မြန်မာက ဂျာမန်နဲ့ အီရန်ကိုနိုင်၊ တွေ့မရှောင်က ဖိုးကေကို အလဲထိုး

ဒဂုံ ရွှေအောင်လံ မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲ ၂၀၁၃ ဖိုင်နယ်ပွဲစဉ်များကို ဇန်န၀ါရီလ ၆ရက်နေ့မွန်းလွှဲ ၂ နာရီက အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)မှာ ကျင်းပပြုလုပ်။

အထူးရွှေအောင်လံဆုများကို ထွန်းထွန်းမင်းနဲ့ ထွန်းထွန်း(မြန်မာ)တို့က ဖဲလစ်(ဂျာမနီ)နဲ့ အက်ရှ်ခန်အမ်တီဒါဘီ(အီရန်)တို့ကို အလဲထိုးအနိုင်ရ။

ပထမတန်း ဒဂုံအောင်လံဆုကို တွေ့မရှောင်က ဖိုးကေကို ပထမအချီ ၂မိနစ်နဲ့စက္ကန့်၂၀မှာပဲ အလဲထိုးအနိုင်ရရှိသွားခဲ့။

ဒုတိယတန်းဒဂုံအောင်လံကို တူးတူး(နဂါးမာန်)ကလည်းကောင်း၊ .တတိယတန်း ဒဂုံအောင်လံကို ရဲမြင့်အောင်(အဖြူရောင်သွေးသစ်)ကလည်းကောင်း အသီးသီးရရှိ။

DVB TV News




မြန်မာက ဂျာမန်နဲ့ အီရန်ကိုနိုင်၊ တွေ့မရှောင်က ဖိုးကေကို အလဲထိုး မြန်မာက ဂျာမန်နဲ့ အီရန်ကိုနိုင်၊ တွေ့မရှောင်က ဖိုးကေကို အလဲထိုး Reviewed by သစ်ထူးလွင် on 22:01 Rating: 5
Powered by Blogger.