ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ညီလာခံ အဖွင့် မိန်ခွန်းကို ပါတီ ဒုတိယဥက္ကဌ သူရဦးရွှေမန်း တက်ရောက် ပြောကြား

နေပြည်တော်၊ အောက်တိုဘာ၊ ၁၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသဖြင့် ယင်းပါတီ၏ ပထမအကြိမ် ညီလာခံတွင် အဖွင့် မိန်ခွန်းကို ဒုတိယ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက တက်ေ၇ာက် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ယင်းပါတီသည် ဥက္ကဌနေရာ လစ်လပ်နေသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ပါတီ
တစ်ခုအဖြစ် ရပ်တည်နေသော ပါတီတစ်ခု ဖြစ်ပြီး ယခုညီလာခံတွင် လစ်လပ်နေသော ဥက္ကဌနေရာကို ရွှေးချယ် တင်မြောက် သွားနိုင်ဖွယ်ရှိပြီး ယင်းဥက္ကဌနေရာကို ယနေ့ အဖွင့် မိန်ခွန်း တက်ရောက်ပြောကြားခဲ့သော ပါတီဒုတိယဥက္ကဌ သူရဦးရွှေမန်း (ပြည်သူ့လွတ်တော်ဥက္ကဌ၊) ဖြစ်လာ နိုင်ဖွယ်ရှိသည်ဟု သိရသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal


“ပြည်ထောင်စု ကြံ့ခိုင်ေ၇းနှင့် ဖွံ့ဖြိုးရေးပါတီ ပထမ အကြိမ်ပါတီ ညီလာခံသို့ နိုင်ငံတော် သမ္မတ တက်ရောက် အားပေး”နေပြည်တော်၊အောက်တိုဘာ၊ ၁၄ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေး ပါတီရုံးချုပ်တွင် ကျင်းပပြု လုပ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ်ပါတီ ညီလာခံသို့ တက်ရောက် အားပေးခဲ့သည်။  ဓါတ်ပုံ - စွမ်းရဲထွဋ် - Popular Myanmar News Journal


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်