ရှေ့သို့ ကိုဆန်းဆင့် မြန်မာပြည်အတွက်ဆက်လုပ်

ကိုဆန်းဆင့်ရေ နေကောင်းပါစေ။ လူချင်းမတွေ့ တာကတော့ ရွှေတိဂုံစေတီ ထီးတော်တင် လှူပွဲပြီး ကတည်းကဆိုပါတော့ ဗျာ။ ကိုဆန်းဆင့် လို့ ခေါ်လိုက်တာနဲ့ ကျုပ်  ကိုတော့ တရားမစွဲ ပါနဲ့ဦးဗျာ။ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ် ကြီးဆန်းဆင့်၊ ရေ ကြည်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်  ဥက္ကဋ္ဌဦးဆန်းဆင့် ဆိုပြီးတော့ နိုင်ငံတော်  ရဲ့အရေးတွေကို သင်အံလေ့ကျင့် ဆည်းပူး  တည်ဆောက်သူ အဖြစ်မြင်တွေ့ ရတာဝမ်း  သာပါတယ်။

စစ်ဝတ်စုံနှင့် တုန်းက ဖျတ်လတ်တက်  ကြွနေတာကို အခုထိ မျက်စိထဲမြင်နေတုန်း  ပါ။ နောက်တော့ ခေါင်းလောင်းတိုက်ပုံ ကြီးနဲ့ အရွယ်ရဲ့ရင့်ကျက် တည်ငြိမ်မှုလော ကရဲ့ ခေါင်းဆောင်ကောင်း အဖြစ်နဲ့ တွေ့ ရတာဝမ်းသာတယ်ဗျာ။ ကျုပ်တို့အတူစား  အတူသွားပြီးထီးတော်တင်ပွဲအောင်မြင် ပြီးစီးခဲ့ပါတယ်။ ကိုဆန်းဆင့်ရွှေတိဂုံဘုရား  ဟာ ကမ္ဘာပေါ်မှပွင်တဲ့ဘုရားလေးဆူရဲ့ ဓာတ်တော်မွေတော်တွေနဲ့ တည်ထားခဲ့ တာပါ။ တက္ကသိုလ်မောင်မောင်ကြီးက ရွှေတိဂုံကိုနိုင်ငံတော်ရဲ့ မျက်နှာလို့ခေါ်ခဲ့ ကြပါတယ်။ ကျုပ်နဲ့ ကိုဆန်းဆင့်တို့လည်း   နိုင်ငံတော်ရဲ့ မျက်နှာကို ရွှေချပြီး အထွဋ် တင်ခဲ့ရာမှာလက်တွဲလုပ်ဆောင်နိုင်ခဲ့တယ်။  ထီးတော်ပုံစေတီတော်ဟာ ကိုဆန်းဆင့်  ရဲ့ စိတ်ကူးတွေပါပဲ။

ကျုပ်နဲ့ အတူတွဲလက်ညီညီလုပ်ဆောင် ခဲ့သူတွေဟာ တချို့လဲဇရာကြောင့်အနား ယူသွားကြပြီ။ အဲဒါနဲ့ စကားမစပ်ကိုဆန်း ဆင့်ရွှေတိဂုံဘုရာထီးတင်ပွဲထူးခြားချက်ကို  ကျုပ်ရေးသားခဲ့တယ်။ နက္ခတ္ထရောင်ခြည်   မဂ္ဂဇင်းမှာပါ။ စာပေစီစစ်ရေးကခွင့်ပြုချက် မရလို့ဖော်ပြခွင့်မရခဲ့ပါဘူး။ ကိုဆန်းဆင့် အဲဒီတုန်းက ရွှေတိဂုံထီးတင်ပွဲကလဲတစ် ဘက် ကုလားမကင်းကလဲတစ်ဘက်နဲ့  အတော်ပင်ပန်းခဲ့ရှာပါတယ်။ နိုင်ငံအတွက် လူမျိုးအတွက် ဘာသာအတွက်နောက် လိုက်ကောင်းတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့တယ်။ ကိုဆန်းဆင့်ရဲ့ စိတ်ကောင်းစေတနာကောင်းသစ္စာကောင်း   မေတ္တာကောင်းမှုတွေကြောင့် ရေမြင်လို့ ကြာတင်ခဲ့တာပါ။ ကိုဆန်းဆင့်ရွှေနား တောင်းအရောင်နဲ့ပါးပြောင်တဲ့လူစားမျိုး  မဟုတ်ဘူးဆိုတာယုံကြည်ပါတယ်။ လက်ခံပါတယ်။ နေရာဆိုတာ လိုချင်တိုင်း  လုပ်ယူလို့မရတော့ဘူး။ ကံ၊ ဉာဏ်၊ ၀ီရိယ တွေနဲ့ ပေါင်းစပ်ပါမှဖြစ်လာတာပါ။ ထိုင်ခုံဆိုတာကလဲ ဟိုတုန်းကလိုထိုင်နေယုံ နဲ့ မပြီးတော့ဘူး။ ကိုဆန်းဆင့်ရေ ကမ္ဘာ ကြီးနဲ့ မျက်ခြေမပြတ်ဖို့နားမျက်စိမလုံး  တော့ဘူး။ ဒီတော့ ကမ္ဘာကြီးနဲ့ မျက်ခြေ  မပြတ်ဖို့နားမျက်စိတွေဖွင့်ထားကြရမယ်။  ကိုဆန်းဆင့်ခြေလျင်ခြေမြန်တာဝန်ကြီး တွေ ထမ်းဆောင်ခဲ့သူပါ။ တောင်ဆိုတာ  တက်ပြီးရင် အဆင်းရှိလာတတ်တဲ့သဘော  ရှိတယ်လေ။ ဒီတက်တုန်းက လွယ်လွယ် ကူကူခေါင်းမော်ပြီးတက်ခဲ့ကြတာပါ။ အဆင်းမှာတော့ ခေါင်းငုံ့ပြီး ခက်ခက်ခဲ ခဲဆင်းရတာ။ အန္တရာယ်သိပ်ကြီးတယ်။  ကိုယ်စိတ်သတိ (၃) ပါးနဲ့ တရွေ့ရွေ့ဆင်း ရတာပါ။ သတိတစ်ချက်လွှတ်ရင်တစ် သက်စာပါသွားမယ်။ ၀ုန်းဆိုချောက်ထဲ  ကျသွားတတ်ပါတယ်။ ထောင်ချောက်က အရိုးတခြားအသားတခြား ကြေမွသွား နိုင်တယ်။

အတက်တုန်းက ရဲဘော်စိတ်နဲ့ ကြိုးဆွဲကြိုးကူလို့ရတယ်။ အဆင်းမှာ ပတ်ဝန်းကျင်အနေအထားမြေပြင်ရေပြင်   ကို ကြည့်ပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်မှန်မှန် ကန်ကန်နဲ့ ဆင်းသက်ရတာပါ။ မလွယ်ပါ ဘူး။ ကျုပ်ယောမှာချင်းတောင်မှာ မူလတန်း  ပြစေတနာဆရာလေးငါးနှစ်လုပ်ခဲ့ဖူးပါ တယ်။ အခု မူလတန်းတပည့်တွေထဲမှာ   ပါရဂူမြောက်ဒေါက်တာဘွဲ့ရတဲ့ သူတွေ အများကြီးပေါ့။ တက္ကသိုလ်ကြီးတစ်ခုမှာ  ပါမောက္ခချုပ်ဖြစ်နေပြီလေ။ ဒါကိုကျုပ်က  “ဟေ့ ကောင် ငအေး။ ဟိုပုဂ်္ဂိုလ်လေးလို့ ပြောလို့မရတော့ဘူး။ အချိန်ကာလတွေ နဲ့ ရင်းနှီးပေးဆပ်ပြီးတော့ အောင်မြင်သူ  ကိုတပည့်ကို နိမ့်ချခေါ်လိုက်လို့ ကျုပ်ဘာ ဂုဏ်တက်မှာလဲ ဂုဏ်နိမ့်သွားတယ်။ အာရိယဂုဏ်မရှိတော့ဘူး။ တပည့်လေး ကို ဒေါက်တာဦးအေးပါမောက္ခချုပ်ကြီး လို့နှလုံးသားမှာ အလှဆင်လိုက်ရင်ဘယ် လောက်ကောင်းမလဲဗျာ။

မြန်မာနိုင်ငံမှာ အရာရာမှာ ငါဆရာ  လုပ်လို့မရတော့ဘူး။ ငါကြီးငါကောင်းဝါဒ  တွေက အဝေးမှာပျောက်သွားပြီလေ။ ကိုဆန်းဆင့်ခင်ဗျား။ ဟိုတုန်းက၀ါဒမတူ ခံယူချက်မတူယုံကြည်မှုမတူတဲ့သူတွေ တမိုးအောက်ထဲမှာအကွဲကွဲအပြားပြား လုပ်နေလို့မရတော့ဘူး။ ပူးပေါင်းဆောင် ရွက်မှရတော့မှာပါ။ စည်းလုံးညီညာအောင်   ကြောင်းဖြာရတော့မှာပါ။
သမ္မတကြီးဦးသိန်းစိန်ကနှစ်လွှာပေါင်း  မှ တစ်ရွက်စွယ်တော်ရွက်နိုင်ငံရေးလုပ် ငန်းစဉ်မှာ ညောင်ရွက်လို့အတ္တစူးပြီးနောက်  ပြန်ဆွဲအဖျားရှုးသူတွေကို လက်တွဲဖြုတ် ခဲ့ကြရမှာပါ။ အိမ်နီးချင်းတရုတ်၊ ကုလား၊ ထိုင်း၊ စတဲ့ တိုင်းပြည်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေပြိုင်ရမှာပါ။ အချင်းချင်းပြိုင်စရာဆိုင်စရာမလိုပါဘူး။ ကျုပ်နှလုံးရောဂါရခဲ့တယ်ဗျာ။ နေ့စဉ် ထုတ်မြန်မာသတင်းစာတွေဖတ်နေတော့  မျက်စိမှုန်လာတယ်။ မြန်မာ့ရုပ်သံသတင်း  တွေမှာ ကျုပ်နားထိုင်းသွားတယ်။ စစ်ဆေးရုံက နှလုံးရောဂါကုသမှုပျောက် ကင်းချိန်မှာ ယမကာသမားဟာသတိရ   လာတယ်ဗျာ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော  ကို အလုံးစုံရုံကြည်လင်သက်ဝင်လာတယ်။

ဒါကလဲ ကိုဆန်းဆင့်တာဝန်ပေးလို့ လုပ်ခဲ့ရတဲ့ ရွှေတိဂုံထီးတော်တင်ပွဲကျေးဇူး ပါ။ ကျုပ်တို့နဲ့ လက်တွဲရွှေတိဂုံထီးတင်ပွဲ လုပ်ဆောင်ခဲ့တဲ့ ဒုဝန်ကြီးသူရဦးမြင့်မောင် က ၀န်ကြီးဖြစ်သွားတယ်။ အခုထက်ထိ ရှင်သန်နေတုန်းပဲ။ ကျုပ်နဲ့တွဲခဲ့တဲ့ ဗိုလ်မှူး  ရဲအောင်အခု မန်းတိုင်းမှူးဗိုလ်ချုပ်ဖြစ် နေတယ်။ ဒါတွေကို အဖြေရှာကြည့်ရင် စေတနာကောင်းလို့ကံကောင်းတာပါ။ ပွင့်လင်းမြင်သာတဲ့အချိန်မှာ လက်မောင်း နဲ့ ပခုံးကိုကြည့်ပြီးအရိုအသေပေးလို့မရ တော့ဘူးလေ။

ကမ္ဘာကြီး ကြီးကြောင်း ကျယ်ကြောင်း ကွန်ပျူတာအင်တာနက်တွေမှာတွေ့ရမြင်  ရကြားရရင်မာနေလို့ စွာနေလို့မရတော့ ဘူး။ ပျော့တန်ပျော့လျော့တန်လျော့ရ တော့မှာလေဗျ။ ပါတီနဲ့ နိုင်ငံအကျိုးယှဉ် လာရင် ပါတီအကျိုးဘေးဖယ်ထားရမှာ ပါ။ ငြိမ်းချမ်းကိုရဲ့  Hot News 27-Sept 3 Oct 2012 စာမျက်နှာ ၂၂-၂၃ ဖတ်ကြည့်   မိတယ်။ ကိုဆန်းဆင့်ဟိုတုန်းကရွှေတိဂုံကြီး ကို ကာယကံ၊ မနှောကံ၊ ၀စီကံဖြစ်တဲ့ ကံ (၃) ပါးနဲ့ ကြည်ညိုပူဇော်လုပ်ဆောင် ခဲ့တဲ့အကြောင်းကြောင့် ယခုထင်ထင်ရှား ရှားအကျိုးထူးဖြစ်လာတယ်။ ကိုဆန်းဆင့် ဟိုတုန်းက စစ်သားဘ၀မြင်ကွင်းနဲ့ ပြည်သူ လွှတ်တော်ရေကြည်လူကြီးနဲ့ မတူဘူး။ ကွဲပြားခြားနားသွားပါပြီ။

အဲအခုရေကြည်ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး  လွှတ်တော်ဥက္ကဋ္ဌမြင်ကွင်းကပို၍ပို၍ကျယ် လာတယ်။ အဲဒါကို အမြင်ကျဉ်းနေလို့မရ ဘူးလေ။ အသက်ကြီးတိုင်း စီနီယာကျ တိုင်းသူမြတ်သူကောင်းဖြစ်သလားဆိုတာ  အမြင်မှန်ဉာဏ်အလင်းရဖို့လိုပြီထင်တယ်။  ၀ါးလုံးခေါင်းထဲလသာနေရမဲ့အချိန်ကာလ  မဟုတ်တော့ဘူး။ ကိုဆန်းဆင့်ရေ အရှေ့ တောင်အာရှနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေ လို့မရတော့ဘူး။ အနောက်ဥရောပအမေ ရိကန်ဖက်ဆီခြေဦးတည်မိတ်ဆွေဖွဲ့ဖို့လုပ် ရမယ်။ ကိုဆန်းဆင့်ဧရာဝတီခြင်္သေ့ကြီး  ဟောက်သံဟာ မြန်မာပြည်ကြီးအေးချမ်း  သာယာဘေးမသန်းဖို့ပါပဲဗျ။
ငြိမ်းချမ်းကိုရဲ့ စာသားခေတ္တခဏယူ  ပြောချင်ပါသေးတယ်လေ။ “ဦးဆန်းဆင့် ၏ ရှင်းလင်းချက်” တစ်ဦးနဲ့ တစ်ဦးဒီနေ့ တာဝန်ယူနေရတာ ဘာတာဝန်လဲဆိုတာ ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ Senior သည် ဆရာလား။ တပ်မတော်မှာ   ဆိုရင်လည်း ပဲတစ်ချိန်ကဆရာဖြစ်နိုင် သလိုတစ်ချိန်မှာလည်ဆရာဖြစ်တတ်ပါ တယ်။ အဖေတပ်ကြပ်ကြီးကသားစစ်ဗိုလ်  လေးကို အလေးပြုရတာတွေလည်းရှိခဲ့ ပါတယ်။

မဟော်သဓာဇာတ်တော်ကြီးရဲ့ မြည်းတရားစီရင်ခန်းကို ဖတ်ဖူးသင်ဖူးကြ ဖူးကြမယ်ထင်ပါတယ်။ အဖေထက်သား ကမြတ်ပါသလောလို့ဘုရင်ရဲ့ မေးမြန်းချက် ကို မဟော်သဓာသုခမိန်ကမင်းကြီးကို ပြန်လျှောက်ရာမှာ ၈ ကျပ်တန်မြည်းနှင့် အာဇာနည်မြင်းမတို့စပ်သော အဿထိုရ်  မြင်းသည် အဖိုးအနဂ္ဂထိုက်သည်လို့ သာဓကထုတ်ပြခဲ့တယ်မဟုတ်လား။ အသက်ကြီးတိုင်း Senior ကျတိုင်းသူမြတ် သူကောင်းဖြစ်ပါသလား။


ကိုဆန်းဆင့်ရယ်ထိလိုက်တဲ့ နှလုံး သားရိုက်ချက်ကြီးဗျာ။ ကျုပ်စစ်ဆေးရုံ နှလုံးသာရောဂါဆင်းလူနာကြီးနှလုံးသား ကိုထိတယ်။ အသိသတိဆိုတာ အရေး ကြီးပြီ။ သွေးစည်းဖို့လိုတယ်။ မောင်ဖြူ မမဲ မခွဲခြားပဲ ရှေ့ခရီးဒီမိုကရေစီပန်းတိုင် လျှောက်နေတာပါ။ ကိုဆန်းဆင့် အနိစ္စ= မမြဲခြင်း၊ ဒုက္ခ= ဆင်းရခြင်း၊ အနတ္တ= အစိုး မရခြင်းလက္ခဏရေး (၃) ပါးလက်ကိုင် ထားရမယ်ဗျ။ ကျုပ်တို့က မအိုမနာမသေ  မသေခင်အမှန်တရားကို စွဲမြဲစွာလက်ကိုင်  ထားပြီးအမှားကို အထူးရှောင်ဖို့လိုတယ် ဗျ။ ကိုဆန်းဆင့်ရေ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊ ခင်ဗျားရဲ့ စာသမားတပ်မှူးကြီးယောနက ဘိုးထောင်အကြံပြုတင်လိုက်ပါတယ်ခင်ဗျား။
“ရှေ့သို့ကိုဆန်းဆင့်မြန်မာပြည်အတွက်  ဆက်လုပ်”
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
“ကိုဆန်းဆင့်အားရှိခိုးဦးချကန်တော့ အပ်ပါတယ်ခင်ဗျား”

ယောနကဘိုးထောင် - Hot News


ရှေ့သို့ ကိုဆန်းဆင့် မြန်မာပြည်အတွက်ဆက်လုပ် ရှေ့သို့ ကိုဆန်းဆင့် မြန်မာပြည်အတွက်ဆက်လုပ် Reviewed by သစ်ထူးလွင် on 20:09 Rating: 5

11 comments:

Justicelovermyanmar said...

ထူးဆန်းတဲ့စာတစ်စောင်ပဲ၊ ကောင်းတယ်ဗျာ ဒါမျိုးတွေ ရေးနိုင်ကြရမယ်၊ ရေးကြရမယ်။ မှန်တယ်မှားတယ်ဆိုတာကတော့ သမိုင်းက အဆုံးအဖြတ်ပေး လိမ့်မပေါ့။

ipman said...

ကြိုက်တယ်၊ကျွန်တော်လဲဦးဆန်းဆင့် ဒေသမှုးမှာ လူကြီးတစ်ဦးတက်မဲ့ပွဲတိုင်း မတိုင်ခင်တစ်ညအကျိုမှာတွေ့နေကြပါဘဲ။သူကလဲသူ့အလုပ်သူလာလုပ်။ကျွန်တော်ကလဲ ကိုယ့်အလုပ်ကိုယ်လာလုပ်ပေါ့။သူကတည်ငြိမ်ပါတယ်။ပြာယာမ ခတ်ဘူး။ခုသူလုပ်မဲ့အလုပ်ကိုဖတ်ရတော့အံ့သြမိတယ်။ပြောင်မြောက်လှချေလား လို့လဲယခင်ထက်ပိုလေးစားမိတယ်။ ဦးရွှေမန်းပြီးရင်တော့ အပြောင်မြောက်ဆုံး သူဘဲ။ထောက်ခံတယ်ဗျာ သတ္တိရှိရှိဆက်လုပ်ပါ။ညီငယ်တစ်ယောက်(သို့)ပြည်သူ တစ်ယောက်အနေနဲ့အပြည့်အ၀ထောက်ခံအားပေးနေပါကြောင်းဖော်ပြအပ်ပါ သည်။(စီနီယာဆိုလဲအရပ်ဝတ်လဲရာထူးငယ်တာတောင်လေးစားတတ်တာအသိ ပါ)ယခုတော့ပြည်သူ့အတွက်ဆက်လုပ်ပေးနိုင်ပါစေဗျာ။

Unknown said...

very good letter. We need a good citizen like the writer. His letter sends the signal to the government of Burma to be truthful and accountable officals.
I hope this letter has reached to the Minister U Sann Sint

pyichitziwaka said...

နောက်မဆုတ်ကြနဲ့၊ ပြည်သူအတွက်လုပ်နေတာ၊ အခြေခံဥပဒေဇကာပေါ်ကျန်တဲ့လူမှန်တယ်လို့ ခုချိန်သပ်မှတ်မှာ၊ ပြည်သူ့အကျိုးဆိုရင် ပြည်သူနဲ့တပ်မတော်က ထောက်ခံမှာဘဲ......

Unknown said...

တကယ်ဘဲကောင်းတဲ့စာပါလွှတ်တော်ဥက္ကဌတစ်ယောက်ရဲ့စိတ်သဘောထားသူ့ရဲ့ကိုယ်ကျင့်သီလကိုမြင်ခဲ့ရတယ်အထက်ကရေးထားတဲ့အတိုင်းမှားမှန်ကိုတော့သမိုင်းကဆုံးဖြတ်ပါလိမ့်မယ်။

Unknown said...

ကျုပ်တို့ဧရာဝတီသားတွေအပြည့်အဝ ထောက် ခံတယ်

ပေါင်းစားတဲ့ခေတ်ကုန်သင့်ပြီ

ဘာတွေပေါင်းစားကြလဲဆိုတာ

လွှတ်တော်ကသိပြီးသားပါ

မမှန်တဲ့အစိုးရအဖွဲ့ကျရှုံးပါစေ

tayzaraung said...

အထက်အထက်ကပုဂ္ဂိုလ်များရဲ့ထောက်ခံချက်များကပြီးပြည့်စုံလှတာ
မို့သိပ်တောင်ထပ်ပြောစရာမရှိလောက်အောင်ကောင်းနေပါတယ်။
ဦးဆန်းဆင့်ရေ လုပ်ပါ၊ဆက်လုပ်ပါ စာရေးသူပြောသွားသလိုဘဲ
တိုင်းပြည်အကျိုးရှေးရှုတဲ့လုပ်ဆောင်မှုတိုင်းအတွက်ပြည်သူများက၀မ်း
ပန်းတသာထောက်ခံနေကြမှာပါ။

Patriot said...

ဘာရေးထားတာလဲ နားသိပ်မလည်ဘူးဗျ
စွပ်စွဲတဲ့ကိစ်စ ကို ပြောချင်နေတာလား
ဒါဆိုလည်း တည့်ပြောဗျာ ထောက်ခံတယ်

Unknown said...

ကောင်းလိုက်တဲ့စာသား

Unknown said...

ဦးဆန်းဆင့်ရေ...ဧရာဝတီ ၀န်ကြီးချုပ်အကြောင်း ကောင်းကောင်း
သိပါ့ဗျာ....သစ်တောဝန်ကြီးဌာနကို ဆရာမွေးတပည့်မွေးပြီး ဖျက်စီးသွားတဲ့ အဓိကတရားခံဟာ သူပေါ့ဗျာ....အခုအချိန်ထိ အကျင့်ကမပျောက်သေးဘူး....ပြည်သူု့အကျိုးအတွက် တိုင်းဒေသကြီးလွှတ်တော် အနေနဲ့ လုပ်စရာရှိတာဆက်လုပ်ဘို့ တိုက်တွန်းပါတယ်။ အဖျားတော့ ရှူးမသွားစေချင်ဘူး......

aungkokoko8@gmail.com said...

သူတို့တင်ခဲ့မှရွှေတိဂုံဘုရားထီးတော်ဖြစ်ရမှာကျလို့အဲဒီတုန်းကယတြာချေတာချင်တာမဟုတ်ယင်တော့သာဓုခေါ်ချင်ပါတယ်စေတနာတွေကောင်းခဲ့ကြသားနဲ့ဗိုလ်မှူးတွေဘာလို့နိုဗယ်လေးမမှန်းတာလဲအလံရှူးတွေလား

Powered by Blogger.