ရန်ကုန်မြို့တော်တွင် အမှိုက်ပစ်စရာ မြေနေရာမရှိတော့

ရန်ကုန်မြို့တော်အတွင်း နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအဖြစ် ထပ်မံအသုံးပြုနိုင်သည့် နေရာ မရှိတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။ လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုသာန် အမှိုက်ပုံနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အတွင်းရှိ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စက်မှုဇုန်မှ စက်ရုံများ ရေဆိုးစွန့်ပစ်မှုကို စစ်ဆေးနေပြီ

ရန်ကုန်တိုင်း၊ စက်မှုဇုန်များရှိ စက်ရုံများမှ ရေဆိုး စွန့်ပစ်မှုများအား စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စစ်ဆေးရေးအဖွဲ့က ဆိုသည်။ ထိုသို့ စစ်ဆေးရာတွင် အာဆီယံ စံချိန် စံညွှန်းမီ စက်ရုံများအား ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 

ဥရောပဈေးကွက်သို့ မြန်မာ့သစ်များ ဇွန်လတွင် တင်ပို့နိုင်ဖွယ်ရှိ

သစ်နှင့် သစ်အချောထည် ပစ္စည်းများအား ဥရောပ ဈေးကွက်သို့ တင်ပို့နိုင်ရေး အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးတော့ မည်ဖြစ်ရာ လာမည့် ဇွန်လတွင် စတင် တင်ပို့သွားနိုင် ချေရှိကြောင်း
ပြည်ပသို့ သစ်တင်ပို့ နေသူများက ဆိုသည်။ “မြန်မာသစ်တွေ ဥရောပဈေးကွက်ကို တင်ပို့ရာမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မအူပင်က လယ်သမားနဲ့ ရဲကြားက အဓိကရုဏ်းကြောင့် ရဲတစ်ဦးသေ၊ ၄၅ဦး ဒဏ်ရာရ (ရုပ်/သံ)

မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညနေက ဒေသခံ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ခဲ့တာကြောင့် ရဲတစ်ယောက် သေဆုံးခဲ့ပြီး ၄၅ယောက် ဒဏ်ရာတွေရခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


 

နယ်စပ်ရေးရာ ၀န်ကြီးသစ် မလုံမခြုံ ဖြစ်နေတဲ့ နယ်စပ်ကို လာရောက်စစ်ဆေး

အသစ်ခန့်အပ်ခြင်း ခံရတဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဟာ ဒီနေ့ မနက်က ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ကပ်ရပ် တည်ရှိတဲ့ တောင်ပြိုမြို့ကို လာရောက် သွားခဲ့ပါတယ်။
အခု ခရီးစဉ်ဟာ နယ်စပ်ရေးရာ ၀န်ကြီးဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး  ဗိုလ်ချုပ် သက်နိုင်ဝင်းရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်တယ်လို့ သိရပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီးကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ် လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန်လည် တူး ဖေါ်ရာတွင် နောက်ဆုံး အဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမ္မတဦးသိန်းစိန်နဲ့ နော်ဝေနိုင်ငံရောက် မြန်မာများတွေ့ဆုံပွဲ (ရုပ်/သံ)

နော်ဝေးနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေးနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




မလက်တို ပဋိပက္ခ ဖြစ်ပွါးခဲ့ ရတဲ့ နောက်ဆုံး အခြေအနေ (ရုပ်/သံ)

ဧရာဝတီတိုင်း မအူပင်မြို့ နယ် မလက်တို ကျေးရွာ ဒေသခံတွေရဲ့ ယာမြေတွေကို သိမ်းယူ ထားကို လယ်သမားတွေက ပြန်လည်ရယူ လိုတာနဲ့ ပက်သက်ပီး ဒေသခံတွေနဲ ပဌိပက္ခဖြစ်ပွားခဲ့ရတဲ့ အခြေအနေကို ဒီဗီဘီ သတင်းထောက် ဦးအောင်ထွန်းမြင့် က အခင်းဖြစ်ရာနေရာကို သွားရောက် သတင်းယူခဲ့တာကို ရူစားရမှာ ဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



မြန်မာမှတင်သွင်းသော စားသောက်ကုန်လေးမျိုးကို အိန္ဒိယနိုင်ငံ မဏိပူရတွင် ရောင်းချခွင့်ပိတ်ပင်

မြန်မာမှ တင်သွင်းသော စားသောက်ကုန် လေးမျိုးကို ထုတ်လုပ်သူ အမည်၊ ကုန်ပစ္စည်း သက်တမ်းလွန်ရက်စွဲနှင့် ထုတ်ပိုးမှု အမှတ်များ မပါဝင် သည့်အတွက် အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်တွင် ရောင်းချခွင့် ပိတ်ပင် လိုက်ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်ခင်သန္တာကို ဖြုတ်ချရန်လုပ်ဆောင်ခဲ့သော အင်န်အယ်လ်ဒီ ပါတီဝင်များကို ဗဟိုကအရေးယူမည်

မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို
ကြိုက်နှစ်သက်ခြင်း မရှိတော့သဖြင့် မဲဆန္ဒရှင် ပြည်သူများက ပြန်လည် ဖြုတ်ချရန် ကြိုးပမ်းခဲ့ရာ
ထိုသို့ ဆောင်ရွက်ရာ၌ ပါဝင်သောပါတီဝင် များအပေါ် အင်န်အယ်လ်ဒီပါတီ ညီလာခံကျင်းပရေး
ဗဟိုကော်မရှင်က အရေးယူသွားမည်ဟု ထုတ်ပြန်လိုက်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်မှတ်စုဆောင်းပွဲတွင် ဒေါက်တာ အောင်စိုးမြင့်က မီဒီယာများကိုသိလိုသည် များမေးမြန်းနိုင်ကြောင်း ပြောကြားနေစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

Generation Youth အဖွဲ့မှဦးဆောင်ပြီး ဆန္ဒထုတ်ဖော်တစ်ခု ပြုလုပ်

Generation Youth အဖွဲ့မှဦးဆောင်ပြီး ၊ ရန်ကုန်မြို့ ၊ ဆူးလေစေတီ ကုန်းတော်ပေါ်တွင် ယနေ့ နေ့လည် ၃ : ၃ဝ ခန့်တွင် ဆန္ဒထုတ်ဖော် ဆုတောင်းမှု တစ်ခုပြု လုပ်ခဲ့သည်။ ထိုဆန္ဒဖော်ထုတ်မှု တွင် မအူပင်မြို့နယ် မလက်တိုကျေးရွာ ၊ ကျောက်ပန်းတောင်း နှစ်ကျပ်ခွဲကျေးရွာ တို့တွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသော ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေ ကွဲကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရန်ကုန်မြို့၊ ဆူးလေးဘုရားအနီးတွင် ယနေ့နေ့လယ်က ဆန္ဒဖော်ထုတ်ကြစဉ်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် ဒေါသထွက်တဲ့နေ့

လက်ရှိကျင်းပနေဆဲ လွှတ်တော် အသီးသီးရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပနေချိန် တရက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။ သူရဦးရွှေမန်း တယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့်များ ဒေါသ ထွက်ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရှားခဲအင်းဒေသခံများမှ ဝန်ကြီးချုပ် ရုံးရှေ့ တွင် ဆန္ဒဖော်ထုတ်မည်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော် မြို့နယ်အတွင်းရှိ ရှားခဲအင်း ဒေသခံများမှ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ရှေ့တွင် ယင်းတို့၏ ခံစားရမှု များအား တောင်း ဆိုရန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ ခန့်အချိန်တွင် အင်အား ၄၀၀ ခန့်ဖြင့် ရှားခဲကျေးရွာမှ ပုသိမ်မြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရှားခဲအင်းဒေသခံများကိုတွေ့ရစဉ်

ပြောင်းရွှေ့ရေး လိုက်နာမှုမရှိပါက ဥပဒေအတိုင်း အရေးယူမည်

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံး ထားပြောင်း ရွေ့ပေး ရန်  နှိုးဆော်ထား သော်လည်း လိုက်နာမှု မရှိပါက ဥပဒေအတိုင်း အရေးယူ သွားမည် ဖြစ်ကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၅၁

ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၅၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ ၉ အမှတ် ၉

ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်အတွဲ ၉ အမှတ် ၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နော်ဝေရောက် ဦးသိန်းစိန်နဲ့အဖွဲ့ မြန်မာများကို စည်းရုံးဟောပြော

နော်ဝေးနိုင်ငံဆီ ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ နော်ဝေရောက် မြန်မာ မိသားစုတွေနဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက အော်စလို မြို့မှာတွေ့ဆုံ ခဲ့ပါတယ်။ သမ္မတနဲ့ အတူ သမ္မတရုံး ၀န်ကြီး ဥိးစိုးသိန်း၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နဲ့ အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့ အစုံအညီ တက်လာပါတယ်။ မြန်မာ မိသားစုတွေ ၈၀ လောက်အထိ တက်လာတာလည်း တွေ့ရပါတယ်။

သမ္မတနဲ့ နော်ဝေရောက် မြန်မာတွေ တွေ့ဆုံပွဲအတွက် အခမ်းအနားမှုး အဖြစ် တာဝန် ယူသူကတော့ တချိန်က အတိုက်အခံ သတင်းဌာန ဒီမိုကရေစီရေး သတင်းဌာန အဖြစ် လူသိများခဲ့တဲ့ DVB သတင်းဌာနမှ ဒုညွန်မှုး ကိုခင်မောင်ဝင်း ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။

ဒီအခန်းအနားအတွင်း သမ္မတဦးသိန်းစိန် အဓိကပြောသွားတာကတော့ နော်ဝေနိုင်ငံကို ဘာကြောင့် ပထမဆုံး လာဖို့ရွေးချယ်ခဲ့သလဲဆိုတာနဲ့ ပြည်ပရောက်မြန်မာတွေ နိုင်ငံတည်ဆောက်ရေးမှာ လက်တွဲ ပါဝင်ကြဖို့ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို ပထမဆုံး ထောက်ခံတဲ့နိုင်ငံဟာ နော်ဝေးဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အတွက် အဓိကကူညီနေပြီး အင်းလေးထိန်းသိမ်းရေးကို သမ္မတက ဥပမာပေး ထောက်ပြသွားပါတယ်။

ပြီးတော့ နော်ဝေနိုင်ငံဆီ ပြန်လည်ပေးဆပ်ရန် ကျန်နေတဲ့ ခရိုနာ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့်)ကို နော်ဝေအစိုးရက လျှော်ပေးလိုက်တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ ဒီအတွက် လူကိုယ်တိုင်လာပြီး ကျေးဇူးတင်စကား လာပြောတာဖြစ်တယ်လို့  ဦးသိန်းစိန်က ဆိုပါတယ်။ တခါ နော်ဝေက ဒီလို အကြွေးလျှော်လိုက်တဲ့အတွက် တခြားနိုင်ငံတွေကလည်း အလားတူအကြွေးတွေ လျှော်ကြတာကြောင့် အခုဆိုရင် ကြွေးဟောင်းကျေလို့ ကြွေးသစ်ပြန်ချေးနိုင်ပြီ။ IMF, ADB, ODA တို့ကနေ အတိုးနှုန်းသက်သာစွာနဲ့ နှစ် ၄၀ စာချေးဖို့ပြင်နေပြီး အဲဒီချေးငွေတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်မယ်လို့ သမ္မတက ရှင်းပြပါတယ်။

ပြီးတော့ KIA နဲ့ဆွေးနွေးမှု နောက်ဆုံးအခြေနေကိုပြောပြီး အပစ်အခတ်ရပ်စဲ ထားရုံနဲ့မရ နိုင်ငံရေးအဖြေရတဲ့အထိ ဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရအောင် လုပ်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ဖွဲစည်းပုံအခြေခံဥပဒေနဲ့ပါ ကာကွယ်ပေးဖို့ လိုနေတယ်လို့ သမ္မတက ထည့်ပြောသွားပါတယ်။

သမ္မတပြောတဲ့ နောက်ဆုံးအချက်ကတော့ ”ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်။ ကျနော်တို့ အချင်းချင်းကြားမှာ အားလုံး တူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ် ချစ်တဲ့စိတ်ကတော့ တူကြပါတယ်” လို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် ”မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ၊ ပြည်ထောင်စု ချစ်စိတ်ပေါ်အခြေခံပြီး ကိုယ့်နိုင်ငံ အကျိုးအတွက် တဖက်တလမ်းက လက်တွဲဆောင်ရွက်ကြပါ” လို့ သမ္မတက တိုက်တွန်းသွားပါတယ်။

သမ္မတဦးသိန်းစိန်က ၅ မိနစ်ပဲ အမှာစကားပြောပြီး ပရိသတ်မေးတာကို ၀န်ကြီးအဖွဲ့က ဖြေပေးပါလိမ့်မယ်၊ သူ့မှာ တခြားကိစ္စရှိသေးတယ်လို့ ပြောပြီး ပြန်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က တခုခုပြောမလားလို့ ထင်ထားပေမယ့် တကယ်တန်း ဒိုင်ခံပြောသွားသူကတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း တဦးတည်းသာ ဖြစ်ပါတယ်။

ရေ တပ်ဦးစီးချုပ် စစ်ဗိုလ်ဘ၀နေ ၀န်ကြီးဖြစ်လာသူပါလို့ မိတ်ဆက်ရင်းနဲ့ နိဒါန်းချီလိုက်တဲ့ ဦးစိုးသိန်းဟာ မိနစ် ၂၀ လောက်အထိ မနားတမ်းပြောနေတဲ့အတွက် ပရိသတ်ကို မေးခွင့်ပေးပါဦး၊ အချိန် သိပ်မရဘူးလို့ အခန်းအနားမှုးက ၀င်ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ”၀န်ကြီးက သိပ်ပွားတာပဲ” ဆိုပြီး ပရိသတ်တဦးက ထပြောတဲ့အထိလည်း ၀န်ကြီးက စကားကို အပြောမရပ်ပါဘူး။ (အခန်းအနားတခုလုံးအတွက် အချိန် တနာရီစာပဲပေးထားကြောင်း ဖိတ်စာမှာ အတိအလင်း ဖော်ပြထားပါတယ်)

မိနစ် ၂၀ ကျော်ကြာ မိန့်ခွန်းအတွင်း ၀န်ကြီးဦးစိုးသိန်း အဓိကပြောသွားတာကတော့ လွန်ခဲ့တဲ့ ၂ နှစ် တာကာလ သူတို့အစိုးရသစ်ဆောင်ရွက်ခဲ့ရတဲ့ ”စစ်ဖက်အုပ်ချုပ်ရေးကနေ အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြောင်းလဲခြင်း” ဖြစ်စဉ် ခက်ခဲကြမ်းတမ်းပုံအကြောင်း ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နိုင်ငံရေးရော၊ စီးပွားရေးပါ တပြိုင်တည်း တိုးတက်လာအောင် ဆောင်ရွက်နေတယ်လို့ ၀န်ကြီးက ဆိုပါတယ်။

နောက်တခါ ဒီလိုပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ ပြောင်းလဲရေး မလိုချင်သူတွေနဲ့လည်း ရင်ဆိုင်ရကြောင်း၊ သူ့လို ပြုပြင်ပြောင်းလဲရေးလုပ်ချင်သူ အစိုးရအဖွဲ့ထဲမှာ အားနည်းနေဆဲဖြစ်တဲ့အတွက် အပြင်က အင်အားစုတွေအပါအ၀င် ဒီမိုကရေစီအင်အားစု အားလုံးက ၀ိုင်းကူလုပ်ဖို့လိုတယ်လို့ ၀န်ကြီးက ဆိုပါတယ်။

”အခုဆိုရင်  ဦးသိန်းစိန်ကလည်း ဒီမိုကရေစီ၊ ခင်ဗျားတို့လည်း ဒီမိုကရေစီ၊ ဒီမိုကရေစီဆီ သွားနေသူကို ခဲနဲ့ပေါက်ရင်တော့ ဆက်လုပ်မယ့်သူမရှိဘူး ဖြစ်သွားနိုင်တယ်၊ ဒါကိုတော့ ခင်ဗျားတို့ သတိထားဖို့ လိုပါတယ်” ဆိုပြီး သမ္မတဦးသိန်းစိန်ကို ၀ိုင်းထောက်ခံကြဖို့ ၀န်ကြီးက တိုက်တွန်းခဲ့ပါတယ်။

ဝန်ကြီးအဖွဲ့အတွက် ပထမဆုံး မေးခွန်းကတော့ ၂၀၁၅ မှာ ဒီမိုကရေစီ အင်အားစုတွေဖက်က ရွေးကောက်ပွဲနိုင်ရင် စစ်တပ်က အာဏာမသိမ်းဘူးလို့ ၀န်ကြီးအာမခံသလားတဲ့။ ဒီအတွက် ဦးစိုးသိန်းရဲ့ အဖြေကတော့ ပြည်သူတွေ နိုင်ကိုနိုင်ရမယ်။ စစ်တပ်က အာဏာသိမ်းစရာ အကြောင်းမရှိဘူး။ သိမ်းလို့လည်း မရဘူး၊ အခြေနေတွေက ပြောင်းသွားခဲ့ပြီ။ အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ လတ်တလော အခြေနေတွေကိုသာ ကြည့်ပါ ဆိုပြီး ၀န်ကြီးက ဥပမာပေး ဖြေကြားသွားပါတယ်။

နောက်ထပ်မေးခွန်းတွေထဲက ထူးခြားချက်တချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် အမျိုးသမီး အခွင့်အရေးတွေအတွက် အစိုးရက ဘာတွေ ဆောင်ရွက်ပေးနေသလဲဆိုတာကို အမျိုးသမီးတဦးက မေးပါတယ်။ ဒီမေးခွန်းကိုတော့ အမျိုးသမိးရေးရာ အဖွဲ့ ဥက္ကဌကနေ ကျန်းမာရေး ဒုဝန်ကြီးဖြစ်လာသူက နိုင်ငံအနှံ့ အမျိုးသမီး ပညာပေး သင်တန်းတွေ ဖွင့်နေပါတယ်လို့ ဖြေကြားပါတယ်။

War Crime စစ်ရာဇ၀တ်မှု ကျုးလွန်ခဲ့သူတွေကို လက်ရှိအစိုးရက ဘယ်လို အရေးယူဆောင်ရွက်ဖို့ အစီအစဉ်ရှိသလဲ ဆိုတာဖြစ်ပြီး ဒီမေးခွန်းကိုကြားတော့ ပရိသတ် အတော်များများ လက်ခုတ်ထ တီးကြပါတယ်။ ဒီမေးခွန်းအတွက် ဦးစိုးသိန်းရဲ့အဖြေကတော့ ”ကျနော်တို့ ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး”။ ဒါကို ပထမနေရာထားရင် ရှေ့မတိုးနိုင် ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။

နောက်တခါ လက်ရှိဖွဲ့စည်းပုံအရ စစ်တပ် လက်ထဲမှာ အာဏာ အများကြီး ရှိနေတယ်၊ သမ္မတထက် ကာချုပ်က ပို အာဏာရှိနေတယ်ဆိုတဲ့ မေးခွန်းကိုလဲ ဦးစိုးသိန်းက မဟုတ်ပါဘူးလို့ ငြင်းဆိုပြီး မြန်မာနိုင်ငံ ပြု ပြင်ပြောင်းလဲရေးဟာ အင်ဒိုနီးရှားထက် အခြေအနေ ပိုကောင်းတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅ ရာခိုင်နှုန်း ထွက်ဖို့အတွက် ပါလီမန် သက်တန်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီ လောက်အထိ စောင့်စရာ မလိုလောက်ပါဘူးလို့ ဦးစိုးသိန်းက ခန့်မှန်းပါတယ်။

ပြီးတော့ ”ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ Icon ဖြစ်သလို သမ္မတဦးသိန်းစိန်ဟာလည်း လက်ရှိသွားနေတဲ့ Reform ရဲ့ Icon ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဦးကို ခင်ဗျားတို့ ကူညီဖို့ လိုတယ်” လို့ ဦးစိုးသိန်းက တိုက်တွန်းသွားပါတယ်။

သမ္မတနဲ့အဖွဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံရာ Litteratur huset အပြင်ဖက်မှာတော့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီ အင်အား ၁၀ ကျော် ဆိုင်းဘုတ်တွေ ထောင်ပြိး ဆန္ဒပြနေပါတယ်။ ဒီကိစ္စကို လက်ရှိအစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ် ဖြေရှင်းမှာလဲ။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ဘယ်တော့ ထွက်လာမလဲ။ မေးစရာတွေ ကျန်နေဆဲပါ။

ဒီလို စဉ်းစားရင်း အိမ်ပြန်ရောက်လို့ ကွန်ပြူတာဖွင့်လိုက်တော့ ပထမဆုံး တွေ့ရတဲ့ ထူးခြားသတင်းက လွန်ခဲ့တဲ့ ၂၁ နှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရပြီးချိန်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ နော်ဝေ အခြေစိုက် DVB သတင်းဌာနရဲ့ အသံလွှင့်မှု အားလုံးကို နော်ဝေးမှာ လုံးဝမထားတော့ဘဲ အမိမြေကို ပြန်တော့မယ်လို့ ဒုညွန်မှုးကပြောတယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရဲ့ NRK သတင်းဌာန ၀က်ဆိုက်မှာ ဓာတ်ပုံတွေနဲ့တကွ ရှင်းပြထားပြီး ဒီနေ့ပြုလုပ်တဲ့ ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်နဲ့ အင်တာဗျူးကို လွင့်ပြီးတဲ့နောက် DVB နော်ဝေးကနေ ထုတ်လွှင့်မှု အားလုံးကို ရုပ်သိမ်းလိုက်ပါပြီလို့  ကြေညာထားပါတယ်။

တဆက်တည်း သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် နော်ဝေ မီဒီယာတွေ ဘယ်လိုမြင်ကြသလဲဆိုပြီး လိုက်ဖတ်တော့ နော်ဝေးအစိုးရက ရှယ်ယာအများစုထည့်ထားတဲ့ Statoil ရေနံကုမ္ပဏီနဲ့ Telenor ဆက်သွယ်ရေးကုမ္ပဏီတို့ မြန်မာနိုင်ငံဆီ ၀င်ဖို့ ပြင်နေကြောင်း ရေးထားတာ တွေ့ရပါတယ်။ တခါ နော်ဝေးနဲ့ မြန်မာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထွက်တာ၊ ပင်လယ်ပြင်နဲ့ သစ်တောတွေရှိတဲ့နေရာ၊ သယံဇာတ ကြွယ်ဝတဲ့နေရာမှာ တူညီနေတယ်လို့ နှိုင်းယှဉ်ပြထားတာကိုလည်း ဖတ်ရပါတယ်။

ဒါကြောင့် ဒီလို သယံဇာတ ကြွယ်ဝမှုအပေါ် အခြေခံပြီး တိုင်းပြည် ချမ်းသာလာအောင် လုပ်နိုင်ခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ လာလေ့လာတာလား။ အုပ်ချုပ်မှုစနစ်သာ မှန်မယ်ဆိုရင် မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေလွတ်အောင် ဒီသယံဇာတတွေက ကူညီနိုင်ပါတယ်။ နော်ဝေနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့အညီ မြန်မာနိုင်ငံ ဖွံဖြိုးရေးအတွက် ကူညီနိုင်ပါလိမ့်မယ်လို့ ရေးထားတာကို တွေ့ရပါတယ်။

ဒါဆို ဒီလို ဖြစ်လာစေဖို့အတွက် သမ္မတ ဦးသိန်းစိန် အစိုးရက မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို ဘယ်တော့လောက် ဘယ်လိုစတင် ကျင့်သုံးနိုင်မလဲ။ ပြည်ပရောက်မြန်မာတွေကရော ဒီ လုပ်ငန်းစဉ်အပေါ် ဘာတွေများ ဘယ်လောက် ကူညီပေးနိုင်လေမလဲ။

ထက်အောင်ကျော်


ကသာရဲစခန်းမှ ရဲအုပ်တစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဓါးထိုးခံရ

၂၈၊၂၊၂၀၁၃ ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်က ကသာမြို့ရဲစခန်းတွင် တာဝန်မှူး တာဝန်ထမ်းဆောင် နေသော ရဲအုပ်မျိုးမြင့်သိန်း ဆိုသည့် ရဲအရာရှိတစ်ဦး တာဝန်ထမ်းဆောင် နေစဉ်အတွင်း တရားခံမှ ဓါးဖြင့်ထိုးခဲ့သခြင့် ယခုအချိန်တွင် ကသာခရိုင်ပြည်သူ့ဆေးရုံကြီးခွဲစိပ်ခန်းတွင် အရေးပေါ် ခွဲစိပ်ကုသမှု ခံယူနေရကြောင်း သိရှိရပါသည်၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 သတင်း-ဓါတ်ပုံ (ဟာဂျူလီ-ကသာ)

သိမ်းဆည်းရမိသည့် အစိုးရတပ် လက်နက်များ ပြန်ပေးမည်ဟု RCSS/SSA ပြော

သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် မြန်မာအစိုးရ တပ်မတော် အကြား ယခုအပတ်အတွင်း ဖြစ်ပွါးခဲ့သော တိုက်ပွဲမှ သိမ်းဆည်း ရမိသော လက်နက် ပစ္စည်းများအား အစိုးရဘက်မှ ပြန်လိုချင်ပါက ပြန်လည် ပေးအပ်မည့် အစီအစဉ်ရှိကြောင်း သျှမ်းပြည်တပ်မတော် ကပြောဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပန်းတောင်းတောင်မှာ အစာငတ်ခံ ဆန္ဒပြ (ရုပ်/သံ)

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးနဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းသူကို ဖော်ထုတ် အရေးယူပေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ရှမ်းပြည်နယ်က ဒေသခံ ၃၀ ကျော် နယ်စပ်တွင် ပျောက်ဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့နယ်ခွဲက ရွာသား ၃၀ ကျော်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က တောထဲကို သစ်ခုတ်သွားရင်း လက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါ်ဆောင်ခံခဲ့ရပြီး မိသားစုထံ ပြန် မရောက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေတြိဂံနယ်မြေအပေါ်ဘက် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နော်ခမ်းကို ဆေးထိုးသတ်မည်

တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန်ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်

မြန်မာနိုင်ငံသား မူးယစ်ဆေး မှောင်ခို ခေါင်းဆောင် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးအား ၂၀၁၁ ခုနှစ်တွင် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုဖြင့် မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ တရားရုံးတစ်ရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မလက်တို ပဋိပက္ခ (ရုပ်/သံ)

မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စု၊ ပလောင်းကျေးရွာ မှာ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန် ရဖို့ ကြိုးစားရာကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ.မှုကြောင့် ဒါဏ်ရာရရှိခဲ့တဲ့ ဒေသခံလယ်သမားတွေကို ရွှေည၀ါဆရာတော် ဦးဆောင်တဲ့ ဆရာတော်ကြီးတွေ သွားရောက်တွေ.ဆုံခဲ့ပါတယ်။ ဒေါ်ညိုမာသက် သတင်းပေးပို. ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂

ကချင်ပြည်နယ် ဟိုပင်မြို့ သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများသည် ရဲမဖမ်းသော်လည်း ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့ တရုတ်သင်္ချိုင်းသို့ နေရာပြောင်းရွှေ့ ရောင်းဝယ်သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ကပြောသည်။

“ပြီးခဲ့တဲ့ အပတ်က အင်တာနက်သတင်းတွေနဲ့ ဂျာနယ်တွေမှာ ပါ လာလို့ နေရာပြောင်းသွားတာ။ ရဲ ကတော့ မဖမ်းဘူး””ဟု မိုးညှင်းမြို့ နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဟိုပင် တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသော ဒိုင်သုံးဦးရှိပြီး မူးယစ်ဆေးဝါးရှူသည့် အခန်းသုံးခန်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဘိန်းရှူရင်တော့ လုံတဲ့ ခန်းထဲမှာပဲ ရှူကြတယ်။ ဆေးထိုးတဲ့သူတွေကတော့ ဂူတွေကြားထဲမှာပဲ ထိုးကြတယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ ၈၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အမှတ်(၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဂျေယောဝူက ပြောသည်။

“တစ်ပြည်နယ်လုံး သုံးစွဲနေကြတာ၊ ဖမ်းတာကလည်း ရောင်းတဲ့ဆိုင်ကြီးတွေကို မဖမ်းဘဲ အောက်က အသေးစားတွေကိုပဲ ဖမ်းနေတာ”ဟု ဦးဂျေယောဝူကပြောသည်။

အဆိုပါ တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးဆေးထိုးလျှင် ကျပ် ၁၀၀၀ ဖိုးမှ စတင်ထိုးနိုင်ပြီး ဘိန်းရှူလိုလျှင် ကျပ် ၅၀၀၀ ဖိုးမှ စတင်ဝယ်ယူရကာ ရောင်းဝယ်သုံးစွဲနေကြသူများမှာ သဲဖြူချောင်းမှာကဲ့သို့ စည်ကားနေပြီး ကျောင်းသားများအပါအ၀င် နေ့စဉ်လူဦးရေ ရာနှင့်ချီရောင်းဝယ်သုံးစွဲနေကြောင်း ဒေသခံအချို့ကပြောသည်။

၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးရရှိပြီး၊ ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလတွင်တစ်မှု ဖမ်းဆီးရရှိထားကြောင်း ဟိုပင်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစခန်းမှူးဦးမျိုးမြင့်ဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသော တရုတ်သင်္ချိုင်းသို့ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ နေ့စဉ် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်ပို့ဆောင်ပေးနေရကြောင်း သတင်းရရှိသည်။

အဆိုပါ တရုတ်သင်္ချိုင်းသည် ယခင်ရောင်းချသော သဲဖြူချောင်းနှင့် တစ်မိုင်ဝန်းကျင်သာ ကွာဝေးသည်။

7Day News Journal


လမ်းမထက်တွင် နေ၀င်သည်

ပုံမှန်နေ့တွေလို အိမ်ရှေ့မှ ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း သမီးလေးများလားဟု ဒေါ်သိန်းမြင့် လှမ်းမျှော်ကြည့်နေမိသည်။ သတိလက်လွတ်ဖြစ်သွားတိုင်း ထွက်ထွက်ကြည့်မိသည်မှာ ခဏခဏ။ သူမ၏မြေးမလေး အိမ်ပြန်မလာနိုင်တော့သည်ကို ဒေါ်သိန်းမြင့် လက်ခံ၍မရနိုင်သေး။ အိမ်ထရံပေါ်မှာကတော့ သမီးလေးဓာတ်ပုံက လှပစွာရှိနေဆဲ။

ဇန်န၀ါရီ ၂၅ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် မတိုးတိုးဝင်းသည် နေ့စဉ်ပြုနေကျအတိုင်း ဆိုင်ကယ်စီးကာ ရတနာပုံတက္ကသိုလ်သို့သွားရန် ပြင်ဆင်နေခဲ့သည်။ ဒေါ်သိန်းမြင့်က နေ့စဉ်မှာနေကျအတိုင်း စိတ်ပူပန်စွာမှာသည်။ “သမီးလေး သတိထားစီးနော်။ ဘေးကကပ်စီး။ ဖြည်းဖြည်းလည်းစီး”။ ထိုအရာများမှာ မြေးအဘွားနှစ်ယောက်၏ နေ့စဉ်ဖြတ်သန်းမှုပုံစံ ဖြစ်သည်။ အဘွားကို အမေလို သဘောထားကာ မိသားစုအပေါ် အနစ်နာခံ၊ စိတ်ရင်းစိတ်ထားဖြူစင်သော တိုးတိုးဝင်းလို မိန်းကလေးမျိုး သေမင်းက အလွယ်တကူ ခေါ်ယူမည်ဟု ထိုစဉ်က ဒေါ်သိန်းမြင့် ထင်မထားခဲ့။ နေ့လယ်ပိုင်းတွင် ကြားလိုက်ရသည်က ရတနာပုံတက္ကသိုလ်နှင့် ကန်ပတ်လမ်းဆုံအနီးတွင် မတိုးတိုးဝင်း စီးလာသည့် ဆိုင်ကယ်နှင့် အခြားဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိ၍ လဲနေချိန် ၀င်လာသည့်ကားကြီးတစ်စီးဖြင့် ထပ်မံတိုက်မိခဲ့ရာမှ ပြင်းထန်သော ဒဏ်ရာများဖြင့် ပွဲချင်းပြီး ဆုံးသွားပြီဆိုသည့် သတင်းပင်ဖြစ်သည်။ ဒေါ်သိန်းမြင့် ပဋာမြေလူးခဲ့သည်။ “အမေကြီးတို့က အိုကြီးအိုမတွေပါ။ သူက ကျောင်းတစ်ဖက်တက်ရင်း အလုပ်လုပ်တယ်။ ညဘက်ကလေးတွေ စာပြတယ်။ သူ့လုပ်စာလေး မှီခိုပြီး စားနေရတာပါ။ ခုလိုဖြစ်သွားတော့ လက်မောင်းနှစ်ဖက်စလုံး ပြုတ်တော့တာပါပဲကွယ်”ဟုပြောရင်း ဒေါ်သိန်းမြင့်ငိုသည်။ သင်္ချာအဓိကဖြင့် တတိယနှစ်တက်ရောက်နေသည့် အသက်(၁၉)နှစ်အရွယ် မတိုးတိုးဝင်းသည် ဘွဲ့ရပြီးလျှင် ကျောင်းဆရာမလုပ်မည့်အကြောင်း ကလေးတွေကိုလည်း ပျော်ရွှင်စေသော နည်းများဖြင့် စာသင်ကြားပေးချင်သည့် ရည်ရွယ်ချက်မျိုး ထားခဲ့ကြောင်း ဒေါ်သိန်းမြင့်က ပြောပြသည်။

မတိုးတိုးဝင်းကဲ့သို့ပင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် ဆိုင်ကယ်အစီးရေအများဆုံး မန္တလေးမြို့တွင် နေထိုင်သူများမှာ ယာဉ်အန္တရာယ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူများထဲတွင် တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် အခြားတက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၊ အစိုးရ၀န်ထမ်းများ စသည်ဖြင့် လူကြီး၊ လူလတ်၊ ယောက်ျား၊ မိန်းမ အရွယ်စုံ ပါဝင်နေကြသည်။ မန္တလေးမြို့ပေါ်တွင် နေ့စဉ်ဖြစ်ပွားနေသော ယာဉ်တိုက်မှုများကြောင့် လူငယ်လူရွယ်များ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားနေရာ လူသားအရင်းအမြစ်များ ဆုံးရူံးနေရကြောင်း၊ မြို့လူထု ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်တိုက်မှုဖြစ်ပွားခြင်းများ လျော့နည်းအောင် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းကပြောသည်။

“ယာဉ်တိုက်မှုဖြစ်ပြီး မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနကို ရောက်လာတဲ့ လူဦးရေဟာ တစ်နေ့ပျမ်းမျှ အယောက်ငါးဆယ်ကျော်တယ်”ဟု
မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှုခင်းအရာရှိကပြောသည်။ မန္တလေး၏ အားလပ်ရက်ဖြစ်သော အခါကြီးရက်ကြီး လပြည့်နေ့များတွင် အရေးပေါ်လူနာဌာနသို့ ရောက်ရှိလာသူ လူအများစုမှာ အသက် (၂၀) နှင့် (၄၀) ကြားအရွယ် အများဆုံးဖြစ်ပြီး အချို့လူနာများမှာ ယာဉ်တိုက်မှုဖြစ်ချိန်တွင် အရက်သေစာ သောက်စားထားသည်ကို တွေ့ရကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ယာဉ်ထိန်းရဲအင်အား တိုးချဲ့ပြီးနောက် မန္တလေးမြို့အတွင်းတွင် စစ်ဆေးမှုများ ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ယာဉ်ထိန်းရဲ၊ မန္တလေးစည်ပင်၊ ပို့/ဆက်၊ က .ည. န စသည့် ဌာနဆိုင်ရာခုနစ်ခုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ၎င်းအဖွဲ့က မန္တလေးမြို့ ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်း၊ သတ်မှတ်ထားသည့် မိုင်နှုန်းထက် ပိုမိုကာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သောက်စား မူးယစ်မောင်းခြင်း၊ တစ်ဖက်ယာဉ်ကြောကို မကြည့်ဘဲ အရှိန်နှင့်ကျော်တက်ခြင်း၊ လမ်းကြောရှုပ်ထွေးခြင်း၊ စည်းကမ်းပျက် မောင်းနှင်သူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စနစ်တကျ စည်းကမ်းကြပ်မတ်နိုင်မှု အားနည်းခြင်းနှင့် မန္တလေးမြို့၏ မြို့တည်ဆောက်ပုံအရ လမ်းဆုံလမ်းခွ ပေါများခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်သည်။

မန္တလေးမြို့ခံများအနေဖြင့် ယာဉ်တိုက်မှုများ အမြန်ဆုံးလျော့ကျသွားစေရန် ဆန္ဒရှိနေကြသည်။ အွန်လိုင်းလူမှုအဖွဲ့အစည်းတစ်ခု အသွင်ဖြစ်နေသော မန္တလေးသတင်းပုံရိပ် အဖွဲ့သားများကလည်း ယာဉ်တိုက်မှုများ လျော့ကျစေရန်အတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ပညာပေးဆောင်ရွက်ရန် ကြိုးစားနေကြသည်။ မန္တလေးမြို့ ရပ်ကွက်တိုင်းနီးပါးတွင် ဖွဲ့စည်းတည်ထောင်ထားသော လူမှုကူညီရေးအသင်းများတွင် နာရေးကားနှင့် အရေးပေါ်လူနာတင်ကားများ ၀ယ်ယူထားရှိရပြီး နာရေးပို့ဆောင်ပေးရခြင်းတို့ကို အဓိက အကူအညီပေးရကြောင်း လူမှုကူညီရေးအသင်းအချို့က ဆိုသည်။ “တစ်ညကို ယာဉ်တိုက်လူနာ နှစ်ယောက်လောက်တော့ သွားကောက်ပေးရတယ်”ဟု မန္တလေးမြို့ဟောင်း ဘူတာအနီးတွင် ရုံးခန်းဖွင့်လှစ်ထားသော ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လူဦးရေတစ်သန်းကျော် နေထိုင်သည့် မန္တလေးမြို့တွင် သွားလာသယ်ယူ ပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်ကို အဓိကအားထား အသုံးပြုနေရပြီး မြို့နေလူသုံးဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း ပိုင်ဆိုင်နေသည်။ မန္တလေးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ် (၄၇၈၃၂၃) စီးရှိသည်ဟု တိုင်း က.ည.န မှ သိရသည်။

မန္တလေးမြို့ပေါ် ငါးမြို့နယ်နှင့် အမရပူရ၊ ပုသိမ်ကြီးမြို့နယ် အပါအ၀င် မန္တလေးခရိုင်ခုနစ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုများကြောင့် ပျမ်းမျှနှစ်ရက်လျှင် လူတစ်ဦးသေဆုံးနေပြီး တစ်ရက်လျှင်လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိနေသည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူအများစုမှာ အသက်(၄၀)နှင့် အသက်(၂၀)ကြား အမျိုးသားများ အများဆုံးဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ ညနေ ၆ နာရီနှင့် ၁၂ နာရီကြား အချိန်အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ပြုစုထားသော စာရင်းဇယားများအရ သိရသည်။

“ယာဉ်တိုက်မှုတွေ လျော့ကျဖို့ ကျွန်တော်တို့ဘက်ကလည်း စနစ်တကျ လုပ်ဆောင်နေပါတယ်။ ယာဉ်၊ လမ်း အသုံးပြုသူတွေအနေနဲ့လည်း စည်းကမ်းတကျ စီးနင်းအသုံးပြုကြဖို့ လိုအပ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဦးကျော်ဆန်းကဆိုသည်။

“မကျန်းမာလို့ဖြစ်သွားရင် ဆေးကုပေးလိုက်ရတယ်ဆိုပြီး ဖြေလို့ရသေးတယ်။ ခုလိုအဖြစ်ဆိုးနဲ့ ကြုံရတော့ အမေကြီးသေရင်တောင် ဒီစိတ်နဲ့သေရတော့မယ်။ ရာသက်ပန် အသည်းမှာ ဒဏ်ရာရသွားပြီ”ဟု ဒေါ်သိန်းမြင့်ကပြောသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်စီးကာ အိမ်မှထွက်ခွာသွားသူများအား ဒေါ်သိန်းမြင့်လို မိခင်များနှင့် ချစ်သူခင်သူ မိသားစုဝင်များကတော့ သူတို့အိမ်ပြန်မရောက်မချင်း အိမ်ပေါက်ဝမှထိုင်ကာ စောင့်မျှော်နေကြရဦးမည် ဖြစ်ပါသည်။ ။

ရေးသားသူ- မောင်တာ၊ ညီညီဇော် - 7Day News Journal


မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်နေထိုင်သော နိုင်ငံခြားသားငါးထောင်ကျော်ရှိ

မန္တလေး၊ဖေဖော်ဝါရီ-၂၅

မန္တလေးတိုင်း ဒေသကြီး အတွင်း တရားဝင် နေထိုင်သော ပြည်တွင်းနေ နိုင်ငံခြားသား ဦးရေ ငါးထောင်ကျော် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်ပထမအကြိမ် ပဉ္စမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းအတွင်း ပြည်တွင်းနေ နိုင်ငံခြားသားများတွင် အိန္ဒိယနှင့် တရုတ်လူမျိုးများ အများဆုံးဖြစ်ပြီး အိနိယနိုင်ငံသား ၁၈၅၉ ဦး၊ တရုတ်နိုင်ငံသား ၁၃၂၅ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၈၉ ဦး၊ ပါကစ္စတန် နိုင်ငံသား ၁၀၃ ဦး
နှင့် အခြားနိုင်ငံများ၂၄၇၂ ဦး၊ စုစုပေါင်း ၅၈၄၈ ဦးရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတို့ကို နှစ်စဉ်ဒီဇင်ဘာလတွင် အခွန်ဆောင်စေခြင်း၊ ခရီးသွားလာမှုကြီးကြပ်ခြင်း၊ မွေးဖွားမှု၊ သေဆုံးမှုတို့ကို အချိန်နှင့်
တစ်ပြေးညီ လျှောက်ထားစေခြင်း၊ အသက်(၁၂) နှစ်ပြည့် မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံခြားသားမှတ်ပုံတင် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးတွင် အစိုးရ
သစ်လက်ထက်အတွင်း သတ်မှတ်ဥပဒေနှင့်အညီ နေထိုင်သော နိုင်ငံခြားသားများအနက် နိုင်ငံသားပြုခွင့် လက်မှတ်ရရှိသူ ၁၄၁ ဦး၊ ဧည့်နိုင်ငံသားလက်မှတ်ရရှိသူ လေးဦး၊ နိုင်ငံသားလက်မှတ်ရရှိသူ ၁၅ ဦးရှိသည်။ ပြည်တွင်းနေ နိုင်ငံခြားသားများ၏ စည်းကမ်းဖောက်ဖျက်မှုများကို စိစစ်ဖော်ထုတ်၍ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ နိုင်ငံခြားသား မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ -၅ (၁) အရ တရားစွဲဆိုမှုများရှိခဲ့ပြီး ကိုးဦးကို အရေးယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား
သည်။

အလားတူပင် အစိုးရသစ်လက်ထက် မန္တလေးတိုင်းဒေသကြီးအတွင်း ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ လက်မှတ် ထုတ်ပေးမှုစာရင်းအရ ဧည့်နိုင်ငံသား ၁၆၆ ဦး၊ နိုင်ငံသားပြုခွင့် လက်မှတ် ၃၁၇ ဦးတို့ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal


မျိုးဆက်ရှားပါးမှု

အနာဂတ် မြန်မာ့နိုင်ငံရေး လောကတွင် မျိုးဆက်ပြဿနာ ပေါ်ပေါက်လာမည်မှာ စိုးရိမ်စရာ ဖြစ်ပါသည်။ ၆၂ ခုနှစ် အာဏာသိမ်း ပြီးကတည်းက အလားအလာရှိ သော ခေါင်းဆောင်များကို တချို့ အား ဖမ်းဆီးထားခြင်း၊ တချို့ကို တောမခို ခိုအောင် ဖိအားပေးခြင်း၊ တချို့ကို ရာထူး၊ စည်းစိမ်၊ အာဏာ တို့ဖြင့် သိမ်းသွင်းကာ နိုင်ငံရေးမျိုး ဆက်ကိုဖြတ်တောက်ခဲ့လေသည်။

ကျောင်းသားမျိုးဆက်များကို နောင် ခေါင်းမထောင်နိုင်အောင် ရက်ရက်စက်စက် ဖြတ်တောက်ခဲ့ရုံ မက နိုင်ငံရေးမျိုးဆက်များကိုလည်း အကြီးအကျယ် ဖြတ်တောက်ပစ် လိုက်၏။ ၆၂ ခုနှစ် အာဏာသိမ်း ပြီး အာဏာသိမ်းစစ်ကောင်စီကို မထောက်ခံသော ပါတီမှန်သမျှကို ဖမ်းဆီးထောင်ချခဲ့သည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် လူမြင်ကောင်း အောင် ဟန်ပြ ပြည်တွင်းငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ် ခဲ့ပါသည်။ ထိုဆွေးနွေးပွဲမှာ ဘာ သဘောတူညီချက်မှ မရဘဲ လက် နက်ကိုင် တော်လှန်သည့် ပါတီများ ကိုလည်း တစ်ဖက်သတ် ဆွေးနွေးပွဲ ဖျက်ခဲ့သလို တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးပါတီများနှင့် လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖျက်ပစ် ခဲ့လေသည်။ ထိုအချိန်မှစ၍ မြန်မာ နိုင်ငံတွင် အဆိုးရွားဆုံးနှင့် အကြီး မားဆုံး လူဖမ်းပွဲကြီး ပြုလုပ်ခဲ့ပါ သည်။ ထိုသို့လူဖမ်းပွဲများဖြင့် နိုင်ငံ ရေးသမားများကို ဖိနှိပ်မှုအား စစ် ခေါင်းဆောင် ဗိုလ်နေဝင်းမှစခဲ့ပြီး နောက်သူ့အရိုက်အရာ ဆက်ခံ သောစစ်ခေါင်းဆောင်များက ထိုသို့ လူဖမ်းပွဲများနှင့် ပြည်သူများအား ရက်ရက်စက်စက် ဖိနှိပ်မှုများကို ပြု လုပ်ခဲ့ပါတော့သည်။

ထိုအချိန်က အာဏာသိမ်းစစ် အစိုးရနှင့်သူတို့ချမှတ်သော မဆလ ၏ အညမည သဘောတရားကို မထောက်ခံသူ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားအားလုံးကို တွေ့ရာ သင်္ချိုင်း ဓားမဆိုင်း ကြေညာကာ ဖမ်းဆီးထောင်ချပစ်ခဲ့သည်။ သူတို့ ကို ထောက်ခံသူများ (မထောက်ခံဘဲ ကြားနေသဘောဖြင့် နေခွင့်မရှိ။) အားလုံးမှာ တချို့ကို သူတို့က သူ တို့လမ်းစဉ်အောင်မြင်ရေးနှင့် စစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် အသုံးချကြလေသည်။ အ မှန်အတိုင်းပြောရလျှင် ထိုအချိန်က အဖမ်းမခံရသော နိုင်ငံရေးသမား များမှာ စစ်ကောင်စီနှင့် ပူးပေါင်းသူ များသာ ဖြစ်ပါသည်။ ယခုအချိန်၌ မည်ကဲ့သို့ပင် အသည်းကောင်း ဟစ်ကြွေးနေပါစေ။ သတင်းစာ ဆရာများမှာလည်း အဖမ်းမခံရလျှင် သူတို့ကို ထောက်ခံသူများသာ ဖြစ် ပါသည်။ နိုင်ငံရေးသမားများ ဆို လျှင် ပြောစရာပင် မလိုခဲ့ပေ။ ထို့ ကြောင့် နောင်အနာဂတ် နိုင်ငံရေး အတွက် မျိုးဆက်များမှာ စတင် ဖြတ်တောက်ခြင်း ခံရပါတော့သည်။ တစ်နည်းပြောရလျှင် ‘နိုင်ငံရေး သားကြောဖြတ်ခြင်း’ ဟု ဆိုရပေ လိမ့်မည်။

သို့သော် ထိုအချိန်က ထောင် ထဲရောက်သွားသော လူငယ် ကျောင်းသားများနှင့် စစ်အာဏာရှင် စနစ်ကို ဒူးမထောက်ဘဲ အဖမ်းခံ ရသော နိုင်ငံရေးသမားဟောင်းများ၊ စာရေးဆရာများ၊ မျိုးချစ်ပုဂ္ဂိုလ်များ မှာ အတတ်နိုင်ဆုံး သူတို့၏ နိုင်ငံ ရေးကို မျှဝေပေးခဲ့ကြ၏။ စစ်အာ ဏာရှင်တို့သည် နိုင်ငံရေးစာပေများ နှင့် မာ့က်စ်ဝါဒ စာအုပ်စာတမ်း အားလုံးကို တွေ့မြင်သမျှ သိမ်း ဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့ကြသည်။ ဖက်ဆစ်အာဏာ ရှင်ဟစ်တလာလက်ထက်က ဂိုအာ ရင်၏ လုပ်ရပ်မျိုး၊ တရုတ်ဘုရင် ရှီဝှမ်တီ၏ စာအုပ်မှန်သမျှ မီးရှို့ ဖျက်ဆီးခြင်းမျိုးများ ပြုလုပ်ခဲ့သော် လည်း လွန်ခဲ့သော နှစ်ပေါင်း ၄ဝ၊ ၅ဝ က နိုင်ငံရေးသမားများနှင့် စာ ရေးဆရာများသည် မျိုးဆက် အ ဖြတ်မခံဘဲ သူတို့၏ နိုင်ငံရေးသ ဘောတရားများကို ရှင်သန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ဗြိတိသျှခေတ်နှင့် ပါလီမန်ဒီမိုက ရေစီခေတ်ကဆိုလျှင် စာရေးဆရာ များနှင့် သခင်များသည် ထောင်ထဲ ၌ပင် နိုင်ငံရေးကျမ်းများကို ရေး သားပြုစုခဲ့ကြသည် မဟုတ်ပါ လော။ လူထုဦးလှ၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း စသူတို့သည် ထောင်ထဲ၌ပင် ဝတ္ထု များ၊ ကျမ်းများရေးခဲ့သလို သခင် စိုး၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်နု၊ သခင်သိန်းဖေ စသူတို့ သည် ထောင်ထဲ၌ နိုင်ငံရေးကျမ်း များနှင့်စာအုပ်အများအပြားကို ရေး သားခဲ့ပါသည်။ ရေးသားခွင့်လည်း ရှိခဲ့ပါသည်။

စစ်အာဏာရှင်ခေတ်၌မူ ထိုသို့ အခြေအနေများ လုံးဝမရရှိတော့ ပေ။ သို့သော် မိမိတို့ မှတ်သားထား သမျှ နိုင်ငံရေးသဘောတရားများ၊ ဘဝအတွေ့အကြုံများကို ခဲတံ၊ ဖောင်တိန်၊ ဘောပင်၊ စာရွက်အ လွတ် မရှိသည့်ကြားမှပင် မဂ္ဂဇင်း စာမျက်နှာများပေါ်၌ပင် ဖော်စပ် ထားသော သရက်ခေါက်မင်ဖြင့် ဆေးထိုးအပ်ကလောင်ကို အသုံး ပြု၍ မှတ်တမ်းတင် ရေးသားနိုင်ခဲ့ သည်မှာအံ့မခန်းဖြစ်ခဲ့သည်။ ကိုကိုး ကျွန်းလို တသီးတသန့် အဆက် အသွယ် ဖြတ်တောက်ထားသော ဒေသမျိုး၌ပင် ဆရာမြသန်းတင့် သည် ‘ဒူးရင်းဆန့်ကျင်ရေး’ အိန် ဂျယ်၏ကျမ်းကြီးကို စေ့စေ့စပ်စပ် ဘာသာပြန်နိုင်ခဲ့သည်။ မော်စီတုန်း ၏ ကျမ်းများကိုလည်း ဘာသာပြန် ပေးနိုင်ခဲ့၏။ အစဉ်အလာရှိသော နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ ဆက်ဆံတိုင်ပင် သင်ကြားနိုင်ခဲ့ သဖြင့် ၆ဝ ခုနှစ်များက လူငယ် ကျောင်းသား နိုင်ငံရေးမျိုးဆက်များ မှာ အတွေးအခေါ် နိုင်ငံရေးသဘော တရားများ ပြတ်တောက်သွားခြင်း မရှိခဲ့ပေ။

ထိုမျိုးဆက်များသည် တောထဲ တွင် ဖမ်းမိပြီး ထောင်မှလွတ်သည့် အခါ ထောင်ထဲရှိ မျိုးဆက်များ လည်း ထောင်မှလွတ်သောအခါ စစ်အာဏာရှင် ဖယ်ရှားရေး၊ ဒီမို ကရေစီရရှိရေးကို မစွန့်လွှတ်ဘဲ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါသည်။ လွတ်မြောက်လာသော စာရေးဆ ရာများကလည်း ပိတ်ပင်တားဆီးနေ သည့် ကြားမှပင်နိုင်ငံရေး စာအုပ် များ၊ နိုင်ငံရေးသဘောတရားပါ သည့် ဝတ္ထုများ၊ နိုင်ငံရေးဆောင်း ပါးများကို အဆက်မပြတ် ရေး သားခဲ့ကြသည်။ ဆရာဒဂုန်တာရာ ဆိုလျှင် စာပေဝေဖန်ရေးများ၊ စာ ပေသဘောတရားများကို သူ၏ ဆောင်းပါးတိုင်း၌ ရေးသားခဲ့သလို သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ မောင်နေဝင်းစသော စာရေးဆရာများမှာလည်း စစ်အာ ဏာရှင်များ၊ မဆလပါတီအာဏာ ရှင်များနှင့် မပူးပေါင်းဘဲ သူတို့ ယုံ ကြည်ရာကို ဆက်လက်ရေးသား ကာ ပြည်သူအတွက် နိုင်ငံရေးအ လင်းရောင်များ ပေးခဲ့၏။ သူတို့၏ ကျေးဇူးများကို ယနေ့တိုင် ကျွန် တော်တို့ ကျေးဇူးတင်မဆုံး ရှိနေရ ပါသည်။

နိုင်ငံရေးသမားများနှင့် ပြည် သူတွက် ယုံကြည်ချက်ဖြင့် ရေး သားသော စာရေးဆရာများသည် မိမိတို့၏ လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် မိမိတို့၏ဖန်တီးမှုများမှာ ငြိမ်းချမ်း ရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေး တို့ကို ဦးတည်၍ ဆောင်ရွက်ကြရ မည်။ ဖန်တီးကြရမည်။ ညီညွတ် ရေးကို ထိပါးသော အသုံးအနှုန်း၊ အရေးအသားများ မပြုလုပ်ရ။ ဒီမို ကရေစီ ဘက်တော်သားအချင်းချင်း သွေးကွဲနိုင်သော စကားများကို စင် ပေါ်တွင် မပြောကြရသလို၊ စာရွက် ပေါ်တွင်လည်း ကလောင်ဖြင့် ရေး သားခြင်း မပြုကြပေ။ ထိုသို့ ညီ ညွတ်ရေး ထိပါးအောင် ရေးသား သော စာရေးဆရာများမှာ ပြည်သူ ကို သွေးခွဲသောသူများ ဖြစ်သွားပေ လိမ့်မည်။

ယခု ၂ဝ၁ဝ မှစ၍ နှစ်ကာလ များအတွင်း မျိုးဆက်ပြဿနာကို နိုင်ငံရေးပါတီများ ရင်ဆိုင်လာရပေပြီ။ အင်အားအတောင့်တင်းဆုံး ဆို သော ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီကြားထဲတွင်လည်း အနာဂတ် တွင် တိုင်းပြည်ကို ခေါင်းဆောင် နိုင်သော ခေါင်းဆောင်မျိုးဆက် ရှားပါးနေသည်ဆိုသည်ကို အမှန် အတိုင်း ဝန်ခံဖို့ လိုအပ်နေပါသည်။ ပြည်ခိုင်ဖြိုး ပါတီမှာ ယခင် မဆလ အမွေနှင့် တပ်မတော်မှမွေးထုတ်ပေး လိုက်သော တပ်မတော်သားဟောင်း များဖြစ်၍ မျိုးဆက်မပြတ်အောင် ကြိုးပမ်းအားထုတ်မှုများ ရှိချင်ရှိနိုင် ပါသည်။ သို့သော် NLD ပါတီမှာမူ ရပ်တည်ခဲ့ရသော ကာလတစ် လျှောက်လုံး၌လည်းပါတီ၏မျိုး ဆက်ဆက်ခံရေးထက် ပါတီပျက်မသွားအောင် ကျားကုတ်ကျားခဲ ထိန်းသိမ်းခဲ့ရသောကြောင့် နောက်မျိုးဆက် ဆက်ခံရေးမှာ အခက်အခဲ ရှိခဲ့လေသည်။ ပါတီဝင်အများစုမှာ ထောင်များထဲ နှစ်ရှည်လများ ကျခံ ခဲ့ရပြီး တချို့မှာ နိုင်ငံခြားသို့ ရှောင် တိမ်းခဲ့ရ၏။ တချို့မှာထောင်ထဲတွင် ကွယ်လွန်သွားခဲ့ကြရသည်။ ၁၉၈၈ ခုနှစ်ကတည်းက နှစ်ပေါင်း အစိတ် အတွင်း NLD အဖို့ ဆက်ခံမည့် မျိုးဆက်ပြဿနာမှာ အခက်အခဲ ဖြစ်နေသည်ကို တွေ့ရှိရသည်။ NLD ပါတီအဖို့အားထားစရာ အဓိကမဏ္ဍိုင်မှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်၏။ ဒေါ်အောင်ဆန်း စုကြည်မှာ ယခုအသက် ၆၇ နှစ် ရှိသည်။ နောက် ၁ဝ နှစ် တာဝန်ယူနိုင်လျှင်တောင် အသက် ၇၇ နှစ်ဖြစ်ပြီးပါတီကို ဦးဆောင်ဖို့၊ တိုင်းပြည်ကို ဦးဆောင်နိုင်ဖို့ အသက်အရွယ်က ခွင့်မပြုနိုင်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်နောက် တိုင်းပြည်တာဝန်၊ ပါတီတာဝန်ထမ်းဆောင်နိုင်မည့် မျိုးဆက်လူငယ်များမှာ အဖမ်းဆီးခံ၍ ထောင်ထဲ၌ မိမိတို့ဘဝများပေးဆပ်ခဲ့ရသူများ ဖြစ်သော်လည်း ပါတီတာဝန်၊ တိုင်းပြည်တာဝန်ကို မည်မျှထမ်း ဆောင်နိုင်မည်ကိုကား ကံသေကံမ မပြောနိုင်ပေ။ ဒေါ်အောင်ဆန်းစု ကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်စသော ခေါင်းဆောင်များကို ကျွန်တော်တို့ ယုံယုံကြည်ကြည် ခေါင်းဆောင်နိုင် သူများဟု သတ်မှတ်နိုင်သော်လည်း တခြားသူများကိုမူ ယုံကြည်၍ မရ ပေ။ ထိုသို့ မျိုးဆက်ပြဿနာကို NLD ပါတီအနေဖြင့် ယခုမှစ၍ ဆင်ခြင်သုံးသပ်ဖို့ လိုနေပေပြီ။

နောက် ကျွန်တော်တို့ အားအထားဆုံး နိုင်ငံရေးမျိုးဆက်မှာ ၈၈ မျိုးဆက်ဖြစ်လေသည်။ ၈၈ မျိုး ဆက်ကျောင်းသားများသည် ၁၉၈၈ အာဏာသိမ်းပြီးကတည်းကဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်အာဏာရှင်တို့၏ နိုင်ငံရေးသားကြောဖြတ်ခြင်းကို ခံရလေသည်။ မိမိတို့အတွက် နိုင်ငံရေးဆည်းပူးလေ့လာခွင့်များ၊ လေ့လာနိုင်သော နိုင်ငံရေးသမား ကြီးများ ထောင်ထဲလုံလုံလောက် လောက်မရှိ၍ သူတို့၏နိုင်ငံရေး အတွေးအခေါ်ကို သတ်ပစ်ခဲ့သလို သူတို့ကို နိုင်ငံရေးတာဝန်မယူနိုင်အောင်လည်း နိုင်ငံရေးစိတ်ဓာတ်ကို ချိုးနှိမ်ပစ်ခဲ့လေသည်။ သူတို့သည် နိုင်ငံရေးတက်ကြွသော အရွယ်ကတည်းက ထောင်ထဲတွင်ထည့်ထားခဲ့သည်မှာ ယခုသက်လတ်ပိုင်းအရွယ်ပင် ရောက်ခဲ့သည်။ ယခုနိုင်ငံရေးလုပ်ရန်၊ နိုင်ငံရေးပါတီလုပ်ရန် အကောင်းဆုံးအခြေအနေ ဖြစ်သော်လည်း ၈၈ မျိုးဆက် ကျောင်းသားများမှာ ထောင်မှလွတ်ပြီး ယခု ၂ နှစ်ခန့်ကြာသည်အထိ လူမှုရေးလုပ်ငန်း သံသရာထဲတွင် သာဝဲလည်နေခဲ့ကြရပါသည်။ ပြည်သူကလည်း သူတို့ ဘာလုပ်မလဲဟု စိတ်ဝင်စားကြ၏။ သူတို့က ပွင့်လင်းလူ့အဖွဲ့အစည်းဆိုသော ပါတီ နိုင်ငံရေးမဟုတ်သည့် လူမှုရေးလုပ်ငန်းများတွင်သာ ကုန်လွန်ခဲ့သည်ကိုတွေ့ရ၏။ ထိုအတွက် လူထုကမချင့်မရဲနှင့် အားမလို အားမရ ခံစားနေရပါသည်။ သူတို့အပေါ်မျှော်လင့်ချက်များလည်း လျော့ပါးသထက်လျော့ပါးလာသည်။ ယခုအချိန်ထိ သူတို့နောက်တွင် ကျောင်းသားထုက မျှော်လင့်နေဆဲရှိသလို ပြည်သူကလည်း အားထားနေဆဲ ဖြစ်ပါသည်။ ၈၈ မျိုးဆက် ခေါင်းဆောင်များသည် စာရေးဆရာများအဖြစ် စာပေလောကတွင် ထင်ရှားစပြုလာ၏။ စာပေဟောပြောပွဲများတွင်လည်း သူတို့ကို ပရိသတ်က သောင်းသောင်းဖြဖြ ကြိုဆိုကြ သည်။ ထိုသို့ ကြိုဆိုခြင်းမှာ စာရေးဆရာများဟု ကြိုဆိုခြင်းမဟုတ် ၈၈ မျိုးဆက်ကျောင်းသားများ အဖြစ်၊ စစ်အာဏာရှင်စနစ်ကို ရဲရဲ ဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူများ အဖြစ်၊ သူတို့၏ မျှော်လင့်ချက်ကို ဖြည့်စွမ်းပေးမလားဟု မျှော်လင့်ချက်ဖြင့် ကြိုဆိုကြခြင်းဖြစ်၏။ သူတို့တွင် အတွေးအခေါ် ရှိနိုင်ပါသည်။ စာပေ အနုပညာလည်း ရှိနိုင်ပါသည်။ သူတို့သည် စာအုပ်စာပေများကို  ရေးသား၍လည်း အသက် မွေးဝမ်း ကျောင်း ပြုသော စာရေးဆရာများ အဖြစ်လည်း ရှိနိုင်ပါသည်။ သို့ သော် ပြည်သူများက သူတို့ကို ကြိုဆိုအသိအမှတ် ပြုသည်မှာ စာရေးသော စာရေးဆရာများအဖြစ် ကား မဟုတ်ပေ။

ကျွန်တော်တို့သည် ၈၈ မျိုး ဆက်ကျောင်းသားများကို ယခုတိုင်မျှော်လင့်နေဆဲ၊ အားထားနေဆဲဖြစ်၏။ တိုင်းပြည်၏ အနာဂတ်ကို ဖန်တီးနိုင်သူများမှာ သူတို့သာ ဖြစ်သည်ဟု ယုံကြည်နေဆဲဖြစ်ပါသည်။ တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ညီညွတ် ရေး၊ ဒီမိုကရေစီရေးကို အဓိက ဖော်ဆောင်နိုင်သူများမှာ သူတို့သာ ဖြစ်သည်ဟု ကျွန်တော်ကအားထားနေဆဲ ဖြစ်သည်။ သူတို့ကို နိုင်ငံ ရေး လုပ်စေချင်သည်။ မည်သည့် နည်းလမ်းဖြင့်၊ မည်ကဲ့သို့ပင် လုပ် လုပ် ၈၈ မျိုးဆက်များသည် ကျောင်းသားများ မဟုတ်တော့ပေ။ ကျောင်းဆရာများအရွယ်၊ နိုင်ငံရေး သမားများ အရွယ်ရောက်နေပါ သည်။ သူတို့တွင် အကြီးမားဆုံး သော ဒီမိုကရေစီ တော်လှန်ရေးကြီး ကို ဦးဆောင်ဆင်နွှဲခဲ့သူများ ဖြစ်၍ ကမ္ဘာကလည်း သူတို့ကိုသာ မျှော် လင့်နေကြပါသည်။ ယခု လူမှုရေး လုပ်ငန်းများတွင် သူတို့အားလုံး စည်းစည်းလုံးလုံးရှိသည်ဟု ဆို သော်လည်း တိုင်းပြည်တစ်ခုလုံး ပြည်သူများ လွတ်မြောက်မှု၊ ဒီမို ကရေစီရရှိနိုင်မှု စသော ထင်ရှား ကျယ်ပြန့်သော လှုပ်ရှားမှုများ မဟုတ်၍ ဝေဖန်ဆန်းစစ်ကာ ဝန်ခံ ကြရပေမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်က သားကြောဖြတ် လိုက်သည့် နိုင်ငံရေးလှုပ်ရှားမှုကို ပြန်လည်တည်ဆောက်ရန် လိုအပ် ပေသည်။ ကွာဟနေသော မျိုးဆက် ပြဿနာများကို အမှန်တကယ် လည်း ဖြတ်သန်းခဲ့သော အတွေ့ အကြုံရှိသော အင်အားရှိနေသော မျိုးဆက်များသည် အမှန်တကယ် လည်း မျိုးဆက်ကွာဟမှု မရှိအောင် ဆောင်ရွက်ရပေလိမ့်မည်။

ထက်မြက်

Popular Myanmar News Journal


ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာမဆံ့တော့၍ အသစ်ထပ်မံတည်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာများ၌ လူနာများလာသည့်အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ်သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

အဆိုပါဂေဟာအသစ် ဆောက်လုပ်ပြီးစီးပါက လက်ရှိ တောင်ဒဂုံ နှင့် မြောက်ဒဂုံတို့တွင် ဖွင့်လှစ်ထားသော HIV/AIDSဂေဟာနှစ်ခုမှ လူနာများကို ယင်းဂေဟာအသစ် သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားမည်ဟု ၄င်းက ပြောသည်။

”အခု အဲဒီနေရာနှစ်ခုမှာ အဆင်မပြေတော့ဘူး၊ လူနာကလည်း များလာတယ်။ လူနာတွေ ကျပ်နေပြီး အုပ်ချုပ်ရတာလည်း ဟိုဘက်သွား၊ ဒီဘက်သွားနဲ့ဆိုတော့ လူနာ သစ် လာရင်လည်း ထားစရာ နေရာမရှိတော့ဘူး”ဟု မနန္ဒာလင်း က ဆိုသည်။

ဂေဟာသစ် ဆောက်လုပ်ရန် မြေနေရာအဖြစ် အရှေ့ဒဂုံဘက်ရှိ ပေ ၄ဝ xပေ ၆ဝ မြေကွက် ၄ ခု ကို မေတ္တာရှင် ဆရာတော်အရှင် ဇဝနက လှူဒါန်းထား ကြောင်း ၄င်းက ပြောသည်။

ဂေဟာအသစ်အဖြစ် သုံးထပ်ဆောင် ဆောက်လုပ်မည်ဖြစ်ပြီး လူနာအသစ်များရော အဟောင်းများပါ ၄င်းနေရာတွင်ပင် တစ်စုတစ်စည်းတည်း ထားမည်ဟု ၄င်းက ပြောသည်။

တောင်ဒဂုံဂေဟာတွင် လူဦး ရေ ၁၈ဝ နှင့် မြောက်ဒဂုံတွင် လူ ၉ဝ နီးပါးစောင့်ရှောက်ထားပြီး ART ဆေးပေးထားသော လူနာ ၁ဝဝ ခန့်ရှိသည်ဟု  ၄င်းက ပြောသည်။

လက်ရှိ တောင်ဒဂုံဂေဟာကို ၂ဝဝ၄ ခုနှစ်နှင့် မြောက်ဒဂုံဂေဟာ ကို ၂ဝဝ၉ ခုနှစ်ခန့်ကစ၍ ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း၊ ဂေဟာအသစ် အတွက် ကုန်ကျစရိတ် ကျပ်သိန်း သုံးထောင်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကျပ်သိန်း ၁၆ဝ ခန့်အလှူ ငွေရရှိနေပြီဖြစ်ကြောင်း၊ လှူဒါန်းလို ပါက ကမ္ဘောဇ(၂)လမ်း၊ အိမ်နံပါတ် ၃၇၆၊ ၁၈(B)ရပ်ကွက်၊ တောင်ဒဂုံ ဖုန်းနံပါတ် ၅၆၉၃၄၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၄င်းက ပြောသည်။

မြတ်စုငြိမ်း

Popular Myanmar News Journal

၂ဝ၁ဝ ခုနှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် တောင်ဒဂုံရှိ AIDS ဂေဟာသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။
”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။

သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ်နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်းများသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ပိုးသတ်ဆေးများအား အသုံးပြုကြကြောင်းသိရသည်။

အသီးအနှံ၊ အရွက်များတွင် အသုံးပြုနေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ်ဆေးနှင့် ပင်လုံး ပျံ့ပိုးသတ်ဆေးတို့ ဖြစ် သည်။
ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် သည့်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေးများ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

”ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင်သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေသေးတယ်”ဟု ၄င်းက ထပ်မံပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ပရွာရှိ သစ်ပါးလွှာစက်ရုံတွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

မိုးငယ်

Popular Myanmar News Journal

ပြည်မြို့မှ အခြေအနေမဲ့ကလေးများ ပြင်ပမူလတန်းပညာရေး သင်ယူခွင့်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အခြေအနေမဲ့ တောင်းရမ်းစားသောက်နေသော ပြည်မြို့ရှိ ကလေးသူငယ်များအား ကျောင်းပြင်ပမူလတန်းပညာရေး တက်ရောက်ခွင့်သက်ဆိုင်ရာ က ခွင့်ပြုပေးလိုက်ပြီ ဟု ပြည်မြို့ ကရုဏာလက်များကွန်ရက်ဥက္ကဋ္ဌ ဦးမြင့်အေးက ပြောသည်။

၂ဝ၁၂ခုနှစ် ဇွန်လ ၁၇ရက် နေ့ကစတင်၍ တောင်းရမ်းစား သောက်နေသော အသက် ၃ နှစ် မှ အသက် ၁၄ နှစ်ကြားရှိ ကလေး ငယ် ၃ဝ နီးပါးကို ခေါ်ယူ၍ ကရုဏာ လက်များ ကွန်ရက်မှ ပညာသင်ကြားပေးခဲ့ရာ အဆိုပါ ကလေးငယ်များထဲမှ အချို့ကို ကျောင်းပြင်ပမူလတန်းပညာရေးသို့ ဝင်ရောက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

”ကျောင်းပြင်ပ မူလတန်း ပညာရေးက ဆရာကြီး ဦးကိုမြင့်နဲ့ ဦးမြင့်ကြူတို့ နှစ်ဦး လာရှင်းပြပေး ပါတယ်။ ကျွန်တော်တို့ ကလေး တွေကို စေလွှတ်မှာပါ” ဟု ဦးမြင့် အေးက ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် အရွယ်ရောက်ပြီးသော်လည်း ကျောင်းမနေနိုင်သော ကလေးငယ် များကို နှစ်နှစ်ပညာသင်ပေး၍ အကဲဖြတ်ကာ အခြေခံပညာ အလယ်တန်း အဆင့်သို့ တက်ရောက် ခွင့်ကို ပညာရေးဝန်ကြီး ဌာနက ၂ဝဝ၈ ခုနှစ်တွင် ပြည်မြို့ကို ထည့်သွင်းခဲ့သည်ဟု ကျောင်းပြင်ပ မူလတန်းပညာရေး နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး က ပြောသည်။

”ကျွန်တော်တို့ ရည်ရွယ်ထားတာကလည်း ကလေးငယ်တွေ ပညာသင်နိုင်ဖို့ပဲလေ။ ဒီလိုဆို ပြည်က အဲဒီကလေးတွေလည်း အကျုံးဝင်ရမှာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ပြည်မြို့ ကရုဏာလက်များ ကွန်ရက်မှ တာဝန်ယူနေသော ကလေးငယ်များထဲမှ အသက် ၁ဝ နှစ်မှ ၁၄ နှစ် အတွင်းရှိသူများမှာ ကျောင်းပြင်ပ မူလတန်းပညာရေး ကို ဇွန်လပိုင်းတွင် စတင်သင်ကြား ခွင့်ရမည်ဟု သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် မရခဲ့သော တစ် နိုင်ငံလုံးရှိ အသက် ၁ဝ နှစ်မှ ၁၄ နှစ်ရှိ ကလေးငယ် တစ်သောင်း ကျော်တို့မှာ မြို့နယ် ၇၃ မြို့တွင် ပညာ သင်ယူနေပြီး ထိုထဲမှ ၃ဝ ရာခိုင်နှုန်းခန့်သည် အလယ်တန်း ပညာရေး ဆက်လက်ဆည်းပူး နေကြသည်။

Popular Myanmar News Journal


ပျောက်ဆုံးနေသော မိသားစုဘ၀များ

တိုင်လေးတိုင်ထူ၊ ဓနိမိုး၊ ထရံကာ အလုပ်သမားတန်းလျားလေးများရှိသည့် ကျောက်ရေမြောင်းပုပ် အနံ့အသက် ဆိုးရွားလှသည့် ရပ်ကွက်အတွင်း ညစ်ပေသော လမ်းကျဉ်းလေးများပေါ်တွင် ဆော့ကစားနေသော ကလေးများ၏ အသံများဖြင့် ဆူညံနေသည်။

ရှိသမျှကလေးများ လမ်းပေါ်ထွက် ဆူညံဆော့ကစားနေသည့် မြင်ကွင်းက ထိုရပ်ကွက်များအတွက်တော့ အဆန်းမဟုတ်။ ယခုလို အချိန်များတွင် ရပ်ကွက်ထဲ၌ ကလေးငယ်များနှင့် အသက်အရွယ်ကြီးရင့်သူများသာ ရှိကြသည်။ လူရွယ်၊ လူလတ်ပိုင်းများမှာ အလုပ်သွားနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုက စက်မှုဇုန်၊ အထည်ချုပ်စက်ရုံများတွင် မိုးလင်းမိုးချုပ် အလုပ်ဆင်းကြသည်။

အမျိုးသားများမှာ မိသားစု စားဝတ်နေရေးအတွက် နေ့ စားအလုပ်သမားဘ၀ဖြင့် ကြုံရာကျပန်း လုပ်ကိုင်ကြသည်။

“ကလေးတွေကတော့ ဒီလိုပဲ လမ်းပေါ်မှာ တစ်နေကုန် ဆော့နေကြတာ။ မိဘတွေကလည်း အလုပ်သွားကြတော့ အိမ်ကိုဂရုစိုက် နိုင်တာမဟုတ်ဘူး။ နီးစပ်ရာနဲ့ပဲ ထားခဲ့ကြတာ” ဟု လှိုင်သာယာ အဆင့်မြင့် (၅) ရပ်ကွက် အလုပ်သမား တဲတန်းလျားလေးများကို လက်ညှိုးထိုးရင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုခင်မောင်လွင်က ပြောသည်။

ရန်ကုန်မြို့ဆင်ခြေဖုံး လူနေရပ်ကွက်သစ်များတွင် နေထိုင်ကြသော အခြေခံလူတန်းစားများသည် မြို့ပြလူနေမှု စားဝတ်နေရေး အခက်အခဲများကြောင့် ၎င်းတို့ ပိုင်ဆိုင်ထားသော မိသားစုဘ၀များပျောက်ဆုံးကာ မိသားစုတာဝန်များပါ လစ်ဟင်းမှုများ ရှိနေသည်။

“မိသားစုဆိုတာ သွေးသားတော်စပ်မှုတစ်ခုတည်းနဲ့ တိုင်းတာမဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး လိုအပ်တဲ့အချိန်မှာ နွေးထွေးမှု၊ အားပေးကူညီမှုတွေ ရှိရပါမယ်” ဟူသည့် အနောက်တိုင်းဆိုရိုးစကားတစ်ခုရှိသည်။

“ရန်ကုန်ရောက်တာ တစ်နှစ်ကျော်နေပြီ။ တစ်ရက်မှ အလုပ်မနားရဲဘူး။ နားလိုက်ရင် မိသားစု သုံးယောက်လုံး ထမင်းဘယ်လို သွားစားမလဲ” ဟု ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် အိပ်ပျော်နေသော အသက်ခုနစ်နှစ်အရွယ် သမီးငယ်လေးအား ယပ်ခတ်ပေးရင်း ကိုအောင်ပြည့်က ပြောသည်။

အိမ်ခန်းငှားခ တစ်လသုံးသောင်း၊ သာရေးနာရေးနှင့် အခြားစရိတ်များပေါင်းလိုက်ပါက အထည်ချုပ်စက်ရုံတွင် သန့်ရှင်း ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သော ၎င်း၏အမျိုးသမီး မယဉ်အေး၏ လခမှာလည်း ကုန်သလောက်နီးပါးရှိသည်ဟု ဆိုသည်။

ကိုအောင်ပြည့်တို့မိသားစုမှာ ဘ၀ရပ်တည်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ယခုနေထိုင်သော လှိုင်သာယာ အဆင့်မြင့် (၅) ရပ်ကွက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။

သူတို့လို အခြေခံလူတန်းစားများ၏ လုပ်ခလစာမှာ တစ်လလျှင် ခြောက်သောင်း၊ ခုနစ်သောင်းဝန်းကျင်သာရှိသည်။ ငွေကြေးအတွက်သာ ရုန်းကန်လှုပ်ရှားရသော သူတို့၏ ဘ၀များတွင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်နိုင်၊ မိဘ၊ သားသမီးတို့ကိုလည်း အပြည့်အ၀ မကြည့်ရှု မစောင့်ရှောက်နိုင်တော့ပေ။

“ခုတလော ကလေးပျောက်တာတွေ၊ အနိုင်ကျင့်တဲ့အမှုတွေ ခဏခဏကြားနေရတော့ သမီးလေးကို ဘယ်လိုမှ စိတ်မချဘူး။ ဘေးအခန်းက အဒေါ်ကြီးဆီအပ်ခဲ့ပေမယ့် သူလည်း တစ်ချိန်လုံး လိုက်ကြည့်ပေးနိုင်တာမဟုတ်ဘူးလေ” ဟု မယဉ်အေးက သူမ၏ သမီးလေးအတွက် စိုးရိမ်စကားဆိုသည်။

ကလေးသူငယ်များ၏ ဘ၀လုံခြုံမှုအတွက် မိဘနှစ်ပါးမှာ အရေးကြီးဆုံးဖြစ်သော်လည်း တစ်နေ့လုပ်မှ တစ်နေ့စားရသော သူတို့ဘ၀က ရွေးချယ်စရာမရှိ ဖြစ်နေသည်။

သားသမီးများနှင့်အတူ တိရစ္ဆာန်ဥယျာဉ်ကို လည်ပတ်ကြရင်း ဆင်ကြီး “မိုမို” ကို လိုက်ပြချင်သည်။ ထို့အတူ Happy World ကစားကွင်းကို လိုက်ပို့ချင်သည်။ ပြည်သူ့ရင်ပြင်ထဲက ရေလွှာလျှောစီးကစားစေချင်သည်။ ရုပ်သံကြော်ငြာများတွင် မကြာခဏ ပြနေသည့် ရေခဲကမ္ဘာသို့လည်း လိုက်ပို့လိုသည်။ သားသမီးနှင့် ပျော်ပျော်ပါးပါး နေချင်သည့် ဆန္ဒများက စားရေး၊ နေရေးလုံးပန်းရင်း သူတို့အတွက်တော့ အိပ်မက်သာ ဖြစ်နေသည်။

ရန်ကုန်ရောက်သည်မှာ တစ်နှစ်ကျော်ခန့်ရှိသော်လည်း ရွှေတိဂုံသို့ တစ်ကြိမ်သာရောက်သေးသည်ဟု မယဉ်အေးက ပြောသည်။ အများပြည်သူရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့မျိုးတွင်ပင် ဘုရားကျောင်းကန်ကို သူတို့မသွားနိုင်။ ရုပ်ရှင်ကြည့်ချင်သော်လည်း ကုန်ကျမည့်ငွေကြေးနှင့် အလုပ်ပျက်မည့်နေ့တွက်ခက သူတို့ကို ခြောက်လှန့်နေသည်။ “၀ဋ်ကြွေး” ရုပ်ရှင်ကား ရုံတင်နေသည်ကို သူတို့မသိ။ “အထာသစ်နှင့် နှစ်ခါချစ်မယ်”၊ “ဟော့ရှော့” စသည့် ဇာတ်ကားများကိုတော့ အများစကားမှတစ်ဆင့် နားရည်ဝရုံသာ။

မိသားစုဘ၀ အပျော်အပါးများတွင်သာ မဟုတ်။ မိသားစုအချင်းချင်း နေထိုင်မကောင်းဖြစ်လျှင်ပင် တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ချိန် သိပ်မရှိပေ။ မိုးချုပ်အလုပ်မှ ပြန်လာလျှင် ရေခပ်၊ အ၀တ်လျှော်၊ ထမင်းဟင်းချက်စသည့် အိမ်အလုပ်များကို အပြေးအလွှားလုပ်ကြ ရသည်။ ညထမင်းကို ၁၀ နာရီ ကျော်မှ စားကြရ၏။ ပင်ပင်ပန်းပန်းနှင့် တစ်ဦးကိုတစ်ဦး စကား မဆိုနိုင်ကြတော့ပေ။ တစ်နေ့တာ နာရီပေါင်း ၂၄ နာရီတွင် မိသားစုဝင်များတွေ့ဆုံချိန်မှာ ၈ နာရီခန့်ပင်ရှိသည်။ ထို ၈ နာရီအနက် အိပ်ချိန် ခြောက်နာရီကိုနုတ်လျှင် မိသားစုမြင်၊ တွေ့၊ စကားပြောချိန်က နှစ်နာရီသာ ကျန်တော့သည်။

“နေမကောင်းဖြစ်ပြီဆိုရင် အလုပ်က ပြန်လာကတည်းက လမ်းထိပ်ကဆိုင်မှာ ဆေးဝယ်စပ်ခဲ့တာ။ အိမ်ရောက်၊ ထမင်းစားပြီး သောက်လိုက်တာပဲ” ဟု ကိုအောင်ပြည့်က ပြောသည်။

မျှော်လင့်ချက်များစွာဖြင့် ရန်ကုန်သို့ အခြေချလာရောက် နေထိုင်ကြသော ဆင်းရဲသား ဆင်ခြေဖုံးရပ်ကွက်များတွင် လူရွယ်၊ လူငယ်များက နေ့ခင်းဘက် အလုပ်သွားကြသဖြင့် မိဘရှိသူများက မိဘများကို ဒီအတိုင်းထားခဲ့ရ၊ သားသမီးရှိသူများကလည်း အိမ်နီးချင်းများနှင့် အပ်သူကအပ်။ အကြီးကအငယ်ကိုထိန်း အစရှိသဖြင့် မျက်စိစုံမှိတ်၍ ထားခဲ့ရခြင်း ဖြစ်သည်။

“ဟိုတစ်လောက ရပ်ကွက်ထဲမှာ မီးလောင်တုန်းကဆိုရင် အိမ်မှာ ကျွန်မအမေနဲ့ ကလေးပဲ ရှိတယ်။ ကိုယ်ကလည်း အိမ်ကို ပြန်မရောက်သေးတော့ အရမ်းစိတ်ပူသွားတယ်” ဟု အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးက ပြောသည်။

အကြီးမားဆုံးလိုအင်ဆန္ဒဖြစ်သည့် ဘ၀လုံခြုံမှုအတွက် ကြိုးစားကြရင်း ကျောတစ်ခင်းစာ၊ ၀မ်းတစ်ထွာစာအတွက် ရုန်းကန်ကြရင်း နွေးထွေးသော မိသားစုဘ၀များ ပျောက်ဆုံးကုန်သည်။

“လင်မယားနှစ်ယောက် စကားများများပြောတဲ့အချိန်ဆိုလို့ ရန်ဖြစ်တဲ့ အချိန်လေးပဲရှိတယ်” ဟု အိမ်ထောင်သက် ရှစ်နှစ်ရှိ ကိုအောင်ပြည့်က ရယ်သွမ်းသွေး၍ ပြောသည်။

ရေးသားသူ- ရဲနောင် - 7Day News Journal

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)


တစ်ပတ်ရစ်အထည်များရဲ့ တန်ဖိုး

တန်ဖိုးကြီးမားလှသည့် ကမ္ဘာကျော် အမှတ်တံဆိပ် အ၀တ်အစားများကို ပိုင်ဆိုင်ရန်အတွက် ၀င်ငွေနည်းပါးလွန်းလို့ စိတ်ညစ်နေပါသလား။

ရန်ကုန်မှာတော့ နေရာအချို့ကိုသွားပြီး စိတ်ရှည်ရှည်နဲ့ အချိန်အနည်းငယ်ပေးလိုက်မယ်ဆိုရင် ဒီပြဿနာ ပြေလည်နိုင်ပါသည်။

အသစ်နီးပါး ကောင်းမွန်သည့် ကမ္ဘာကျော်အမှတ်တံဆိပ်များလည်း ရရှိနိုင်သည့် ရန်ကုန်မြို့ရှိ ဘေထုပ်ခေါ် နိုင်ငံခြားဖြစ် တစ်ပတ်ရစ် အဟောင်းထည်ဈေးကွက်သည် ၀င်ငွေနည်း လူတန်းစားများအတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့သည်။

အချိန်သာ အနည်းငယ်ပေးပြီး စိတ်ရှည်ရှည်ဖြင့် ရှာဖွေမည်ဆိုလျှင် ယင်းနေရာတွင် ပြင်သစ်နာမည်ကျော်တံဆိပ်ဖြစ်သည့် Lacoste ၊ ဟောင်ကောင်နာမည်ကြီးတံဆိပ် Bossini ၊ ဂျာမနီထုတ် Hugo Boss ၊ အမေရိကန်နာမည် ကျော်ထုတ်ကုန် Levi's Jeans အပါအ၀င် အရည်အသွေးမြင့် ကမ္ဘာကျော်အမှတ်တံဆိပ်များ၏ ပစ္စည်းအစစ်အမှန်များကို ဈေးသက်သက်သာသာဖြင့် ရနိုင်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းအတွင်းရှိ ဘေထုပ်ခေါ် တစ်ပတ်ရစ် နိုင်ငံခြားဖြစ်အ၀တ်အထည် ဈေးသည်လည်း ဈေးသက်သက်သာသာဖြင့် အ၀တ်အစား ကောင်းကောင်းရနိုင်သော နေရာဖြစ်သောကြောင့် အမြဲလိုလို လူစည်ကားလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း ညနေ ငါးနာရီခန့်မှစတင်ပြီး အ၀တ်အစား လာရောက်ရွေးချယ်သူ အရွယ်စုံ၊ ဆိုဒ်စုံက အလုအယက် သူ့ထက်ငါဦးအောင် ရွေးချယ်နေကြသည်။

လမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ခင်းထားသော မိုးကာစများပေါ်တွင် အကျ၊ ဘောင်းဘီ အစရှိသည့် အ၀တ်အစားများ တောင်လိုပုံနေသည်။ ဈေးသည်များလည်း သူ့ထက်ငါ အော်ဟစ်ကာ ၀ယ်သူများကို အော်ခေါ်နေသည်။ ယင်း အ၀တ်အစားရောင်းသူများထဲတွင် အသက် ၂၅ နှစ်အ ရွယ် ကိုမျိုးဦး တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။

“ကျွန်တော် စရောင်းတုန်းက လူတွေက ဘေထုပ်ဝတ်ရတာ အရင်က ရှက်စရာလို့ ထင်ကြတယ်။ နောက်ပိုင်း ဒါမျိုးသိပ်မရှိတော့ပါဘူး” ဟု လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်ပြီး ဘေထုပ်များ ရောင်းချသောသူက ၀ယ်သူများကို တစာစာခေါ်နေသည့်ကြားမှ ပြောသည်။

သူ၏ရှေ့တွင် အမျိုးသား ၀တ်ရှပ်အကျများမှာ အပုံလိုက်၊ တစ်ထည် ကျပ် ၈၀၀၊ နှစ်ထည်ယူ ကျပ် ၁၅၀၀ ပဲပေးဟု သူ့ရှေ့က ၀ယ်သူများကို အကျပုံကို လက်နှစ်ဖက်ဖြင့်ဖွရင်း သူကပြောနေသည်။

“ဒါမျိုးတွေဆို မြို့ထဲက စတိုးဆိုင်တွေမှာ ကျပ် ၄၅၀၀၊ ၅၀၀၀ အနည်းဆုံးပဲ” ဟု သူကဆက်ပြောသည်။

“တစ်ခါတလေဆိုရင် ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဟာသကားထဲက လူတွေတောင် လာကြတယ်” ဟု ကိုမျိုးဦးက သူ့ဖောက်သည်များအကြောင်း ပြောသည်။

ခေါင်ထည်ဟုခေါ်သည့် နာမည်ကျော် တံဆိပ်များနှင့် အသစ်နှင့်မခြား အ၀တ်အစားများကို ဘေထုပ်စတင်ဖောက်သည့်အချိန်တွင် ရန်ကုန်မြို့ရှိ စတိုးဆိုင်ကြီး အချို့မှပင် တကူးတက လာရောက်ရွေးချယ်ဝယ်ယူလေ့ရှိကြောင်း ဘေထုပ်ထည်ရောင်းချသူများကဆိုသည်။ ဘေထုပ်ထည်များတွင် စတိုးဆိုင်ကြီးအချို့က Levis ၊ True Religion ၊ Diesel ၊ CalvinKlein ၊ Riders Jeans အစရှိသည့် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်များကို အလေးထားရွေးချယ်လေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

“အထုပ်စစဖောက်ချင်း အထည် ၁၀၀ ယူမယ်။ ဈေးက ဘယ်လောက်ဆိုပြီး ကြိုညှိတာရှိတယ်။ အဲဒီခေါင်ထည်တွေကို ပြန်ရောင်းရင် သောင်းချီမြတ်တယ်” ဟု မင်္ဂလာမွန်ဈေးရှိ ဘေထုပ်ထည် ရောင်းချသူတစ်ဦးကဆိုသည်။

ဘေထုပ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ဈေးကွက်တွင် တဖြည်းဖြည်း နေရာရလာကြောင်း လက်ကားရောင်းချသူ တစ်ဦးဖြစ်သည့် ဦးသန်းထွန်းစိုးက ပြောသည်။ အာရှ၏ ချမ်းသာသည့် နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ စင်ကာပူတို့မှ ၀င်ရောက်သော ဘေထုပ်ထည်များကို လူကြိုက်များပြီး အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှလည်း ၀င်ရောက်လေ့ရှိကြောင်း ဘေထုပ်အထည် လုပ်ကိုင်သည့် သက်တမ်း ၁၅ နှစ်ခန့်ရှိ ပြီဖြစ်သည့် ၎င်းက ပြောသည်။

“ဂျပန်လိုနိုင်ငံမျိုးကျ ချမ်းသာတော့ ဒီဇိုင်းဟောင်းသွားရင် မသုံးတော့တာပေါ့။ ကျွန်တော်တို့ဆီမှာတော့ အသစ်နီးပါးပဲပေါ့။ ကားတွေလိုပေါ့ဗျာ” ဟု ၎င်းက ဆိုပါသည်။

နှစ်စဉ် အောက်တိုဘာမှ ဇန်န၀ါရီအထိ ကာလများသည် ဘေထုပ်ထည်များ ရောင်းအားအကောင်းဆုံးဖြစ်သည်။ ယင်းလများတွင် တစ်ရက်လျှင် ဘေထုပ်ထည် ရာနှင့်ချီပြီး ပါဝင်သည့် အထုပ်ပေါင်း ၂၀ မှ ၃၀ အထိ ရောင်းရကြောင်း ၎င်းက ပြောသည်။ ယင်း ပမာဏကို ရန်ကုန်တစ်မြို့လုံးရှိ ဒိုင်များ ရောင်းအား၏ အထည်အရေအတွက်နှင့် တွက်ကြည့်လျှင် တစ်ရက်လျှင် အထည်ပေါင်း ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်။

“အရင်ကတော့ ဘေထုပ်ဆိုရင် လူသေတွေဝတ်တာ။ ရောဂါရမယ်ဆိုပြီး အစွဲကြီးခဲ့တယ်။ နောက်ပိုင်းတော့ အဲဒီအစွဲမရှိ တော့ဘူး။ တကယ်တော့ ဟိုက စက်ရုံတွေက သေချာပိုးသတ်၊ လျှော်ဖွပ်ပြီးမှ ထုပ်ပိုးပြီး တင်ပို့တာ” ဟု ဦးသန်းထွန်းစိုးက ပြောသည်။

နိုင်ငံခြားမှ တင်သွင်းသူများထံမှ ဦးသန်းထွန်းစိုးတို့ကဲ့သို့သော လက်ကားဒိုင်ကြီးများက ၀ယ်ယူပြီး မြန်မာနိုင်ငံအနှံ့ ဖြန့်ချိကြ သည်။ ယင်းဘေထုပ်များကို စတိုးဆိုင်များတွင် ရောင်းချမည့်သူအချို့က စတင်ဖွင့်ဖောက်ကာ စိတ်ကြိုက်ဈေးပေး ရွေးချယ်ကြသည်။ စိတ်ကြိုက်ဈေးပေး ရွေးချယ်သည့် အထည်များပြီးနောက် ကျန်အထည်များကို အရင်းအနှီး အနည်းငယ်ရှိသည့် ဆိုင်ရှင်များက ရန်ကုန်မြို့အနှံ့တွင် သင့်တင့်သော ဈေးဖြင့် ရောင်းချသည်။

ယင်းနောက်တွင်မှ ကျန်သည့်အထည်များကို ကိုမျိုးဦးတို့လို ပုံရောင်းဈေးသည်များက ဆက်လက်ရောင်းချသည်။ ကိုမျိုးဦးတို့ကဲ့သို့ ပုံရောင်းများ ရောင်းမကုန်ပါက အရင်းအနှီးနည်းနည်းဖြင့် ဈေးဆိုင်တည်သူများက ဆက်လက်ရောင်းချသည်။

“အနည်းဆုံးက အကျတစ်ထည်ကို ၅၀ ကျပ်ပဲ။ တစ်ခါတလေ ရောင်းမကုန်ရင် ၂၀၀ ကျပ်ဖိုး ငါးထည်တောင်ရှိတယ်” ဟု ကိုမျိုးဦးက ပြောသည်။

ရန်ကုန်မြို့တွင် မင်္ဂလာမွန်ဈေး၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းဈေး၊ ဆူးလေအနော်ရထာတန်း၊ တာမွေအ၀ိုင်းနှင့် အင်းစိန်ဘူတာဈေးတို့ရှိ ဘေထုပ်အ၀တ်အထည်ဆိုင်များမှာ အခြေခံ လူတန်းစားများအကြိုက်တွေ့သည့် နေရာများ
ဖြစ်သည်။ ရန်ကုန်သာမက နယ်ဈေးကွက်မှ ၀င်ငွေနည်း လူတန်းစားများအတွက်လည်း ဘေထုပ်ထည်များသည် အကြိုက်တွေ့စရာများဖြစ်သည်။ ယခင်က ရခိုင်နှင့်ဧရာဝတီတို့သည် ၀ယ်လိုအား အများဆုံးဖြစ်ကြောင်း ဘေထုပ်လက်ကားဆိုင်များက ပြောသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၀ယ်လိုအား သိသိသာသာ ကျဆင်းသွားကြောင်း ဦးသန်းထွန်းစိုးက ပြောသည်။

“ကြီးကြီးမားမားရောဂါတော့ မကူးစက်နိုင်ပါဘူး။ ဖြစ်နိုင်တာက အရေပြားနဲ့ပတ်သက်တဲ့ ၀ဲတို့၊ ယားနာတို့၊ ပွေးတို့တော့ဖြစ် နိုင်တယ်။ စိတ်မသန့်ရင်တော့ ရေနွေးနဲ့ပြုတ်ပြီးဝတ်ပေါ့” ဟု ကူးစက်ရောဂါ အထူးကုဆရာဝန်တစ်ဦးကလည်း ပြောသည်။

ဘေထုပ်ထည်များ၏ ဈေးကွက်သည် ၂၀၀၀ မှ ၂၀၀၅ ခုနှစ်အတွင်းတွင် ရောင်းအားအကောင်းဆုံး အနေအထားတွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တန်ဖိုးနည်း တရုတ်အထည်များကို ဈေးကွက်ဝေစု ခွဲပေးလိုက်ရကြောင်း ရောင်းချသူများက ပြောသည်။

“ဈေးတူရင် အသစ်ဆိုတော့ တရုတ်က၀င်တာတွေကို လူစိတ်ဝင်စားတယ်။ နောက် ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်တွေက နည်းနည်းပါးပါး ပျက်စီးတဲ့ အထည်တွေကလည်း ၀င်သေးတယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းကျတော့ ဘေထုပ်ကို မမီဘူး။ ၀တ်နေကျ လူကတော့ ဘေထုပ်ကိုပဲ ကြိုက်ကြတယ်” ဟု မင်္ဂလာမွန်ဈေးမှ ဘေထုပ်ရောင်းသူကပြောသည်။

အချိန်က ညနေစောင်းကျော်လာကာ ည ၈ နာရီ ကျော်လာခဲ့ပြီဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းအတွင်း တန်ဖိုးနည်း အ၀တ်အထည် ရွေးချယ်သူများလည်း တဖြည်းဖြည်း လူစုကွဲသွားပြီဖြစ်သည်။ ကိုမျိုးဦးတစ်ယောက်လည်း သူ့ဆိုင်ကို သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။

“တစ်နှစ်လုံး ရောင်းရတာလေးစုနေတယ်။ သင်္ကြန်တော့ ရွာပြန်ဖြစ်မယ်ထင်တယ်။ အဲဒီကျရွာမှာ အထည်တွေ ယူရောင်းဖို့ စဉ်းစားထားတယ်” ဟု အောင်လံသားက ဆက်လက်ပြောသည်။

ဘေထုပ်အထည်များသည် ကိုမျိုးဦးကဲ့သို့သော ကျေးလက်များမှ ရန်ကုန်တက်လာသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ဖြစ်သလို ၀င်ငွေနည်း လူတန်းစားများအတွက်လည်း စရိတ်နည်းနည်းဖြင့် တင့်တင့်တယ်တယ် အ၀တ်အစား ၀တ်ဆင်နိုင်မည့် အခွင့်အရေးများ ရရှိစေခဲ့ပြီဖြစ်သည်။

ရေးသားသူ- ထွန်းခိုင် - 7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း

ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ ၂ ၊ အမှတ် ၉

ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ  ၂ ၊ အမှတ် ၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ ထုတ် အိမ်ခြံမြေနှင့် ကား လမ်းညွန် ဂျာနယ် အမှတ်- ၁၂

ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ ထုတ် အိမ်ခြံမြေနှင့် ကား လမ်းညွန် ဂျာနယ် အမှတ်- ၁၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ ထုတ် HR ဂျာနယ် အမှတ်-၁၈၃

ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ ထုတ် HR ဂျာနယ် အမှတ်-၁၈၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ပလောင်ရွာကိစ္စဥပဒေအရမှန်ကန်စွာဆောင်ရွက်မည်

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ဆန္ဒပြ ရွာသားများနှင့် ရဲများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့မှုကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး အာဏာပိုင်များ အနေဖြင့် ပြေလည်အောင် ဆောင်ရွက်နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ တည်ငြိမ် အေးချမ်းရေး အတွက် ကြိုးစားနေချိန်တွင် ရိုးသားသည့် ရွာသားများ အပေါ် သွေးထိုးလှုံ့ဆော်မှုများ ရှိသောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - The Myanma Age



ပြည်မြို့ နှင့် ရွှေတောင်မြို့ တွင် လျှပ်စစ်မီး ပြတ်တောက်သည့် ကိစ္စ ယနေ့ ည ဆန္ဒပြမည်

အကြောင်းအမျိုးမျိုးကြောင့် မီးပျက်သည့် ကိစ္စကို ကျွန်တော်တို့ ပြည်သူတွေ မသိပါ၊ ဒါဟာ ပြည်သူတွေကို တရားဝင် အသိမပေးခဲ့ပါ၊ ပွင့်လင်း မြင်သာမှု မရှိဘဲ ပြည်သူကို ပြည်သူ့ ဝန်ထမ်းတွေက ကျေးဇူး တရား မသိခြင်း ဖြစ်ပါသည်။ ယခု အချိန်သည် စာမေးပွဲ အလွန် နီးကပ်နေသော အချိန် ဖြစ်ပါသဖြင့် -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့(၂)ဖွဲ့ ကချင်ပြည်နယ် အတွင်းရောက်ပြီ

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်၍ ငြိမ်းချမ်းရေး ရရှိရန် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ အရောက် ခြေလျင် လမ်းလျှောက်မည် ဖြစ်သော ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ (၂)ဖွဲ့ မှာ စစ်ကိုင်းတိုင်း ဒေသကြီး၏ နောက်ဆုံး ခရိုင်ဖြစ်သည့် ကသာ ခရိုင်အတွင်းမှ ကချင်ပြည်နယ် မိုးညှင်းခရိုင် နှင့် ဗန်းမော်ခရိုင် အတွင်းသို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ဖေဖေါ်ဝါရီ (၂၇)ရက်နေ့  နေ့လည်(၁၁)နာရီ ကချင်ပြည်နယ် မိုးညှင်းမြို့သို့ ရောက်ရှိသော သတင်းဓါတ်ပုံများ





ပုံနှိပ် ထုတ်ဝေခြင်း ဥပဒေကြမ်းကို စာနယ်ဇင်း သမားတွေ စိတ်မဝင်စား

ဗုဒ္ဓဟူးနေ့ ထုတ် သတင်းစာ တွေမှာ အများ ပြည်သူတွေ လေ့လာ အကြံပြုဖို့ ဆိုပြီး ဖေါ်ပြ ခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေ မူကြမ်းကို စာနယ်ဇင်း သမား အများက စိတ်ဝင်စားမှု မရှိဘူးလို့ သိရပါတယ်။ အခု မူကြမ်းကို လွှတ်တော်က အတည် ပြုမယ် ဆိုရင် အဖမ်း အဆီး အတား အဆီးတွေ အများကြီး လုပ်ခဲ့တဲ့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ New Light of Myanmar ပုံနှိပ်စက်

မိုးမောက် သစ်တောရုံး ခလရ(၄၇) တပ်ရင်းမှူးနဲ့ အဖွဲ့ ၊ ၀င်သောင်းကျန်း

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲခန့် က ဗန်းမော်ခရိုင် မိုးမောက်မြို့ နယ် သစ်တော ဦးစီး ဌာနရုံး တံခါးပေါက်ရှေ့ သို့ ကျောက်စခန်း ကျေးရွာတွင် ခေတ္တ တပ်ထိုင် ထားသော အရပ်ဝတ် အရပ်စား ၀တ်ဆင် ထားသည့် ခလရ(၄၇)တပ်မှ ဗိုလ်ကြီး ရန်လင်းအောင် ဆိုသူနှင့် တပ်ဖွဲ့ ဝင်နှစ်ဦး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အင်္ဂါဂြိုဟ်ကို ပထမဆုံး လူစေလွှတ်ဖို့ ပြင်

အမေရိကန်က သန်းကြွယ်သူဌေးလည်းဖြစ် အာကာသထဲကို ပထမဆုံး ပုဂ္ဂလိက ခရီးသွား တစ်ဦးလည်း ဖြစ်တဲ့ Dennis Tito ဟာ အင်္ဂါဂြိုဟ်ကို ပထမဆုံး လူတင် အာကာသယာဉ် စေလွှတ်ဖို့ ပြင်ဆင်နေ ပါတယ်။ မစ္စတာ တီတိုးနဲ့ သူ့ရဲ့ Inspiration Mars Foundation အဖွဲ့က စီစဉ်နေတာ ဖြစ်ပြီး ဒါဟာ သိပ္ပံရှုထောင့်က ကြည့်ရင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ