မန္တလေး ဘော်ဒါဆောင် တစ်ခုမှ (၁၀)တန်း ကျောင်းသား တစ်ဦး သေဆုံးမှု့

မန္တလေးမြို့  ၈၄ လမ်း၊ ၄၂ လမ်းထောင့် ရှိ ပန်းတိုင် ဘော်ဒါဆောင်တွင် (၈)တန်းနှစ် မှ စတင်၍  ပညာသင်ကြားနေသော ဆယ်တန်းကျောင်းသား ကချင်ပြည်နယ်  တာမခံမြို့၊  နမ့်စပိန်းရွာနေ မောင်သန်းထိုက်အောင် သည် (၁၂.၁၀.၁၂) ည (၁၁)နာရီ ၀န်းကျင်တွင် အဆောင်နေ နှစ်ကျ ကျောင်းသား ဖြစ်သူ နမ့်တောရွာနေ၊ မောင်ဝင်းကိုကိုမှ မာကြောသော လက်နက်ဖြင့် ကိုယ်ထိလက်ရောက် ရိုက်လိုက်ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေး ဘော်ဒါဆောင် တစ်ခုမှ (၁၀)တန်း ကျောင်းသား တစ်ဦး သေဆုံးမှု့ မန္တလေး ဘော်ဒါဆောင် တစ်ခုမှ (၁၀)တန်း ကျောင်းသား တစ်ဦး သေဆုံးမှု့ Reviewed by သစ်ထူးလွင် on 08:21 Rating: 5

12 comments:

Unknown said...

မိဘများအားလုံးက သားသမီးများကို မွေးကတည်းက ပညာတတ်ဖြစ်စေရန် ရည်မှန်းချက်ထားရှိကြပါသည်။ နယ်မှာနေသောမိဘများက သားသမီးပညာတတ်စေရန် စွန့်စားကာ မြို့ပေါ်သို့ပေးပို့ ပညာသင်ကြားပေးကြပါသည်။ မိဘနှင့်ဝေးနေသောသားသမီးတို့အား ကိုယ့်သားသမီးကဲ့သို့ ဆုံးမသွန်သင်ကြည့်ရှုစောင့်ရှောက်ရန်မှာ ဘော်ဒါဆောင် ဖွင့်ထားသူတို့၏တာဝန်ဖြစ်ပါသည်။ တာဝန်မယူနိုင်လျင် ဘော်ဒါဆောင်မဖွင့်ကြရန် မေတ္တာရပ်ခံပါသည်။

Unknown said...

ဆရာများ အာစရိယ ဂုဏ်နှင့် ပြည့်စုံနိုင်ကြပါစေ
သမားတော်များလည်း သမားဂုဏ်နှင့် ပြည့်စုံနိုင်ကြပါစေ
money chaser များမဖြစ်ရန် အနူးညွတ် တောင်းပန် အပ်ပါသည် အမှန်မြင်၍ အမြင်မှန် နိုင်ကြပါစေ

aristhteinwin said...

ခေတ်မှီဖွင့်ဖြိုးတိုးတက်သော နိုင်ငံများတွင် ကျောင်းတက်တဲ့ကျောင်းသားကို အရေးပေါ်ဆက်သွယ်ရမည့်သူ၏ လိပ်စာ- ဆွေးမျိုးတော်စပ်ပုံတို့ ကို ကျောင်းအပ်သည့်အခါ ပေးရလေ့ရှိ
ပါသည်။ သို့ မှသာ တစုံတရာ အရေးပေါ်သည့်အခါ လျှင်မြန်စွာ အကြောင်းကြားနိုင်ပါသည်။

kspesoe said...

အဆောင်ရဲ့ လိမ်ညာမှုကတော့ ဆိုးရွားလိုက်တာ။

Unknown said...

ဆရာတွေဘာလုပ်နေလဲ

khaing said...

ဘယ်လို ဘော်ဒါလဲ

khaing said...

ပိတ်ပစ်လိုက်ရမှာ

Unknown said...

ပြောပြချင်ပါသည် VEC ဘော်ဒါဆောင်တွင်လည်း
ယခင် ၉နှစ်ခန့်ကဖြစ်ခဲ့ဘူးပါသည် ငွေကိုတနှစ်လုံးစာ
သိန်းပေါင်းများစွာအပြည့်ယူပြီးကျောင်းသားကို
အဆောင်တွင်မနေနိုင်အောင်ထားပြီးကျောင်းသား
ထွက်ပြေးသည့်အခါငွေပြန်မအမ်းသည့်အစဉ်လာကို
ဒေါ်ဝင်းဝင်းမေအုပ်ချုပ်သည့်မိုက်ရိုင်းသည့်VEC
မှစခဲ့ပါသည်။

Unknown said...

ဘာကြောင့်.. မတည့်မယ့်သူနှစ်ယောက်ကို တစ်နေရာမှာ ထားတာလဲ...

ဒါဘော်ဒါဆောင်မှာ တာဝန်ရှိတယ်..

Unknown said...

မိမိဘော်ဒါဆောင်နာမည်မပျက်ရေးထက်ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးကပိုအရေးကြီး
မယ်ထင်ပါတယ်။

မြတ်ဖုန်းမို said...

အလုပ်လုပ်တဲ့ နေရာမှာ ရိုးသားမှူ၊ တာဝန်ယူမှူမရှိတာအဆိုးဆုံးပဲ။
ကိုယ့်ဘော်ဒါနာမည်ပျက်မှာစိုးလို့ လုပ်သင့်တာကိုမလုပ်၊ ဖုံးဖိထား။
နောက်ဆုံးပေးဆပ်လိုက်ရတာက ကျောင်းသားလူငယ်တစ်ယောက်ရဲ့အသက်။
မိဘတွေဆိုတာ ကိုယ်ဝန်မရှိခင်ကတည်းက အရိပ်တကြည့်ကြည့်၊ ကိုယ်ဝန်ရှိလာတော့လဲ ဘဝမျှော်လင့်ချက်ရောင်ခြည်တွေအပြည့်၊ မွေးလာချိန်ကနေ အရွယ်ရောက်သည်အထိ ချစ်မေတ္တာအပြည့်နဲ့ နေလာခဲ့တာ။ ခုလို အသက် ၁၅ နှစ်ဝန်းကျင်မှ သူများရိုက်လို့ သေတာတဲ့...
မိဘတွေအစားရင်နာလိုက်တာ

Unknown said...

ဒီဘော်ဒါဆောင်ကိုတော့ ဘယ်မိဘကမှ သူတို့သားသမီးကိုထားမှာမဟုတ်တော့ဘူး စိတ်ချ

Powered by Blogger.