ထေရ၀ါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး
ထေရ၀ါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး ညှိနှိုင်းအစည်းအဝေးကို (9.7.2012)ရက်နေ့ နေ့လည်(၂)နာရီအချိန် ကလောမြို့၊ မြို့မပရိယတ္တိ စာသင်တိုက်တွင်
ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သံဃနာယကဆရာတော်အမှူးပြုသော
 ကလော၊ အောင်ပန်းတို့မှ ဆရာတော်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊
ကလော/ အောင်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကလော/အောင်ပန်းမှ မြို့မိမြို့ဖ များ နှင့် နိုးကြားတက်ကြွသော မျိုးဆက်လူငယ်များတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ဆရာတော်များမှ သြ၀ါဒတရားများမိန့်ကြားပြီး ကြွရောက်လာကြသောပုဂ္ဂိုလ်များမှ ထေရ၀ါဒသာသနာတော် သန့်ရှင်းတည်တံ့ခိုင်မြဲရေးနှင့်
မိုးပြာဝါဒ၊ ပစ္စုပ္ပန်ကမ္မ၀ါဒီ၊ တို့၏ အဓမ္မ၀ါဒီကို အဓိကထားဆွေးနွေးကြပါသည်။
အောင်ပန်းမြို့အမှတ်(၁)ရပ်ကွက် ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင်တည်းခိုခဲ့သည့်
(၁၆.၅.၂၀၁၂)ရက်နေ့က ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ကလောမြို့နယ်တရားရုံးတွင်
 အမှုစစ်ဆေးနေဆဲဖြစ်သော မိုးပြာဝါဒ(အဓမ္မ၀ါဒ)ကို အောင်ပန်းကလောတွင်
 ဟောပြောစည်းရုံးနေသော လူအမည် ဦးလှမြင့်ခေါ် ဦးဥတ္တမ အမှုအား
 ကူညီးပံ့ပိုးထောက်ပံ့ဆောင်ရွက်နေကြသော မိုးပြာဂိုဏ်းအယူဝါဒ(အဓမ္မ၀ါဒ)ကို ယုံကြည်ကိုးကွယ်သည်ဟုယူဆရသောပုဂ္ဂိုလ်များအားဖေါ်ထုတ်ရန်
အဓိကထားဆွေးနွေးခဲ့ကြပါသည်။
သာသနာရေးဦးစီးမှူးတို့မှ  မိုးပြာဝါဒ၊ ပစ္စုပ္ပန်ကမ္မ၀ါဒီ၊ တို့၏ အဓမ္မ၀ါဒကို ယုံကြည်ကိုးကွယ်သည်ဟုယူဆရသော အောင်ပန်း ကလောရှိ လူပုဂ္ဂိုလ်(၃၀)
ဦးကို အဓမ္မ၀ါဒကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် စစ်ဆေးမေးမြန်းပြီး လက်မှတ်ရေးထိုးဆောင်ရွက်အရေးယူသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။
 ထေရ၀ါဒသာသနာတော်တည်တန့်ခိုင်မြဲရေးကို ဦးတည်၍ ကလောမြို့မ
ပရိယတ္တိစာသင်တိုက်တွင် (၉.၇.၂၀၁၂)တနင်္လာနေ့က မြို့နယ်သံဃမဟာ
နာယကဆရာတော် ဦးဆောင်၍ ကျောင်းပေါင်းစုံမှကျောင်းထိုင် ဆရာတော်
အပါး(၂၀)ကျော် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး၊ မြို့နယ်သာသနာရေးမှူးနှင့်
 အောင်ပန်းမြို့တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကလောနှင့်အောင်ပန်း တို့မှ
 မြို့မိမြို့ဖများတက်ရောက်ဆွေးနွေးခဲ့ကြပြီး အခန်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု
သုံးကြိမ်ရွတ်ဆိုပြီး ရုပ်သိမ်းလိုက်ကြောင်း Myanmar News Now မှသတင်းရရှိပါသည်။
ထေရ၀ါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး ထေရ၀ါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး Reviewed by သစ်ထူးလွင် on 04:31 Rating: 5
No comments:
Powered by Blogger.