အပေါင် ဆိုင်များအတွက် အဓိက သတိ ထားရသည်မှာ ခိုးရာပါ ပစ္စည်း လက်ခံမှုပင် ဖြစ်သည်။ ထို့ကြောင့်  အပေါင် ဆိုင်လုပ်ငန်းရှင် အား လုံး၏ တူညီသော စည်းမျဉ်းတစ်ခု မှာလာရောက်ပေါင်နှံသူများ၏  ထင်ရှားသော သက်သေအထောက် အထားပါလာမှသာ လက်ခံလေ့ရှိ ခြင်း ဖြစ် သည်။”ကျွန်တော်တို့ အဓိက သတိ ထားတာ ရွှေပေါ့။ ဖြစ်နိုင်ရင် ဘောက်ချာ ပြခိုင်းတယ်။ ဒါမှမ ဟုတ်ရင် မှတ်ပုံတင်တော့ ပါရ မယ်။ ဒါမှ တစ်ခုခု ပြဿနာ ဖြစ် လာရင် ကျွန်တော်တို့ ရှင်းရပြုရ လွယ်မှာလေ” ဟု လမ်းမတော်မြို့ နယ်မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ သို့ရာတွင် အခြေခံ အသုံးအဆောင်ပစ္စည်းများကိုမူ မှတ်ပုံတင် မပါလည်း လက်ခံလေ့ ရှိသည်ဟုဈေးကွက်တွင်းမှ သိရ သည်။


   ကြီးပွားချမ်းသာ နေသော နိုင်ငံများတွင်လည်း အပေါင်ဆိုင် များ ရှိနေသော်လည်း ၄င်းတို့၏ လည်ပတ်ပုံမှာ ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများနှင့်မူ အနည်းငယ် ကွဲပြား မှုရှိ ပါသည်။ သို့ရာတွင် ထိုအပေါင် ဆိုင်များကိုမှီခိုနေရသော သူများမှာအခြေခံလူတန်းစားများသာ ဖြစ် သည်ဟူသော အချက်ကတော့အတူတူပင်။အမေရိကန်နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် စာရင်းများအရ အပေါင်ဆိုင် ပေါင်း ၁၂၄ဝဝဝ ကျော် ရှိပြီး ကြော်ငြာပုံတွေကလည်း ခပ်ဆန်း ဆန်း။ History Channel ရုပ်မြင် သံကြားအစီအစဉ်တစ်ခုမှ ထုတ် လွှင့်ခဲ့သော အပေါင်ဆိုင်စီးပွား ကြယ်ပွင့်များ (Pawn Stars) သည် လူကြိုက်များသော အစီအစဉ်တစ် ခုဖြစ်သည်။ လာ့စ်ဗီးဂတ်စ်မြို့မှ အပေါင်ဆိုင်မိသားစုတစ်စု အ ကြောင်း ဇာတ်အိမ်ဖွဲ့ထားခြင်းက ပင် စိတ်ဝင်စားစရာ။ ၁၉၉၈ ခုနှစ် ကတည်းက ကီဗင်ဗရိုချာစတာ ဆို သူက ဦးဆောင်ပြီး အမျိုးသားအ ပေါင်ဆိုင် လုပ်ငန်းရှင်များ
အသင်း ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယခု အခါ အပေါင်ဆိုင်စီးပွားရေး လုပ် ငန်းသည် စနစ်တကျနှင့် အောင် အောင်မြင်မြင် ရပ်တည်နိုင်ခဲ့ပြီး အောက်ခြေလူတန်းစား များ အ တွက် တကယ့်အားထားရာ နေရာ အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေခဲ့ သည်။ အမေရိကန်အပေါင်ဆိုင် များ၌အများဆုံးတွေ့ရသည့် ပစ္စည်း များမှာလျှပ်စစ်ပစ္စည်း၊ ဂီတဆိုင်ရာ ပစ္စည်း၊ စက်ပစ္စည်း အသုံးအဆောင် နှင့် အဖိုးတန် အဝတ်အထည်များ သာ။ ထိုသို့ပင် ကျွန်တော်တို့နိုင်ငံ က အပေါင်ဆိုင်များတွင် အများဆုံး အပေါင်ခံ သည်က ရွှေ၊ ငွေ ပစ္စည်း တွေ၊အိမ်သုံးပစ္စည်းတွေ၊ စက်ဘီး နှင့် အဝတ်အထည်ပစ္စည်းများ။
 နေ့စဉ် လမ်းစရိတ်အတွက် ဒန်အိုး၊ဒန်ခွက်များပေါင်နှံ၍ အလုပ် သွားကြရသည်ဟူသော စကားမှာ အမှတ်တမဲ့ဆိုလျှင် ဖြစ်နိုင်ဟန် မရှိဟု ယူဆစရာပင်။ သို့ရာတွင် ယင်း ကဲ့သို့သော ကိစ္စရပ်များသည် ရန်ကုန်မြို့ဆင်ခြေ ဖုံးရပ်ကွက်များ တွင် ယနေ့တိုင် တွေ့နေရသေး သည်။

”မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်လေးတွေ လာပေါင် ပြီး လမ်းစရိတ်နဲ့ မနက်စာဖို့ လုပ် ရတယ်။ ညနေ အလုပ်ကပြန်လာရင် ပေါင်ထားတဲ့ အိုးခွက်တွေ ပြန်ရွေး အဲဒါနဲ့ပဲ ထမင်းဟင်းချက်စားရ တယ်။ နောက်တစ်နေ့ကျတော့ သွားပြန်ပေါင်ပေါ့။အဲဒီလိုလုပ်ရ တဲ့ ရက်က တစ်လမှာ ဆယ့်လေးငါး ရက်လောက်ရှိတယ်” ဟု ပြောလာ သူက သာကေတမြို့နယ် ဝက်စု ရပ်ကွက်နေ ဦးဘဇံ (အမည်လွှဲ)   ဖြစ်သည်။လက်တစ်ဖက်က ဒန် အိုးလေး ၂ လုံးဆွဲပြီးအပေါင်ဆိုင် တွင်းမှ ထွက်လာသည့် သူ့ရုပ်သွင်ကနွမ်းလျနေသည်။ ချွတ်ထား သော အင်္ကျီကိုပခုံးပေါ် လှမ်းတင် လိုက်ရင်း ခေါင်းပေါ်မှ ဖုန်မှုန့်၊ သဲ မှုန့်များကို ခါချလိုက်သည့် သူ့သွင် ပြင်က ယခုမှပင် အလုပ်ကြမ်းလုပ် ငန်းခွင်မှပြန်လာကြောင်း သံသယ ဖြစ်ဖွယ်မရှိ။ တစ်နေ့ ၃   ထောင်ရ သောအလုပ်ကမိသားစုလေးဦး အတွက် ဖူလုံကောင်းဖူလုံစေနိုင် မည် တွေးမိသော်လည်းမဟုတ်။

 ”ကျွန်တော်တစ်နေ့ကို နှစ် လုံးထီ ၅ဝဝ၊ ၁ဝဝဝ ဖိုး အမြဲလိုလို ထိုးဖြစ်တယ်ဗျာ။ ပိုက်ဆံလုံးလုံးခဲ ခဲလေးများ ရမလားဆိုတဲ့ စိတ်ကူး ပေါ့ဗျာ။ ဒါပေမဲ့ မပေါက်တာက များပါ တယ်။ မပေါက်လေ မဲချင် လေပဲဗျ” ဟု ဦးဘဇံက ပြော သည်။”ဒီတီဗီကို လာပေါင်တဲ့သူက အဲဒီလို လူမျိုးပေါ့။ တစ်လကို သုံး ခါလောက် လာပေါင်လိုက် ပြန်ရွေး လိုက် လုပ်ရတာ။ တစ်ခါက နင် ဟယ် . . . ချဲထိုးမနေပါနဲ့လို့ ပြောမိပါတယ်။ ဘာပြန်ပြောတယ် မှတ်သလဲ။ ကျွန်တော်တို့မှာ ငွေ လုံးလုံးခဲခဲ ရစရာဆိုလို့ဒါပဲရှိတာ လို့ ပြန်ပြော တယ်လေ” ဟု ဆိုလာ သူက တောင်ဒဂုံဆိပ်ကမ်းမြို့နယ် မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦး ဖြစ်သည်။ လူတွေများ မတော် လောဘတော်တော်များ နေကြပြီ  လားဟူသော တရုတ်နွယ်ဖွား ဆိုင် ပိုင်ရှင်အန်တီကြီး၏ ညည်းသံက စဉ်းစားဖွယ်ပင်။

   နုံချာခဲ့သော အတိတ်ကံ ကြောင့် ဟုပဲဆိုဆို၊ အောက်ခြေ လူတန်းစား ဆင်းရဲသား မိသားစု တွင် လူဖြစ်လာခြင်းသည် အပြစ် ဆိုစရာ မရှိ။ မဆိုအပ်။ ခေတ်အ ဆက်ဆက် အစိုးရလက်ထက် ပညာရေးစနစ်ကို ဖိနှိပ်ထားသည် ဆိုသော်ငြား မြန်မာပြည်တွင် မြန်မာစာကို လူတော်တော်များ ဖတ်နိုင်သည်၊ ရေးနိုင်သည်၊ သို့ရာ တွင် အသိအမြင် ကျယ်ပြောခြင်း သည် မှန်ကန်သည့်ဆုံးဖြတ်ချက် များချမှတ်စေနိုင်သည့် အကြောင်း ရင်းတစ်ရပ်ဟု ဆိုရပါလျှင် ကျွန် တော်တို့ ပြည်သူတွေ ဤအပိုင်းတွင် အလွန် ချို့ယွင်းခဲ့သည်ဟု သာ ဆိုရမည်။အသိအမြင်နည်းခြင်းသည် ဆင်းရဲမွဲတေမှု အကြောင်းတစ်ရပ် ဟု ဆိုပါလျှင် အသိအမြင်နည်း ခြင်းကို အရင်တိုက်ဖျက်ရမည်။

”ဆင်းရဲနွမ်းပါးမှုကို လျှော့ချ နေတဲ့ နေရာမှာ လောင်းကစားကို မတားဆီးနိုင်ရင် မအောင်မြင်နိုင် ဘူး။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ချေးငွေတွေ ပေးနေရင် လည်း လောင်းကစားတွေ လုပ် ပစ်လို့ ဘာမှအရာမထင်ဘူး။ အိမ်ရှင်မ ၅ဝ ရာခိုင်နှုန်း၊ ၆ဝ ရာခိုင်နှုန်း လောက်က ချေးငွေတွေ ကိုင်လောင်းကစား လုပ်ပစ်ကြ တယ်။ ဒါကို မတွန်းလှန်နိုင်သမျှ မနှိမ်နင်းနိုင်သရွေ့ကတော့ ဆင်းရဲ နွမ်းပါးမှုဟာ ပပျောက်မှာ မဟုတ် ဘူး။ ဒါကို မတွန်းနိုင်သရွေ့ ဆင်းရဲ တွင်း နက်နေဦးမှာပဲ” ဟူသောထွန်းဖောင်ေ ဒးရှင်းဘဏ် ဥက္ကဋ္ဌ ဦး သိန်းထွန်း၏ စကားက လက်တွေ့ လောကနှင့် အတော်နီးစပ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ရွေးကောက် တင်မြှောက်မှုဖြင့် တက်လာေ သာ ဒီမိုကရေစီအစိုးရ ဆိုသည့် အရပ်သားတစ်ပိုင်း အစိုး ရလက်ထက်တွင် ဆင်းရဲမွဲတေမှု နှုန်း လျှော့ချရေးအတွက် လုပ် ဆောင်ရန် ပြင်ဆင်နေသည်ကို တွေ့ရပါ သည် ။ ကောင်းမွန်သော အလားအလာဟု ဆိုရမည် ဖြစ် သော်လည်း ထည့်သွင်းစဉ်းစားရ မည်က အောက်ခြေမှ အချက် အလက် မှန်၊ အခြေအနေမှန်အပေါ် မူတည် မှသာ အကျိုးရလဒ်က မျှော်လင့် ထားသလို ဖြစ်လာမည်ဟု သုံး သပ်ရသည်။ အသိဥာဏ်နည်းပါး မှု၊ ချဲထီလောင်းကစား၊ ရှားပါး သော အလုပ်အကိုင်နေရာ စသည့် အခြေခံ အကြောင်း အချက်များကို ထည့်သွင်းစဉ်းစား အဖြေရှာရန် အလွန်အရေးကြီးပါသည်။ သို့ မဟုတ်လျှင် စိုက်ဘဏ်မှချေးငွေထုတ်ပြီး အိမ်ပြန်ရောက်သည့် အခါ ဘာငွေမှ မပါလာတော့သည့် လယ်သမားကြီးများကို တွေ့နေရ ဦးမည်ကမလွဲ။
မည်သို့ပင်ဖြစ်စေ . . .

 မြန်မာနိုင်ငံတွင် နံနက်ခင်း မျက်စိပွင့်သည်နှင့် သေးသေး ကုတ်ကုတ်အိမ်တွင်းမှ ရွှေ့ပြောင်း ၍ ရနိုင်မည့် ပစ္စည်းမှန်သမျှကို မကာ တစ်နေ့တာ ဘဝအတွက် ထိုးအပ်ပစ် လိုက်မည့် ဘဝများရှိ ပါသည်။ ထို့အတူ လာသမျှ ပစ္စည်းများ ကို ဖင်တပြန် ခေါင်းတပြန်လှန် လှောကြည့်၍ ဈေးဆစ်နိုင်သမျှ ဆစ်ကာ ခါချရန် အသင့်စောင့်နေ သော အပေါင်ဆိုင်များလည်း ရှိ နေပါသေးသည်။ မျှော်လင့်ချက်အပြည့်ဖြင့် အထုပ်လေးများ လက်တွင်ဆွဲကာ သုတ်သုတ်ပျာပျာ ဝင်သွားပြီး လက်ဗလာဖြင့် ပြန်ထွက်လာသည့် လူများ၏ အိတ်ကပ်ထဲတွင် ဂဏန်း ငါးလုံး မပြည့်သော ငွေစလေးများ ရှိနေပါသည်။ တစ်နေ့တာအတွက် စောင့်မျှော်နေမည့်ဆာလောင်မှုများ အတွက် နေညိုချိန် ပါလာ မည်ဟူ သော မျှော်လင့်ချက်များဖြင့် သူတို့ အလျော်အစားလုပ်နေကြခြင်းဖြစ် သည်။တကယ်တော့ အပေါင်ဆိုင် များသည် အခြေခံ လူတန်းစားများ အတွက်တော့ အေ ကာင် အထည်ရှိ သော ကယ်တင်ရှင်များ ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ဆိုသည်ထက် ပိုအသက်ဝင်နေ သော အားကိုးရာများလည်း ဖြစ် သည်။ တကယ်ေ တာ့ ဆင်းရဲနွမ်းပါး မှုသည် အရေးတကြီး ကာကွယ် ဆေးကျွေး၍ တိုက်ဖျက်ရမည့်     ရောဂါဖြစ်ပြီး ကုသရန် ဆေးမရှိ ပါက အပေါင်ဆိုင် ကောင်တာပေါ် သူတို့ ၏ ဘဝများ ပစ်တင်လိုက်ရန်မှ လွဲ ၍ …ဘာများ ရွေးရန် ကျန်ဦး မည်နည်းဟုသာ မေးရတော့မည် ဖြစ်သည် . . .။

ရန်ကုန်ဆောင်းက ဤတစ် နေ့တည်းကိုပင် အငြိုးဖြင့် ကွက် ၍ တာဝန်ကျေနေသည်လား မသိ။ နံနက်ခင်း အေးစက်စက်ထဲ စောင် တစ်ထည်အောက်တွင် လုံးထွေး ၍ ကွေးနေကြသော ကလေးများကို ကြည့်ရင်း  ဒေါ်မြသက် ရင်ထဲ မချိသော်လည်းမတတ်နိုင်။”ဟဲ့ဟဲ့ . . .ဖယ်ကြစမ်း။ ပေးစမ်းစောင်ကို။ နင်တို့စားဖို့ လုပ် ရဦးမယ်ဟဲ့”ဟု ဆူပူပြော ဆိုရင်းမှ စောင်ကို အတင်းဆွဲ ယူလိုက်သည်။ ဟုတ်သည်။ စောင် နှင့် ဒန်အိုး ပေါင်လျှင်တောင် သုံး ထောင်ရရန် မနည်းတိုက်ပွဲ ဝင်ရဦး မည်ဖြစ်ရာ ဒေါ်မြသက် အလိုလို ဒေါပွနေ ခြင်းဖြစ်သည်ဟု ဆိုပါသည်။အပေါင်ဆိုင်သို့ သွားရန် အိမ်အပြင် ထွက်ချိန်တွင် အေး၍ ထငိုလိုက်သော သားငယ်၏ အသံ ကြားချိန်တွင်တော့ အရာရာ ကို မကျေနပ်စိတ်ဖြင့် ဒေါ်မြသက် တစ်ယောက် ”အေးရင်လည်း ကိုယ့်ဟာကိုယ် ကိုင်ပြီးတော့သာ နွေးအောင် နေကြတော့ဟေ့”ဟုနာနာကျည်းကျည်း အော်လိုက် ပါေ တာ့သည်။


ကျော်ရဲလင်း  
အောင်ခွန်းဆက် ကူညီသည်။
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ