တစ်သောင်းတန် အသစ်ကြောင့် ရွှေဈေး ပြန်လည် လှုပ်ခတ်

ရွှေအရောင်းဆိုင်
မြန်မာနိုင်ငံတွင် တစ်သောင်းတန်ငွေ စက္ကူများ ထွက်ပေါ်လာ ပြီးနောက် ရွှေဈေးနှုန်းများ ပြန်လည်မြင့် တက်လာကြောင်း  ရွှေအရောင်း ဆိုင်ကြီးများက သိရှိရသည်။

 “ကမ္ဘာရွှေဈေးကလည်း တက်နေတယ်ခုနည်းနည်းတော့ကျလာပြီ။ ဒေါ်လာဈေးကလည်းဒီရက်ပိုင်းနည်းနည်းကျလာတယ် နောက်ပြီး   ကျပ်တစ်သောင်းတန်ကလည်း ထွက်ပေါ်လာခဲ့တဲ့အတွက်ရွှေဈေးကဆက်လက်မြင့်တက်နေရတယ်၊ ဆိုင်တာမဆိုင် တာအသာထား   ငွေကြေးတန်ဖိုးပြောင်းလဲတာနဲ့ ရွှေဈေး ကလည်း လှုပ်ခတ်မှုရှိတာ အချိတ်အဆက်လို ဖြစ်နေပြီ၊ ဒါပေမယ့် ရွှေအထည်ဝယ်တဲ့   ဈေးကွက်ကတော့ ဈေးအေးနေတုန်း။” ဟု လှည်းတန်း ၀င်းညွှန့်ညွှန့်ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

ရွှေဈေးမှာ ဇွန်လ(၁၈)ရက်နေ့တွင် ကမာ့္ဘရွှေပေါက်ဈေးအရ  တစ်အောင်စလျှင်  ဒေါ်လာ (၁၆၂၄)ကျပ်လောက်ရှိနေပြီး၊   မြန်မာ့ရွှေဈေး  မှာ (၁၆) ပဲရည်တစ်ကျေပ်သားလျှင် ငွေကျပ် (၇၂၆၃၀၀) ကျပ်၊ (၁၅) ပဲရည်မှာ (၆၇၅၀၀၀) ကျပ်ရှိ   နေကြောင်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင် အခေါက်ရွှေးဈေးနှုန်းသည် ပြီးခဲ့သည့် မေလ(၁၄)၇က်နေ့ မှစ သုံးပတ်နီးပါးမျှကျပ် (၇) သိန်းအောက်သို့ ရောက်ရှိခဲ့ပြီး ဇွန်လ (၄) ၇က်နေ့မှ စတင်ကာ ကျပ် (၇) သိန်းအထက် ရောက်ရှိခဲ့သည်။

“ပိုက်ဆံအသစ်ထွက်တာနဲ့ ရွှေဈေးတစ်သောင်းကျော်ထပ်တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက် လာတာလည်း ပါတယ်။ တခြား ဒေါ်လာဈေးတို့လည်းလိုက် တက်လာကြတယ်”ဟု ရတနာ ရွှေ အရောင်းဆိုင်က မမြင့်မြင့်စန်းက ပြောသည်။

ဇွန်လ (၁၅)ရက်နေ့ ငွေစက္ကူအသစ် စတင်ထုတ်ဝေပြီးနောက် ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ ခုနှစ်သိန်းနှစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 “ရွှေဈေးပြန်တက်လာတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ ရှုံးတဲ့သူရှိသလို၊ မြတ်တဲ့သူလည်း ရှိတယ်။ ကမ္ဘာ့ရွှေဈေးကလည်း မတည်ငြိမ်ဘူး။ အတက်အကျကြမ်းတယ်။ ပြီးတော့ ငွေစက္ကူအသစ်ကလည်း ထုတ် ထားတယ်ဆိုတော့ ဆက်ပြီးစောင့်ကြည့်ရဦးမယ်”ဟု Gold Star ရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လဆန်းပိုင်းတွင် ရွှေဈေးနှုန်းခုနှစ်သိန်းအထက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ဇွန်လ (၈)ရက်နေ့အထိ ပြည်တွင်းအခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်အသားလျှင် ကျပ်ငွေ(၇၀၉၅၀၀) ရှိနေပြီး၊ (၁၅ ပဲရည်) တစ်ကျပ် သားလျှင် ကျပ်ငွေ(၆၆၅၀၀၀)နှင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၅၈၀) ဝန်းကျင်တွင် ရှိနေသည်။

ငွေစက္ကူအသစ်ထွက်သည့်နေ့ ဇွန်လ (၁၅) ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ (၁၆၂၆.၁၅) အထိရှိခဲ့ပြီးနောက်တစ်နေ့ ဇွန်လ (၁၆) ရက်နေ့တွင် ရန်ကုန်မြို့ရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်ငွေ (၇၂၂၀၀၀) အထိ ရောက်ရှိခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇွန်လ ဒုတိယအပတ်ကျော်သည်အထိ ကမ္ဘာ့ရွှေဈေးမြင့်တက်ခဲ့မှုကြောင့် မတ်လလဆန်းပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၇၀၀)ကျော်အထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ရွှေဈေးနှုန်းတစ်ကျပ်သားလျှင် အမြင့်ဆုံး ကျပ် (၇၆၀၀၀၀)ကျော်အထိ ရောက်ရှိခဲ့ သည်။

ရန်နိုင်+ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 18 Jun, 2012
တစ်သောင်းတန် အသစ်ကြောင့် ရွှေဈေး ပြန်လည် လှုပ်ခတ် တစ်သောင်းတန် အသစ်ကြောင့် ရွှေဈေး ပြန်လည် လှုပ်ခတ် Reviewed by သစ်ထူးလွင် on 16:20 Rating: 5

No comments:

Powered by Blogger.