တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။

အရင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ သူ့ကို စိတ်ဒုက္ခ အပေးဆုံးကိစ္စဟာ လိုအပ်လာရင် တပ်မတော်က အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ခွင့်ပြုထားတဲ့ အချက်ဖြစ် တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင် စုက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း ပြောပါတယ်။

ဒါဟာ ရုပ်သိမ်းပေးဖို့ အချိန်ကျလာတာဖြစ်ပြီး လိုအပ်နေတဲ့အချိန်ကာလတုန်းက ဒီလို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဒီမိုကရေစီအရေး တွန်းအားပေးခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ အရေး ကို အဘက်ဘက်က ထောက်ခံအားပေးကြတဲ့ အမေရိကန်ပြည်သူ လူထုကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ ခဲ့ရသလို ကြုံနေရသူတွေအတွက် အားပေးစကားလည်း ပြောကြားခဲ့ပြီး မျှော်လင့်ချက်တွေက ဘယ်တော့မှ မစွန့်လွှတ်ဖို့နဲ့၊ မျှော်လင့်ရုံ မျှော်လင့်နေတာ မဟုတ်ဘဲ ကြိုးစားအားထုတ် အလုပ်လုပ်မှုနဲ့ အခြေအနေအကြပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှား သွားကြဖို့၊ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင် တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင် Reviewed by သစ်ထူးလွင် on 18:25 Rating: 5

11 comments:

gold said...

အမှန်ကန်ဆုံးပြောကြားချက်ပါ။တပ်မတော်အပါအဝင်နိုင်ငံဝန်ထမ်းအားလုံးတိုင်းပြည်နဲ့ပြည်သူလူထုအတွက်ဆိုတဲ့စိတ်ထားနဲ့တာဝန်ယူလုပ်ကိုင် ကြရင်တိုင်းပြည်တိုးတက်ပါတယ်။ထိုသို့မဟုတ်ငါသာလျင်ပြည်သူကိုအသက်စွန့်ရလို့။ငါသာလျင်ပြည်သူအသက်ကယ်ရလို့။ငါါသာလျင်ပညာသင်ပေးရလို့။ငါသာလျင်ကာယဥာဏလုပ်ရလို့။ငါသာလျင်တိုင်းပြည်စီးပွားရေးလုပ်ရလို့။အစအစအစရှိတဲ့ဝန်ထမ်းစိတ်မထားဘဲငါနဲ့ငါသာစိတ်ထားတွေထားနေကြလှိုသာတိုင်းပြည်နိမ့်ကျနေရတာကမ္ဘာ့အလယ်မှာပါ။ယခုစိတ်ထားတွေပြင်ကြပါလို့။မိမိဝါသနာပါရာတိုင်းပြည်အတွက်တာဝန်ထမ်းကြတာပါ။အခွင့်ထူးရချင်လို့ဝန်ထမ်းလုပ်ကြတာမဟုတ်ပါ။

Myat Thu said...

မှန်ပါတယ် တပ်မတော်ကဒီမိုကရေစီစနစ်ကိုအမှန်တ
ကယ်လက်ခံနိုင်ပါ့မလားဆိုတာစဉ်းစားစရာပါ ဖွဲ့စည်း
ပုံဥပဒေအရ သမ္မတနေရာကိုစစ်သားတွေပဲပေးမယ်လို့
အဓိပ္ပာယ်သက်ရောက်နေပါတယ်ဒါကိုလဲပြင်သင့်ပါ
တယ် နောက်တစ်ခု အမေစုကိုတင်ပြချင်တာက ဌာနဆိုင်
ရာအသီးသီးမှာနေရာယူထားတဲ့ အခြေခံကတက်လာ
တာမဟုတ်တဲ့ တပ်မတော်အသွင်ပြောင်းတွေကိုဖယ်ရှား
သင့်ပါတယ် သူတို့ဘာမှမသိပဲလျှောက်လုပ်နေလို့ တိုး
တက်မှုနှေးကွေးနေတာလို့ယူဆပါတယ်

wintunoo said...

အမေပြောတဲ့စကားတွေတိုင်းကိုအမြဲတမ်းယုံကြည်ပါတယ်မေမေ

တြိရတနာ said...

အမေကို ပြောစရာဝေဖန်စရာ သားမတတ်နှိုင်လို့ သားတတ်နှိုင်တာတစ်ခုတော့ ပြောလိုက်ပါရစေအမေ ၊ အမေကသေဆို သေပြမယ် ၊ အမေက နေဆို နေပြမယ်လို့ ပြောရင်း အမေကို အားပေးလိုက်ပါတယ်။

ရာဇသံ said...

အမေစုပြောတာတွေကိုအမြဲတမ်းယုံကြည်ပါတယ်ဆိုတာ ပုဂိုလ်ရေးကိုးကွယ်မှုအရမ်းဆန်လွန်းအားကြီးပါတယ်။အမြဲတမ်းမှန်တဲ့ပုထုဇဉ်ဆိုတာ လောကမှာမရှိပါဘူး။အမှားကင်းတဲ့ မြတ်စွာဘုရားကတောင်မှ သူပြောသမျှ ဟောသမျှတွေကို ကိုယ်ပိုင်ဦးဏှောက်နဲ့စဉ်းစားဆင်ခြင်ပြီးမှ ယုံကြည်သင့်မှ ယုံကြည်ပါလို့ ဟောခဲ့တာပါ။ဒီမိုကရေစီမှာပုဂိုလ်ရေးကိုးကွယ်မှုမရှိပါဘူး။ပုဂိုလ်ရေးကိုးကွယ်မှုဆန်တာတွေကိုမစွန့်လွှတ်နိုင်သရွေ့ တိုင်းပြည်မှာဒီမိုကရေစီ မထွန်းကားပါဘူး။

ရာဇသံ said...

မှန်ပါတယ်၊

Justicelovermyanmar said...

၁၉၆၂ - ၂ဝ၁၁ နှစ်ပေါင်း ၅ဝ ရှိပါပြီ၊ စစ်တပ်ဆိုတာ တိုင်းပြည်အုပ်ချုပ်ရေးမှာ ပါဝင်နေရမယ်ဆိုတဲ့ အစွဲတွေ၊ အခုထိ တပ်မတော်အရာရှိ ကြီးငယ်တွေစိတ်ထဲ စွဲနေကြပါသေးတယ်။ တပ်မတော်ထဲမှာ ရှိနေကြတဲ့ ကျွန်တော့် ညီအကို အရင်းတွေ၊ အသိမိတ်ဆွေတွေ၊ တွေ့ဖူးသူတွေ အားလုံးနီးပါး ဒီမိုကရေစီဆိုတာ စစ်တပ်နဲ့ တပ်မတော်သားတွေကို ဒုက္ခပေးဖို့လို့ လွဲမှားစွာ ယူဆနေကြပါသေးတယ်။ ဒီအယူတွေပျောက်ဖို့ တော်တော်တော့ အချိန်ယူရပါဦးမယ်။

ူlay said...

ဟုတ်ပါတယ်...နေရာတကာမှာစစ်တပ်ကလူတွေဘဲ... ဌာနဆိုင်ရာ
တွေက..လုပ်သက်အတွေ့ အကြုံဘယ်လောက်ရှိရှိရာထူးပေးဘို့ 
ဆို..အဲဒီသူတောင်းစားတွေဝင်လာပြီ.တတ်သလားဆိုတော့လဲဘာမှမတတ်ဘူး..စစ်သားဆိုတာ ဘာလဲ..ရှိသမျှ အခွင့်အရး
မှန်သမျှ အကုန်..တိုင်းပြည်ကပိုင်သမျှ အကုန် သူတို့ ဟာ..
DSA...OTS..ဘာတွေ သင်ပေးတာလဲ တော့ မသိဘူး...ကျောင်းဆင်းပြီး လူကြီးဖြစ်နေတဲ့သူတွေ၉၀%က
အတ္တသမားတွေ..

aristhteinwin said...

စစ်တပ်က အာဏာတပိုင်းတစ ကိုင်ထားရလျှင် နောက်ကြောင်းမပြန်ပါ။ သူတို့ ကို အာဏာ တပိုင်းစ တစ တမတ်ဖိုးလောက်မှ မပေးကမ်းဘူးဆိုလျှင် ပွဲကြမ်းပါလိမ့်မယ်။

Unknown said...

တပ်မတော်က နိုင်ငံတော်ရဲ့ တစ်နည်းအားဖြင့် ပြည်သူတို့ ရဲ့သားသမီးတွေနဲ့ဖွဲ့ စည်းထားတာလေ တိုင်းပြည်ငြိမ်းချမ်းတာ ချမ်းသာတာ ပြည်သူတွေ ကမ္ဘာအလည် မှာဂုဏ်သိက္ခာရှိရှိနေရတာ ကိုလိုလားပါတယ် ငြိမ်းချမ်းရေးကိုအလိုလားဆုံးက ရှေ့တန်းစစ်မြေပြင်မှာ အသက်ကိုအလောင်းအစားလုပ်ပြီးပင်ပန်း ဆင်းရဲ စွာစစ် တိုက်နေရတဲ့ တပ်မတော်သားတွေလောက်ဘယ်သူကမှမက်မောမှာမဟုတ်ဘူး ဒါကြောင့် ဒီမိုကရေစီလမ်း ကသာ တိုင်းပြည်ကိုငြိမ်းချမ်းတိုးတက်စေအောင်ဆောင် ကျဉ်းပေးနေသမျှနောက်ပြန်သွားရန်မရှိလိုယုံကြည်မိကြောင်းပါခင်ဗျား

MYO MYINT said...

စစ်မတိုက်ဘူးတဲ့သူကတိုင်းပြည်ကိုဘယ်လိုကာကွယ်မှာလည်း၊ရမ်ဘိုကားကြည့်ပြီးကာကွယ်မှာလား၊နိုင်ငံရေးစီးပွားရေးစစ်ရေးစည်းရုံးရေးဆိုတဲ့စွမ်းရည်(၄)ရပ်မှာအရပ်သားကတော့စစ်ရေးစွမ်းရည်ဘယ်လိုမှမရှိနိုင်ဘူး၊အမေရိကန်လိုနိုင်ငံမှာ တောင်အရပ်သားကသမ္မတလုပ်နိုင်သေးတာဘဲမပြောနဲ့၊အခြေအနေချင်းမတူဘူး၊သူတို့တပ်မတော်နဲ့မြန်မာ့တပ်မတော်ဆိုတာဆင်နဲ့ပုရွက်ဆိတ်လောက်ကွာတယ်၊နိုင်ငံ့အခြေအနေအရလိုအပ်လို့ပြဌာန်းထားတာဆိုတာသဘောပေါက်၊ဒေါ်စုသမ္မတဖြစ်ရင်ေတစ်ပြည်လုံးထမင်းအလကားကျွေးနိုင်မှာမို့လား၊အမေရိကန်/ဗြိတိသျှတွေရဲ့ခေတ်သစ်ကျွန်ဇာတ်သွင်းနေတာကိုမင်းတို့လိုသခင်အားရကျွန်ပါးဝတွေကြောင့်ဒို့နိုင်ငံရဲ့လွတ်လပ်ရေးပြန်အဆုံးရှုံးမခံနိုင်ဘူး။ကုလားမယားကတော့ကုလားကောင်းကြောင်းပြောမှာဘဲ၊ဒို့မြန်မာမျိုးစစ်တွေကသတိနဲ့ဆင်ခြင်ကြဘို့လိုတယ်။

Powered by Blogger.