OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ

၂၀၁၂၊ အောက်တိုဘာ၊ ၂၁ ၊  YPI

OIC ဆက်ဆံရေးရုံးဖွင်မည့်ကိစ္စနှင့်ပတ်သက်ပြီး လူထုဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့တွင် ယနေ့ နေ့နေ့လယ်၁နာရီက ၃နာရီ အထိပြုလုပ်ခဲ့ကြသည်။

ယနေ့ ဆန္ဒထုတ်ဖေါ်မှုဖြင့် သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လူထုအင်အား
၆၀၀၀ ခန့်ပါဝင်ကြသည်။

သံတွဲမြို့ တစ်ဖက်ကမ်းတွင်ရှိသော အောင်မြေသာစည်ကျောင်းတိုက်မှ စတင်ပြီး ဗိုလ်ချုပ်လမ်း၊ ရတနာလမ်း၊  ဦးဥတ္တမလမ်း တစ်ပတ်လှည့်လည်ခဲ့ခြင်းဖြစ်သည်။

“OIC အလိုမရှိ ၊  အကြမ်းဖက်ဝါဒကျဆုံးပါစေ ၊ သမ္မတကြီးကိုထောက်ခံပါတယ် စတဲ့ ပိုစတာတွေ ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်”ဟု သံတွဲ
ဒေသခံတစ်ဦးက YPI သို့ ပြောသည်။


အောက်တိုဘာ ၂၁ ရက်နေ့ တွင် ပြုလုပ်သည့် OIC ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့် နှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖေါ်ပွဲ (ဓါတ်ပုံ YPI )

အခြားတစ်ဦးကလည်း“ မြို့ထဲကပြန်ထွက်ခါနီးမှာ ကြီးကြပ်လိုက်ပါလာတဲ့ ဆရာတော်တစ်ပါးက ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတွေ  အားလုံး မိမိနေရပ်ကို
အေးအေးချမ်းချမ်းပြန်ကြဖို့အတွက်  တိုက်တွန်းနှိုးဆော်ခဲ့တယ်”ဟု ပြောသည်။

 ရခိုင်ပြည်နယ်ရှိမြို့များသာမက ရန်ကုန်မြို့၌လည်း  OIC ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ သီတင်းပတ်အနည်းငယ်မှစတင်ကာ ဖြစ်ပွားခဲ့သည့်နောက် နိုင်ငံတော် အစိုးရက ပြည်သူ့ဆန္ဒနှင့်မညီသဖြင့် နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ ၁၅ တွင် ကြေငြာခဲ့သည်။

ယင်းကြေညာချက်ထွက်ပေါ်ပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတရုံးကြေညာချက်ကို ထောက်ခံသည့် ယခုဆန္ဒထုတ်ဖေါ်မှု ပြုလုပ်ကြခြင်းဖြစ်သည်။     ။



OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုသည့် အပေါ်သံတွဲမြို့တွင် ထောက်ခံဆန္ဒပြ Reviewed by သစ်ထူးလွင် on 18:45 Rating: 5

1 comment:

Paing Win said...

သမိုင်းတွင် သမိုင်းကောင်းဝင် မဲ့ မြန်မာ့မဟာ အာဇာနည်ပုဂ္ဂိုလ်ကြီး သမ္မတကြီး ဦးသိန်းစိန်
မြန်မာ ပြည်သူတွေကို ဂရုတစိုက်နဲ့ အလေးပေးပီး ပြည်သူ ပြည်သား တွေရဲ့ ဆန္ဒတွေကို ဦးစားပေးအလေးထားပီး အများကြီးဆောင်ရွက်ပေးနေတာတွေကြားသိရတော့ မြန်မာပြည်သားစစ်စစ် တစ်ယောက်အနေနဲ့ အရမ်းပီတိဖြစ်နေမိပါသည် ။ သူငယ်ချင်းများလည်း ထိုနည်း၎င်းပါ အရမ်းပီတိဖြစ်နေကြပါသည် ။ ပြည်သူက တင်မြောက်ထားသည့်ဟုဆိုနိုင်သော်ငြားလည်းပဲ ပြည်သူတွေရဲ့ မိဘ ဟုဆိုနိုင်ပါသည်။ အိမ်ထာင်ဦးစီး မကောင်းလျှင်မိသားစု တစ်ခုလုံး ဒုက္ခ ရောက်ကြရသည်မှာ ဓမ္မတာပါ။
လူသားတစ်ယောက် ရှေးဘုန်း ရှေးကံ ကြောင့် ဘုရင်ဖြစ်ခွင့်ရှိသော်လည်း တစ်ဘဝ ကောင်းစားမှူ့သာ ပြုပါက သံသရာတွင် တစ်ပတ်လည်၍ မိမိအပေါ်ပြန်လည်သက်ရောက်တတ်သည်မှာ လူမျိုးမရွေး ဘာသာမရွေး တူညီကြပါသည်။
သမ္မတကြီးအနေဖြင့် မြို့ကြီး ပြကြီးတွေ သာမက ကျေးလက်တောရွာတွေပါမကျန် ပြည်သူ ပြည်သား တွေရဲ့ အခက်အခဲ ဒုက္ခ ပြဿာနာတွေ ၊ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကို မိဘ သဖွယ် ကံသုံးပါးမြောက်အောင် ဖြေရှင်း ဆောင်ရွက်နေခြင်းအပေါ် များစွာ လေးစား ချီးကျူး ဂုဏ်ယူ စွာဖြင့် ပြည်သူ ပြည်သားတွေရဲ့ မေတ္တာ စစ်မေတ္တာမှန်တွေကို ရရှိနိုင်ပါစေဟု မြန်မာပြည်ဖွားမြန်မာ နိုင်ငံတစ်ယောက်အနေဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
လက်ရှိ မိမိတို့နိုင်ငံ ဖခင်ကြီးအတွက် အားဆေး တခွက် ဖြစ်ပါစေသား။ ။
မောင်ပိုင် (ခေတ္တ -စင်္ကာပူ)


မေတ္တာရပ်ခံချက် မိမိသည် မည်သည့် အဖွဲ့အစည်းမှ မဟုတ် အညတရ သာမန်လူတယောက်သာ ဖြစ်သောကြောင့် အရေးသား များမှားယွင်းပါက စာရေးသူအနေဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်။

Powered by Blogger.