သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှုတခု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်း မူဆင်နှစ်ဦး မုဒိန်းကျင်ခံရတယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ ညိုညင်ဆိုတဲ့ ရွာက ဖြစ်ပါတယ်။ မုဒိန်းကျင့်တဲ့ မူဆလင်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်။” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင်းခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ စတင် ဖြစ်ဖွားကြောင်း သိရသည်။

နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်ဆီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။

ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက်ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

မောင်အေး - နိရဉ္စရာ သတင်းဌာန


သံတွဲမြို့မှာ ရဲစခန်းဝိုင်း၊ အိမ်မီးရှို့မှုကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ဟု အစိုးရပြော

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇွန်လ ၃ဝရက်နေ့ညနေက လူ ၅ဝဆယ်လောက်ဟာ အမျိုးသမီးတစ်ဦး အဓမ္မကျင့်ခံရတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ရဲစခန်းကို ဝိုင်းခဲ့ကြကြောင်းနဲ့ ည ၇နာရီမှာ မြို့သစ်ရပ်ကွက်မှာ နေအိမ် ၂လုံးကို မီးတင်ရှို့ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ညအထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေး ဒုတိယဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

သံတွဲမှာ အမျိုးသမီးတစ်ဦး စော်ကားမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား

သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပါတယ။် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





သံတွဲမြို့ ရခိုင် မိန်းခလေး တစ်ဦးအား ဘင်္ဂလီ တဦးမှ မုဒိန်းကျင့်မှု ဖြစ်ပွား

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းမှာ တောင်ကုတ်မြို့မှ ရခိုင် မိန်းခလေး မအိစုမွန် အသက် (၁၇)နှစ် (ဘ) ဦးသန်းကြည်၊ (မိ)ဒေါ်သန်းသန်းရီး တို့ ၏ သမီးအား ဘင်္ဂလီ တဦးက မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။  ဖြစ်စဉ်မှာ မစုစု မွန် သည် ဂွမြို့နယ်ရှိ ဆတ်သွားကျေးရွာတွင် ရှိသော ဆွေမျိုးများထံမှ ပြန်လာပြီး သံတွဲကားဂိတ်သို့ သွားရောက်စဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



 

Time မဂ္ဂဇင်းကို ရန်ကုန်မြို့ခံ ၇ဝဝ ကျော် ဆန္ဒပြ

The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသား ဖော်ပြထားတဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို သံဃာတော်တွေအပါအဝင် အင်အား ၇ဝဝ ကျော်က ရန်ကုန်မြို့၊ မြို့တော် ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။ ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဝါဒဖြစ်တယ်ဆိုတာ ကမ္ဘာကသိစေချင်တဲ့အတွက် ဆန္ဒပြကြရတာ ဖြစ်ကြောင်း  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြင်ဦးလွင်မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင် အားကစားကွင်း မြောက်ဘက်အနီး၊ မန္တလေး-လားရှိုး ကားလမ်းမပေါ်ရပ်ထားတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီးမှာ ဒီကနေ့ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Popular Myanmar News Journal

ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူသူအား ဖေါ်ထုတ် ဖမ်းဆီး

ကားအစီး(၂၀)နှင့် ဆိုင်ကယ်(၇)စီး ခိုးယူခဲ့သူ ကျော်ထူးအောင် (ခ)စည်သူ(ခ)ကုလား (ခ)ကျော်ဇေယျာဝင်း (ခ)ဂျလေပီ၊ (ဘ)ဦးကျော်ဝင်း သာကေတမြို့နယ် နေသူအား ဖမ်းဆီးရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားပါသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ကားပျောက်ဆုံး ပြန်တွေ့ ဖြစ်စဉ်များ၊ ကားအား ခိုးယူရပ်ထားပြီး ဆိုင်ကယ်သမားများအား တား၍ ကားပျက်သဖြင့် ၀ပ်ရှော့ဆရာ သွားခေါ်ရန်ဟု အကြောင်းပြကာ ခိုးယူလာသော ကားအား ထားခဲ့ပြီး ဆိုင်ကယ်အား ထပ်မံ ခိုးယူသွားသော ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးကို ကန့်ကွက်၊ ဦးသိန်းစိန်ကို ထောက်ခံသော ဆန္ဒပြပွဲပြုလုပ် (ရုပ်/သံ)

တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးပုံနဲ့ ဆောင်းပါးကို ကန့်ကွက်တဲ့ အနေနဲ့ သံဃာနဲ့ လူပုဂ္ဂိုလ် ၄ဝဝလောက်ဟာ ဇွန်လ ၃ဝရက်နေ့ မနက်မှာ ရန်ကုန်မြို့ မြို့တော် ခမ်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




မြန်မာတပ်အချင်းချင်းမှားယွင်းတိုက်ခိုက်မှုကြောင့် ၉ ဦးထက်မနည်းသေ

သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေ အတွင်း မြန်မာအစိုးရ တပ်အချင်းချင်း မှားယွင်းပစ်ခတ်သည့်တိုက် ပွဲကြောင့် ၉ ဦးထက် မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရှိသည်ဟု ဆိုသည်။ “ရန်သူက ဘုန်းကြီးကျောင်းထဲမှာ ရှိတယ် အထင်နဲ့ ကျောင်းနား ရောက်တာနဲ့ ချတော့တာဘဲ။ လားရှိုးလက် အောက်ခံ တပ်က တိုက်ဖို့ အမိန့် ရထားတာကိုး။ တကယ်တော့ ရန်သူက ကျောင်းထဲမှာ မရှိတော့ဘူး။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူနှစ်ဦး သေဆုံးသည့် ပေါက်တော ရုန်းရင်းဆန်ခတ်မှုကြောင့် တည်ဆောက်ရေးကို ရပ်ထားရ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ဒုက္ခသည်စခန်း၌ ဇွန်လ ၂၇ ရက်နေ့ က ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်လိုမှုတွင် အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ရအပြီးနောက် ဒုက္ခသည်များအတွက် တဲအိမ် ဆောက်လုပ်မှုများကို ရပ်ဆိုင်းထားရကြောင်း ရခိုင်ပြည်နယ်အစိုးရက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထိုင်းနယ်စပ်ရှိ ဝတပ်စခန်းများ စာရင်းပေးရန် မြန်မာတပ်မှူး ညွှန်ကြား

သျှမ်းပြည် သံလွင်အရှေ့ခြမ်း ထိုင်းနယ်စပ် ပုံကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာမှူးက ၄င်းလက်အောက်ခံ နယ်မြေအတွင်း ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်စ ခန်း ကြီး စခန်းငယ်စာရင်းများ အားလုံး ပေးအပ်ရန် ညွှန်ကြားထားသည်ဟု နီးစပ်သည့် သတင်းရပ်ကွက်ကပြောသည်။ --- “ကြာသပတေးနေ့က ပုံကျင်အခြေစိုက် ဗမာတပ်ဗျူဟာမှူးက ဝတပ်ကိုယ်စားလှယ် ကိုခေါ်ပြီး ညွှန် ကြား လိုက် တယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တောင်ပိုင်းဝ ထိန်းချုပ်နယ်မြေပြမြေပုံ

ရွှေဈေးနှုန်းများ စံချိန်တင် ကျဆင်းရန် ဦးတည်လျက်ရှိ

စင်ကာပူ ဇွန် ၂၉

ရွှေဈေးနှုန်းသည် ဇွန် ၂၇ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ၁၂ဝဝ အောက် ကျဆင်းခဲ့ရာ ယင်းကျဆင်းမှု နှုန်းသည် ၁၉၆၈ ခုနှစ်မှ စ၍ ပထမဆုံး အကြိမ် အဆိုးရွားဆုံး ကျဆင်းမှု အဖြစ် စံချိန် တင်ရန်  ဦးတည်လျက် ရှိကြောင်း

သိရသည်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ ဘန်ဘာနက်သည် စီးပွားရေး ပြန်လည် နာလန်ထူမှုကို ထောက်ပံ့ပေးသော လစဉ် ငွေချေးစာချုပ် ဝယ်ယူမှုအား အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ အထိ လျှော့ချရန် နည်းဗျူဟာ တစ်ရပ်ကို ပြဋ္ဌာန်း ခဲ့ပြီးနောက် အခေါက်ရွှေ ဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်မှ စ၍ ၁၅ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ အရန် ရွှေဈေးနှုန်းသည် ဇွန် ၂၈ ဂရင်းနစ် စံတော်ချိန် ၁ နာရီ မိနစ် ၅ဝ က တစ်အောင်စလျှင် သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၁၉၁ ဒသမ ၇၉ အထိ ကျဆင်း ခဲ့သောကြောင့် သုံးနှစ်တာ ကာလအတွင်း အနိမ့်ဆုံး အဆင့်သို့ လျော့ကျခဲ့ကြောင်း အမေရိကန် ရွှေဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၁၁၉၂ ဒသမ ၁ နီးပါး အထိ  ကျဆင်းခဲ့ကြောင်း သိရသည်။

Written by  အာကြီး (မြ၀တီ)


လေးမျက်နှာမြို့တွင် ကြံ့ခိုင်ရေးပါတီဝင်နှင့် အုပ်ချုပ်ရေးမှူးများသာ တန်ဖိုးနည်းဖုန်း ရရှိဟုဆို

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်တွင် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဖုန်းများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများသာ ရရှိကြောင်း လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာမှ ဦးဂုဏ်ရည်စိုးက The Voice သို့ ပြောကြားသည်။ ကျေးရွာအုပ်စု ၄၁ အုပ်စုနှင့် မြို့ပေါ် ရပ်ကွက် ငါးခုရှိသော လေးမျက်နှာမြို့နယ်တွင် CDMA 800 တန်ဖိုးနည်း ဖုန်းများကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မိတ္ထီလာဒေသခံ သတင်းထောက် ထောင်ဒဏ် ၂ နှစ် ချခံရ

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာလအတွင်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပဋိပက္ခ ဖြစ်စေရန် လှုံ့ဆော်မှုဖြင့် မိတ္ထီလာဒေသခံ သတင်းထောက်တစ်ဦးကို မြို့နယ်တရားရုံးက ဇွန်လ၂၄ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ အပြီး မြင်ကွင်း

ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ - Popular Myanmar News Journal

ဓါတ်ပုံ - Popular Myanmar News Journal
မန္တလေး ဇွန် ၃၀

ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီး နေမင်း ဂျုံစက်အရှေ့ဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦး ထိခိုက်ခဲ့ကြောင်း၊ ဆိုင်ကယ်မှာ ရစရာမရှိအောင် စုတ်ပျက်သွားကြောင်း
မျက်မြင်တွေ့ရှိသူများက ပြောသည်။

"အုန်းအသံကျယ်ကြီးကြားရတယ်။ ကျွန်တော့်ရှေ့တင်ဖြစ်သွားတာ။ ထိခိုက်သူတွေကို လူနာတင်ကားနဲ့ခေါ်သွားတာတွေ့တယ်။ တခြားထိခိုက်တာ တော့ မတွေ့ဘူး။ တပ်ကြပ်ကြီးက နောက်စေ့ကို
ထိသွားတာတွေ့တယ် ဟုပြင်ဦးလွင်ဒေသခံ ကိုနေမျိုးက ပြောသည်။

ဖိုးလပြည့်

 Popular Myanmar News Journal


မုံရွာအိုးဘိုတောင်က အိမ်ဝင်း ရွှေ့ပြောင်းခံရသူ ဖမ်းဝရမ်းကြောင့် ဆေးရုံတွင် အရေးပေါ် ကုသမှုခံနေရ

စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ၀န်ထမ်း အိမ်ယာဆောက် လုပ်အသုံးပြု ရန်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနမှ သိမ်းယူခဲ့သည့် မြေနေရာမှ ဖယ်ရှားပေးခြင်း မပြုလုပ်ခဲ့သည့် မုံရွာမြို့ အိုးဘိုတောင် ကွက်သစ် မြ၀တီရပ်ကွက်၊ နယ်မြေ ၆ရှိ အိမ်ဝင်းပိုင်ရှင် ဦးရွှေရ(ခ) ကျောက်ခဲကို မုံရွာအမှတ်(၁) ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးကျော်ကျော်ညွှန့် ဦးဆောင်သည့်အဖွဲ့က ဇွန်လ ၂၅ရက်နေ့ နေ့လည်ပိုင်း၌ ဖမ်းဆီးရန်အသွား အိမ်ပိုင်ရှင်ဖြစ်သူမှာ ရုတ်တရက် သတိလစ်မေ့ မြောသွားသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသ မှု ခံယူနေရကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





အသွင်အပြင်များက စကားပြောသည်

အခြား တစ်ပါး သောနိုင်ငံမှ နိုင်ငံရပ်ခြား တစ်နိုင်ငံသို့ ရောက်ပြီ ဆိုလျှင် မြင်ကွင်းထဲ တန်းဝင်လာသည်မှာ အဆောက်အအုံတို့၏ အသွင်သဏ္ဌန်၊ လမ်းများ၏ သန့်ရှင်း သပ်ရပ်မှု၊ သူတို့နိုင်ငံသားများ၏ အသွင်သဏ္ဌာန်။ ယင်းတို့မှတစ်ဆင့် စီတက်ကြည့်လျှင် များစွာထပ်သိနိုင်သည့် အဆောက်အအုံတို့၏ ဗိသုကာဟန်၊ အမှိုက်သိမ်းနည်းစနစ်၊ လူတို့၏ စည်းကမ်း လိုက်နာမှု၊ ဝတ်စား ဆင်ယင်မှုတို့ကို စောကြောမိမည်။ ရောက်ရောက်ချင်း မြင်ကွင်းတွင် အဆင့်ပေါင်းများစွာ ကျော်လွန် မကြည့်နှင့်ဦး ...

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


တပ်သိမ်းလယ် ပြန်ရရေး လယ်ခွန်ပြေစာ ပြနိုင်ရန်သာလို

တပ်မတော်က သိမ်းယူထားသော လယ်ယာမြေများကို ပြန်လည် ရရှိရေးအတွက် တောင်သူ လယ်သမားများ အနေဖြင့် လယ်ခွန်ပြေစာသာ ပြသနိုင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။ “ပြေစာ မရှိလည်း မြေစာရင်းမှာ ဆောင်ထားတဲ့ မူရင်းပြေစာ ရှိရင်ရတယ်။ သက်သေခံ လယ်နီးချင်းလေးဦး ထောက်ခံလည်း ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အိမ်၊ ခြံ၊ မြေ ဈေးကစားသူများကြောင့် စီမံကိန်း နေရာများ မထုတ်ပြန်ရဲဟု သမ္မတရုံးဝန်ကြီးဆို

ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ယာဉ်တိုက်မှုနဲ့ သေဆုံးမှု မူးယစ်သောက်စားခြင်းနဲ့ စည်းကမ်းမဲ့ခြင်းကြောင့်ဟု တာဝန်ရှိသူဆို (ရုပ်/သံ)

မော်တော်ကားတွေ များပြားလာနေတဲ့ ရန်ကုန်မြို့ဟာ ယာဉ်တိုက်မှုတွေ၊ မတော်တဆဖြစ်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ ယာဉ်တိုက်မှုတွေက နေ့အချိန်ထက်စာရင် ညပိုင်းမှာဖြစ်လေ့ရှိပြီး အဖြစ်အများဆုံးကတော့ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဝန်းသိုမြို့နယ်တွင် ကလေး(၃၀၀)ခန့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်

စစ်ကိုင်းတိုင်း ဒေသကြီး ၀န်းသိုမြို့နယ်တွင် ယခုလပိုင်းမှ စတင်ကာ ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားလျက်ရှိသည်။

ယခုရက်ပိုင်း အတွင်း ကလေးငယ်(၃၀၀)ဦးခန့် အထိ ဖြစ်ပွားခဲ့ကာ ၀န်းသိုမြို့နယ် ဆေးရုံတွင် နေရာ မလောက်၍ ကလေးငယ် များအား နေရာထိုင်ခင်း အဆင်မပြေကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ပြင်ပဆေးခန်းများတွင်လည်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူနာများ အပြည့်ဖြစ်နေကြောင်း သိရသည်။

ဝန်းသိုမြို့နယ်သည် ကသာခရိုင်အတွင်း တည်ရှိပြီး ဆေးရုံကြီးများသို့ တက်ရောက်ကုသရန် လမ်းပန်းဆက်သွယ်ရေး မကောင်းသောကြောင့် ရောဂါကုသရာတွင် နှောင့်နှေးကြံ့ကြာမှုများ ရှိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိမြို့နယ်များတွင် ဆေးရုံကြီးများမရှိသောကြောင့် အရေးပေါ်လူနာများ ဆေးကုသမည်ဆိုပါက မန္တလေးဆေးရုံသို့သာ သွားရောက်ကုသရ သည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

သဉ္ဖာဦး

by Myanmar News Now

ဆိုင်ကယ် အန္တရာယ်

ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ဆိုင်ကယ်တိုက်မှုဟာ ကျွန်တော့်ရှေ့မှာ ဖြစ်သွားခဲ့တာပါ။ မနေ့ည ၇ နာရီကျော်မှာ ရုံးကနေ ကိုယ်တိုင် ကားမောင်းပြီး ပြန်လာခဲ့ပါတယ်။ သပြေကုန်း အဝိုင်း ကျော်လာတော့ ကျွန်တော့်ကားကို လမ်းလယ် မျဉ်းဝါတိုင်း ကပ်ပြီး အရှိန်ပြင်းပြင်း မောင်းလာတဲ့ ဆိုင်ကယ်တစ်စီး ကျော်တက်သွား ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



နိုင်ငံတကာ ရှမ်းညီလာခံ ပထမဆုံး ကျင်းပ

The 1st International Conference on Tai Studies လို့ခေါ်တဲ့ ရှမ်းလူမျိုး အကြောင်းနဲ့ ပတ်သက်တဲ့ ပထမဆုံး နိုင်ငံတကာ ညီလာခံ တခုကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် မြို့မှာ ပြုလုပ် ကျင်းပနေပါတယ်။ ဒီညီလာခံမှာ ဘာတွေကို အဓိကထား ပြောဆို ဆွေးနွေးကြလဲ ၊ ညီလာခံရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ညီလာခံ ဖြစ်မြောက်ရေး ကော်မတီတွေကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပွဲတိုင်းမှာ အများနှစ်သက် အားပေးခံရတဲ့ ရှမ်း ကိန္နရီ ကိန္နရာ မောင်နှံအက

EU ရုံးတွေကို အွန်လိုင်းကနေ US ခိုးဝင်ထောက်လှမ်း

အမေရိကန် ထောက်လှမ်းရေး အဖွဲ့ဟာ ဝါရှင်တန်မှာ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူ ရုံးတွေကို အွန်လိုင်းပေါ်ကနေ ခိုးဝင် ထောက်လှမ်းခဲ့ပြီး ရုံးတွင်း ကွန်ပြူတာတွေကို ဝင်ရောက် အချက်အလက် ရယူခဲ့ကြောင်း ဖော်ပြထားတဲ့ လိျု့ဝှက်စာရွက်စာတမ်း တခုကို သူတို့ရထားတယ်လို့ ဂျာမန် မဂ္ဂဇင်း der spiegel က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz

မြန်မာ့ပညာရေး လူတိုင်းအတွက်ဖြစ်စေဖို့ ဒေါ်စုပြောကြား

ပညာရေးဟာ အခွင့်ထူးခံ လူတန်းစား တစုအတွက် မဖြစ်စေဘဲ၊ တိုင်းရင်း သားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ပညာဟာ လူတိုင်းအတွက် ဖြစ်စေ ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။ ပညာကို အတူတကွ သင်ကြားမှုကနေ တိုင်းရင်းသားတွေကြား အပြန်အလှန် အလေးထားမှုတွေ ရလာ စေနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ပညာကို လွတ်လပ်စွာ သင်ယူနိုင်ခွင့် ရှိဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက်လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေဘေးဒုက္ခသည်တွေကို အိန္ဒိယစစ်တပ်က ကူညီကယ်ဆယ်နေစဉ်။ (ဇွန်လ ၂၅ ရက်၊ ၂၀၁၃)။

Snowden ကိုခိုလှုံခွင့်မပေးဖို့ အီကွေဒေါကို အမေရိကန်တိုက်တွန်း

အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ တောင်းခံနေတဲ့ အမေရိကန် ထောက် လှမ်းရေး အဖွဲ့ရဲ့ ၀န်ထမ်းတဦးဖြစ်တဲ့ Edward Snowden နဲ့ ပတ်သက်ပြီးတော့ အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန် နဲ့ အီကွေဒေါသမ္မတ တို့ ဆွေးနွေးပြောဆို ခဲ့ကြပါတယ်။ ဒုသမ္မတ ဂျိုးဘိုင်ဒန်က Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတာကို လက်မခံဖို့ အတွက် တောင်းဆို ခဲ့တယ်လို့ အီကွေဒေါသမ္မတ Rafael Correa က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမြန်လမ်းတွင် သစ်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

ဇွန်လ ၂၉

နေပြည်တော်မှ ရန်ကုန်သို့ အပြန် အမြန်လမ်း မိုင်တိုင် ၂၂ အနီးတွင် ယနေ့ ညနေ ၆နာရီခွဲခန့် အချိန်က သစ်ခိုးတင်ဆောင်လာသည် ဟု ယူဆရသည့် အမှတ်တံဆိပ် မသိရသေးသော luxury (minivan) အမျိုးအစားယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ဒဏ်ရာရရှိမှု အခြေအနေနှင့် ဖြစ်စဉ်တို့ကို အသေးစိတ်သိရှိရခြင်းမရှိသေးပေ။

သတင်း - ဓါတ်ပုံ ။  ။ ပြည်သူ့ခေတ်

ဇွန် ၂၉ရက် ည ၈နာရီခန့်က တွေ့ရစဉ်




နိုင်ငံတကာထပ်ဆင့် အသံလွှင့်မှု ကမ္ဘောဒီးယားပိတ်ပင်

ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံလွှင့် ဌာနတွေကနေ နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့် ချက်တွေကို တဆင့်ပြန်လွှင့် ပေးမှုကို အစိုးရက တားမြစ်လိုက်တဲ့ အပေါ် အမေရိကန် အစိုးရက ဝေဖန်လိုက်ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ မတိုင်ခင် ၃၁ ရက်အတွင်း နိုင်ငံခြား မီဒီယာတွေရဲ့ အသံလွှင့် အစီအစဉ်တွေကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ထိုင်းတောင်ပိုင်း ထောင်ဗုံးကြောင့် စစ်သား ၈ ဦးသေ

ထိုင်း တောင်ပိုင်း ယာလ ပြည်နယ်မှာ စစ် မော်တော်ယာဉ်ကို ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် ထိုင်းစစ်သား ၈ ယောက် သေဆုံး ခဲ့ရ ပါတယ်။ ဒီ စစ်သား တွေဟာ ခွင့်ရလို့ အိမ်ပြန် နေကြ ချိန်မှာ အခုလို လမ်းဘေးဗုံး နင်းမိတာ ဖြစ်ပြီး၊ ထရပ်ကား ကတော့ လုံးဝ ပျက်စီး သွားကာ စစ်သား ၂ ယောက်နဲ့ အနားက ရွာသား ၂ ယောက်ပါ ဒဏ်ရာ ရသွား တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထရပ်ကား လုံးဝ ပျက်စီး သွားကာ နောက်ထပ် စစ်သား ၂ ဦးနဲ့ အနားက ရွာသား ၂ ဦးလည်း ဒဏ်ရာရ

ငြိမ်းချမ်းရေး ကိစ္စ မကျေလည်မှု ရှိတယ်လို့ဆို

မြန်မာ အစိုးရ၊ တပ်မတော် နဲ့ လွှတ်တော် အကြားမှာ တိုင်းရင်းသားအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေလည် မှုတွေ ရှိနေနိုင် တယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောပါတယ်။ လွှတ်တော် ဥက္ကဌ က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခိျု့မှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တဲ့ အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သူရ ဦးရွှေမန်းက ကာ/လုံ အစည်းအဝေး ခေါ်ဖို့ တိုက်တွန်းထား

လယ်သမားအခွင့်အရေး ပညာပေးဖို့စီစဉ်

နိုင်ငံအဝှမ်း လယ်ယာမြေ သိမ်းဆည်း ခံရမှုကြောင့် ဆုံးရှုံး နစ်နာနေရတဲ့ လယ်သမားတွေ အတွက် လယ်သမား အကျိုးစီးပွား ကာကွယ်မြှင့် တင်ရေး ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေချိန်မှာ ပဲ တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းရေး ကော်မတီ ဥပဒေ ပညာရှင်တွေ ကလည်း လယ်သမားတွေ လယ်ယာမြေ ဥပဒေရေးရာ တွေကို ကိုယ်တိုင်သိရှိ နားလည်နိုင်ဖို့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ပညာပေး သွားဖို့စီစဉ်နေ ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်မည်

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ အုတ်မြစ်ကို ခိုင်ခိုင် မာမာ ဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချ ထားတယ်လို့ သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေး ပြောကြား လိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် စက်မှုဝန်ကြီး ဌာနမှာ ကျင်းပတဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာပဋိပက္ခ ထိန်းသိမ်းခံ ၁၂၀ ကို တရားစွဲဆိုပြီ

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပြီးခဲ့တဲမတ်လက အကြမ်းဖက်တဲ့ ပဋိပက္ခတွေ ဖြစ်အပြီး ဖမ်းဆီးခံရသူတွေထဲက လူ ၁၂၀ ကို ရုံးးတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း ဒီအထဲမှာ ပုဒ်မ ၃၀၂ လူသတ်မှု အပါအ၀င် ပုဒ်မ ၄ ခုနဲ့ ၄၉ ဦးကို တရားစွဲဆို ရုံးတင်စစ်ဆေး နေသလို၊ ဆူပူမှု အပါအ၀င် တခြားပုဒ်မ ၁၀ ခုနဲ့လည်း လူ ၇၁ ဦးကို တရားရုံးတင် စစ်ဆေးနေပြီ် မိတ္ထီလာမြို့ခံတွေက ဆိုပါတယ်။ ဒါ့အပြင် ဇွန်လ ၂၉ ရက်နေ့ကလည်း သတ်ဖြတ်ခံရသူ အများဆုံး နေထိုင်ရာ ရပ်ကွက်ဖြစ်တဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဗုဒ္ဓဘာသာကို အကြမ်းဖက် ၀ါဒအဖြစ် မြန်မာမူဆလင် ခေါင်းဆောင် လက်မခံ

ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ်လို့ ပြောတာကို မူဆလင် ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ လုံးဝ လက်မခံနိုင်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ လူမျိုးပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့ ဟောပြောပွဲမှာ မှုဆလင် ဘာသာရေး ခေါင်းဆောင် တစ်ဦးက ပြောသွားတာပါ။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတချို့ကလည်း ပဋိပက္ခတွေ ပြေပျောက်ဖို့ အတွက် မေတ္တာ တရားကိုသာ ရှေ့တန်းတင်ကြဖို့ မိန့်ကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ မလေးရှားကနေ ဆက်လက်ရောက်ရှိ

မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၅ ခုက မြန်မာလုပ်သား ၁၇ဝ ကျော်နဲ့ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးတို့ဟာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လေယာဉ်စင်းလုံးငှား ကူညီပေးမှုနဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြမယ်လို့ သိရပါတယ်။ ဒီကူညီမှုနဲ့ ပတ်သက်လို့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လူမှုဆက်ဆံရေး ညွှန်ကြားရေးမှူး ဦးရဲမျိုးဟိန်းက RFA ကို အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လက်ပံတောင်းဖြိုခွင်းမှု ၇ လပြည့် လူ ၅ဝဝ ကျော်ဆန္ဒပြ

လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ လက်ပံတောင်း တောင်ဒေသမှာ ဒေသခံရွာသား ၅ဝဝ ကျော်ဟာ တုံရွာထိပ်ကနေ ထန်းတော သစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြ၀တီမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ စာရင်း မရှင်းနိုင်

ကရင်ပြည်နယ် မြ၀တီမြို့ ကုန်သည်ကြီးများ အသင်းသား စုံညီ အစည်းအဝေးကို မြစန္ဒီပန်းခြံ Happy Vally စားသောက်ဆိုင်တွင် ယနေ့29-6-2013 ရက်၊ နံနက်(11)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ပြီး ခရိုင် အုပ်ချုပ်ရေးမှူး ၊ န.က.သ ညွန်မှူးနှင့် မြို့မိမြို့ဖများ မီဒီယာများ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် အသင်း ပြန်လည်ဖွဲ့စည်းရေး၊ အသင်းစည်းမျဉ်းများကို ခေတ်နှင့်
အညီ ပြန်လည် ရေးဆွဲရေးတို့ကို တစ်လအတွင်း ကျင်းပပြုလုပ်ရန် သဘောတူညီကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် အသင်းသားများကို မီဒီယာများမှတွေ့ ဆုံမေးမြန်းရာတွင် --

1။ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်သည့် အချိန်အထိ ဥက္ကဌဖြစ်သူ ဒေါ်သင်းသင်းမြတ်သည်
 ငွေစာရင်းရှင်းတန်းများကို တစ်ကြိမ်မှ ပြုလုပ်မှု မရှိခြင်း။

2။ အသင်း၏ ငွေများကို ဒေါ်သင်းသင်းမြတ် တစ်ဦးတည်းကသာ စီမံသုံးစွဲနေခြင်း။

3။ တစ်ရက်လျှင် သိန်းသုံးဆယ်ခန့်ကောက်ခံရရှိသည့် ကုန်သွယ် ပမာဏ၏ ဒသမ2%ကို ကုန်သည်များ ပေးဆောင်ရပြီး ယခုအချိန်အထိ ငါးနှစ်ကျော် ကာလအတွင်း မည်သည့်
နေရာတွင် သုံးစွဲသည်ကို စာရင်းမဖော်ပြနိုင်ခြင်း။

 စသည့်အချက်များကို ကျေနပ်မှုမရှိသည့် အသင်းသား ခုနှစ်ဆယ်ကျော်က လက်မှတ် ရေးထိုးကာ
သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

 ကုန်သည်ကြီးများ အသင်း ဥကဌ ဒေါ်သင်းသင်းမြတ်သည် ထိုင်းနိုင်ငံ လျှပ်စစ်ဌာနသို့မီတာခဘတ်ငွေ 78 သန်းပေးသွင်းရန် ကျန်ရှိနေသေးကြောင်းလည်း 19-6-2013 ရက်နေ့တွင် ထိုင်းသတင်းဌာနမှ ကြေညာသွားခဲ့ ပါသည်။

Myanmar News Now


ဆက်သွယ်ရေး ဗိုလ်လုပွဲအလွန်

တင်ဒါအောင်သည့် ပြည်ပကုမ္ပဏီများတွင် ပြည်တွင်း ဖက်စပ်ကုမ္ပဏီများ မပါရှိသည့်အတွက် ‘ပြည်တွင်းနည်းဖြင့် လူလည်ကျ ခံရနိုင်ချေ’ နည်းသည့်အတွက် ပိုမိုဝမ်းမြောက်ကြောင်း ဆိုလာသူမှာ ရန်ကုန် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်နိုင်က ဖြစ်သည်။
“ဝန်ဆောင်မှုခြင်း အရမ်းကွာ၊ ပြောခချင်း အရမ်းကွာနေရင်တော့ အခုသုံးနေတဲ့ ဖုန်းကတ်ကို နောက်ဖေးမြောင်းထဲက ကန်စွန်းခင်းထဲ လွှင့်ပစ် လိုက်တော့မယ်” ဟု လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ WCDMA ကို လက်ရှိ သုံးစွဲနေသူ ၎င်းက ဆိုလေသည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ကျောက်ဆည်တွင် ဆိုင်ကယ်ဦးထုပ်ဖမ်းရာမှ ဘိန်းမဲများဖမ်းမိ

(28-6-2013)ရက်နေ့ မနက်(၉း၃၀)အချိန် ကျောက်ဆည်မြို့ ၀င်းသူဇာအနီး မီးပွိုင့်တွင် ဆိုင်ကယ်ဦးထုပ်များ ဖမ်းဆီးရာတွင် ထွက်ပြေး မောင်းနှင်ရန် ကြိုးစားသူ တစ်ဦးအား တားဆီးရာ မသင်္ကာစရာ အထုပ်များ တွေ့သဖြင့် ရှာဖွေရန် ပြုလုပ်စဉ် ထွက်ပြေး သွားသဖြင့် ၀ိုင်းဝန်း ဖမ်းဆီး၍ ရှာဖွေရာ လူနှင့် ဆိုင်ကယ်ပေါ်မှ ဘိန်းမဲ(၂၂)ပိသာ ဖမ်းဆီး ရမိခဲ့ပါတယ်။ သယ်ဆောင်လာသူမှာ အသက်(၃၅)နှစ်ခန့်ရှိပြီး ရှမ်းပြည် တောင်ပိုင်း မိုးဗြဲမှ သယ်ဆောင်လာခြင်း ဖြစ်ပြီး ဖားကန့်သို့ သွားရောက်ရန် ဖြစ်ကြောင်း စစ်ဆေးချက် အရသိရှိရ ပါသည်။

Myanmar News Now


ဖန်ပြားနဲ့ထုပြီးဖိနပ်နဲ့အရိုက်ခံရတဲ့ ကလေးငယ် ဥပဒေအတိုင်း ဖြစ်ချင်လို့ တရားရုံးတိုင်ကြား

ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၌ ပျံကျဈေးတွင်(၂၁.၆.၂၀၁၃)နံနက်(၈)နာရီ
တွင် စည်ပင်သာယာ လေလံချထားသော စက်ဘီးအပ် စခန်းစောင့် လုပ်သား ကလေးငယ်တစ်ဦးအား ပျံကျဈေးသည် အမျိုးသမီးမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ(၂၁.၆.၂၀၁၃)၊ နံနက်(၈)နာရီ အချိန်တွင် စက်ဘီးအပ်စခန်းသို့ စက်ဘီးတစ်စီး လာရောက် အပ်နှံရာ စက်ဘီးအပ် စခန်းနောက်တွင်ရှိသော ပျံကျဈေးဆိုင်ခန်း မှ အမျိုးသမီးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အရိုက်ခံရသည့် စက်ဘီး စခန်းစောင့် ကလေးလုပ်သား (မောင်အောင်ရဲထွန်း





အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ