ရန်ကုန်တိုင်းဒေသကြီးတွင် မီးအပြည့်အ၀ရရှိရန် နေပြည်တော် လျှပ်စစ်(၂) ညွှန်ကြားချက်အပေါ်မူတည်

အောင်ကိုကိုလတ် (မြစ်မခ)
ဇွန်(၁)ရက်၊ ၂၀၁၂ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီးတွင်း (၂၄)နာရီ အချိန်ပြည့် လျှပ်စစ်မီးပေးနိုင်ရန် ရွှေလီ-မန်စံမှပေးသော ဓာတ်အား ပေါ်မူတည်ကာ   နေပြည်တော် အမှတ်(၂)လျှပ်စစ်ဝန်ကြီင်္းဌာန၏ ညွှန့်ကြားချက်ရရှိမှသာ ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊အမှတ်-(၂) လျှပ်စစ်ဝန်ကြီးဌာနက သိရှိရသည်။

‘’ ရွှေလီ-မန်စံကပေးပို့တဲ့ ဓါတ်အားပေါ်မူတည်ပြီးတော့ နေပြည်တော်က ညွှန်ကြားချက်အပေါ်မူတည်ပြီး လျှပ်စစ်မီးပေးသွားမှာပါ” ရန်ကုန်တိုင်း၊အမှတ်-(၂)လျှပ်စစ်ဝန်ကြီးဌာနမှ ဗိုလ်မှူးကျော်ဋ္ဌေးမြင့်ကပြောသည်။

လက်ရှိတွင် မေလအတွင်း မိုင်းခွဲဖျက်ဆီးခဲ့သော ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာဓာတ်အားလိုင်းရှိ တာဝါတိုင် များမှ  တာဝါတိုင်အမှတ် ၇၃၊၂၀၆၊၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ တို့အား မေ လကုန်ပိုင်းတွင် ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ပြီး တာဝါတိုင်အမှတ် ၂၀၇ အား ပြင်ဆင်ရန် ၄၀%သာ ကျန်ရှိကြောင်း အမှတ်(၂)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၏သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်များတွင် လျှပ်စစ်မီးအချိန်ပိုင်းမျှဝေပေးသော်လည်း မီးဖြတ်တောက်ချိန် သာတိကျပြီး မီးပေးမူတွင် အချိန်တိကျခြင်းမရှိကြောင်း ရပ်ကွက်နေပြည်သူများထံက သိရှိရသည်။

“ကျွန်မတို့ မြောက်ဒဂုံမှာဆို အချို့နေရာတွေမှာ မီးဖြတ်ချိန် (၅)နာရီဆို တစ်မိနစ်တောင်မစွန်းဘူး။ မီးပေးချိန် ကျတော့ ၁၁နာရီဆိုရင် (၁) နာရီလောက်မှလာတယ်။ နောက် (၂)နာရီလောက်ပြန်ပြတ်တယ်။ (၄)နာရီ ခွဲ လောက် ပြန်လာပြီး (၅) နာရီဆိုတာနဲ့ ပြန်ပြတ်တယ်။ အခုရက်ပိုင်းတွင်းကို ၄-၅ ရက်လောက်ဖြစ်နေတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း(၄၃)ရပ်ကွက်မှ ဒေါ်စံပယ်က ပြောသည်။

လျှပ်စစ်မီးဖြတ်ထောက်ချိန် တိကျသော်လည်း လျှပ်စစ်မီးမျှဝေပေးချိန် မတိကျခြင်းကြောင့် မီးလာချိန်အားကိုး နေရသူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

“အချိန်ပိုင်း ပေးနေတာပါ။ ဒါပေမယ့် ရပ်ကွက်ထဲမှာရှိတဲ့ ထရမ်စဖော်မာပုံးတွေ ပျက်တာတို့၊ ဆားဗစ်ကြိုးတွေ ပျတ်တာတွေကို   ပြင်ဆင်နေရလို့ပါ။ ပြင်ဆင်ပြီးတဲ့အချိန်မှာ မီးပေးချိန်အတွင်းမှာ မီးပေးချိန်ရှိသေးတယ်ဆိုရင် ဆက်လွတ်ပေးပါတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လျှပ်စစ်မီးအချိန်ပိုင်းမျှ ဝေးပေးမူကို မေလ (၂၀)ရက်နေ့နောက်ပိုင်းမှ စတင်ခဲ့ပြီး နံနက်( ၅)နာရီ မှ (၁၁)နာရီ၊ ညနေ (၅)နာရီမှ ည(၁၁)နာရီသို့ အချိန်ပိုင်းပြောင်းလဲပေးခဲ့ပြီး တစ်နေ့လျှင် (၆)နာရီ လျှပ်စစ်မီး ဖြတ်တောက်ထားသည်။

“ကျွန်တော်တို့ သံလျင်ဘက်မှာတော့ ဆန္ဒပြလိုက်တဲ့ပြီး (မေ ၂၇) နောက်ရက်ကတော့ မီး တနေကုန် လာတယ်။ အခုတော့ အရင်ကထက် တစ်နာရီ နှစ်နာရီလောက် ပိုပေးနေတာကိုတွေ့ရတယ်။ မိုးတွင်းလည်း ရောက်ပြီး၊ လျှပ်စစ်တာဝါတိုင်တွေလည်း   ပြန်ပြင်ပြီးလောက်ပြီဆိုတော့ လျှပ်စစ်မီးအချိန်ပြည့် ပြန်ပေးသင့် တယ်” ဟု သံလျင်မြို့နယ်မှ ဒေသခံ ကိုကျော်ကြီးက ပြောသည်။

ရန်ကုန်တိုင်းတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင်မူ မီးဖြတ်ထောက်မှုကို မေလ (၁၉) ရက်မှစတင်ကာ ၂၄ နာရီ လျှပ်စစ်မီးဖြတ်ထောက် ထားကြောင်း သိရသည်။

မေလ (၁၉)ရက်နေ့တွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ မိုင်းခွဲခြင်းကြောင့် ပျက်ဆီးခဲ့သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းတိုင်များမှာ မေလကုန်ပိုင်းတွင် ပြုပြင်မှုများအပြီးဆောင်ရွက်ရန်ယာထားကြောင်း သိရှိရသည်။
Shwe Myitmakha Media Group
ရန်ကုန်တိုင်းဒေသကြီးတွင် မီးအပြည့်အ၀ရရှိရန် နေပြည်တော် လျှပ်စစ်(၂) ညွှန်ကြားချက်အပေါ်မူတည် ရန်ကုန်တိုင်းဒေသကြီးတွင် မီးအပြည့်အ၀ရရှိရန် နေပြည်တော် လျှပ်စစ်(၂) ညွှန်ကြားချက်အပေါ်မူတည် Reviewed by သစ်ထူးလွင် on 17:04 Rating: 5

10 comments:

jake taw said...

နေပြည်တော်မှာတော့ အရင်ကအပြည့်သုံးတဲ့လမ်းမီးတွေအပြည့် မသုံးတော့တာတွေ့ရပါတယ်

မန္တလေးသား said...

မန္တလေးမှာတော့လာချိန်ကိုအပြည်အ၀မလာဘူး....နန်းရှေ့ဘက်မှာမီးကိုကြိုးအသစ်ဆွဲပြီးတစ်လနှစ်သိန်းနူံးနဲ့ရောင်းစားနေတယ်....မြို့ထဲမှာလည်းအချို့နေရာတွေမှာ ၂၄နာရီလာနေတယ်...ကျွန်တော်ရပ်ကွက်လည်းမီးအပြည့်အ၀မရဘူး....လျှပ်စစ်ဝန်ထမ်းတွေအကျင့်ပျက်တာကိုသက်ဆိုင်ရာကအရေးယူပေးစေလိုပါတယ်.ယ..

Anonymous said...

နိင်ငံပိုင်စက်မူ့ဝန်ကြီးဌာနမှ ရောင်းချပြီး ပြင်ပလုပ်ငန်းရှင်များ ပိုင်ဆိုင်လုပ်ကိုင်နေသော စက်ရုံများအား ယခင်ဝန်ကြီးဌာနပိုင်စက်ရုံကဲ့သို့ လျှပ်စစ်မီး ၂၄နာရီ ပေးထားမူ့များရှိနေပါသည် စုံစမ်းရသမျှတော့ ပိုက်ဆံယူပြီးပေးနေကြောင်းသိရပါသည် ထို့အတူအချို့စက်ရုံများအားလည်းပိုက်ဆံဖြင့်ပေးနေမူ့များစက်မူ့ဇုံများတွင် ဖြစ်ပေါ်နေပါသည် တစ်ရက်လျှင်၁၅၀၀၀ ည၁၅၀၀၀ဖြစ်ကြောင်းသိရပါသည် ဖေါ်ထုတ်အရေးယူပေးပါ

Anonymous said...

အလကားကောင်တွေ ရန်ကုန် ဒဂုံမြောက်ပိုင်းမှာ မီး လုံးဝမလာတာ ၂ရက်ရှိနေပြီ...ဘာလုပ်နေကြလဲ မသိဘူး။ ခွေးသူတောင်းစားတွေ ဂျိုးပြော မိုးပြောနဲ့ ဘယ်နေရာမှ သုံးစားမရတဲ့ကောင်က ဝန်ကြီးတက်လုပ်နေမှတော့ လာအုန်းမယ် မီးက

minsoeaung said...

မီးပျက်ချိန်မှန်တယ် ။ မီးလာချိန်မမှန်တာကမြို့နယ်က၀န်ထမ်းတွေအကြံအဖန်
လုပ်ကြတာပေါ့ ။ သူတို့မီးခိုးပေးရင်ငွေရတယ် ။

kaunglay said...

ဟုတ်ပါတယ် ကိုယ်လဲ မီးမလာတဲ့အချိန်ကို ကိုယ်ချင်းစာကြည့်ပေါ့ဗျာ

Anonymous said...

ကိုင်ဇာသိချင်းလိုဘဲ....သူလာ ...လာလာ...မ လာလာ...ကိုကပေးရတာ....အဲဒါ...မိတာခကွ......မှတ်ထား....

Anonymous said...

မြန်မာနိင်ငံ၏အထူးသဖြင်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမူ့အား ပြည်ပနိင်ငံများမှကျွမ်ကျင်ပညာရှင်များ ဖိတ်ခေါ်၍ survay ပြုလုပ်စေပြီး ၎င်းတို့၏အြံကံဥဏ်အားရယူသင့်ပါသည် တရုပ်ပညာရှင်များ အား မသုံးသင့်ပဲ အမှန်အမျိုးအကျိုးစိးပွားမပါသော အနောက်နိင်ငံ များ ဂျပန်စသောနိင်ငံများနှင့်ချိတ်ဆတ်လုပ်ကိုင်သင့်ပါသည် ဘာပဲပြောပြော နိင်ငံတော် လူကြီးများအမြင်မှန်ရသွားကြသည့်အတွက် KIAကိုပင် ကျေးဇူးတင်ရ မည်ပင်ဖြစ်ပါသည် နောင်ကောင်းဖို့အတွက်ခတ္တတော့ဒုက္ခခံနိင်ပါသည်

Unknown said...

ပြည်သူများကို လျှပ်စစ် မီးဖြန့်ဝေပေးနေသည်မှာ အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနမှဖြစ် ပြီး ဦးဇော်မင်း မှာ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဖြစ်ပါသည်၊၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာနမှာ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်းနှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးခြင်းကိုသာပြုလုပ်ပေးပါကြောင်း အသိပေးအပ်ပါသည်၊၊ ယခုအခါတွင် ရွှေလီ-မန်စံလိုင်းပြန်လည်ပြုပြင်ပြီး ဖြစ်ပြီး တမံများအတွင်း ရေဝင်ရောက်မှုများ (အနည်းငယ်) ရှိလာပီဖြစ်သောကြောင့် အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန အောက်ရှိ ရေအားလျှပ်စစ်စက်ရုံများမှ ယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ပီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်၊၊

aung naing said...

ပုဂ္ဂလိကကိုလွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးလိုက်ပါ။နီးစပ်ရာမဟုတ်ဘူးနော်၊cronyမပါ။တကယ်လွတ်လွတ်လပ်လပ်ပြိုင်ဆိုင်ခွင့်ပေးလိုက်ပါ။အခုဟာအစိုးရကလက်ဝါးကြီးအုပ်ထားတာ။

Powered by Blogger.