သမ္မတကြီးအား ထောက်ခံ၍ မစ္စတာကွင်တားနား၏ ပြောဆိုချက်များကို ကန့်ကွက်သည့် အနေဖြင့် မန်းတွင် ဆန္ဒပြ

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ကွင်တားနား ၏ ပြောဆိုချက်ကို ကန့်ကွက်သည့် အနေဖြင့် ယနေ့ နံနက် (၁၀)နာရီမှ (၁၁)နာရီအထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အသက် (၅၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက “သဘာဝကျကျ လုပ်ဆောင်တာပါ။ မြန်မာပြည်သူ ပြည်သားတွေ အတွက် လုပ်ဆောင်ပေးတဲ့အတွက် သမ္မတ ကြီးကို ထောက်ခံတဲ့ အနေနဲ့ ဆန္ဒပြရတာပါ” ဟုပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော အသက် (၃၀)ကျော်အရွယ်အမျိုးသား တစ်ဦးကလည်း “ကျွန်တော်တို့ အနေနှင့် သမ္မတကြီး၏ ပြောစကားကို ထောက်ခံပြီး မစ္စတာ ကွင်တားနားရဲ့ ပြောစကားကို မထောက်ခံတဲ့အတွက် အခုလိုဆန္ဒပြရခြင်း ဖြစ်သည်” ဟုပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော သံဃာတော်တစ်ပါးက “ဦးဇင်းတို့အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို အပြည့်အ၀ ယုံကြည်ထောက်ခံခဲ့ပါတယ်။” ဟုပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် သမ္မတကြီး ဦးသိန်းစိန်၏ ပြောစကားပိုစတာများ၊ သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကယ်တင်ပါ စသော ပိုစတာများကို ကိုင်ဆောင်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ၊ အမိမြေကို ကာကွယ်ပါ၊ အမိမြေကို ကာကွယ်စောင့်ရှောက်နိုင်ပါစေ၊ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ထောက်ခံပါတယ်။ စသော ကြွေးကြော်သံများနှင့် နိုင်ငံတော်သီချင်းများကို သံပြိုင်သီဆိုခဲ့ကြသည်။ ယင်းဆန္ဒပြပွဲကို စက်တင်ဘာ(၂)ရက်နေ့တွင် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ စက်တင်ဘာ (၃)ရက်နေ့တွင် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ စက်တင်ဘာ(၄)ရက်နေ့တွင် အမရပူရ မြို့နယ် အစရှိသော မြို့နယ်တို့တွင် စီတန်းလှည့်လည် ဆန္ဒပြမည်ဟု သိရသည်။

စိုင်းလမင်း - Popular Myanmar News Journal

သမ္မတကြီးအား ထောက်ခံ၍ မစ္စတာကွင်တားနား၏ ပြောဆိုချက်များကို ကန့်ကွက်သည့် အနေဖြင့် မန်းတွင် ဆန္ဒပြ သမ္မတကြီးအား ထောက်ခံ၍ မစ္စတာကွင်တားနား၏ ပြောဆိုချက်များကို ကန့်ကွက်သည့် အနေဖြင့် မန်းတွင် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 17:47 Rating: 5

No comments:

Powered by Blogger.