အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ကျောင်းသားများ ပညာရေးကို ထိခိုက်နေ

တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူ ထူးချွန်အားကစားသမားများအား AUG
(အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ) အတွက်
အချိန်စောစီးစွာစခန်းသွင်းလေ့ကျင့်နေခြင်း

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံတက္ကသိုလ်များ
အာကစားပြိုင်ပွဲအတွက် အောက်မြန်မာပြည် ရန်ကုန်မှာ June လ မကုန်ခင်ကတည်းက
လက်ရွေးစင်ဘောလုံးသမား များအပါအ၀င် အခြားအားကစား လက်ရွေးစင်
ကျောင်းသား/သူများကို ခေါ်ယူစခန်းသွင်းလေ့ကျင့်နေတယ်လို့သိရပါတယ်။

 ဒါဟာအချိန်စောလွန်းပြီး ကျောင်းသားများအတွက် ယခုနှစ်ဝက်မှာ
စာပေပညာလေ့လာသင်ယူမှုကို မျက်ကွယ်ပြုလိုက်သလိုပါပဲလို့ ၄င်းတို့ရဲ့
မိဘများက ရင်ဖွင့်လာကြပါပြီ။

တကယ်တမ်းဆိုရင် ကျောင်းသားကစားသမားတွေကို
တစ်လခွဲ၊ နှစ်လလောက်တော့ ဒီနှစ်ဝက်အတွက်
စာပေကိုစိတ်လွတ်လပ်ပေါ့ပါးစွာသင်ယူနိုင် အောင် ခွင့်ပြုပေးစေလိုတယ်ပေါ့။
ဒီကလေးတွေကို အားကစားလေ့ကျင့်ရင်းစာသင်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။

အားကစားရော ပညာရေးပါ နှစ်ခုစလုံး ထိရောက်မှာမဟုတ်ပါဘူး။ မနက်ပိုင်း
ညနေပိုင်းလေ့ကျင့် နေရတာ ပင်ပန်းနေတဲ့အတွက်
ဘယ်မှာစာသင်နိုင်မှာလဲ။နေလည်မှာစာသင်ရအောင် အချိန်ဘယ်လောက်ရမှာလဲ၊
ကစားသမားတစ်ယောက်အတွက်အားအင်ဖြည့်ရမယ်။ အနားယူရမယ်မဟုတ်ပါလား။ ဒါမှ
ကြံ့ခိုင်မှုရှိမှာမဟုတ်ပါလား။

အားကစားအောင်နိုင်ရေးအတွက်အခုလိုအချိန်စောပြီးလေ့ကျင့်တယ်ဆိုရင်
ဒီကလေးတွေရဲ့ပညာရေးကိုဘယ်လိုတာဝန်ယူပေးမှာလဲ။ ဘာစာပေမှမသိနားမလည်ပဲ
စာမေးပွဲအောင်ပေးပြီး ဘွဲ့လက်မှတ်ကြီးပေးအပ်ကြတော့မှာလား။ အခုပဲကြည့်လေ-
ကျောင်းက ဇွန်မှစဖွင့် စက်တင်ဘာမှာစာမေးပွဲဖြေ ရမှာ။

အခုလိုတာလုပ်နေရင်ဒီကလေးတွေ ဒီနှစ်ဝက် မှာ သင်တဲ့ဘာသာတွေက
ဘာမှန်းတောင်သိမှာမဟုတ်ဘူး။ ဘက်စုံထူချွန်တဲ့ ကျောင်းသားလူငယ်ပညာတတ်
အားကစားသမားတွေမွေးထုတ်ဖို့ရည်ရွယ်ချက်ဆိုရင် စီမံတဲ့
ပညာရှိကြီးတွေအနေနဲ့ အချိန်ပိုင်းခြားပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဒီကလေးတွေအတွက်အားကစားကအရေးကြီးသလို သူတို့မိဘတွေမျှော်လင့်တဲ့ ပညာရေးကလဲ
အရေးကြီးတယ်ဆိုတာ ဆရာကြီးတို့သိပါတယ်။ အလုပ်နှစ်ခုကိုတပြိုင်တည်း
ရောယှက်လုပ်စေခြင်းဟာ နှစ်ခုစလုံးပျက်စီးမှုသာဖြစ်မယ်၊
အောင်မြင်မှာတော့မဟုတ်ပါဘူး။

ဒါကြောင့် ပညာရေးဝန်ကြီး နှင့်တကွ စီမံခန့်ခွဲသူ ဆရာကြီးများအနေနဲ့ ဒီကလေးတွေရဲ့ စာပေသင်ယူမှုအတွက်ဆိုင်ရာတက္ကသိုလ်များမှာ ၁ လခွဲ၊ ၂ လ မျှလောက် ပြန်လည်
သင်ယူစေပြီးမှအားကစားလေ့ကျင့်မှုကို သီခြားအချိန်ပေးဖိဖိစီးစီးလေ့ကျင့်ပေးစေလိုပါတယ်။
ကျွန်တော်တို့ ကျောင်းသားမိဘများအနေဖြင့် အနူးအညွှတ် မေတ္တာရပ်ခံ
တောင်းပန်တောင်းဆိုပါတယ်။

ခင်အေး (ဗိုလ်ကြီး)
အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ကျောင်းသားများ ပညာရေးကို ထိခိုက်နေ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ကျောင်းသားများ ပညာရေးကို ထိခိုက်နေ Reviewed by သစ်ထူးလွင် on 04:23 Rating: 5

No comments:

Powered by Blogger.