စစ်တွေရှိ ရခိုင်အမျိုးသမီး(၂၀၀) ခန့် ဆန္ဒဖော်ထုတ်ပွဲကို နှစ်ပတ်အတွင်း ပြုလုပ်မည်

ရခိုင်ဒေသတည်ငြိမ်မှု မရှိသမျှ ရခိုင်အမျိုးသမီများ၏ ဘ၀လုံခြုံမှုကို ခြိမ်းခြောက်ခံနေရသဖြင့် တမျိုးသားလုံး စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ရန် လိုအပ်နေခြင်းကြောင့် စစ်တွေမြို့၌ အမျိုးသမီး (၂၀၀) ကလာမည့်နှစ်ပတ်အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စက်တင်ဘာလ၂၈ ရက်နေ့ က အင်္ဘာလာ ရပ်ကွက်မှာ တင်းမာမှုဖြစ်ခဲ့

စစ်တွေမြို့မှာ အမျိုးသမီးတွေ ဆန္ဒဖော်ထုတ်ခွင့် တားမြစ်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမျိုးသမီး ဦးရေ ၂၀၀ လောက်က ငြိမ်းချမ်းရေး အတွက် စီတန်း လှည့်လည်ခွင့် လျှောက်ထားခဲ့ရာမှာ အာဏာပိုင်တွေ ဘက်က မနေ့က ခေါ်ယူတွေ့ဆုံပြီး တားမြစ် လိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စီတန်း လှည့်လည်ခွင့် ရရှိဖို့အတွက်---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


 

ဘင်္ဂလာဒေ့ရှ် Cox's Bazaar မှာ ဘုန်းကြီးကျောင်းအချို့ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက Cox’s Bazaar မှာ အခု တနင်္ဂနွေနေ့ အစောပိုင်း ဒေါသဖြစ်နေကြတဲ့ ရာနဲ့ချီတဲ့ မူစလင် လူအုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ငါးကျောင်းနဲ့ အိမ်အချို့ကို မီးတင်ရှို့ခဲ့ကြပါတယ်။ Facebook လူမှုကွန်ယက်မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး ဓာတ်ပုံတပုံကို ဗုဒ္ဓဘာသာဝင်တဦးက ဖော်ပြခဲ့တာမို့ မူစလင်တွေဘက်က ဒေါသဖြစ်ခဲ့ကြတာပါ။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း

အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ

ယုဇနကုမ္ပဏီက ဖောက်လုပ်နေ သော မြိတ်-တနင်္သာရီ -မောတောင် လမ်းစီမံကိန်း လမ်းပိုင်းအချို့ ကို သတ်မှတ် အချိန်မီမပြီးစီး၍ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဦးသန်းအောင်က ပြောကြား သည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြိတ်-တနင်္သာရီ -မောတောင် လမ်း
 

စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်

ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။ မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စင်္ကာပူမှ သဲစုတ်ရေယာဉ်များ

ဒေသခံများ တိုင်ကြားချက်အရ ရပ်/ကျေး အုပ်ချူပ်ရေးမှုးအချို့ ပြန်လည် ရွေးချယ်

ဒီမိုကရေစီနည်းလမ်းမကျဟု ဒေသခံများက တိုင်ကြားလာပါက လက်ရှိ အုပ်ချူပ်နေသည့် ကျေးရွာ အုပ်ချူပ်ရေးမှုး ပြန်လည်စီစစ်ပြီး ရွှေးချယ်ခန့်ထားလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှုးရုံးထံမှ သိရသည်။ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေ ထွက်ရှိပြီးသည့် အချိန်မှ စ၍ ကျေးရွာလူထု၏ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား

ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသော ကြေးနီတောင် စီမံကိန်းသည် ပတ်ဝန်းကျင် ထိခိုက်မှု ရှိသည်ဆိုပါက ပြန်လည် ရုပ်သိမ်း နိုင်ကြောင်း မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော် တွင် ပြုလုပ်သော မြန်မာ မိသားစုများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နယူးယောက်မြန်မာမိသားစုနဲ့ ၀န်ကြီးဦးစိုးသိန်းတို့ တွေ့ဆုံပွဲကို ပရိသတ် ၁၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။ (စက်တင်ဘာ ၂၉၊ ၂၀၁၂)။ ဓါတ်ပုံ - BBC Burmese

သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံပွဲ

စက်တင်ဘာ ၂၉ က သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံပွဲမှာ အဝေးရောက် မြန်မာတွေ သိသင့်တဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အခုအခံတွေအကြောင်း ၀န်ကြီးဦးစိုးသိန်းရဲ့ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း တင်ပြ ရှင်းလင်းချက်တွေကို နားဆင်နိုင်ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်း ခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ ပြည်သူ လူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘီဘီစီ အင်္ဂလိပ်ပိုင်း နဲ့ တွေ့ ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

AFP
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားနေစဉ်။ 

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက်တာဖစ်ပါတယ်။ အပြည့်စုံကို မမိုးဖြူက တင်ပြထားပါတယ်။

မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ်ချုပ် နဲ့ အကျဉ်းစံဘ၀ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်းအတွက် ခရီးရှည်၊ “The Long Road to Freedom” အမည်ပေးထားတဲ့ အခမ်းအနားမှာ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် နေနိုင်တဲ့သူဟာ အမြဲတမ်း လွတ်လပ်နေနိုင်ပါတယ် လို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လူမှုအဆောက်အအုံ၊ အဖွဲ့အစည်းကြီးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့သူတွေ အတွက်တော့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားတဲ့ခရီးက ရှည်ပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ် ရှေ့ဆောင် လမ်းပြခဲ့သလိုပဲ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ရာမှာ အမှန်တရားနဲ့ နေထိုင်မှုကနေ စတင်ကြရပါတယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေကိုလည်း ဖိနှိပ်မှုတွေ လက်အောက်ကနေ လွတ်မြောက်အောင် အမှန်တရားနဲ့ နေထိုင်ဖို့ လူမှု အဖွဲ့အစည်းကြီး တွေကနေ စွမ်းဆောင်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အတွက်တော့ အဲဒီခရီးရှည်ကြီးကို အခု စရတော့မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“အခု မတူခြားနားပြီးတော့ ရှည်လျားတဲ့ခရီးကို ကျမတို့ လျှောက်လှမ်းရတော့မှာ မိုလို့ ခါတိုင်းထက်ပိုပြီးတော့ ကျမတို့ မိတ်ဆွေကောင်းတွေ အများကြီး လိုပါတယ်။ အရင် လျှောက်ခဲ့ရတဲ့လမ်းက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့ရတာပါ။ အခု လျှောက်ရမယ့်လမ်းကတော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ လူ့အဖွဲ့အစည်းကြီးတွေ တည်ဆောက်ရမယ့် ခရီးပါ။ ဒါကြောင့် မိတ်ဆွေကောင်းတွေ ပိုပြီးတော့ လိုအပ်တာပါ။”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဒီချိုးဖောက်မှုတွေကို လူ့အဖွဲ့အစည်းက အလေးထား အာရုံစိုက်အောင် လုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ ရှုမြင် ဆောင်ရွက်ချက်တွေနဲ့ မလုံလောက်တော့ဘူး လို့ ထောက်ပြ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် ပညာဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ စွမ်းရည်ခွန်အားတွေ ရှိဖို့လိုတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေး တင်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးမှုရှိအောင် ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ဘာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးလဲ ဆိုတာကို နားလည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ သူတို့လုပ်ရပ်တွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေက သူတို့ အပါအ၀င် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ် ဆိုတာကို မသိတာလား။ ဒါကို ဖော်ထုတ် အသိပေးဖို့ လိုပါတယ်။ အာဏာရှင်စစ်တပ်တွေ သူ့လူမျိုး သူ့တိုင်းပြည် အပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ် ဆိုတာ ကြားခဲ့ကြရပြီးပါပြီ။ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမန်ပြည်သူ၊ သာမန်စစ်သားတယောက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်မိအောင် ထိန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း မွေးရာပါ အသိစိတ်၊ စာနာစိတ်တွေနဲ့ မကျူးလွန်မိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဒါကို သူတို့ နားလည်နိုင်အောင် ကျမတို့ ကူညီနိုင်မှာပါ။”

လွတ်မြောက်ရေး ခရီးလမ်းအတွက် အမုန်းနဲ့ အကြမ်းဖက်မှုတွေ ကင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီခရီးရှည်ကြီးကို အမုန်းနဲ့ အကြမ်းဖက်မှုတွေ မရှိဘဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လေးစားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ကိုယ် လိုချင်တဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းသုံးပြီး အရယူယူ၊ အောင်မြင်မှုရရင် ပြီးတာပဲလို့ ယူဆသူတွေ ရှိပါတယ်။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။ နည်းလမ်းမမှန်ရင် နောက်ဆုံးမှာ ရတဲ့ အောင်မြင်မှု ဆိုတာကလည်း မှန်ကန်မှု မရှိနိုင်ပါဘူး။ လွတ်လပ်မှုအတွက် အမုန်းနဲ့ အကြမ်းဖက်မှု နည်းတွေ သုံးပြီး လျှောက်လှမ်းမယ် ဆိုရင်တော့ ခရီးဆုံးမှာ ရမယ့်ရလဒ်က လွတ်လပ်မှု ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမုန်း၊ ကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကိုပဲ ရောက်မှာပါ။”

ဒါကြောင့် ကိုယ့်ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ရတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေအတွက် နည်းလာတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့် ရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်အောင် ၀ိုင်းဝန်းကူညီနိုင်အောင် ပြောဆိုသွားပါတယ်။

နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ တက်ရောက် ဆွေးနွေးကြတဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြု ပေးအပ်တဲ့ Václav Havel Prize for Creative Dissent ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မမိုးဖြူ (ဗွီအိုအေ မြန်မာဌာန)


ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာ တိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံပွဲ (ရုပ်/သံ)

 နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာ တိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံပွဲ (ရုပ်/သံ) အစအဆုံး

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ရွာသား ၅ ဦး သေနတ်ပစ်ခံရ (ရုပ်/သံ)

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင် ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ စက်တင်ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင် ရောက်ရှိလာကြောင်း သိရပါသည်။

 ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာသည့် ကာယကံရှင် မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူးဟု သတင်းရရှိပါသည်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Burma VJ Media


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် မြန်မာ စီးပွားရေး ဦးပိုင် လီမိတက်မှ အကြီးတန်း အရာရှိ ဦးဝင်းကြည်က ပြောသည်။  -----


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ

စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ

သတင်းစာ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၈)

စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၈)

ဂျာနယ် ဖတ်ရန် ဒီနေ့ ရာကို နှိပ်ပါ



ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီး လေးဦး ဒဏ်ရာရ

မကွေးတိုင်း ဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင် ကျေးရွာ၊ ပိတောက်ပင် ရေနံမှော် ရွှေရာသီကုမ္ပဏီ လက်ယက်တွင်းတိမ် လုပ်ကွက်တွင် စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရေနံတွင်း လုပ်သား လေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - မီးသတ် ဦးစီး ဌာန

တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ်ရမည်

တိုက်ခန်းတွေရဲ့ နောက်ဖေး အရေးပေါ် လှေကားတွေ ကနေ ပြုတ်ကျပြီး သေဆုံးတဲ့ ဖြစ်ရပ်တွေ အဖြစ်များတဲ့ နောက်ပိုင်းမှာ တိုက်ခန်းတွေ ဆောက်တဲ့အခါ နောက်ဖေး လှေကားကို ကွန်ကရစ်နဲ့ ပြုလုပ်ခိုင်း လာတယ်လို့ ဆောက်လုပ်ရေး ကုမ္ပဏီ တချို့က ပြောပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အလုံမြို့နယ်မှာ အမျိုးသမီးတစ်ဦး နောက်ဖေးလှေကားမှာ ဖုန်းပြောရင်း ပြုတ်ကျသေဆုံးခဲ့စဉ်

အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ

အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ လုပ်ဆောင်ရန် နှစ်ဖက်တပ်မတော် အရာရှိများက ဆွေးနွေး ညှိနှိုင်းနေကြပြီး ဖြစ်ကြောင်း Financial Times တွင် ဖော်ပြထားသည်။ တပ်မတော် အရာရှိများကို စတင် သင်တန်းပေးရန် အလားအလာ ရှိနေကြောင်း သိရသည်။ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ရုပ်သိမ်းထားသည့် စစ်သံမှူးများကို မြန်မာပြည်တွင် ပြန်လည်ခန့်ထားရန် စီစဉ်နေကြပြီဟု သိရသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တားမြစ် ပေးရန် အဆို နတလဝန်ကြီးက ဦးဆောင်ကန့်ကွက်

ယမန်နေ့က သုံးရက်မြောက် ပြည်နယ် လွှတ်တော် အစည်းအဝေး၌ လူမျိုးရေး ပဋိပက္ခအသွင် ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူ လွှတ်တော် အမတ်၏ အဆိုကို နတလ ဝန်ကြီးက ဦးဆောင်၍ ကန့်ကွက် လိုက်ကြောင်း လွှတ်တော် အမတ်များကပြောသည်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး( ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ

KNU အဖွဲ့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဟာ ဘားအံမြို့မှာ ဗဟို ဆက်ဆံရေး ရုံးဖွင့်ဖို့ ထွက်ခွာ သွားတာဟာ KNU ဗဟိုရဲ့ ဆုံးဖြတ်ချက် မပါဘဲ သွားရောက် တာ ဖြစ်တယ်ဆိုတဲ့ ကြေညာချက်ထွက် ပေါ်လာပါတယ်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စက်တင်ဘာလဆန်းက KNU နဲ့ အစိုးရ အကြား တတိယအကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့

ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ

ဘိုရှီလိုင် တရုတ် ကွန်မြူနစ်ပါတီက ဖယ်ရှား ခံပြီး အဂတိ လိုက်စား မှုတွေနဲ့ ဆက်ပြီး စစ်ဆေး တော့မယ့် အကြောင်း တရုတ် အစိုးရ ပိုင် ရှင်ဟွာ သတင်း ဌာနက သတင်း ထုတ်ပြန် လိုက်တဲ့အတွက် တချိန်က တရုတ် ကွန်မြူနစ် ပါတီကို ဦးဆောင် လာနိုင်တယ်ဆိုပြီး ထင်ကြေးပေး ခံထားရတဲ့ ထိပ်တန်း တရုတ် နိုင်ငံသမား ဘိုရှီလိုင်နဲ့ ရှေးရေးနဲ့ ပတ်သက်ပြီး ခန့်မှန်း ပြောဆိုမှုတွေ အဆုံးသတ်သွားပါပြီ။ ဇာတ်လမ်းကတော့ ဗြိတိသျှလူမျိုး စီးပွားရေးသမား Neil Heywood အသတ်ခံရတဲ့ ကိစ္စ ကနေ စတင်တာပါ။ ----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Baoxilai အားရုံးထုတ်နေစဉ်

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး

မွတ်ဆလင် ကမ္ဘာမှာ သီတင်းပတ်တွေနဲ့ ချီပြီး ပြန့်နှံ့ခဲ့တဲ့ ဗွီဒီယို ရိုက်ကူးခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါပြီ။ အပြစ်မဲ့ မွတ်ဆလင်တွေ လို့ အမည်ပေးထားတဲ့ ဗွီဒီယို ဇာတ်လမ်းကို ရိုက်ကူးခဲ့သူ Nakoula ကို အာမခံ အတွက် ကြားနာမှု မတိုင်ခင် ပြည်ထောင်စု တရားရုံးကို ချက်ခြင်းလာဖို့ ဆင့်ခေါ်ထားတယ်လို့ လော့စ်အိန်ဂျလိစ် မှာရှိတဲ့ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို တရားရုံးထုတ်စဉ်

တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံတင်ခွင့် ပြု

(ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ် နှင့် ရန်ကုန် တက္ကသိုလ်) တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် အသင်းများ အဖြစ် အလုပ်သမား ၀န်ကြီးဌာနက အသိအမှတ်ပြု မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိပါတယ်။

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်တာဟာ အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်လပ်ရေး တပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ နိုင်ငံတော် သမ္မတက ပြောဆိုပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဘားအံမြို့တွင်ဖွင့်မည့် ဆက်ဆံရေးရုံး ဗဟိုကစီစဉ်ခြင်းမဟုတ်ဟု ကေအန်ယူ ထုတ်ပြန်

ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလကုန်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဗဟိုဆက်ဆံရေးရုံးနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သူတို့နဲ့ မပတ်သက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၉ ရက် ဘားအံမြို့မှာ ရုံးဖွင့်ဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၀ ကျော် ဘားအံမြို့ကို မနေ့က ရောက်ရှိသွားပြီးနောက် ကေအန်ယူဘက်က သဘောထားထုတ်ပြန်ခဲ့တာပါ။

အဲဒီခရီးစဉ်ဟာ ကေအန်ယူနဲ့သာမက ကေအန်အယ်လ်အေ ဗဟိုစစ်ဌာနချုပ်ရဲ့ အစီအစဉ်လည်း မဟုတ်ကြောင်း ကေအန်ယူ (ဗဟို) က စက်တင်ဘာလ ၂၇ ရက်နေ့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ကေအန်အယ်လ်အေတပ်မတော်ဟာ ကရင်အမျိုသားအစည်းအရုံးရဲ့ ဌာန ၁၄ ခုထဲက တခုဖြစ်တဲ့ ကာကွယ်ရေးဌာနရဲ့ အုပ်ချုပ်ဦးဆောင်မှုမှာသာ တည်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ ဆွေးနွေးသဘောတူလက်မှတ်ထိုးတဲ့ အကြိမ်တိုင်းဟာ မြန်မာ အစိုးရနဲ့ ကေအန်ယူအကြား သဘောတူတာသာဖြစ်ပြီး ကေအန်အယ်လ်အေတပ်နဲ့ အစိုးရအကြား အထူးသီးသန့် သဘောတူညီတာ မဟုတ်ဘူးလို့ ရှင်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ဟာ စစ်မှန်သော ငြိမ်းချမ်းရေးရရှိဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီး တွေ့ဆုံဆွေးနွေးရေး အစီအစဉ်တွေကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက်ချထားပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။

စစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်အပေါ် အစည်းအရုံးကရော၊ တပ်ဘက်ကပါ တာဝန်မယူပေမယ့် ဒီဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ စစ်ဦးစီးချုပ်အပေါ် ဘယ်လို သဘောထားရှိတယ်ဆိုတာကိုတော့ ကြေညာချက်က မဖော်ပြထားပါဘူး။

ဒီသတင်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းပေမယ့် မရသေးပါဘူး။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် အစိုးရအဆက်ဆက်ကို ဆယ်စုနှစ် ၆ ခုကျော် လက်နက်စွဲကိုင် တော်လှန်ခဲ့တဲ့  ကရင်အမျိုးသားအစည်းအရုံးဟာ ဒီနှစ်ဆန်းပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရခဲ့တာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေတော့ မစတင်နိုင်သေးပါဘူး။

by နော်နိုရင်း  (ဒီဗွီဘီ)

ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး

စစ်တွေတွင် ရခိုင် ကလေး ရိုက်နှက်ခံရမှု မဟုတ်ဟု အစိုးရ ဖြေရှင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်တွင် ရေခဲချောင်း ရောင်းသော ရခိုင်တိုင်းရင်းသား ကလေးငယ် တစ်ဦး ရိုက်နှက်ခံရမှု သတင်းမှာ မမှန်ကန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ ဦးဦးလှသိန်းက The Voice Weekly သို့ပြောကြားသည်။

အဆိုပါ ကလေးငယ်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ၄င်းကို စစ်ဆေး မေးမြန်းနေကြောင်း ၄င်းက
ဆိုသည်။

ယင်းကလေးငယ် ကို ထုတ်ဖော်ပြသပေးရန် အောင်မင်္ဂလာ ရပ်ကွက်တွင် ဒေသခံ လူပေါင်းထောင်ချီ တောင်း ဆိုနေကြကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

The Voice Weekly

ဘင်္ဂါလီ ရပ်ကွက် အတွင်း ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ရှာဖွေနေဆဲ

ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေး သေဆုံးခြင်းမှာ မဟုတ် မှန်ကြောင်း ပြောဆို ခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန် တောင်းဆိုနေကြကြောင်း သိရသည်။

ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့် တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန် အတိုင်းအတာ တစ်ခုအတွင်း ကလေးကို တွေ့အောင် ဆောင်ရွက်  ပေးပါ့မည်ဟု ပြောဆိုကြောင်း သိရသည်။

သတင်း-ဓါတ်ပုံ အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Eleven Media Group

ပုဂံ-ညောင်ဦးမြို့ နယ်မှာ မှု့ ခင်းကျဆင်းရေး လက်ကမ်း စာစောင်များ ဖြန့် ဝေ

ညောင်ဦးမြို့ နယ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ မြို့ နယ်မှူး ဦးဆောင်ပြီ ရပ်ကွက် နှင့် စာသင်ကျောင်းများမှာ မှု့ ခင်းကျဆင်းရေး ပညာပေးဟောပြောပြီး လက်ကမ်း စာစောင်များ ဖြန့် ဝေနေကြောင်း Myanmar News Now မှ သတင်း ရရှိပါတယ်။

နိုင်ငံသားတွေရော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေကိုပါ မှု့ ခင်းတွေ မဖြစ်ပွါးအောင် နဲ့ မှုခင်းဖြစ်ပွါးရင် ဆက်သွယ် အကြောင်းကြား နိုင်တဲ့ ဖုန်းနံပါတ်တွေ ပါ ဖြန့် ဝေခဲ့ပါတယ်။

ဒီအတိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ မှု့ ခင်းတွေ ကျဆင်းနိုင်ကြောင်း ညောင်ဦးမြို့ ခံတဦး က Myanmar News Now ကို ပြောပါတယ်။

ဖြန့် ဝေပုံ ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


လုံခြုံရေး တာဝန်ရှိသူများက ကလေးအရိုက်ခံရသည့် သတင်းမဟုတ်မှန်ဟု လိုက်လံရှင်းလင်း

ရေခဲချောင်းရောင်းသည့် ကလေး အရိုက်နှက်ခံရသည့် သတင်းနှင့် ပတ်သက်၍ ဒေါသထွက်နေသည့် လူအုပ်ကို ရဲမှူးကြီး မျိုးမင်းအောင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးတို့က ကလေးပျောက်သည့် ကိစ္စမှာ မဟုတ်ကြောင်း လူအုပ်ကို လိုက်လံဖြေရှင်း နေကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို  နှိပ်ပါ


စစ်တွေမြို့ အင်္ဘာလာ ရပ်ကွက် မြင်ကွင်း ဓါတ်ပုံများ

ယနေ့ အင်္ဘာလာ တွင် အသက်ခံခဲ့ရ သော ကလေးငယ်မှာ စစ်တွေမြို့ ကျေးတော ရပ်ကွက်နေ အဖ ဦးစောမောင် ၏ သား မောင် အောင်နိုင်ဦး အသက် (၁၂) ဖြစ်ကြောင်း သိရှိရသည်။ ယခု အခါ သူ၏ အလောင်းကို စစ်တပ်မှ သိမ်းယူသွားကြောင်း သိရသည်။

အင်္ဘာလာ ရပ်ကွက် ယခု မြင်ကွင်း ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှု ခံနေရသည့် ဧရာဝတီတိုင်း

ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဌက မိမိကိုယ်တိုင် ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ရေကြည် ခရီးစဉ်များတွင် ရဲနယ်ထိန်းက မိမိ၏ အပြန်တွင် ဒီပုဂ္ဂိုလ်ကြီး ဘာလာ လုပ်သလဲ၊ ဘာပြော သွားသလဲဟု မေးမြန်း ခြင်းများ ရှိနေသည်----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြို့ တော် အလှကို ပျက်စီးစေသည့် ကြော်ငြာ ဆိုင်းဘုတ်များ

ယခင်က ဦးထောင်ဘိုအ၀ိုင်း ဦးဝိစာရအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း နေရာများတွင် ဆိုင်းဘုတ်(၃)ခု လောက်သာ ခွင့်ပြုပေးသည့် အတွက် အမြင် တင့်တယ် သော်လည်း ယခုအခါ များပြားလှသော ဆိုင်းဘုတ်များကြောင့် အ၀ိုင်းဧ။် အနှစ်သာရ ပျောက်ကွယ်လု နီးပါးဖြစ်နေ ကြောင်းလည်း တွေ့ရှိရပါသည်။ ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂျာနယ်


စက်တင်ဘာလ ၂၄ ၇က်နေ့ ထုတ် (၇) ရက် ဈေးဝယ်လမ်းညွန် ဂျာနယ်

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင် ကလေးငယ်တဦး ဘင်္ဂလီများ သတ်ဖြတ်၍ သေဆုံး

စစ်တွေမြို့  အင်ပါလာရပ်ကွက်၊ မင်းဘာကြီးလမ်း အတိုင်း ရေခဲချောင်း ရောင်းရန်သွားသော ရခိုင် ကလေးငယ် တယောက်ကို အင်ပါလာ ရပ်ကွက်မှ ဘင်္ဂလီများ သတ်သဖြင့် ဒဏ်ရာ အပြင်းအထန်းဖြင့် ဆေးရုံ တင်ထားရပါသည်။

အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ တင်းမာနေပါသည်။ ချက်ချင်း ပေါက်ကွဲသွားနိုင်ပါသည်။ လူများသည် အင်ပါလာ ရပ်ကွက်ကို ချီတတ်လျှက်ရှိပါသည်။ ၄င်းကလေးငယ်သည် စစ်တွေမြို့ ကျေးတောရွာမှဟု စုံစမ်း သိရှိရပါသည်။ ၄င်းကလေးငယ်ကို ယခု စစ်ဆေးရုံးကို သယ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရပါသည်။

အဆိုပါ ကလေးငယ်မှာ ယခုအခါ သေဆုံးသွားပြီ ဖြစ်ကြောင်း သိရပါသည်။


စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိုင်းရံထား

မွန်းလွဲ ၃ နာရီ၊ စက်တင်ဘာ ၂၈၊ ၂၀၁၂ YPI

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်ကာ ထောင်နှင့်ချီသည့် စစ်တွေမြို့ခံများက စစ်တွေမြို့ရှိ တခုထည်းသော အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ အောင်မင်္ဂလာရပ်ကွက် (မော့လိပ်) ကို လေးဘက် လေးတန်မှ ၀ိုင်းရံထားသည်ဟု စစ်တွေမှ ရရှိသည့် သတင်းတရပ်အရ သိရသည်။

ယင်းသို့သော အခြေအနေကြောင့် ရပ်ကွက်အား စစ်တပ်နှင့် ရဲလုံထိန်းများချထားကာ လုံခြုံရေး အရကာကွယ်ပေးထားကြောင်းလည်း သိရှိရသည်။

စစ်တွေ မြို့ခံတဦး၏ ခန့်မှန်းချက်အရဆိုလျင် လူအုပ်အရေအတွက်မှာ အရပ်မျက်နှာ ၁ ဘက်လျင် ၁ ထောင်ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရသည်။ အရေအတွက်နှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

Yangon Press International


မိမိသည် ဒီမိုကရေစီပြယုဂ် `Icon´တစ်ခုမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မဟာ Icon တစ်ခုအဖြစ် ညွှန်းဆိုခံရတာကို မနှစ်သက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျွန်မအမြင်အရ ကြည့်ရရင် Icon `ပြယုဂ်´တွေဆိုတာ ထိုင်နေရုံပဲဖြစ်နေလို့ပါ။ ကျွန်မကတော့ ကျွန်မကို လုပ်သားတစ်ဦး (worker) လို့ပဲထင်စေချင်ပါတယ်။ ကျွန်မက အလုပ်ကြိုးစားလုပ်ရတာကို အများကြီးယုံကြည်မှုရှိပါတယ်။ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျုံပျော် အင်းလေလံ ရန်ပွဲ ရဲက ပစ်လို့ လူ ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရ

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကြီး ရွာမှာ အင်းလေလံ ရထားသူနဲ့ ဒေသခံ တွေကြား အချင်းများ ကြရာက ရဲက ပစ်လို့ လူ ၁ ယောက် သေပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ သိရပါတယ်။ -----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်းလေလံ ရသူနဲ့ ဒေသခံ တွေကြား အချင်းများ

ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ဖော် ကိုင်ဖက် ဖြစ်တယ် သမ္မတဦးသိန်းစိန် မိန့် ခွန်း (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ ..... လုပ်ဖော် ကိုင်ဖက် ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က Asia Society ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။

မြန်မာ ဘာသာနဲ့ ပြောကြားထားတဲ့ မိန့် ခွန်း (ရုပ်/သံ) ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်း စုကြည် ယေးလ်နဲ့ ဟားဗတ်မှာ မိန့်ခွန်းပြော

ရခိုင်ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မရှုံ့ချတာနဲ့ ပတ်သက် ပြီးတော့ ကျောင်းသား တယောက်က ဒေါ်အောင်ဆန်း စုကြည်ကို ဝေဖန် ဆွေးနွေး ပါတယ်။ ဒီအမေး ကိုတော့ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ ပါတယ်။

“ ကျမဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်နေရာမှာ ဖြစ်ဖြစ် ရှုံ့ချပါတယ်။ အခုကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နှစ်ဘက်စလုံးမှာ ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ တဖက် ဖက်ကိုသာ ရှုံ့ချလို့မရပါဘူး။ အခုအခါ အစိုးရကလည်း စုံစမ်းရေးကော်မရှင် ဖွဲ့ပေးထားပါတယ်။ သူတို့ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ လူတချို့ဟာ ဒီအခြေအနေက နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးပမ်းကြပါတယ်။ ကျမ ဒါမျိုး မလုပ်ပါဘူး။  ဒီကိစ္စမှာ ဘက်မလိုက်လို့ ကျမကို ဝေဖန်ရှုံ့ချမယ်ဆိုရင်လည်း ကျမ ခံယူဖို့အဆင်သင့်ပါပဲ။” ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဟားဗတ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း ပြောနေစဉ်


ဒေါ်အောင်ဆန်းစုကြည် ယေးလ်တက္ကသိုလ် ဟောပြောချက် (ရုပ်/သံ)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ယေးလ်တက္ကသိုလ် ဟောပြောချက် (ရုပ်/သံ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal

စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၅

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သမ္မတဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန်: (ရုပ်/သံ)

သမ္မတကြီး ဦးသိန်းစိန်၏ ကုလသမဂ္ဂ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန့် တို့ အကြောင်းကို ထည့်သွင်းဂုဏ်ပြု ပြောဆိုခဲ့ပါသည်။

"သူမရဲ့(ဒေါ်အောင်ဆန်းစုကြည်) ဒီမိုကရေစီ ကြိုးပမ်းမှု့အတွက် အမေရိ ကန်ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကို လည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်"

"ကျွန်တော့အနေနဲ့၊ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ဆောင် ရွက်
ချက်တွေကို၊ အောင်မြင်မှု့တွေကို ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ဘဲ ထာဝရချီးကျုးဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်"

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ထိုင်းမူဆလင်တွေ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြ

အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရိုက်ကူးထုတ်လုပ်ပြီး တမန်တော် မိုဟာမက်အပေါ် အရိုသေတန်စေတဲ့ ဗွီဒီယို ရုပ်ရှင်ကား အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံက အစ္စလာမ် ဘာသာဝင်တွေဟာ ဘန်ကောက်မြို့က အမေရိကန် သံရုံးရှေ့မှာ ကြာသာပတေးနေ့က ဆန္ဒပြနေကြပါတယ်။

အဲဒီမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။ သံရုံးကို အတင်းဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခုခံတွန်းထုတ်ခဲ့ကြရပါတယ်။ ကြာသာပတေးနေ့ ဘန်ကောက်မြို့ကဆန္ဒပြသမှုဟာ ရက်သတ္တပတ် အတန်ကြာအတွင်း ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး တခြားမူဆလင်တိုင်းပြည်တွေမှာ ဆန္ဒပြသခဲ့ကြတဲ့အတိုင်း ဘန်ကောက်မြို့ မှာလဲ အစ္စလာမ် ဘာသာဝင်တွေဟာ လမ်းတွေပေါ်တက်ပြီးတော့ သူတို့ရဲ့ မကျေနပ်မှု ဒေါသတွေကို ပြသနေကြတာပါ။ ဆန္ဒပြသမားတွေက google နဲ့ You Tube website တွေပေါ်မှာ အဲဒီရုပ်ရှင်ကို မပြသဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ အဲဒီရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူကို အရေးယူပေးဖို့ လိုလားနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းမူဆလင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Shopping Mall တခုရှေ့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြုပြင်ပြောင်းလဲရေး အလေးပေးပြော

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်
ဆယ်စု နှစ်တွေအတွင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ မြန်မာအစိုးရ အကြီးအကဲတဦး အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အခု မကြာခင် အချိန်အတွင်းမှာ မိန့်ခွန်း စကား ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းထဲမှာ ဘယ်အချက်တွေ ဘယ်အကြောင်း အရာတွေကို အဓိကထား ပြောသွားသလဲ စောင့်ကြည့် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ပြောပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခု ပြောသွားတဲ့ မိန့်ခွန်းမှာ အားလုံးစောင့်မျှော် ယူဆထားတဲ့ အတိုင်းပါပဲ လက်ရှိ မြန်မာအစိုးရ အနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အဓိကဇောင်းပေးပြီး ပြောသွားတာပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ စိန်ခေါ်ချက်တွေရှိပြီး။ အောင်မြင်မှုတွေဟာ အခက်အခဲတွေကြားကရရှိခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အစီအစဉ်တွေကို နောက်မဆုတ်ပဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ဂတိပေး ပြောဆိုခဲ့ပါတယ်။

“အခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့သြသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင် ခဲ့ကြပါတယ်။ ကျနော်အနေနဲ့ ယခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်နေရခြင်းကို များစွာ ဂုဏ်ယူမိပါတယ်။

ကျနော်တို့အစိုးရသစ်အနေနဲ့ လွန်ခဲ့သော တနှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့ချိန်ကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိက အားဖြင့် ပြည်သူများနှင့်အတူ တက်ညီ လက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။

ယခင်က အာဏာသုံးရပ်ကို တပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီနည်းလမ်းကျပြီး အပြန်အလှန်ထိန်းကျောင်းမှုစနစ်တွေ ပါတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။”

အခုလက်ရှိလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ မတူကွဲပြားတဲ့ အုပ်စုတွေ အားလုံး နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာနိုင်ဖို့ အစိုးရအနေနဲ့ စိတ်ရှည် သည်းခံပြီးဆောင်ရွက်ခဲ့တယ် လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်တော်ကိုယ်စားလှယ် တဦးသာမက တရားဥပဒေစိုးမိုးရေး လွှတ်တော်ကော်မတီရဲ့ ဥက္ကဌတဦးအနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဆောင်ရွက်နေပြီဆိုပြီ့း အမည်ထည့်သွင်းပြီးတော့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

“အရင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့ မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စု မှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။

ဒီလိုမြှင့်တင်နိုင် မှုကြောင့် နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့ လူနေမှုဘဝမြှင့်တင်ရေးအတွက် အထူး လိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။”

အခုအထွေထွေညီလာခံမှာပြောတဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သာမကပါဘူး။ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ တချိန်က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ရဲ့ စွမ်းဆောင်ရည် ကိုလည်း သမ္မတရဲ့ မိန့်ခွန်းထဲမှာ ချီးကျူးပြီးတော့ ပြောဆိုသွားပါတယ်။
နောက် တိုင်းရင်းသားတွေ နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြိုးပမ်းမှုတွေ ကိစ္စကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

လက်ရှိ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး ပြောလို့ရှိရင် ဒီလပိုင်း ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုခံရတာကတော့ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး၊ ဘာသာရေးကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီပြသနာရပ်တွေနဲ့ ပတ်သက်လို့လည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒါကို အချိန်ယူပြီး ဖြေရှင်းရမယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမခွဲပဲ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လုံလုံခြုံခြုံနေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့လည်း ဘက်လိုက်မှုကင်းမှု၊  အာမခံချက်ပေးထားတဲ့ လွတ်လပ်တဲ့အမျိုးသားအဆင့်၊ စုံစမ်းရေးကော်မရှင်တရပ်ကို ကဏ္ဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒို၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီးဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အချက်တွေကိုလည်း ဒီကော်မတီအနေနဲ့ ကျနော်ဆီကို တင်ပြလာမှာဖြစ်ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့အနေနဲ့ အလေးထား ဆောင်ရွက် နေကြောင်း သိရှိ ကြစေ ရန် အစ္စလာမ်ပူးပေါင်းရေး၊ ဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ် အဖွဲ့နဲ့  အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံတကာ သံတမန်များ စတဲ့ ကိုယ်စားလှယ် အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း သူတို့အနေနဲ့ အသိုင်းအဝိုင်းနှစ်ခုစလုံးကို ခွဲခြားမှုမရှိပဲ အကူအညီပေးမယ်ဆိုလို့ရှိရင် ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။”

အရင်တုန်းက မြန်မာစစ်အစိုးရဲ့ လူ့အခွင့်အရေး အခြေအနေတွေ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံ ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အတော်လေး မပြေမပြစ်ရှိခဲ့ပါတယ်။ အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ဒီနှစ်ပိုင်းအတွင်းမှာပဲ ထူးထူးခြားခြားတိုးတက်လာတယ်လို့ ဆိုရမှာပါ။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားလိုတယ်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာ ကျနော်ကောင်းစွာ သတိပြုမိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာအသိုင်းအဝိုင်းတရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှုနဲ့ အကူအညီများပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။

ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တခုကို ဝိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပအကူအညီများကို သပ်သပ် မှီခိုရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံတနိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။”

မြန်မာသမ္မတဦးသိန်းစိန် အခုလို မိန့်ခွန်းပြောဆိုတာဟာ နှစ် ၅၀အတွင်း မြန်မာနိုင်ငံ ခေါင်းဆောင် တဦးအနေနဲ့ ပထမဆုံးအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုမှုလည်းဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ သမ္မတဦးသိန်းစိန်ရဲ့ အခု မိန့်ခွန်းကို  ချုပ်ကြည့်လို့ ရှိရင် နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးလိုမှု၊ နောက် ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေကို အဓိက ထားပြီးတော့ ပြောဆိုသွားတာလို့ ပြောရမှာပါ။

ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာဌာန)

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား

နိုင်ငံတော် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ စိန်ခေါ် အကဲစမ်းမှုတွေ၊ အခက်အခဲ တွေရှိနေပေမယ့် အောင်မြင်မှုတွေ ရရှိခဲ့သလို ဆက်ပြီးလည်း မဆုတ်မနစ် ကြိုးစားဆောင်ရွက် သွားကြမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဂုဏ်ပြုဆုချီးမြှင့်မှုတွေအပေါ်လည်း မြန်မာနိုင်ငံသား တဦး အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း ပြောခဲ့ပါတယ်။

နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးလည်း အစိုးရအနေနဲ့ ဥပဒေနဲ့အညီ မျမျတတ ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့အညီ ကိုက်ညီအောင် ပြေလည်မှုရှိအောင် လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မိန့်ခွန်းပြောကြား သွားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်
( Photo : AFP )

ကျောက်ဖြူမြို့တွင် အာဏာပိုင်များနဲ့  ပူးပေါင်းပြီး KTV အနှိပ်ခန်းများဖွင့် လှစ်နေ

ကျောက်ဖြူစီမံကိန်းမှာ လာရောက် လုပ်ကိုင်နေတဲ့ ကုလား၊ တရုတ်၊ ကိုးရီးယားတွေ ကို အခကြေးငွေပေးကာ မြန်မာ အမျိုးသမီးတွေ နှင့် ရင်းနှီးကျွမ်းဝင် ကာမလိင်ပိုင်ဆိုင်ရာ အရရော အမြတ်ထုတ်နေမှု တွေကို ကျောင်းသား မိဘတယောက် အနေနှင့်ရော၊ မြို့ခံ ရခိုင် လူမျိုး တယောက် အနေ နှင့်ပါ ရှုတ်ချကြောင်း ----

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျောက်ဖြူမြို့ မှာ ဦပေါက်စီ နှင့် ကိုအောင်နိုင်စိုး တို့ဖွင့်ထားသည့်  အနှိပ်ခန်းအား တွေ့ ရစဉ်

ဘုရင့်နောင် ပွဲရုံတန်းအတွင်း မာဆပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင် လျှက်ရှိ

၎င်းမာဆပ်လုပ်ငန်းမှ အလုပ်သမားများသည် ညအချိန် လမ်းမပေါ်တွင် သွားလာနေသော အမျိုးကောင်း သားများကို မြူစွယ်၍ အကျင့်စာရိတ္တ ပျက်ပြားအောင် သွေးဆောင် ဖြားယောင်း နေသည် ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ညအချိန်အခါလင့်မှ အလုပ် မှပြန်လာရသော အမျိုးကောင်း အမျိုးကောင်း သမီးများအတွက် လုံခြုံမှု ရှိတော့မည် မဟုတ်ပါ။ အိမ်ထောင် ရှင်မများ အနေဖြင့်လည်း မလိုလားအပ်သော ပြဿနာများြ ဖစ်ပေါ်လာမည်ကို နေ့စဉ်နှင့် အမျှ စိုးရိမ် ပူပန်နေကြရသည်။ -----
အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဘုရင့်နောင် ပွဲရုံတန်းအတွင်း မာဆပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင် လျှက်ရှိ

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ