မြ၀တီမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ စာရင်း မရှင်းနိုင်

ကရင်ပြည်နယ် မြ၀တီမြို့ ကုန်သည်ကြီးများ အသင်းသား စုံညီ အစည်းအဝေးကို မြစန္ဒီပန်းခြံ Happy Vally စားသောက်ဆိုင်တွင် ယနေ့29-6-2013 ရက်၊ နံနက်(11)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ပြီး ခရိုင် အုပ်ချုပ်ရေးမှူး ၊ န.က.သ ညွန်မှူးနှင့် မြို့မိမြို့ဖများ မီဒီယာများ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် အသင်း ပြန်လည်ဖွဲ့စည်းရေး၊ အသင်းစည်းမျဉ်းများကို ခေတ်နှင့်
အညီ ပြန်လည် ရေးဆွဲရေးတို့ကို တစ်လအတွင်း ကျင်းပပြုလုပ်ရန် သဘောတူညီကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် အသင်းသားများကို မီဒီယာများမှတွေ့ ဆုံမေးမြန်းရာတွင် --

1။ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်သည့် အချိန်အထိ ဥက္ကဌဖြစ်သူ ဒေါ်သင်းသင်းမြတ်သည်
 ငွေစာရင်းရှင်းတန်းများကို တစ်ကြိမ်မှ ပြုလုပ်မှု မရှိခြင်း။

2။ အသင်း၏ ငွေများကို ဒေါ်သင်းသင်းမြတ် တစ်ဦးတည်းကသာ စီမံသုံးစွဲနေခြင်း။

3။ တစ်ရက်လျှင် သိန်းသုံးဆယ်ခန့်ကောက်ခံရရှိသည့် ကုန်သွယ် ပမာဏ၏ ဒသမ2%ကို ကုန်သည်များ ပေးဆောင်ရပြီး ယခုအချိန်အထိ ငါးနှစ်ကျော် ကာလအတွင်း မည်သည့်
နေရာတွင် သုံးစွဲသည်ကို စာရင်းမဖော်ပြနိုင်ခြင်း။

 စသည့်အချက်များကို ကျေနပ်မှုမရှိသည့် အသင်းသား ခုနှစ်ဆယ်ကျော်က လက်မှတ် ရေးထိုးကာ
သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

 ကုန်သည်ကြီးများ အသင်း ဥကဌ ဒေါ်သင်းသင်းမြတ်သည် ထိုင်းနိုင်ငံ လျှပ်စစ်ဌာနသို့မီတာခဘတ်ငွေ 78 သန်းပေးသွင်းရန် ကျန်ရှိနေသေးကြောင်းလည်း 19-6-2013 ရက်နေ့တွင် ထိုင်းသတင်းဌာနမှ ကြေညာသွားခဲ့ ပါသည်။

Myanmar News Now


မြ၀တီမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ စာရင်း မရှင်းနိုင် မြ၀တီမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဌ စာရင်း မရှင်းနိုင် Reviewed by သစ်ထူးလွင် on 21:30 Rating: 5
Powered by Blogger.