ကြေးနီစီမံကိန်း အရေး ဆောင်ရွက်နေသူ တဦး ဖမ်းဆီးခံရ

လက်ပံတန်းတောင် ကြေးနီ စီမံကိန်းမှ လျော်ကြေး ငွေမပေးဘဲ လယ်မြေ သိမ်းထားမှုနှင့် ပတ်သက်၍ လယ်သမား များဘက်မှ အကူအညီ ပေးနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ကိုဝေဠုအား သြဂုတ် ၃၁ ရက်နေ့ည ၈ နာရီခန့်တွင် မြင်းမူမြို့၌ အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ကိုဝေဠုသည် မုံရွာမှ ရန်ကုန်သို့ ကြေးနီစီမံကိန်းဝန်းကျင်မှ ရွာသား ၂ ဦးနှင့်အတူ သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီတွင် မုံရွာမြို့မှ ထွက်ခွာသော မုံရွာ-ရန်ကုန် ရွှေစင်စင်္ကြာကားနှင့် ထွက်ခွာလာစဉ် မြင်းမူမြို့သို့အရောက်တွင် လုံထိန်းအင်အား ၄၀ ခန့်က ကားကို ၀ိုင်းလိုက်ပြီး ဒေသအာဏာပိုင်များက ကားပေါ် သို့တက်ကာ ကိုဝေဠုအား ဖမ်းဆီးသွားကြသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးမှုများ ရပ်စဲရန် လက်ပံတန်းတောင်ခြေ၌ လူအင်အား ၁၀၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့သည်။

Popular Myanmar News Journal
ဖမ်းဆီးထိမ်းသိမ်းခံရသူ ကိုဝေဠု Photo : ThanLarWaddy Times
ကြေးနီစီမံကိန်း အရေး ဆောင်ရွက်နေသူ တဦး ဖမ်းဆီးခံရ ကြေးနီစီမံကိန်း အရေး ဆောင်ရွက်နေသူ တဦး ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 17:43 Rating: 5

No comments:

Powered by Blogger.