သမ္မတ ဦးသိန်းစိန် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်

သမ္မတကြီး ဦးသိန်းစိန်
ရန်ကုန်၊ ဇွန် ၁၈

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်း ပြည်ပ နိုင်ငံရေး လေ့လာသူများအကြား နာမည်ကောင်းဖြင့် ထင်ရှားလာသည့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က နိုင်ငံတော် အခြေပြမိန့်ခွန်း ကို ဇွန် လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြောကြားရန်ရှိကြောင်း အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားခြင်းခံရသည့် အသင်းအဖွဲ့ များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပါအ၀င် အသင်းအဖွဲ့များကို ဖိတ်ကြားထားကြောင်း ၄င်းတို့က ဆိုသည်။

မိန့်ခွန်းပြောကြားမည့် အဆိုပါ အခမ်းအနားကို နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် သဘင်ဆောင် တွင် ကျင်းပမည်ဖြစ်ကြောင်း ဖိတ်ကြားခံရသူများထံမှ ဆက်လက် စုံစမ်းသိရှိရသည်။

The Voice Weekly
သမ္မတ ဦးသိန်းစိန် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည် သမ္မတ ဦးသိန်းစိန် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည် Reviewed by သစ်ထူးလွင် on 15:44 Rating: 5

No comments:

Powered by Blogger.