ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများက သီးခြားစီတွေ့ဆုံ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင်
ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIAတပ်ရင်းမှူး တို့ကို သီးခြားစီ
နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ
အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချင်ဘဲတိုက်နေရတဲ့ စစ်ပွဲတွေ အမြန်ဆုံး
ရပ်စဲနိုင်ဖို့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက်
အလားအလာကောင်းတွေ ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ဖားကန့်ခရီးစဉ်နဲ့ပတ်သက်ပြီး မနေ့ည
၁၀နာရီအချိန် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်ရှိ ဒေသခံ တဦးနေအိမ်မှာပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ပြောဆိုပါတယ်။

ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေဟာ ဖားကန့်ဒေသငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေချိန် အခုလ ၁၇ရက်နေ့ ညနေ ၆နာရီအချိန်က ဖားကန့်ဒေသအမှတ် ၂ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန်းဋ္ဌေးနဲ့တွေဆုံခဲ့ပြီး
နောက်တစ်နေ့မနက် ၈နာရီခွဲမှာဖားကန့်မြို့နယ် ကံဆီးအခြေစိုက် ကချင်
လွတ်မြောက်ရေးတပ်မတော် (KIA ) တပ်ရင်း၆ ရဲ့တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့၈၈မျိုးဆက်ကျောင်းသားတွေဟာ့ဖားကန့်ငြိမ်းချမ်းရေး ခရီးစဉ်အတွင်း ဘာသာရေးခေါင်းဆောင်တွေ၊မြို့မိမြို့ဖတွေ၊
ဒေသခံပြည်သူတွေနဲ့ အတူ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် စုပေါင်းလက်မှတ်ရေထိုးခဲ့တာ ဒီကနေ့ဆိုရင် လက်မှတ်ရေးထိုးသူ ၁သောင်းကျော်ရှိပြီလို့ သိရပါတယ်။


RFA Burmese

(Photo: 88 Generation Students Group-)

ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများက သီးခြားစီတွေ့ဆုံ ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများက သီးခြားစီတွေ့ဆုံ Reviewed by သစ်ထူးလွင် on 20:03 Rating: 5

16 comments:

hlamoe said...

ငြိမ်းချမ်းရေးအတွက်ကောင်းမွန်တဲ့ ခရီးစဉ်ပါ အားပေး
ထောက်ခံလိုက်ပါတယ် ငြိမ်းချမ်းရေးရတဲ့အထိ၈၈မျိုးဆက်
များ ဆက်လက်ချီတက်နေတာဝမ်းသာတယ်။

fighter said...

အောင်မြင်ပါစေလို့ဆုတောင်းပါတယ်

Unknown said...

အမှန်သွားသင့်တာက အနောက်ပိုင်းကို ဘာလဲ ခင်ဗျားတို့လဲကုလား
ကိုကြောက်တာဘဲလား ဒါမှမဟုတ် ခင်ဗျားတို့ထဲမှာ ကုလားပါနေတယ်ထင်တယ် ရခိုင်မှာ ခင်ဗျားတို့ ၈၈ ရုံးဖွင့်ပြီး ရခိုင်တွေကို စောင့်ရှောက်သင့်တယ် ရခိုင်တွေကုန်တော့မယ်

ipman said...

အမြန်ဆုံးငြိမ်းချမ်းရေးရပါစေလို့ပြည်မကဗမာတစ်ယောက်အနေနဲ့ဆုတောင်းနေပါတယ်။အပစ်အခတ်တွေရပ်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းကိုလာကြပါတော့
ဗျာ။ညီအကိုသွေးသားချင်းတိုက်နေလို့တော့ဘယ်သူမှအမြတ်မထွက်ပါဘူး။မဖြစ်
နိုင်သေးတာတွေခဏသီးခံပြီးဖြစ်နိုင်တာတွေကစဆွေးနွေးကြပါ။တိုက်တွန်းပါတယ်။

Anonymous said...

ကိုမင်းကိုနိုင်လာ လို့ အပစ်အခတ် ရပ်နေတာကို အခွင့်ကောင်းယူပြီး ဘက်ဟိုးတွေခေါ် လိုင်းကျင်းတူးပြီး ဖားကန့် - တာမခန် ကားလမ်းပေါ်က ကသိုင်းတောင်ထိပ် မှာ စောင့်နေပြီ

ပစ်မိန့်မရတဲ့ စစ်သားတွေတွေတော့ သေဦးမယ် အပုံလိုက်ပဲ နဲနဲတော့လွဲနေပြီ သမတကြီး

သမတကြီးကဘဲလျော့နေတာ အပိုပါဘဲ no ငြိမ်းချမ်းရေး ငါတို့ 20%နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရတဲ့အထိ တိုက်မှာဘဲတဲ့

စစ်သားတွေအသက်ကိုနှမျောပြီး တောင်ကုန်းတွေဦးခိုင်းပါတော့ 80%သော လူထုကို ကာကွယ်ရေးအစီအမံတွေလုပ်ပေးပါတော့

လူထုပေးရတဲ့ဆက်ကြေးနဲ့ စစ်သားအသက်တွေ စစ်တုရင်ပွန်းတွေလို ထိုးကျွေးနေတာကို ရပ်ပါတော့ နိုင်ငံတော်ခင်ဗျား

အခြေအနေမှန် နယ်မြေခံ

တြိရတနာ said...

ရပါတယ် ဒီလိုအခွင့်ယူစတမ်းဆို ဝေဟင်က လေယာဉ်နဲ့ လွှတ်လိုက်မှာပေါ့။ တကယ်သာဟုတ်ခဲ့ရင် ဒီအဖွဲ့စည်းဟာ ငြိမ်ချမ်းရေးနဲ့ ပြဒါးတစ်လမ်သံတစ်လမ်း သူတို့ကိုယ်တိုင်လုပ်နေတာပဲ။ အပြီးပြတ် တိုက်ဖြုတ်ပြစ်ရတော့မယ်။

Unknown said...

ပြည်တွင်းစစ်တွေအမြန်ဆုံးငြမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်

Unknown said...

လုပ်ပါဗျို့

၈၈ ပါ ၀င်လုပ်တော့ပိုမြိုင်တာပေါ့

Unknown said...

မကြာမှီအားလုံးအစဉ်ပြေသွားပါစေလို့ ဆုတောင်းပါတယ်

greenlover said...

ဟိုအပေါ်ကအခြေအနေမှန်လိုအတွေးချော်နေတဲ့လူတွေတပ်မတော်ထဲမှာပြည့်လျံနေလို့ နှစ် ၆၀ လုံးဘယ်တိုင်းရင်းသားတွေနဲ့မှအဆင်ပြေတယ်လို့မရှိခဲ့တာ။ အခုkia စစ်တိုက်လာတော့မှငြိမ်းရေးကိုလက်တွေ့ကျကျဖော်ဆောင်လာတဲ့ပထခြေလမ်းကိုစတင်လာကြတာ အဲဒီခြေလမ်းမြေပေါ်တောင်မကျသေးဘူးလေပေါ်မှာဘဲရှိသေးတယ်၊ အခုလိုကြိုးစားတာဝမ်းသာပါတယ် အောင်မြင်ပါစေဗျာ

Unknown said...

ကိုကြီး အဲဒီအရာရှိနှစ်ယောက်ကိုလက်ဆွဲပြီး ပိုင်ပိုင်နိုင်နိုင်ဆွေးနွေးခိုင်းရမှာ

ကိုကြီးကတစ်နေ့ဆီတွေ့တော့ သူတို့ကဝေ့လည်ကြောင်ပတ်လုပ်နေမှာပဲ

komglin said...

အမှန်တကယ်ငြိမ်းချမ်းဖို့ နှစ်ဖက်လုံးကရိုးသားဖို့ စိတ်အားထက်သန်ဖို့ လိုပါတယ်။ လှည့်ကွက်တွေပါနေရင်တော့ အကျိုးအမြတ်ရတာ အကြီးတွေ၊ ဒုက္ခရောက်တော့ အငယ်တွေနဲ့ ပြည်သူတွေဘဲဖြစ်မှာ။ ကျွန်တော့်စိတ်ထဲတော့ တစ်ခုခု မှားနေတယ်လို့ထင်နေတယ်။

Anonymous said...

kiaရဲ့ မိုက်ကြေးခွဲမှု ဆက်ကြေး လာမပေးရင် မိုင်းထောင် CAT ရုံး မေးကြည့်နိုင်ပါတယ် သာမန်ကျောက် ဝယ်ရောင်းသမားကိုတောင် လျော့ပေးပါဦးပြောရင် မင်းတို့ pkတက်လာတုန်းကီး တစ်ချောင်းဘဲပါတာ မင်း တို့ကို ၁၅ရှစ်ကျော်ပြီ မကောက်တာ ဒီလောက်ကောက်တာများသလား ပိုက်ဆံမလောက်ရင် အချုပ်ထဲ ထည့်ထား လာရွေးခိုင်းလိုက် စသည်ဖြင့်တွေကို ကမ္ဘကသိအောင် လုပ်ပေးပါ

ကချင်ပြည်နယ်ကို kanadaမှာ လို ခွဲမလား တွဲမလားဆိုပြီးနိုင်ငံတစ်ကာ အကဲဖြတ်တွေနျဲ့ ကုလရဲ့ ကြီးကြပ်မှု တွေ အောက်မှာ လုပ်ရဲသလားလို့ မေးကြည့်ပေးပါဦး

Unknown said...


ကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်လို့စစ်တိုက်နေတာဆိုရင် ရပ်လိုက်ပါ ကေအိုင်အေ။ ကချင်ပြည်နယ်ပြည်သူလူထုက ကေအိုင်အေကို မယုံကြည်ပါဘူး။ အများအတွက် ဘာမှတိုးတက်အောင် လုပ်မပေးဘဲ စုဆောင်းရေးဆွဲ၊ ဆက်ကြေးကောက် ၊ မိုင်းခွဲ၊ လက်နက်ကိုင်ပြီးတော်လှန်နေဘို့ဘဲသိတာ။ ကချင်ပြည်နယ် မှာ စာပေမတတ်လို့ကျန်းမာရေး ဗဟုသုတမရှိလို့ ဘိန်းစွဲ၊ နံပတ်ဖိုးစွဲ၊ ဆေးခြောက်စွဲပြီးသေသွားတဲ့လူဦးရေဟာ တိုက်ပွဲဖြစ်ပြီးသေတာထက်ပိုများပါတယ်။ ကချင်ပြည်နယ်မှာစာမတတ်တဲ့ကချင်ကလေးတွေအများကြီးပါ။ စာမတတ်တော့ ရှာဖွေစားသောက်ရတာခက်ခဲပြီး လူနေမှုဘ၀ နိမ့်ကျလှပါတယ်။ ဘ၀နိမ့်ကျတော့ တရုတ်ပြည် ကို အရောင်းစားခံရပါတယ်။ ကိုယ်ြ့ပည်နယ် တိုးတက် ချင်တယ်ဆိုရင် စာမတတ်သူ ပပျောက်ရေး အရင် လုပ်ဆောင်စေချင်ပါတယ်။

ကချင်ပြည်နယ်သူ

hero said...

နိုင်ငံရေးကို အလွဲသုံးစားလုပ်သူများ (သို့) ၈၈ မျိုးဆက်အဖွဲ့

အဲဗါးအံကျော် said...

အခုလက်ရှိတံတားတွေမိုင်းထောင်ဖျက်စီး သွားရေးလါ
ရေးခက်ခဲအောင်နဲ့ကုန်ဈေးနူန်းတွေဈေးတက်အေါင်
ကားလမ်းတွေပိတ် ရထါးသံလမ်းတွေဗုံးခွဲ ဆတ်ကြေး
တွေကောက် အပြစ်မဲ့ပြည်သူ့ ဝန်ထမ်းတွေကိုရက်စက်
စွာသတ်ဖြတ် စုဆောင်းရေးဆွဲ အခန့် မသင့်ရင်သေနတ်
နဲ့ပစ်သတ် ဓါးတွေနဲ့မွန်းဒါလားကွာကိုယ်ပိုင်အုပ်ချုပ်ခွင့်
လူသတ်ဖျက်စီးရေးဖေါက်ခွဲတာတွေရပ်ပြီးဥပဒေအတွင်း
ကဖြေရှင်းနိုင်ရင်ပိုကောင်းလိမ့်မယ်။

Powered by Blogger.