ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ဟု မလေးရှားနည်းပြပြော

ဇူလိုင်-၃

အာရှယူ-၂၂ ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ကြောင်း

 မလေးရှားအသင်းနည်းပြ အွန်ကင်ဆွီးက မလေးရှား-မြန်မာပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်

 ပြောကြားသည်။

“ပြိုင်ပွဲဝင်အသင်းတွေမှာ အသက်ကျော်ကစားသမားတွေ မပါဝင်ဖို့မျှော်လင့်ပါတယ်။ ပါခဲ့မယ်ဆိုရင်တော့

 ဒီပြိုင်ပွဲအတွက် ပူပန်မိတယ်။ ဒီပွဲစဉ်မှာ မြန်မာအားကစားသမား တော်တော်များများ အရမ်းကောင်းပါတယ်။

 ဒါပေမယ့် သက်ကြီးကစားသမားတွေ ပါတယ်လို့(ကျွန်တော်သေချာမသိပေမယ့်) ကြားနေရပါတယ်”ဟု

 မလေးရှားအသင်းနည်းပြက ပြောကြားသွားခဲ့သည်။

၎င်း၏ မလေးရှားအသင်းတွင် အသက်ကျော်သည့် အားကစားသမားရှိသည်ဆိုပါက ဆွဲထုတ်ပြရန်နှင့်

 မလေးရှား ယူ-၂၂အသင်းတွင် ၁၆နှစ်အရွယ်ကစားသမားတစ်ဦးပင်ပါဝင်ကြောင်း ယင်းက

 ပြောကြားသွားခဲ့သည်။

by 7Day News Journal
ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ဟု မလေးရှားနည်းပြပြော ပြိုင်ပွဲဝင်အသင်းများ၌ အသက်ကျော်အားကစားသမားများ မပါဝင်ရန် မျှော်လင့်ဟု မလေးရှားနည်းပြပြော Reviewed by သစ်ထူးလွင် on 07:43 Rating: 5

No comments:

Powered by Blogger.