ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့




မန္တလေး-စက်တင်ဘာ၂၂

မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင် ကျူးကျော်သူများအား ယနေ့နေ့လည်က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် မန်းမြို့တော်ဝန်ကို ကျူးကျော် တစ်ထောင်ခန့်က
ဝန်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်းတိုက်တွင် ၁ နာရီခွဲကြာ ပိတ်မိနေခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ ၀င်ရောက် ဖြေရှင်းပေးခဲ့မှုကြောင့်
ညနေ၃နာရီအချိန်မှ အဆိုပါကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည် ထွက်ခွာနိုင်ခဲ့ ကြောင်းသိရသည်။

ှကျူးကျော် သူများပြောင်းရွေ့ ပေးရန်တွေ့ဆုံမှူတွင် ကျူးကျော်နေထိုင်သူများမှ
ဖယ်မပေးနိုင်ကြောင်း ၊မိမိတို့သည်ဝယ်ယူ နေထိုင်သူများဖြစ်ပြဲီး ကျူးကျော်နေထိုင်သူများမဟုတ်ကြောင်း၊နေစရာလည်း မရှိကြောင်းဖယ်ရှာ ပေးစေလိုပါက
နေစရာအရင်ပေး ရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။

မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင်သေးကြောင်း၊
ကျူးကျော်သူများကိုတွေ့ဆုံရခြင်းသည်ဝယ်ယူထားသောစာချုပ်များကိုကြည့်ပြီးရောင်းချသူများကိုတရားစွဲရန်နှင့်
တရားစွဲလျှင်လည်းလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
သတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်အတွက်ကျူးကျော်ရပ်ကွက်တွင်ဝယ်ယူ
နေထိုင်သောပြည်သူများကမကျေနပ်၍်မန်းမြို့တော်ဝန်ဦးအောင်မောင်းအား
ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

စိုင်းလမင်း-Popular Myanmar News Journal
ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့ ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့ Reviewed by သစ်ထူးလွင် on 08:59 Rating: 5

18 comments:

Unknown said...

ဖြေရှင်းပေးသင့်ပါတယ်

မြို့တော်ဝန်ရယ်

နေစရာပေးလိုက်ပါ

Unknown said...

ဖြေရှင်းပေးသင့်ပါတယ်

မြို့တော်ဝန်ရယ်

နေစရာပေးလိုက်ပါ

HighLander said...

ပြည်သူ့အတွက်လုပ်မယ်ဆိုတဲ့အစိုးရအဖွဲ့ ။ တိုင်းတပါးကတရုတ် ကလား ဘင်္ဂါလီတွေကိုတောင်နေစရာပေးထားတာပဲ။ ပြည်သူအစစ်ကိုဘာကြာင့်ငြင်းပယ်နေတာလဲ။မလုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တဲ့သူကိုသိက္ခါရှိရှိနေရာဖယ်ပေးလိုက်ပါ။အဲတာဆိုရင်ပြည်သူအတွက်အနစ်နာခံခဲ့တဲ့မြို့တော်ဝန်ဆိုပြီးသမိုင်းမှာမှတ်တမ်းတင်ခံရမယ့်အခွင့်အရေးရှိပါတယ်။နို့မဟုတ်ရင်တော့...???

Unknown said...

ရော့် ခက်ပါလာ့း ဘယ်နှယ့်သူများမြေကိုအတင်းအဓမ္မလိုချင်နေကြတာလဲ။။။ အလိမ်ခံရတယ်ဆိုရင်လည်းလိမ်တဲ့သူကိုရှာ တရားစွဲကြပေါ့။ကိုယ့်ဘာသာကိုအလိမ်ခံရတိုင်းဂရန်ပိုင်ရှင်တွေမှာကြားကနေငထွားခါးနာပေးရမှာလား။

ladyjune33 said...

ပုရွတ်ဆိတ်မှာတောင် ဒေါသရှိသေးတာပဲ။အခုက လူတွေလေ။လူမှာ စား ဝတ် နေရေး က အရေးကြီးဆုံးဆိုတာ အားလုံးသိပါတယ်။

Burma Python said...

အော်မြို့တော်ဝန်ကြီးလို မှေ နစရာတွေဟောတမြို့ဟောတမြို့
ဟောတအိမ်၊ဟောနှစ်အိမ်၊ဟောသုံးအိမ်မရှိတာပဲ ကိုယ်ချင်းစာ
ပါ အုံး ဗျာ။ ဘုံးဇော်ဖျံ၊ တို့ အောင်သိမ်းကျုံး တို့လို မြို့ဒေါ်ဝံ
ဟောင်းကြီးတွေဆို မြန်မာပြည်အနှံ့ အိမ်အလုံး(၂ဝ)ထက်မ
နည်းပိုင်ဆိုင်ကြတယ်ဆိုပဲ။ အိမ်(၁)လုံးအထက်ပိုင်တဲ့အရင်
လုပ်ပိုင်ခွင့်ရှိခဲ့သူတွေ၊အခုဘုံးပိုင်ခွင့်ရနေတဲ့သူတွေထံကပို
တဲ့အိမ်တွေပြန်သိမ်းပြီးတအိမ်ကိုကျူးကျော်မိသားစု(၅)စုနှုန်း
ထားနေခိုင်းရင်တော်တော်အဆင်ပြေသွားပါမယ်

lwinmin said...

ကျုးကျော်ရပ်ကွက်ဘဲ..ဖယ်ခိုင်းယင်ဖယ်ပေးရမှာပေါ့...ရောင်းချခဲ့တဲ့သူကိုတရားစွဲပေါ့ကွ...မန်းစည်ပင်က တရားဝင်ချပေးထားတာမှ မဟုတ်ဘဲ...၀ယ်တုန်းက သေသေချာချာကြည့်ကြပေါ့နော်...အစားနေရာတော့ မြို့တော်ဝန်က ပေးချင်မှပေးမှာပေါ့..ဒီမီုကရေစီ ရတယ်ဆိုပြီးတော့ ထင်တိုင်းမလုပ်ကြနဲ့လေ...သမ္မတလည်း သနားကြပါအုံး...

gabarkyaw said...

ကျူးကျော်ရပ်ကွက်နှင့် ကျူးကျော်သူများထံသို့ သွားရောက်ရာတွင် လုံခြုံရေးအင်အားနှင့် သွားသင့်ပါသည်။

Unknown said...

ရောင်းသူကိုဖမ်းဖို့က ဘယ်တော့လဲ? ရောင်းစားနေချိန်မှာ မန်းစည်ပင်ကဘာကြောဥာချက်တွေထုတ်ပြန်ပေးလဲ တိကျပွင့်လင်းတဲ့ ကြေညာချက်တွေကို သတင်းစာမှာ သာ ကြေညာထားရင် ဝယ်မည့်သူကောရှိမှာလား ? စည်ပင်ဝန်ထမ်းတွေ ကိုယ့်တာဝန်က ဘာလဲဆိုတာကော မှတ်မိသေးရဲ့လား? လစာမလောက်လို့ လာဘ်စားတာကို မပြောနားလည်ပေးပါတယ် . စားပြီးနားမလည် ဝါးပြီးထွေးထုတ် မလုပ်ပါနဲ့  ရောင်းနေတယ်လို့ ကြားကတည်းက ဘာလို့မဖမ်းပဲ တော်တော်များများရောင်းဝယ်ပြီးမှ ကျူ ကျော်ဆိုပြီး ဖယ်ခိုင်းသလဲ ?

Unknown said...

ခံရတဲ့သူတွေမသက်သာကြပါလား တော်တော်ခံပြင်းကြမှာဘဲ ပိုက်ဆံပေးပြီးဝယ်ထားတာဆိုတော့နှမျောကြမှာဘဲ

Unknown said...

အဲဒီလိုမိုးတော့မလုပ်သင့်ပါဘူး...ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကျူးကျော်နေထိုင်တဲ့လူတွေမဟုတ်ကြလို့ပဲ...သူတို့တွေကဒီမြေနေရာကိုစာချုပ်နဲ့ပိုက်ဆံပေးပြီးဝယ်ထားကြဒါ...တကယ်ဆိုအဲဒီနေရာကို...ကျူးကျော်နေရာလို့သတ်မှတ်ထားရင်အစောကြီးထဲကဖျက်သိမ်းပါလား....ဘာဖြစ်လို့အခုမှလာပြီးဒီလိုလုပ်ရတာလဲ...အခုဆိုသူတို့တွေမှာအိုးမဲ့အိမ်မဲ့ဖြစ်သွားကြပြီ...လူသားချင်းစာနာကြပါ...ကိုယ်ကြတော့တိုက်နဲ့နေပြီးဘယ်သူဘာဖြစ်ဖြစ်....ငတေမာရင်ပြီးရောဆိုတဲ့...ခတ်ညံ့ညံ့အတွေးအခေါ်တွေကိုပြောင်းလဲပြစ်ပြီး..ဖွင့်ဖြိုးတဲ့အတွေးသစ်တွေဝင်ရောက်ပါစေလိုပြောချင်ပါတယ်.........

Unknown said...

ရော့်ဂရန်အမည်ပေါက်ပိုင်ရှင်ရှိပြီးသားမြေတွေပါဆိုနေမှဗျာ၊မန္တလေးမှာဂရန်မြေကိုဝယ်တယ်၊အိမ်မဆောက်ပဲထားထားတယ်၊လူလိမ်ကလက်ညှိုးထိုးပြီးဈေးပေါပေါနဲ့လိမ်ရောင်းတယ်၊မသိလို့ဝယ်မိတဲ့သူလည်းရှိတယ်၊မဝယ်ဘဲကျူးကျော်နေတဲ့သူတွေလည်းရှိတယ်၊သိရက်နဲ့ဝယ်ပြီးအိမ်ယာမဲ့တွေကိုခြံစောင့်နေခိုင်းရင်းဝယ်ရောင်းလုပ်နေတဲ့သူတွေလည်းရှိတယ်၊ဂရန်ပိုင်ရှင်ကကိုယ့်မြေကိုပြန်ပေးဖို့ဖယ်ခိုင်းတော့ရန်ပြုတယ်၊ဒါတွေကအခုမှဖြစ်နေတာမဟုတ်ဘူး၊ယခုနှစ်အစောပိုင်းကတည်းတဖြစ်နေတာ၊စည်ပင်ကိုတစ်ဉီးချင်းတိုင်တာဘာမှမလုပ်ပေးဘူး၊ပြီးခဲ့တဲ့၂လလောက်တုန်းကအဲဒီကမြေပိုင်ရှင်အချို့ကစာချူပ်စာတမ်းတွေနဲ့စုပေါင်းလက်မှတ်ထိုးပြီးသမ္မတထိတင်တော့အခုလိုတွေဖြစ်လာတာ။။။။ကဲ့ဇာတ်လမ်းကတော့ဒါပါပဲ၊အဲဒီတော့သူတို့ကိုစာနာတဲ့သူတွေကကိုယ်နေတဲ့မြေကိုခွဲပေးလိုက်ဆိုရင်ပေးနိုင်မလားပြန်စဉ်းစားကြပါ။သူတို့ဘက်ကနစ်နာတယ်ဆိုရင်အခြားတစ်ဖက်မှာလည်းနစ်နာသူတွေရှိပါတယ်၊။။။။။။။။

နေမင်းခန့်  said...

မြို့ တော်ဝန်ကိုချည်း ပြောမနေနဲ့ ဦး ပွဲလန့် တုန်းဖျာခင်းတဲ့သူတွေက 90 ရာခိုင်နှုန်းလောက်ပါတယ်..အဲဒီမြေကွက်တွေကို ကျူးကျော်မဟုတ်ပဲဝင်လုပ်စားတဲ့သူတွေကပိုများတယ်..... များသောအားဖြင့်တော့ စစ်တပ်က စစ်မှုထမ်းဟောင်းတွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်တွေတပ်ကြပ်ကြီးတွေ နဲ့ အဲဒီ့ရပ်ကွက်က အုပ်ချုပ်ရေးမှုးတွေပါ... ကျွန်တော်သိတဲ့စစ်မှုးထမ်းဟောင်းတစ်ယောက်ဆိုသူများကိုပြန်ရောင်းစားတာ1 သိန်းလေးသောင်းနဲ့ ပြီးတော့တပ်ကြပ်ကြီးတစ်ယောက်ဆို သုံးကွက်တောင်ရထားတယ်... အဲဒီတော့ လုပ်ကြတုန်းကတော့ ကို့ ဟာကိုဒိုင်ရှိုလေးကြိတ်ပြီးလုပ်ကြတယ်...တရားဥပဒေ ကဝင်လာတော့ မတရားဘူးလေး ဘာဖြစ်တယ်လေးညာဖြစ်တယ်လေးနဲ့ တိုင်းပြည်အုပ်ချုပ်သူတွေဘက်လဲနည်းနည်းထည့်တွက်ကြဦးလေ.....တိုင်းပြည်လဲအုပ်ချုပ်ရသေးတယ် ဒီလူလည်ကျ နှစ်ပေါက်တစ်ပေါက်ရိုက်တဲ့ဟာတွေလဲ ဖြေရှင်းရသေးတယ် ဒီကြားထဲကျေးဇူးမတင် ကောင်းတာမပြောတဲ့အပြင် မကောင်းပြောပါခံနေရတယ်ဆိုတော့ ပြည်သူတွေ ကလဲပြည်သူ့ သိက္ခာရှိကြပါတော့လို့ ............

Unknown said...

နေစရာပေးလိုက်ပါဘာဖြစ်လို့လဲဆိုတော့သူတို့တွေမြန်မာနိုင်ငံသားဆင်းရဲတယ်
နေစရာမရှိဘူး....မြန်မာ့ရေ...မြန်မာ့မြေမှာ...မြန်မာ့တွေနေစရာရှိရမယ်

Unknown said...

ပြောသားပဲဆန္ဒပြတာတွေဖြစ်လိမ့်မယ်လို့

ခေါင်းမာကြတယ်

ခေါင်းမာတဲ့သူတွေ

အနားယူခွင့်ပေးလိုက်တာ ကြားမှာပေါါ့

ယတြာလေးချေထားဦး

ခုံလှုပ်နေပြီ

Unknown said...

ပြောသားပဲဆန္ဒပြတာတွေဖြစ်လိမ့်မယ်လို့

ခေါင်းမာကြတယ်

ခေါင်းမာတဲ့သူတွေ

အနားယူခွင့်ပေးလိုက်တာ ကြားမှာပေါါ့

ယတြာလေးချေထားဦး

ခုံလှုပ်နေပြီ

သန့်နေဝင်း said...

တကယ်တမ်းတော့ ပေါချောင်ကောင်းရလို့ ဝယ်တာပါ။ မသေချာတဲ့မြေမှန်းသိသိနဲ့ လန ၃၉ ချပေးမယ် ဂရန်ချ ပေးမယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ဂယ်ကြတာပါ။ ရောင်းတဲ့ သူက ရောင်းပေမယ့် ဝယ်တဲ့သူက သေချာလေ့လာ စုံစမ်း ပြိးမှဝယ်ရမှာပေါ့။ ကိုယ်လိုချင်လို့ လုပ်ထားကြတာပါ။ တချို့ကတော့ ဝယ်ထားတာမဟုတ်ဘူး။ သူများမြေပေါ် အတည်ပေါက်လာနေပြိး အပိုင်ကြံတာပါ။ မင်းတို့ပိုင်တဲ့ မြေဆိုရင်ရော အဲဒီလိုလာနေတာာကို ခွင့်ပြုမှာလားလို့ အရင်စဉ်းစားကြပါကွာ။

Unknown said...

လူတို့ ၏ အဓိကလိုအပ်ချက်(၃)ရပ်တွင် နေစရာအတည်တကျမရှိလျှင် မည်မျှဆင်းရဲ ပင်ပန်းရမည် ကို ကိုယ်ချင်းစာတတ်လျှင် ၀င်ရောက်ခံစားကြည့်ပါ။ မြန်မာပြည် တွင် မြန်မာပြည်သူတွေ တောင် နေစရာ မရှိအောင် မည်သူတွေ နေနေကြလို့လဲ။မြန်မာ ပြည်သူတွေ အများကြီး ပင်ပန်းဆင်းရဲခဲ့ ပြီးပါပြီ။ ဒီနေ့ အခါလိုမျိုး ခေတ်ပြောင်းစနစ်ပြောင်း အထိ မြန်မာပြည်သူတွေကိုနေစရာ တောင်ပြန်မစီစဉ်ပေးနိုင်ဘူး ဆိုရင် ပြည်သူ့ အစိုးရ ပီသနိုင် ပါ့ မလား? လူအများအရေး ကို မိမိအရေးလိုစဉ်းစား ပေးနိုင်ပါစေ။

Powered by Blogger.