ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်

မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ တသိန်း ဆုပေးမယ်လို့ ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။

ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ် အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သူက နောက်အလားတူ ရုပ်ရှင်ဇာတ်လမ်းမျိုး ရိုက်သူရှိရင်လည်း အဲဒီလူကို သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ တသိန်း ပေးမယ်လို့ ဆိုပါတယ်။

အဲဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုးလည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာဂတ် မှာအကြီးအကျယ် အန္တရာယ် ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့ ပြောကြားချက်တွေနဲ့ သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာဌာန)

ဆုငွေပေးမယ်ပြောတဲ့ ပါကစ္စတန်ဝန်ကြီး ဘီလား
ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ် ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ် Reviewed by သစ်ထူးလွင် on 17:51 Rating: 5

12 comments:

Anonymous said...

သူတို့ထိတော့နာတတ်လိုက်ကြတာ

Myanmar said...

မြန်မာအစိုး၇အနေနဲ့ ဘင်ဂါလီတွေနဲ့ ဆက်ဆံပုံကိုမြန်မြန်ပြောင်းသင့်တယ်။ ကြံ့ဖွတ်တွေ မဲခိုးဘို့ဘဲစဉ်းစားပီးတိုင်းပြည်ကိုေ၇ာင်းမစားသင့်ဘူး။ မောင်ဦးလို တင်အောင်မြင့်ဦးလို ဘင်ဂါလီဆီကမဲကိုမက်တဲ့ကြံဖွတ်တွေကြောင့် တိုင်းပြည်ဒုက္ခအကြီးကျယ်ဖြစ်သွားနိုင်တယ်။

diplomat said...

ဒီလို ဆုငွေထုတ်တာဟာ သူတို့ဘာ သာရဲ့ ဇာတိ ရုပ်ပါပဲ

minmoenat said...

ခင်ဗျားတို့ပြောဆိုနေကြတဲ့လူ့အခွင့်အရေးဆို တာတခြားဘာသာတွေကိုမထိခိုက်စေသင့်ဘူး အရင်တုန်းကလည်းအာဖကန်မှာဘာမှမပြောတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကိုအမြှောက်နဲ့ထု ဖျက်ဆီးပြခဲ့တယ်အဲဒီအချိန်ကမင်းတို့ညံ့တာ မင်းတို့ခံလို့အယူအဆရှိသူတွေကိုတွေ့ဖူးခဲ့ တယ်သူများဘာသာကိုလေးစားရမယ်လို့ပြော ဆိုသူကိုမတွေ့ခဲ့ရဘူး အခုကျွန်တော်တို့အ မြင် မှာဆိုရင်ဒီဇာတ်ကားဟာလုံးဝမကောင်း ဘူး။ဒါဟာစော်ကားတာပဲ။အခြားဘာသာကို လေးစားသင့်တဲ့အတွက် ဘုရားရဲ့ရန်သူတော် တွေဆိုပြီးနှိပ်ကွပ်တာ ခေါင်းတော်ဖြတ်ပြတာတွေကိုမလုပ်သင့်ဘူးဆို တာကိုယ်ချင်းစာတတ်ရင်သိနိုင်ပါတယ် ။ဒါ့ကြောင့် ဒီကားကိုရှုတ်ချသလို အစွန်းရောက် ပြီးသူများဘာသာ ပျက်စီးရာပျက် စီးကြောင်းပြုလုပ်နေသူများနဲ့ ပြု လုပ်ရန်အမြဲကြံစည်အားထုတ်မြှောက်ပင့် နေသူများကိုငြိမ်းချမ်းစွာကိုးကွယ်နေထိုင်ချင် သူတိုင်းကရှုတ်ချသင့်ပါကြောင်းတင်ပြအပ်ပါသည်

ladyjune33 said...

သူများဘာသာရဲ့ ဘုန်းတော်ကြီးကျောင်းတွေကျတော့ မီးရှို့တယ်။သူတို့ဟာကျတော့ အထိမခံဘူး။ကောင်းပါ့။

Unknown said...

ဘာသာရေးကိုစော်ကားတာမခံနဲ့

ဒါပေမယ့်လူတိုင်းကိုတော့လူလိုသဘောထားပါ

ကိုယ့်လူတွေကိုလဲပြောပါအုံး

သူများဘာသာတွေကိုလဲ မစော်ကားပါနဲ့လို့

အခြားဘာသာ သာသနာ ယဉ်ကျေးမှု မစော်ကားဖို့

တိုက်တွန်းလိုက်ပါတယ်

Vampire13 said...

ကားနာမည်ကဘာတဲ့လဲဗျ...
သိသူရှိရင်ပြောပြပါလား..ကြည့်ချင်လို့ပါ...

နေနတ်သား said...

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရင်တော့ ကောင်းတာပေါ့ တို့ဘာသာကိုတော့စော်ကားပြီး သူတို့ဘာသာထိတော့ သဲသဲလှုပ်နေတာ သူတို့ အောက်တန်းကျကြောင်း ပြတာဘဲ

owner said...

ဘာသာတိုင်းမှာ ယုံကြည်ချက်အယူဝါဒ အသီးသီးရှိကြပါတယ် ဒါကြောင့်လည်းထွန်းကားလာကြတာပါ တချို့ကလည်းဘာသာပြောင်း
တာတွေရှိကြပါတယ် ဒါပေမဲ့လူသားချင်းစာနာမှု့ကင်းတဲ့အကြမ်းဖက်လုပ်ရပ်အားလုံးကိုတော့
လူမျိုးဘာသာမရွေးအားလုံးကရှုံချတယ် ဒီလူမျိုးတွေကမ္ဘာပေါ်မှာမရှိသင့်တော့ပါဘူး

Unknown said...

အကြမ်းဖက်သားတွေကို ကျောင်းမှန်းကန်မှန်းသိအောင် ဆုံးမသင့်တာကြာနေပြီ။ ပထမ အကြမ်းဖက်သမားတွေဆီက ဘာမှ မ၀ယ်ကြနဲ့။ အလွယ်ဆုံးနည်းလမ်းက စကြမယ်။

Unknown said...

ဘာသာတရား၊ဆိုတာကိုးကွယ်ယုံကြည်မှုပါဘဲ။မိမိယုံကြည်ရာကို၊ကိုးကွယ်
စည်းကပ်သင့်ပါတယ်၊လွတ်လပ်စွာယုံကြည်ကိုးကွယ်တဲ့နေရာမှာ၊မိမိဘာသာတရားကိုသက်ဝင်ယုံကြည်သလိုတခြားသောဘာသာတရားတွေကိုလေးစားရမှာကတော့လူ့အသိုင်းအ၀ိုင်းထဲမှာနေတဲ့လူယာဉ်ကျေးတွေလိုက်နာရမယ့်အချက်ပါ၊ယာဉ်ကျေးတဲ့လူမျိုးတစ်မျိုးဟာပြောစရာမလိုဘဲအလိုလိုသိတတ်ရတယ်
ကိုးကွယ်တဲ့ဘာသာကောင်းတယ်မကောင်းဘူးဆိုတာကိုးကွယ်သူ(သို့)သက်
ဝင်ယုံကြည်သူနဲ့သာသက်ဆိုင်တာပါ၊
ယုံကြည်သက်ဝင်သူတွေက၊မိမိဘာသာဘဲကောင်းတယ်၊တစ်ခြားဘာသာတွေ
ကိုပုတ်ခက်ပြောဆိုတယ်ဆိုရင်၊သေချာတာကတော့ပြောတဲ့သူတွေရဲ.ဘာသာမှာချို့ယွင်းချက်ရှိနေပြီဘဲ
ကိုယ့်ဘာသာထိလို့နာတတ်ရင်၊တခြားဘာသာကိုလည်းမစော်ကားနဲ့ပေါ့၊

khun naung said...

ကိုဘာသာထိတောနာတယ်ပေါ အခု ဘင်ဂလာမှာရှိတဲ့ ဗုဒွဘာသာတွေနဲ ဘုရားတွေကိုဖျက်တာကော ဖျက်တဲ့လူကို ဆုငွေအုံးမလာ


Powered by Blogger.