မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်ခွင့် ပေးမည်မဟုတ် ဟု သမ္မတ ကတိပေး

ယနေ့ (အောက်တိုဘာ ၂၁ရက်) နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ သို့ နိုင်ငံတော် သမ္မတကြီး လာရောက်စဉ်

နေပြည်တော်၊ အောက်တိုဘာ ၂၁

နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံ တွင် ရုံးစိုက်မည် ဟု သတင်း များ ထွက်ပေါ် လာသည့် အတွက် ရန်ကုန်၊ မန္တလေး နှင့် ရခိုင် ပြည်နယ် စစ်တွေမြို့ တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံ တွင် OIC ရုံးကို လုံးဝ ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ယနေ့ နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ကတိပေး ပြောကြားသည်။

" အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ လုံးဝ စိတ် မပူကြရန် ကျွန်တော် ပြောလို ပါတယ်" ဟု နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောဆိုသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မကြီး ဦးသိန်းစိန် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကို အောက်တိုဘာ လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း သတင်းဂျာနယ် ၇၈ စောင် နှင့် နိုင်ငံခြား သတင်း အေဂျင်စီ ၂၈ ခု အပါအဝင် သတင်းထောက် ၁၃ဝ ဦးခန့် တက်ရောက် ခဲ့သည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်တွင်းပြည်ပ မီဒီယာ များကို တရားဝင် ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း သည် ပထဆုံး အကြိမ် ဖြစ်သည်။

OIC သည် ရန်ကုန်မြို့ နှင့် စစ်တွေ မြို့တွင် မကြာမီ ရုံးစိုက်မည် ဖြစ်ပြီး ရန်ကုန်ရုံး ကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေး အစီစဉ် များ အတွက် ဖွင့်လှစ်မည် ဖြစ်ကာ စစ်တွေရုံး ကို ထောက်ပံ့ရေး ကိစ္စများ အတွက် ရုံးစိုက် သွားမည် ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာ၊ ဗုဒ္ဓဘာသာ မခွဲခြား ဘဲ ထောက်ပံ့ ကူညီ သွား မည် ဖြစ်ကြောင်း OIC မွတ်ဆလင် လူနည်းစု ရပ်ဝန်း ဌာန ၏ ရိုဟင်ဂျာ အရေး ဆိုင်ရာ တာဝန်ခံ မစ္စ ဒီနာမန်ဒနီ ၏ ပြောကြားချက် ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တွင် အောက်တိုဘာ လ ၁ဝ ရက်နေ့ က ဖော်ပြ ခဲ့သည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့တွင် အောက်တိုဘာ လ ၁ဝ ရက်နေ့ က အမျိုးသမီး များ အပါ အဝင် ဒေသခံ ၄ဝဝဝ ခန့် သည် "Get Out OIC, No OIC, Stop OIC" စသည့် စာတန်း များ ပါဝင်သည့် အင်္ကျီ များ ကို ဝတ်ဆင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။

ရခိုင်ပြည်နယ် အတွင်း OIC ရုံးစိုက်မည် ဟု သတင်းများ ထွက်ပေါ် လာမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့က်ဘဇား နှင့် စစ်တကောင်း ဒေသ တို့တွင် ဗုဒ္ဓ ဘာသာဝင် များ အကြမ်းဖက် ခံရမှု များ အတွက် ရန်ကုန်မြို့ နှင့် ရခိုင်ပြည်နယ် တို့တွင် သံဃာတော် များ အပါအဝင် တိုင်းရင်းသား များ ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။

The Voice Weekly
မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်ခွင့် ပေးမည်မဟုတ် ဟု သမ္မတ ကတိပေး မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်ခွင့် ပေးမည်မဟုတ် ဟု သမ္မတ ကတိပေး Reviewed by သစ်ထူးလွင် on 18:49 Rating: 5

5 comments:

driver said...

အာဏာရှင် အစိုးရမဟုတ်ဘူးဆိုတာကိုသက်သေပြလိုက်တာပါပဲ..တိုင်းသူ
ပြည်သားများကလည်းနိုင်ငံတော်သမ္မတကြီးကိုဒီထက်ပိုလို့အားကိုးယုံ
ကြည်မိပါတယ် ကျေးဇူးလည်းအထူး တင်ပါတယ်ခင်ဗျား..။

Paing Win said...

သမိုင်းတွင် သမိုင်းကောင်းဝင် မဲ့ မြန်မာ့မဟာ အာဇာနည်ပုဂ္ဂိုလ်ကြီး သမ္မတကြီး ဦးသိန်းစိန်
မြန်မာ ပြည်သူတွေကို ဂရုတစိုက်နဲ့ အလေးပေးပီး ပြည်သူ ပြည်သား တွေရဲ့ ဆန္ဒတွေကို ဦးစားပေးအလေးထားပီး အများကြီးဆောင်ရွက်ပေးနေတာတွေကြားသိရတော့ မြန်မာပြည်သားစစ်စစ် တစ်ယောက်အနေနဲ့ အရမ်းပီတိဖြစ်နေမိပါသည် ။ သူငယ်ချင်းများလည်း ထိုနည်း၎င်းပါ အရမ်းပီတိဖြစ်နေကြပါသည် ။ ပြည်သူက တင်မြောက်ထားသည့်ဟုဆိုနိုင်သော်ငြားလည်းပဲ ပြည်သူတွေရဲ့ မိဘ ဟုဆိုနိုင်ပါသည်။ အိမ်ထာင်ဦးစီး မကောင်းလျှင်မိသားစု တစ်ခုလုံး ဒုက္ခ ရောက်ကြရသည်မှာ ဓမ္မတာပါ။
လူသားတစ်ယောက် ရှေးဘုန်း ရှေးကံ ကြောင့် ဘုရင်ဖြစ်ခွင့်ရှိသော်လည်း တစ်ဘဝ ကောင်းစားမှူ့သာ ပြုပါက သံသရာတွင် တစ်ပတ်လည်၍ မိမိအပေါ်ပြန်လည်သက်ရောက်တတ်သည်မှာ လူမျိုးမရွေး ဘာသာမရွေး တူညီကြပါသည်။
သမ္မတကြီးအနေဖြင့် မြို့ကြီး ပြကြီးတွေ သာမက ကျေးလက်တောရွာတွေပါမကျန် ပြည်သူ ပြည်သား တွေရဲ့ အခက်အခဲ ဒုက္ခ ပြဿာနာတွေ ၊ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို မိဘ သဖွယ် ကံသုံးပါးမြောက်အောင် ဖြေရှင်း ဆောင်ရွက်နေခြင်းအပေါ် များစွာ လေးစား ချီးကျူး ဂုဏ်ယူ စွာဖြင့် ပြည်သူ ပြည်သားတွေရဲ့ မေတ္တာ စစ်မေတ္တာမှန်တွေကို ရရှိနိုင်ပါစေဟု မြန်မာပြည်ဖွားမြန်မာ နိုင်ငံတစ်ယောက်အနေဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
လက်ရှိ မိမိတို့နိုင်ငံ ဖခင်ကြီးအတွက် အားဆေး တခွက် ဖြစ်ပါစေသား။ ။
မောင်ပိုင် (ခေတ္တ -စင်္ကာပူ)


မေတ္တာရပ်ခံချက် မိမိသည် မည်သည့် အဖွဲ့အစည်းမှ မဟုတ် အညတရ သာမန်လူတယောက်သာ ဖြစ်သောကြောင့် အရေးသား များမှားယွင်းပါက စာရေးသူအနေဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။

Maymyochit said...

သမ္မတကြီးရဲ့ ဒီမိုကရေစီနည်းလမ်းတကြပြည်သူ့ အသံကိုနားထောင်ပေးတဲ့အတွတ်
ဝမ်းသာဂုဏ်ယူပါတယ်။

Anonymous said...

ဒီအတွက်ကျေးဇူးအထူးတင် ပါတယ်။ကြေးစင်တောင်လေးရော ရှင်းပေးပါဦးနော်။ ဦးပိုင် နဲ့ ကိစ္စဆိုတော့ ဘက်လိုက်ဆုံးဖျက်မိမှာ ဆုးတယ်။ ကောင်းခဲ့သမျှ အလကားမဖြစ်စေချင်ပါဘူး။ ဆင်းရဲမွဲတေမှု့ လျော့ချရေးကို ဦးပိုင် ကုမ္ပဏီတစ်ခုထဲနဲ့ အများကြီး ကူညီနိုင် ပ့တယ်။

ladyjune33 said...

My President ကိုတော့ တကယ်လေးစားတယ်။ပြည်သူအတွက်လို့ အော်နေပြီးလက်တွေ့ ဘာမှမလုပ်ပေးတဲ့ ကျီးအာသီးတွေနဲ့ ဘာမှမဆိုင်ဘူး။Nobleဆုမရတော့ ဘာဖြစ်လဲ။ပြည်သူတွေ ထောက်ခံမှုက အရေးကြီးတယ်။

Powered by Blogger.