မကွေးတိုင်း ဒေသကြီး အတွင်းက ဆောမြို့ဟာ ချင်းပြည်နယ် တောင်ပိုင်းနှင့် မကွေးတိုင်း အနောက်မြောက် အစွန်ဒေသမှာ ရှိပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တစ် ၂၀၁၂ နှစ်ဆန်းပိုင်းကစပြီး ကျန်နှစ်သိန်း ၀န်းကျင် ဖုန်းတွေ ချပေးတဲ့ အချိန်ကစပြီး ဆောမြို့ဝန်းကျင်က ဒေသခံတွေ ဆက်သွယ်ရေး အဆင်ပြေစေ ရန်အတွက် GSM တာဝါတိုင် ဆောက်လုပ်ပေး ထားပါတယ်။
မူလ Survey တွေလာလုပ်တုန်းက ဆောမြို့ အရှေ့ဘက်က တောင်ပေါ်မှာ ထားဖို့ ရည်ရွယ်ခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ ရုံးနားမှာဘဲ ထားဖို့ ပြောတဲ့အတွက် မြို့အနောက်ပိုင်းမှာ ပြောင်းရွှေ့တည်ဆောက်ခဲ့ရတယ်လို့ ဆက်သွယ်ရေးလုပ်ငန်းမှာ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။
ဆောမြို့မှာ GSM တာဝါအတွက် သုံးဖို့ မီးစက်နှင့် စက်ဆီကိုလည်း အစိုရက လုံလောက်စွာ ချထားပေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆောဒေသခံများမှ ဖုန်းဆက်သွယ်ရေး အဆင်ပြေပြီး အင်တာနက်ပါ သုံးနိုင်တာကြောင့် နိုင်ငံတကာသတင်းတွေနှင့် ပြည်တွင်းသတင်းတွေကိုလည်း အချိန်နှင့် တပြေးညီ ဖတ်ကြရပါတယ်။
ပြသနာက ၂၀၁၂ အောက်တိုဘာလလောက်က စပါတယ်။ ဆောမြို့ရဲ့ အဓိက တံတားပေါ်မှာ တန်ပိုတင်ဆောင်ထားတဲ့ ကားတစ်စီး ဖြတ်မောင်းလို့ တံတားကျိုးသွားခဲ့တာကို မြို့ခံတစ်ယောက်က အင်တာနက်ပေါ် သတင်းဖြန့်လိုက်ပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေးက သူတို့ အစဉ်အဆက် တံတားကို ပြုပြင် ထိန်းသိမ်းမှုမရှိတာတွေကို အထက်လူကြီးတွေသိသွားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကိုပါ သတိပေးခံရတာကြောင့် နောက်ပိုင်းမှာ အင်တာနက် ဆက်သွယ်လို့ မရအောင် မြို့နယ်ဆက်သွယ်ရေး ဦးစီးမှူးကို လုပ်ခိုင်းပါတယ်။
ဒါကြောင့် အခုဆိုရင် ဆောမြို့ပတ်ဝန်းကျင်ဒေသက လူတွေဟာ မနက် ၇ နာရီကနေပြီး ည ကိုးနာရီအထိ (Solar battery အားရှိတဲ့အချိန်အထိပဲ) ဆက်သွယ်လို့ရပါတော့တယ်။ အင်တာနက်ဆိုရင် လုံးဝ သုံးလို့ မရတာ ၂၀၁၂ ဒီဇင်ဘာလလယ်လောက်ကတည်းက ဖြစ်ပါတယ်။
အစိုးရက စက်သုံးဆီ ချထားပေးပေမယ့် ဆီကို ရောင်းချပြီး Solar နှင့် Battery အားသွင်းကာ အားရှိတဲ့ ပမာဏလောက်ပဲ GSM တာဝါတိုင်ကို ဖွင့်ထားပေးပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနှင့် အရေးကြီးသော်လည်း ဖုန်းခေါ်လို့မရ ဖြစ်နေကြရကြောင်း အထက်လူကြီးမင်းများ သိအောင် တင်ပြလိုက်ရပါတယ်။
ဆောမြို့ ခံ ပြည်သူတဦး
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။






