နေ့ခင်း၌ သိန်းသုံးထောင်ကျော်တန်ဖိုးရှိ စိန်၊ရွှေများ ဖောက်ထွင်းခံရ

ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့ တော်၊ မရမ်ကုန်းမြို့ နယ်၊ အိမ်အမှတ် ၅၊ ရပ်ကွက် ၂၊ ဒေးဗစ်ရွှေနုလမ်းတွင် စက်တင်ဘာလ ၂၈ ရက်နေ့က အိမ်ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရှင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

“မနက် ၉နာရီခွဲလောက်မှာ ခိုးခံရတယ်။ ကာလတန်ဖိုး အနေနဲ့ သိန်းသုံးထောင်ကျော်လောက်ရှိတယ့် စိန်ရယ် ရွှေရယ် ပါသွားတယ်။ အခု အမှုဖွင့်ထားပါတယ်” ဟု၎င်း ကဆိုသည်။

The Voice Weekly


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်