တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်တာဟာ အစိုးရတပ်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့် ထုတ်ထားပေမယ့် ကချင်လွတ်လပ်ရေး တပ်မတော်ဘက်က ပစ်ခတ်မှု ရပ်ဆိုင်းမိန့်တွေ မထုတ်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ နိုင်ငံတော် သမ္မတက ပြောဆိုပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော တိုက်ပွဲဖြစ်နေမှု ကေအိုင်အေက အပစ်ရပ်အမိန့် မထုတ်၍ဖြစ်ကြောင်း သမ္မတပြော Reviewed by သစ်ထူးလွင် on 20:15 Rating: 5

28 comments:

Unknown said...

ဟုတ်တယ် Mr president ပြောတာ.....ကျုပ်သိတဲ့ စစ်ဗိုလ်ဆရာဝန်လေးတယောက်ပြောဘူးတယ်.....သူလဲရှေ့တန်းရောက်နေတာ.....စစ်တပ်က အပစ်ရပ်ဘို့အမိန့်ပေးထားပီးသား......အဲ့တော့စစ်တပ်ကမပစ်တော့ဘူး.....ဆိုတော့ KIA ကကောင်တွေက စခန်းနားကိုဆိုင်ကယ်နဲ့လာပစ်သွားတာတမျိုး.....လစ်ပစ်ဗုံးနဲ့လာထုသွားတာတမျိုးနဲ့ စဉ်းစားကြည့်ကြပေါ့.....စစ်သားလဲလူဘဲဗျ...အသက်နဲ့.....သူတို့စနေတာကသေစေနိုင်တဲ့လက်နက်နဲ့လေ.....ကဲဘာဆက်ဖြစ်မယ်ထင်သလဲ......အခုခေတ်က စစ်သားဆိုမကောင်းမြင်ဘို့ဘဲစဉ်းစားနေတာ....မကောင်းမြင်ချင် သန်းရွှေကြီးကိုအရေးယူဘို့ဝိုင်းပီးဆန်ဒဖေါ်ထုတ်ကြဗျာ......ရှင်း၂လေးဘဲ

Unknown said...

သမ္မတကြီးရဲ့လုပ်ဆောင်ချက်တွေကိုလေးစားပါတယ်..ထောက်ခံပါတယ်..ဒါပေမယ့် အခုကိစ္စ.... "KIA ဘက်က အပစ်ခတ်ရပ်တဲ့ အမိန့်မထုတ်လို့"...ဆိုတာကိုတော့ သဘောမတူပါဘူး..မမှားဘူးဆိုရင် ကျွန်တော်တွေ့ရသလောက်၊ သိရသလောက်က စစ်တပ်ဘက်က ထိုးစစ်တွေဆင်နွဲနေတယ် ဆိုတာပဲ...ဒီဘက်က ထိုးစစ်ဆင်နေမှတော့ တစ်ဖက်ကလဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တစ်ခုခုတော့လုပ်ရမယ်လေ...ကျွန်တော့အမြင်ပြောရရင်..ဒီဘက်က တိုးစစ်ရပ်ရင် ဟိုဘက်က အလိုလို အပစ်ရပ်ပြီးသားဖြစ်မှာပါ...ဒီထက်အရေးကြီးမယ်လို့ထင်တဲ့မေးခွန်းလေးမေးချင်တယ် " ဘယ်သူက ဘယ်သူ့ကိုသွားတိုက်နေတာလဲ၊ ဘယ်သူကဘယ်သူ့ကိုသွားပြီး ကျူးကျော်တာလဲ၊ ဘယ်သူ့ရဲ့နယ်မြေထဲ ဘယ်သူဘယ်လောက် ကျွင်သွားလဲ.." ဆိုတဲ့မေးခွန်လေးတွေမေးချင်ပါတယ်။။။။။။။။။။။

Unknown said...

တကယ်တော့အစိုးရကထိုးစစ်လုပ်နေတာမဟုပါဘူး KIA ဘက်ကမဟုတ်သတင်းလွင့်နေတာပါ အစိုးရတပ်က လိုင်ဇာကိုထိုးစစ်ဆင်ဘို့နေနေသာသာ ကချင်ပြည်နယ်ကမြို့တွေကိုတောင် မကာကွယ်နိုင်ပါဘူး KIA ကထိုးစစ်ဆင်နေတာကိုအလူးအလဲခုခံနေရတာပါ KIA ကချင်ပြည်နယ်မြို့တွေကိုတောင်သိမ်းဘို့ ကျိုးစားနေပါတယ်

Unknown said...

တပ်မတော် စစ်ကြောင်းတွေ ဘာကြောင့် နယ်ကျွံလာတယ်ဆိုတာလည်း လေ့လာလိုက်အုံးလေ ကိုUnknown ရဲ့။

zmh said...

ထင်တာတော့နှစ်ဖက်လုံးမှားနေတယ် ခံရတော့ပြည်သူတွေ နေ့စဥ့်ကြုံနေရတာ
ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် အေးချမ်းချင်ပြီ

စိန်ရဲဒင်း said...

ဟုတ်ကဲ့ကိုunknownကိုတစ်ခုလောက်တော့မေးချင်ပါတယ် အခုခင်ဗျားပြောတဲ့စကားတွေဟာတကယ်တမ်းစစ်မြေ
ပြင်ဖြစ်နေတဲ့ဖားကန့် ဆိုင်းတောင် မြစ်ကြီးနားစတဲ့ဒေသခံတွေကိုဘယ်လောက်ကိုယ်စားပြုပါ
သလည်း?တကယ့်အဖြစ်အပျက်တွေသိချင်ရင်မန္တလေးက
ကျောက်ဝိုင်းထဲမှာတင်သိနိုင်ပါတယ်။အဲဒီမှာKIAကနှိပ်စက်လို့ထွက်ပြေးလာရတဲ့သူတွေအများ
ကြီးပါဘဲမေးမြန်းစုံစမ်းလို့ရပါတယ်။နောက်တစ်ခုကခင်ဗျားပြောတဲ့စကားထဲမှာနယ်မြေဆိုတဲ့
စကားနဲ့ကျုးကျော်တယ်ဆိုတဲ့စကားကရောဘာအဓိပ္ပါယ်
ကိုဆောင်ပါသလည်း။မသိလို့မေးကြည့်တာပါဘယ်အချိန်
တုန်းကကချင်ပြည်နယ်ကသတ်သတ်သီးခြားပြည်နယ်ဖြစ်
သွားတာလည်း?ဗမာပြည်မမှာကချင်တွေအများကြီးဘဲ
ဘယ်ဗမာ/ဗုဒ္ဓဘာသာလူမျိုးကမှကချင်ဖြစ်လို့မနှိမ်ချဘူး
မစော်ကားဘူး။ဗမာလူမျိုးတွေရတဲ့အခွင့်အရေးမှန်သမျှ
ကချင်လူမျိုးတွေအကုန်ရတယ်။နောက်ဆုံးပြောရရင်ကချင်လူမျိုးဖြစ်တဲ့အတွက်ဗမာပြည်
မှာအသတ်ခံရတဲ့ကချင်တစ်ယောက်မှမရှိဘူး။အပြစ်တစ်
စုံတစ်ရာမရှိဘဲဗမာလူမျိုးဖြစ်လို့အသတ်ခံရတာကချင်ပြည်နယ်မှာအများကြီးဘဲ။ဒါတွေကိုပြောရတာကချင်လူမျိုး
တွေကိုမုန်းလို့မဟုတ်ဘူးတစ်ဖက်သတ်ပြောစကားတွေကို
လက်မခံနိုင်လို့ဘဲ။မင်းကကချင်ပြည်နယ်မှာအစိုးရကထိုး
စစ်ဆင်နေတယ်လို့ပြောတယ်။တကယ်တန်းအင်အားအပြည့်နဲ့ကြည်းလေပူးပေါင်းပြီးထိုး
စစ်ဆင်လာရင်KIAဘယ်နှစ်ရက်ခံမလည်း?အဖွဲ့ပေါင်းစုံနဲ့
တိုက်ခိုက်နေရတုန်းက,ဒီနေ့လိုစစ်လက်နက်ပစ္စည်းမျိုးနဲ့
မဟုတ်ဘဲမီးကျိုးမောင်းပျက်သေနတ်တွေနဲ့စစ်တိုက်နေရ
တုန်းကတောင်တပ်ကိုမင်းတို့မနိုင်တာကွာသမ္မတကြီးကို
မင်းတို့ကျေးဇူးတင်လိုက်စမ်းပါ။အပစ်ရပ်ထားခိုင်းလို့ဒီနေ့
လိုသောင်းကျန်းလို့ရနေတာ။

Unknown said...

အဲ့ဒီမင်းတို့အရေးကြီးပါတယ်ဆိုတဲ့ မေးခွန်းလေးကိုပဲ ဖြေချင်ပါတယ် ဘယ်သူက ဘယ်သူ့ကို သွားတိုက်နေရတာလဲဆိုရအောင် မင်းတို့ကသီးခြား တိုင်းပြည် တည်ထောင်ထားလို့လား အဲ့ဒါဆို လီးမှ ဘဲ ပြည်မကို မလာကြနဲ့လေကွာ မင်းတို့ သားသမီးတွေကိုလည်း ရန်ကုန်မှာ ကျောင်းတွေ လာမထားနဲ့လေကွာ မလေးရှားသွားပြီး ကချင်မှာ စစ်ဖြစ်နေလို့ UN Card လေးပေးပါလို့ အသနားခံ လျှောက်ထားပြီး တတိယ နိုင်ငံ ထွက်နေတာက မင်းတို့ချည်းဘဲ ဘယ်တုန်းကများ တိုင်းပြည်ကောင်းအောင် နိုင်ကျဉ်းတို့ ၈၈ တို့လို လုပ်ခဲ့ဘူးလို့လဲ စစ်များများဖြစ်လေ မင်းတို့ကချင်တွေ အမေရိကားရောက်လေဘဲ မဟုတ်လား စစ်ကို မွေးနေတာ က မင်းတို့... တော်လှန်ရေး အဓွန့်ရှည်ပါစေလို့ ကြွေးကြော်နေတာ မင်းတို့...ကချင်ကောင်တွေက ခွဲခြားခွဲခြားနဲ့ မင်းဘိုးအေတွေက မင်းတို့ကချင်ကို ဘယ်တုန်းကများ ကချင်လူမျိုးများ တိုးတက်ချမ်းသာအောင် လုပ်ပေးခဲ့ဘူးလဲ သေချာစဉ်းစားကြည့်ပါဦး ဟင် ဟေ့ကောင် ....မင်းတို့က ချင်းထက်အများကြီး ပိုဆိုးတယ် ...
ငါသာ လုပ်ပိုင်ခွင့်ရှိရင် မင်းတို့ အသံအားလုံး တိတ်ဆိတ်သွားအောင် လုပ်ပစ်မယ်...စကားအများကြီးမပြောဘူးကွ ..

Unknown said...

သမ္မတကြီး အရမ်းပျော့လွန်း တယ်လို့ ထင်ပါတယ်။ဘယ်နည်းနဲ့မဆို တိုငးပြည်ညိမ်းချမ်း ဖို့အပြတ်လုဆောင်ပ်စေချင်ပါတယ်။

Unknown said...

သမ္မတကြီး အရမ်းပျော့လွန်း တယ်လို့ ထင်ပါတယ်။ဘယ်နည်းနဲ့မဆို တိုငးပြည်ညိမ်းချမ်း ဖို့အပြတ်လုဆောင်ပ်စေချင်ပါတယ်။

mg mg said...

အထက်ကလူရေးတာထောက်ခံတယ်။ဗမာအစိုးရအဆက်ဆက်ဟာသူတို့ အမှားတွေကို ဖံးကွယ်ချင်ရင်သူများကိုပဲလွဲချတာထုံးစံပါ။

Unknown said...

ဒါဆို တစ်ခုပြန်မေးမှာပေါ့ ဘယ်သူက လမ်းတွေကိုပိတ်လဲ။ လုံခြုံမှုကို ခြိမ်းခြောက်သလဲ။ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားမှတော့ လုံခြုံမှုရဖို့  ရှင်းလင်းရေးတော့ လုပ်ရမှာပဲ။ သူတို့ ကပြောတော့ အစိုးရက အင်အားတိုးချဲ့တယ်တဲ့။ KIA ကရော မလုပ်လို့ လား။ ထင်သာမြင်သာ မရှိတာပဲကွာတယ်။ KIA ကလည်းအပြင်းအထန် အင်အားတိုးချဲ့ နေတာပါ။ ဒီတော့ အစိုးရကလည်း အငိုက်မိခံလို့ မှမဖြစ်တာ။ အင်အားထပ်ပို့ ရမှာပေါ့။ ဒါကိုလမ်းမှာ Kia ကဖြတ်တိုက်တယ်။ ဒီတော့ လမ်းခရီးလုံခြုံရေးအတွက် ပိုင်နက်ထပ်ချဲ့ ရပြန်ရော။ ပြီးတော့ အစိုးရထိန်းချုပ်နယ်မြေထဲရော KIA က ခဏခဏ ကျွံဝင်လာတာပါပဲ။ ဖားကန့် မြို့ ပေါ်အနီးတစ်ဝိုက်ပေါ့။ ပြီးတော့ ပြည်သူတွေကို ခြိမ်းခြောက်နေပြန်ရော။ ကျွန်တော်သိသလောက်ကလည်း KIA ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ရထားလမ်းတွေက KIAနယ်မြေထဲက မဟုတ်ပါဘူး။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် မဆိုလိုဘူး။ ကျွန်တော်ဆိုလိုတာက အစိုးရ ရော KIAကပါ။ အပြန်အလှန် အပြစ်တင်နေပေမယ့် ကိုယ့်အမှားကို ကိုယ်မမြင်ဘူး။တကယ်တော့ နှစ်ဖက်လုံးမှားတာပါ။

Unknown said...

ကျုးကျော်တယ်လို့ပြောရအောင် မြန်မာပြည်မှာနေတဲ့တပ်မတော်သား မြန်မာနိုင်ငံသားတွေက ကို့နိုင်ငံ ဥပဒေစိုးမိုးရေးအတွက် ကချင်ပြည်နယ်မှာတာဝန်ထမ်းဆောင်နေတာလေ
ဖြုတ်ဦးနှောက်လောက်ဝင်ပြီးမပြောစမ်းပါနဲ့

Unknown said...

လူမျိုးရေးဖြစ်ဖြစ်ဘာသာရေးပဲဖြစ်ဖြစ် အစွန်းရောက်နေတဲ့လူအနည်းစုကြောင့်အခုလို မငြိမ်းချမ်းတာပါ

Unknown said...

Unknown မေးထားတဲ့ အတိုင်းဆို ကချင်ဆိုတာ မြန်မာနိုင်ငံကနေ သီးခြား
တိုင်းပြည်တစ်ခုအဖြစ် ခွဲထွက်သွားပြီလား။ ကိုယ့်နယ်မြေမှာ ကိုယ့်စစ်တပ်နဲ့
ကိုယ့်စိတ်တိုင်းကျ အုပ်ချုပ်ကြမယ်ဆိုရင် မြန်မာနိုင်ငံကြီး အစိပ်စိပ် အမွှာမွှာ
ကွဲသွားလိမ့်မယ်။ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းဟာ ဒေသခံ
ပြည်သူတိုင်းကိုသာ ကိုယ်စားပြုနိုင်တယ်ဆိုရင် သီးခြားတိုင်းပြည်တွေ ထူထောင်
နိုင်ခဲ့ကြတာ ကြာပြီ။တကယ်တော့ ပြည်သူတွေရဲ့ ရင်ထဲမှာပြည်ထောင်စုစိတ်ဓါတ် ဖြစ်တည်ပြီးသားပါ။ ကိုယ့်တိုင်ရင်းသားကိုထိရင်
အားလုံးနာတတ်ကြတယ်။ တိုင်းပြည်မှာ ရောင်ခြည်တွေသန်းနေပြီ။ မြန်မာဆိုတာ
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုထားတာပါ။မြန်မာပိုင်တဲ့လက်နက်တွေဟာ မြန်မာကိုပစ်ဖို့ မဖြစ်
သင့်တော့ပါဘူး။

Unknown said...

ကိုယ့်ညီအကိုမောင်နှမအချင်းချင်းပစ်သတ်နေတာရပ်ကြ ပါတော့။ ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးလား။ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ဖြေရှင်းလို့ရနိုင်တဲ့ နည်းလမ်းပေးကြပါ။

ကချင်ပြည်နယ်သူ

Anonymous said...

အဓိက က ဘ၀င်တွေလျှော့ကြဖို့ ပဲ
ပြီးတော့ ပြည်သူကိုရန်သူလို
သဘောမထားဖို့ ၊ငါတျု့ လုပ်မှဖြစ်မယ်ဆိုတဲ့
အတ္တကိုအနားပေးဖို့ လိုပါတယ်။
တကယ်တော့"ငါအညံ့ဆုံး"ဆိုတာ
နောက် -နှစ်တွေမကြာခင်သိတော့မှာ။
ဒီအချိန်တော့ ဒီလောက်ပဲပြောဦးမယ်။

စစ်ဆိုတာ said...

အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုရဲ့ တပ်မတော်ဟာ သူ့နိုင်ငံတွင်း သွာလှုပ်ရှားတာ ဘယ်သူ့ကို ခွင့်တောင်းေ နေရဦးမှာလဲ ထိုးစစ်ဆင်ဖို့ စစ်တိုက်ဖို့သွားတာမဟုတ်ဘူး ကြောင်မရှိကြွက်ထတယ် ။ ဆက်ကြေးတွေကောက် တာ တောင်လိုပုံနေပြီ ကမ္ဘာကျော်အမေရိကန် CAT ကုမ္ပဏီ မကျန်ဘဲ လာမဆောင်လို့ဆိုပြီး ရုံးဒေါင့်မှာတောင် မိုင်းခွဲသေးတယ် အဲ့ဒါကြောင့် တိုင်းရင်းသားကိစ္စ အလေးထားတဲ့ အမေရိကန်တောင်သူတို့ကိုပစ်ထားပြီး သမ္မတကြီး Welcom လုပ်တာပေါ့

လူထုရဲ့ အကျိုးစီးပွါးတွေကို အကာအကွယ်ပေးဖို့ တက် လာ တာပါ။ ဖားကန့်ကို နောက်ထပ်၆ ရင်း တက်လာ တယ်ကြားတယ် ပြည်သူတစ်ယောက်အနေနဲ့ welcome ပါဘဲ ။

မြန်မာတပ်မတော်ကို ပစ်မိန့်ပေးလို့ ထိုးစစ်တကယ် ဆင်နွှဲရင် တစ်လမကြာဘဲ အကုန် ပြီးစီးမယ်လို့ တပ်မတော်အရာရှိတစ်ဦးကပြောကြားပါတယ်။ သမ္မတရဲ့ စိတ်ရှည်သီးခံမှုကိုအခွင့် ကောင်းယူပြီး ချောင်းပ စ် မြောင်းပစ် ပြီး အနိုင်ရတယ်လို့ စိတ်ကြီးဝင်နေကြတာ ။

ဘယ်သူက သမာသမတ်ကျတယ် ဘယ်သူက ဆိုးနေ တယ်ဆိုတာ ကမ္ဘက သိလို့ ဥပဒေကို သီးသန့် ပြင်ဆင်ေ ပေးပြီး ပြည်ဝင်ခွင့်ပေး UN မှာ မြန်မာမြန်မာလို့ ထင်ပေါ် စေတာလ်ု့ မြန်မာပြည်သူတစ်ယောက်အနေနဲ့ မြင်မိပါကြောင်း

စစ်ဆိုတာ said...

အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်ခုရဲ့ တပ်မတော်ဟာ သူ့နိုင်ငံတွင်း သွာလှုပ်ရှားတာ ဘယ်သူ့ကို ခွင့်တောင်းေ နေရဦးမှာလဲ ထိုးစစ်ဆင်ဖို့ စစ်တိုက်ဖို့သွားတာမဟုတ်ဘူး ကြောင်မရှိကြွက်ထတယ် ။ ဆက်ကြေးတွေကောက် တာ တောင်လိုပုံနေပြီ ကမ္ဘာကျော်အမေရိကန် CAT ကုမ္ပဏီ မကျန်ဘဲ လာမဆောင်လို့ဆိုပြီး ရုံးဒေါင့်မှာတောင် မိုင်းခွဲသေးတယ် အဲ့ဒါကြောင့် တိုင်းရင်းသားကိစ္စ အလေးထားတဲ့ အမေရိကန်တောင်သူတို့ကိုပစ်ထားပြီး သမ္မတကြီး Welcom လုပ်တာပေါ့

လူထုရဲ့ အကျိုးစီးပွါးတွေကို အကာအကွယ်ပေးဖို့ တက် လာ တာပါ။ ဖားကန့်ကို နောက်ထပ်၆ ရင်း တက်လာ တယ်ကြားတယ် ပြည်သူတစ်ယောက်အနေနဲ့ welcome ပါဘဲ ။

မြန်မာတပ်မတော်ကို ပစ်မိန့်ပေးလို့ ထိုးစစ်တကယ် ဆင်နွှဲရင် တစ်လမကြာဘဲ အကုန် ပြီးစီးမယ်လို့ တပ်မတော်အရာရှိတစ်ဦးကပြောကြားပါတယ်။ သမ္မတရဲ့ စိတ်ရှည်သီးခံမှုကိုအခွင့် ကောင်းယူပြီး ချောင်းပ စ် မြောင်းပစ် ပြီး အနိုင်ရတယ်လို့ စိတ်ကြီးဝင်နေကြတာ ။

ဘယ်သူက သမာသမတ်ကျတယ် ဘယ်သူက ဆိုးနေ တယ်ဆိုတာ ကမ္ဘက သိလို့ ဥပဒေကို သီးသန့် ပြင်ဆင်ေ ပေးပြီး ပြည်ဝင်ခွင့်ပေး UN မှာ မြန်မာမြန်မာလို့ ထင်ပေါ် စေတာလ်ု့ မြန်မာပြည်သူတစ်ယောက်အနေနဲ့ မြင်မိပါကြောင်း

Unknown said...

တပ်မတော်သည် မြန်မာတစ်နိုင်ငံလုံးကို ကာကွယ်ရန်တာဝန် ရှိသည်။
တပ်မတော်တွင် တိုင်းရင်းသားပေါင်းစုံ တာဝန်ထမ်းဆောင်နေသည်။
မြန်မာနိုင်ငံ၏ လက်ရှိ နယ်နမိတ်ကို တသ်ကမ္ဘာလုံး သိရှိသော်လည်း ကျူးကျော်သည်ဟု သုံးသူသည် ဘယ်လိုရည်ရွယ်ချက်ရှိပါသလဲ။

Unknown said...

inguba tharပြောတာကိုထောက်ခံတယ်we don't like war

Unknown said...

ကရင်လေး said
တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဥပဒေမရှိထင်တိုင်းကျဲပြီး လက်နက်နဲ့
လုပ်ချင်တာလုပ်လို့ရနေတော့ ဘယ်မှာဥပဒေဘောင်အတွင်းဝင်ချင်မှာလည်း
ဒီကောင်တွေနယ်မြေမှာ ဘိန်းပဲစိုက်စိုက် ၊ရာမဆေးပဲထုတ်ထုတ် လုပ်ချင်ရာ
လုပ်လို့ရတယ်၊ ငွေမည်းတွေနဲ့အများကြီးချမ်းသာနေကြတယ်၊ လက်နက်
တွေလည်းကြိုက်သလောက်ဝယ်လို့ရနေတယ်၊ကိုးကန့်တုန်းကပဲကြည့်
လက်နက်စက်ရုံတောင်ထောင်ထားပြီ။ အေကေ ၄၇ တို့၊အမ် ၂၂ တို့ဆို
တာ အလွယ်တကူထုတ်လို့ရတယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာဟာ
တကယ်တော့မြန်မာပြည်မြေပုံ တစ်ခုလုံးဖြစ်ရမှာ တကယ်တမ်း မြေပြင်မှာ
က ၀ ဒေသဆိုစစ်တပ်မသွားနိုင်ဘူး၊အစိုးရရဲ့ဥပဒေမရှိဘူး၊ထိုနည်းအတူမိုင်း
လားဒေသ၊ ကရင်နီနယ်၊ ကေအန်ယူနယ်၊ ဒီကေဘီအေနယ်၊ မွန်ပြည်သစ်ပါ
တီနယ်၊ အစရှိသဖြင့်တခြားလက်နက်ကိုင်တွေရှိတဲ့ ဘယ်နယ်မြေကိုမဆို
ဥပဒေမစိုးမိုးနိုင်ဘူး၊ မြန်မာပြည်အလယ်ပိုင်းကဗမာလို့ပြောတဲ့ကောင်တွေက
လည်းဖင်ခေါင်းကျယ်ပြီး ကိုယ့်ဗမာအချင်းချင်းတိုက်နေကြတယ်။NLD တို့
၈၈ ကျောင်းသားဆိုတဲ့ကောင်တွေလည်းပါတာပေါ့။ တစ်ကယ်တမ်းမြန်မာ့
တပ်မတော်ဆိုတာ တိုင်းရင်းသားပေါင်းစုံ အရင်ကတည်းကပါဝင်တဲ့ ပြည်
ထောင်စုတပ်မတော်ပုံစံ ဖြစ်ပါတယ်။ ပြည်ထောင်စုကိုကိုယ်စားပြုတဲ့တပ်မ
တော်က ပြည်ထောင်စု တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူးဆိုရင် တိုင်းပြည်ရဲ့အ
နာဂတ်ကဘာဖြစ်တော့မလဲ ။ ဆိုဗီယက်ပြည်ထောင်စုလို၊ ယူဂိုဆလားဗီး
ယားပြည်ထောင်စုတို့လို အစိပ်စိပ်အမွှာမွှာ အကွဲခံတော့မလား။ KIA ခေါင်း
ဆောင်တွေရဲ့ပြောစကားတွေကကော ဘယ်လိုရည်ရွယ်ချက်ကိုဦးတည်နေ
သလဲ၊ စဉ်းစားဘို့လိုလာပြီ။ သမ္မတ ကြီးအနေနဲ့အများကြီးသီးခံပြီး ငြိမ်းချမ်း
ရေးကမ်းလှမ်း လို့မှမရရင် ပြတ်ပြတ်သားသားချေမှုန်းသင့်ပါပြီ၊ တပ်မတော်
သားတွေလည်း ပြတ်သားတဲ့အမိန့်မရှိဘဲ တွန့်ဆုတ် တွန့်ဆုတ် တိုက်နေ
ရတော့ အထိအခိုက်အကျအဆုံးများနေရပါပြီ။ KIA ခေါင်းဆောင်များလည်း
ပြည်ထောင်စုစိတ်ဓါတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့အချိန်တန်ပြီလို့ပြောပါရစေ။

Cho Cho Aung said...

တစ်ခုပဲ နားလည် သလောက်လေး ၀င်ပြောပါ၇စေ အစိုး၇တပ်တွေ
နောက် ပြန်ဆုတ်ပေးမှ ငြိမ်းချမ်းေ၇းလုပ်မယ်ဆိုတဲ့  KIA က .. ငယ်ငယ်တုန်းကလို သေနတ် ပစ်တမ်းကစားနေတဲ့  ပွဲများမှတ်နေသလား မသိ.ကျဆုံးသွားတဲ့  တပ်မတော်သားတွေ ၇ဲ့  သွေး နဲ့  မုဆိုးမတွေရဲ့ မျက်၇ည်ကို ခြေဆေးခိုင်း သလို ဖြစ်နေပြီ .. ငြိမ်းချမ်းေ၇းအတွက်
တကယ်လိုလား၇င် တခြား ဖြစ်နိုင်မယ့်  နည်းလမ်းလေးတွေ ၇ှာပေးပါလို့ KIA ကိုတောင်းဆိုချင်ပါတယ်

Unknown said...

comment ပေးတာပဲ ကြိုက်သလိုပေးလို့ရပါတယ်။ ဒါပေမယ့် ဒီ comment တွေကြည့်ရတာ မြန်မာနိုင်ငံဆိုတာတောင်ပျောက်သွားသလိုပဲ။ မြန်မာနိုင်ငံဆိုတာ ဘာလဲပြန်စဉ်းစားပါ။ ဗမာလူမျိုးတစ်ခုတည်း၊ ကချင်လူမျိုးတစ်ခု တည်း စသည်ဖြင့် ရှိနေတာမဟုတ်ဘူး။ အားလုံးပေါင်းမှ မြန်မာနိုင်ငံဖြစ်လာတာ။ တရုပ်မကောင်း၊ ကုလားမကောင်းရ တဲ့အထဲ ခင်ဗျားတို့က ကိုယ့်အချင်းချင်းပါ မကောင်း လုပ်နေရသေးတယ်။ ကျွန်တော်လည်းမကောင်းပါဘူး။ ပြည်သူတစ်ယောက် အနေနဲ့ ကျွန်တော်လည်း ဘာတာဝန်မှ မကြေခဲ့ပါဘူး။
ဒါပေမယ့် တိုင်းပြည်ဆင်းရဲငတ်မွတ်နေတဲ့အချိန်မှာတော့ ကိုယ့်အချင်းချင်းပြဿနာ မဖြစ်ကြစေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံးကပါ ဒီပြည်တွင်းစစ်ကို ရပ်တန့်နိုင်အောင် ၀ိုင်းဝန်းပံ့ပိုးကြစေလိုပါတယ်။ ဒီအတိုင်းဆက်သွားနေရင် ကချင်ကလည်း ကချင်နိုင်ငံ။ ဗမာကလည်း ဗမာနိုင်ငံ၊ ရှမ်းကလည်း ရှမ်းနိုင်ငံ၊ ရခိုင်ကလည်း ရခိုင်နိုင်ငံ ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်ရောက်သွားမလဲ စဉ်းစားပေးကြစေလိုပါတယ်။ ဗိုလ်ချုပ်ကိုချစ်တယ်ဆို နိုင်ငံမပျောက်အောင်တော့ ထိန်းသိမ်းပေးစေချင်ပါတယ်။ လူမျိုးတိုင်းက ကိုယ့်လူမျိုးကိုယ်ချစ်ကြတာပဲ ဒါပေမယ့်အခုကိစ္စမှာတော့ ကချင်ဗမာရခိုင်မွန်ချင်း စသည်ခွဲမမြင်ပဲ မြန်မာ လူမျိုးတစ်မျိုးတည်းပါလားဆိုပြီး မြင်ကြည့်ပေးစေလိုပါတယ်။

tsawtsawlawt said...

ကျွန်တော်တို့ အရင်ဦးဆုံး KIA ဟာ ၁၉၆၁ မှာ ဘာကြောင့် ပေါ်ပေါက်လာရ သလဲ ဆိုတာ ကို အရင် လေ့လာ ရပါမယ်၊ နောက်ပြီး ပင်လုံ ကတိက၀တ် ဆိုတာ ကို လေ့လာ၊ အနည်းဆုံးတော့ ကြားဖူးထားရ ပါမယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ရ လာတဲ့ သမိုင်း အမှန် ကို လေ့လာရ ပါမယ်၊ ကျောင်းမှာ သင်ခဲ့တဲ့ သမိုင်းအတု ကိုပြောချင်တာ မဟုတ်ပါဘူး၊ ကချင်ပြည်နယ်မှာ ဟိုး ..... အရင်တုံးက ဘယ်သူတွေအုပ်ချုပ်ခဲ့သလဲ ၊ ဘယ်လို ဘယ်ပုံ နဲ့ ကချင်လူမျိုးတွေ၊ ရှမ်းလူမျိုးတွေ စသဖြင့် အနည်းငယ်တော့လေ့လာ ထားရပါမယ်၊ သမိုင်းကြေင်းကို ဘားမှ မသိ နိုင်ငံရေးကိုဘား မှ နားမလည်ပဲ ပြောနေရင် လူတွေကို အဆိုးပဲ မြင်လာ တတ် ပါတယ်။
အထူးသဖြင့် Comment ရေး ရင် ဘားမှ နားမလည်၊ ဘားမှမလေ့လာတဲ့ လူ တွေရဲ့ ရေးအသားဟာ အင်မတန်မှ သိသာလွန်း ပါတယ် ...... သူငယ်ချင်း.........
နည်းနည်းတော့ လေ့လာ ကြ ပါစို့ .........








Unknown said...

မနေ့ ညပဲနန်းမားလက်ပံတန်းမှာတံတားတစင်းဗုံးခွဲဖျက်

စီးလိုက်ပြန်ပြီဗျ KIA ကပြောရင်တော့ကချင်ပြည်သူအ

တွက်တဲ့သူတို့ လမ်းဖောက်တံတားဆောက်ထားတာဘာ

တခုမှမရှိဘူးကျနော်တို့ ကချင်နေပြည်သူတွေမခံနိုင်

တော့ဘူး ကိုစိန်ရဲဒင်းနဲ့ ကိုစစ်တို့ ရဲ့ စကားလုံးတွေကြိုက်

လို့  jinghpawkasa.blogspot ဝက်ဘ်ဆိုက်မှာဝင်ရေး

ပေးပါအုံးနော်

Unknown said...

အခုဒီပို့စ် မှာရေးတဲ့အကိုတွေ အခြားကချင်နေ့စဉ်သတင်းတွေ fb timeline တွေမှာလည်း အခုလိုအမှန်တရားလေးတွေရေးကြပါအုံးလို့တိုက်တွန်းလိုပါတယ်ခင်မျ အခုKIAအကြာင်းေ၇းထားတာတွေကအားအမှန်တွေကြည့်ပါဘဲခင်မျာ ကျွန်တော်က ဖားကန့်ကပါ တချို့ကချင်အစွန်းရောက်တွေကလူမျိုးရေးအနေနဲ့လှုံ့ဆော်နေကြပါတယ် ကချင်ပြည်နယ်မှာမနေဖူးတဲ့သူက KIAအကြောင်းကောင်းကောင်းမသိကြပါဘူးမျိုးချစ်တွေလို့ထင်နေကြပါတယ် အမှန်က တော်လှန်ရေးလုပ်စားနေတာပါ သူတို့ပို့စ်တွေ ၀င်ေ၇းလို့မရပါဘူး ပထမတခါပဲရပါတယ်KIA အကြောင်းမှန်တာေ၇းမိယင် ဖျက်ပလိုက်တာပါပဲ သူတို့သတင်းတွေက အားလုံးနီးပါးပြောင်းပြန်တွေပါ ဖားကန့်တစ်မြို့လုံးသူတို့မိုင်းမခွဲတဲ့နေရာမရှိပါဘူး ကချင်ပြည်နယ်တခုလုံးသူတို့ဖျက်ဆီးထားတာပါ

Unknown said...

ကိုစိန်ရဲဒင်းနဲ့ ကိုစစ်တို့ ရေjinghpawkasa.blogspot
ဝက်ဘ်ဆိုက်မှာဒီလိုအရေးအသားလေးတွေလိုအပ်တယ်
ဗျာ

konewxxc@gmail.com said...

န ဝ တ ခေတ်ကအဲဒီ kia ဆိုတဲ့ကောင်တွေဘယ်ရောက်နေလဲ။ကြောက်လို့ --တောင်
မပေါက်ရဲဘူးလေ။နိုင်ငံတကာမသိ,လူ့အခွင့်အရေး
sorry ဆိုတဲ့ အဲ့အချိန်ကအခုလို ထပါလား။ချော့နေကာမှ
ဘာဖင်ယားနေတာလဲ။ဘယ်ညာလျှောက်တတ်ယုံနဲ့
မြန်မာ့တပ်မတော်လို့အော်နေတဲ့ကောင်တွေမဟုတ်ဘူး
ဆိုတာနားလည်ထား။အပြီးတိုင်ချေမှုန်းပါဆိုတဲ့အမိန့်တခု
ဘဲရကြည့်။

Powered by Blogger.