သမ္မတဦးသိန်းစိန်ရန်ကုန်လေဆိပ်အရောက်တွင် လူထုဖြင့် ခမ်းနားစွာကြိုဆိုရန်စီစဉ်နေ

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အောက်တိုဘာ ၁ရက်နံနက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်ရာ သမ္မတကြီးအား လူထုဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုရန် စီစဉ်နေကြောင်း လူထုလူတန်းစား အဖွဲ့အစည်းများက ပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က နယူးယောက်မြို့ Sutton Place လမ်းရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နေအိမ်တွင် မစ္စတာ ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံစဉ်။ Photo courtesy of President Office

သမ္မတဦးသိန်းစိန်ရန်ကုန်လေဆိပ်အရောက်တွင် လူထုဖြင့် ခမ်းနားစွာကြိုဆိုရန်စီစဉ်နေ သမ္မတဦးသိန်းစိန်ရန်ကုန်လေဆိပ်အရောက်တွင် လူထုဖြင့် ခမ်းနားစွာကြိုဆိုရန်စီစဉ်နေ Reviewed by သစ်ထူးလွင် on 03:35 Rating: 5

3 comments:

အခြေနေအမှန် said...

ကြံ့ခ်ုင်ရေး Nld တွေဆိုတွာတွေကို အာရုံမှာမရှိတော့တဲ့ ပြည်သူနဲ့ တစ်သားထဲ ရှိတဲ့ ငါတို့ သမ္မတပါဘဲ

Unknown said...

National hero တစ်ယောက်အဖြစ်အသိ အ မှတ်ပြု
ဂုဏ်ယူပါသည်

မြန်မာနိုင်ငံ၏ PIONEER

ကျန်းမာချမ်းသာပါစေလို့ ပြည် သူ များ ကိုယ် စား
ဆု တောင်မေတ္တာပို့သပါတယ်

အကျင့်စာရိတ္တ ပြည်သူများကိုသနားငဲ့ညှာမှု
ဂုဏ်ပုဒ်များကြောင့်ဧရာဝတီသားအား လုံး က လည်း
ဂုဏ်ယူပါတယ်

ဖိုးဖိုးကြီး said...

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ခရီးစဉ်အောင်မြင်စွာဖြင့်ပြန်လာသည့်အ
တွက် ပြည်သူအားလုံးကဝမ်းပမ်းတသာကြိုဆိုကြသည့်မြင်ကွင်ကိုကြည့်
လိုက်ရတာဘယ်လိုမှမဖေါ်ပြနိုင်သည့်ခံစားမှု့မျိုးကို ဖြစ်ပေါ်ခံစားခဲ့ရပါသည်။
သမ္မတကြီး၏တိုင်းပြည်တိုးတက်ရေးကိုစိတ်ပါလက်ပါဆောင်ရွက်နေတာ
ကိုမြင်ရတော့ဦးနေဝင်းနှင့်ဦးသန်းရွှေတို့လက်ထက်ကကုန်ဆုံးသွားသည့်နှစ်တွေကိုအရမ်းနှမျှောမိပါသည်။နှစ်ပေါင်း(၅၀)ဆိုသည့်အတိုင်းအတာအတွင်း တိုင်းပြည်ကြီးတိုးတက်မှု့မရှိခဲ့တာတော့ ဝမ်းနည်းယုံမှလွှဲပြီး၊ဘာမှမ
တတ်နိုင်ပါ။သို့သော် ဦးနေဝင်း ခေတ်အချိန်အခါကတိုင်းပြည်မငြိမ်မသက်
ဖြစ်ခဲ့သည့်အပြင်၊လူတွေလည်းသေကျေခဲ့ကြရသည်။ ဦးသန်းရွှေလက်ထက်မှာတော့ တိုင်းပြည်အတွက် လမ်း/တံတား/ဆည်/
မြောင်း/တာတမံ တွေကိုပြုလုပ်ခဲ့သဖြင့်၊လယ်ယာစိုက်ပျိုးရေးနှင့်လမ်းပမ်း
ဆက်သွယ်ရေးများအားလုံးကောင်းမွန်လာခဲ့ပါသည်။အစိုးရ အပြောင်းအလဲ
ပြုလုပ်သည့်အချိန်မှာလည်း အေးချမ်းစွာဖြင့်အရပ်သားအစိုးရကိုလွှဲပြောင်း
ပေးခဲ့ပါသည်။ယခုလို-ဒီမိုကရေစီဖေါ်ဆောင်ရာမှာလည်း၊မည်သည့်အာဏာ
ကိုမှဆက်လက်မသုံးစွဲဘဲ၊ လက်ရှိလုပ်ဆောင်နေသည့်အရပ်သားအစိုးရဖြစ်
သော သမ္မတကြီးဦးသိန်းစိန်၏အတွေးအခေါ်ဥာဏ်ပညာအသုံးချနေခြင်းကို
အဟန့်အတားပြုလုပ်ခြင်းလည်းမရှိတော့ပါ။သမ္မတကြီးဦးသိန်းစိန်မှဖြစ်သင့်
ဖြစ်ထိုက်သည်များကိုအဆင့်ဆင့်လုပ်ဆောင်မှု့များကိုလည်းလွတ်လပ်စွာပြု
လုပ်နိုင်ခြင်း/ပြုပြင်ပြောင်းလဲမှု့များကိုအထစ်အငေါ့မရှိစေသည်မှာကောင်း
သော အစိုးရပြောင်းလဲမှု့မှာအကောင်းဆုံးဖြစ်ခဲ့ပါသည်။ဦးသန်းရွှေ၏လက်
ထက်အုပ်ချုပ်မှု့အောက်တွင် အားလုံးသောအစိုးရအဖွဲ့ဝင်များတို့သည်စီမံ
အုပ်ချုပ်မှု့အောက်တွင် ငြိမ်ဝပ်ပိပြားစွာဖြင့်ရှိနေခြင်းသည်ဥိးသန်းရွှေအရည်အချင်းဖြစ်သည်။ ယခုဆိုလျှင်-သမ္မတကြီးဦးသိန်းစိန်၏အရည်အချင်းရှိမှု့
ကြောင့် ယခင်ရန်သူများအားလုံးကိုပင်-မိတ်ဆွေမိသားစုအသွင်ဖြစ်အောင်
စွမ်းဆောင်နိုင်ခဲ့လေသည်။ တစ်ခုတည်းသောကျန်နေသည့် KIA ကချင်အ
ဖွဲ့နှင့်ငြိမ်းချမ်းရေးသာညှိနှိုင်းရန်သာရှိတော့သည်။နိုင်ငံအတွင်းငြိမ်းချမ်းရေး
များအားလုံးအောင်မြင်သွားပါက-ဒီမိုကရေစီစံနစ်ပန်းတိုင်မှာ မဝေးတော့ပါ။
အောင်မြင်ရန်ရာခိုင်နှုန်းပြည့်ဖြစ်လာနိုင်လိမ့်မည်ဟုယူဆပါသည်။
သမ္မတကြီးဦးသိန်းစိန်သည်ယုံကြည်ချက်ရှိသူတစ်ဦးဖြစ်သည့်အတွက်နိုင်ငံ
တော်၏ခေါင်းဆောင်ကောင်းတစ်ယောက်အဖြင့်သမိုင်းတွင်ရစ်မည်မှာမုချဖြစ်
ပါသည်။

Powered by Blogger.