မန္တလေးတိုင်း ဒေသကြီး သာစည် မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တွေ့ဆုံဆွေးနွေးပွဲတွင် သာစည်မြို့နယ် ပြည်သူတစ်ဦးမှ ၈၈ မျိုးဆက် ကျောင်းသားကို မင်းကိုနိုင်သည် အရပ်ဘက် လူအဖွဲ့ အစည်းများ အတွက် စွမ်းစွမ်းတမံ ကြိုစားဆောင်ရွက်တဲ့ သူတစ် ယောက်ဖြစ်ပါကြောင်း ထိုစကား နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်အား မိမိ၏စိတ်ဆန္ဒထဲတွင် နိုင်ငံတော် သမ္မတဖြစ်စေချင်ကြောင်း ကိုမင်းကိုနိုင်မှလည်း နိုင်ငံတော် သမ္မတဖြစ်ရင် ဘာလုပ်မလဲဆိုသည့်----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ
Reviewed by သစ်ထူးလွင်
on
20:33
Rating:
18 comments:
ကိုမင်းကိုနိုင် ရဲ့ ပြောစကားတွေ ကိုအလွန်ပဲနှစ်သက်တယ်။ အားကျတယ်။
ဘာမှ အဖြစ်ရှိတာလည်းမဟုတ်ပဲနဲ့ လျှောက်ပြောနေတယ် နိုင်ငံအတွက် လမ်းတစ်ခုလောက် ခင်းပီးပီလားးးးး
မင်းကိုနိုင်ခင်ဗျား. အမျိုးသားနိုင်ငံရေးဆက်လုပ်မယ်ဆိုရင်. ခရိုနီတွေလည်း တိုင်းပြည်ကိုချစ်ပါတယ်လို့ပြောတဲ့ သမတ မျီူးမရှိအောင် ဦးဆောင်ဆန့်ကျင်စေချင်ပါတယ်
ကိုရဲလင်း ခင်ဗျား
တဲ့တဲ့ တွေးပြီး ပြောစေချင်ပါတယ်။
ထဲ့ထဲ့ တွေးပြီး မပြောသင့်ပါ ဟုခံယူပါတယ်။
“ငါက ဘာ” “ငါ့ ဘယ်သူက ဘာ” “သူတို့ကြောင့် ငါတို့ ဘာဖြစ်သွားပြီ”
ဆိုတာတွေကို(အာဃာတ)ထဲ့ပြီး မစဉ်းစားပဲကြည့်ရင် ယာဉ်အမျိုးမျိုး ဘေးကင်းစွာ သွားလာနိုင်မဲ့ ဖြောင့်ဖြူးနေတဲ့
အဝေးပြေး လမ်းမကြီးတစ်ခု စခင်းခဲ့တဲ့ သာမန်ကျောက်ခဲပေါင်း များစွာထဲက
အခြေခံ တစ်ခဲလို့ ကျွန်တော်ယူဆသလို မြင်နိုင်ပါတယ် ။
ကျွန်တော်သမ္မတဖြစ်ရင်-
ဧရာဝတီမြစ်ကိုနယ်နိမိတ်ထားမယ်။
အရှေ့ ဘက်ခြမ်းကိုတရုန်ကိုရောင်းမယ်။အနောက်ဘက်ခြမ်းကိုအိန္ဒိယကိုရောင်းမယ်
ဒီတော့အနောက်ကလူတွေကအိန္ဒိယနိုင်ငံသား
အရှေ့ ဘက်က တရုတ်နိုင်ငံသားဖြစ်ပေါ့။
ကိုယ့်လူမျိုးချင်းအနိုင်ကျင့်တာခံရတာထက်
တခြားလူမျိုးအနိုင်ကျင့်ခံရတာက
ဖြေသာမယ်ထင်ပါတယ်။
"မျိုးချစ်စိတ်" ဆိုတာ အာဏာရှင်တွေ
ရေလဲသုံးတဲ့ လက်နက်ကောင်းတစ်မျိုပဲ။
ကျွန်တော်သမ္မတဖြစ်ရင်-
ဧရာဝတီမြစ်ကိုနယ်နိမိတ်ထားမယ်။
အရှေ့ ဘက်ခြမ်းကိုတရုန်ကိုရောင်းမယ်။အနောက်ဘက်ခြမ်းကိုအိန္ဒိယကိုရောင်းမယ်
ဒီတော့အနောက်ကလူတွေကအိန္ဒိယနိုင်ငံသား
အရှေ့ ဘက်က တရုတ်နိုင်ငံသားဖြစ်ပေါ့။
ကိုယ့်လူမျိုးချင်းအနိုင်ကျင့်တာခံရတာထက်
တခြားလူမျိုးအနိုင်ကျင့်ခံရတာက
ဖြေသာမယ်ထင်ပါတယ်။
"မျိုးချစ်စိတ်" ဆိုတာ အာဏာရှင်တွေ
ရေလဲသုံးတဲ့ လက်နက်ကောင်းတစ်မျိုပဲ။
ရိုးရိုးသားသားပြောတာလို့ထင် ပါတယ်။လေးစားစရာကောင်းတယ်ဆိုတာပြောနေဖို့တောင် မလိုတော့ပါဘူး။
ကိုမင်းကိုနိုင်တို့ ခင်းနေတဲ့လမ်းက ဒီမိုကရေစီလမ်းမကြီး၊ ဒီလမ်းမှာ ပြည်သူတွေ ဘယ်လိုစိတ်ထားရမယ်.. ဒီလမ်းကြီးကို ဘယ်လိုထိန်းသိမ်းရမယ်.. ဘယ်လို အမူအကျင့် ဓလေ့စရိုက်တွေနဲ့ ပြုစုပျိုးထောင်သွားရမယ်၊ အမှိုက်သရိုက်တွေကို ဘယ်လိုရှင်းထုတ်ရမယ်... စသဖြင့် တစ်ဖက်တစ်လမ်းက ကြီးကျယ်မြင့်မြတ်စွာ ဆောင်ရွက်နေတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကို ကြောခိုင်းပြီး အနှစ်သာရကို နားမလည်ရင်တော့ ဒီအလုပ်တွေရဲ့ တန်ဖိုးကို ခံစားသိမြင်နိုင်မှာ မဟုတ်ပါဘူး။
@ Ye Lin, နိုင်ငံအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ပြီးပြီ။ အခုလည်း အလုပ်တွေ အများကြီးလုပ်နေတယ်။ မင်းရော နိုင်ငံအတွက် လမ်းတစ်ခုလောက် ခင်းပြီးပြီးလား။
လမ်းလျှောက်ရင် ခလုပ်တိုက် တာသဘာဝပါ ထိုင်နေတဲ့သူကလျှောက်နေသူ ခလုပ်တိုက်တာကိုကဲ့ရဲ့နေမဲ့အစား
ခလုပ်ကသင်းတွေဝိုင်းရှင်းပေးလိုက်ရင်အပြုသဘောဆောင်ရာရောက်
ပါတယ်..
ခင်းခဲ့တဲ့လမ်းတွေကြောင့် ပြည်သူတွေဒုက္ခရောက်နေတာ။
လူအသစ်တွေက လမ်းအသစ်ခင်းရမဲ့အချိန်ရောက်နေပြီ။
အလကား၊ ယောင်ခြောက်ဆယ်၊ လိုက်အလှူခံနေတာ။ ဘယ်သောအခါမှ သမ္မတဖြစ်လာစရာအကြောင်း မရှိပါ
နိုင်ငံတော်ဘဏ္ဍာထဲက ၁၀၀ လောက်စာရင်းပြ အိတ်ထောင်ထဲ ၇၀ လောက်ထဲ့ တကယ်ခင်းတော့  ၃၀ ဖိုး ပြီးတော့ဖဲကြိုးဖြတ် သတင်းစာထဲထည့် ဆိုတဲ့လမ်းမျိုးတွေလား မင်းကိုနိုင် တို့ ခင်းခွင့်ရဘို့နေနေသာသာ သူတို့ ဘာသူတို့တောင် အဝေမတည့်လို့ အလုအယက်နဲ့ 
ငါလည် သမ္မတလုပ်မယ် သမ္မတလုပ်တိုင်ကစားနေတာလာ?
ကြီးကြီးကျယ်ကျယ်နဲ့
ကိုကဖြင့်ဘာလုပ်နိုင်လို့လဲ
ကောင်းကျိုးအထွေထွေလုပ်မှာပေါ့
ဘယ်တုန်းက ဘာလုပ်ခွင့်ရခဲ့လို့လဲ? ဘာလုပ်နိုင်စွမ်းရှိလဲတော့မသိဘူး ကြောက်လွန်းလို့ထောင်ထဲဆွဲထည့်ထားရတာမှ အကြာကြီး
ကိုမင်းကိုနိုင် ကောင်းတယ်ပြောစကားများအနှစ်သာရရှိတယ် ဆက်လုပ်ပါ ပါတီထောင်ပါ
Post a Comment