U-22 ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် မြန်မာအသင်း အနိုင်ရ

ဓါတ်ပုံ - Eleven Media Group
မြန်မာ U-22 ဘောလုံးအသင်းသည် ဇူလိုင်လ ၃ ရက်နေ့က ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော မလေးရှား U-22 အသင်းနှင့် ပွဲစဉ်တွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သဖြင့် အုပ်စု G တွင် တောင်ကိုရီးယားနှင့်အတူ ခြေစစ်ပွဲအောင်မြင်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ U-22 အသင်း၏ နည်းပြချုပ်ဖြစ်သူ ပက်ဆောင်ဟွာ က “ဒီနေ့ အနိုင်ရလဒ်အတွက် အသင်းသားတွေကို ချီးကျူးပါတယ်။ လာအားပေးကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ အခုပြိုင်ပွဲဝင်တဲ့အသင်းကို အခြေခံပြီး ၂၀၁၃ ခုနှစ် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် အသင်းကို ဖွဲ့စည်းသွားမှာပါ။” ဟု ပြောကြားသွားခဲ့ကြောင်း Eleven Media Group Facebook အင်တာနက် စာမျက်နှာ ဖော်ပြထားပါသည်။

Eleven Media Group
U-22 ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် မြန်မာအသင်း အနိုင်ရ U-22 ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် မြန်မာအသင်း အနိုင်ရ Reviewed by သစ်ထူးလွင် on 07:41 Rating: 5

No comments:

Powered by Blogger.