ဒိုက်ဦးမြို့နယ်ရှိ တောင်သူများ နွေစပါးရောင်းချနိုင်ရေး ၀ယ်သူမရှိ၍ အခက်တွေ့

ဥာဏ်ဥာဏ် (မြစ်မခ)
မေ(၃၁)ရက်၊၂၀၁၂ခုနှစ်။

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စပါးစိုက်တောင်သူများစပါးရိတ်သိမ်းပြီးထွက်ရှိလာသည့် နွေစပါး များအား ၀ယ်လက်မရှိ၍ အခက်အခဲများ ကြုံတွေ့လျှက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။

စပါးရိတ်ခ၊ သယ်ခ၊ ခြွေလှေ့စရိတ်၊ လယ်ယာလုပ်သားစရိတ်အစရှိသော ကုန်ကျစရိတ်များပေးချေရန် တောင် သူများမှာ   ငွေကြေးလိုအပ်၍   ရိတ်သိမ်းမည့်စပါးများကို ရောင်းချရာတွင် ၀ယ်ယူမည့်သူမရှိ၍ ငွေပေးချေရန် အခက်အခဲရှိနေခြင်းဖြစ်သည်။

“စပါးကလည်း ရွှေသွယ်ရင်တင်းတစ်ရာကို နှစ်သိန်းလေးသောင်း၊ မနောသုခ နှစ်သိန်းခြောက်သောင်းပဲရှိတယ်၊စပါးရိတ်တဲ့လူကလည်း   ရိတ်ပြီးတာနဲ့ ငွေတန်းလိုချင်တယ်၊ တောင်သူဆိုတာက ငွေပိုငွေလျှံမရှိဘူး၊ စပါးက လည်း ရောင်းမရတော့ မရှိရှိတာလေးတွေ   ပေါင်နှံပေးရတယ်”ဟု ပဲခူးတိုင်းဒိုက်ဦးမြို့နယ်တွင်းရှိ ရှမ်းစုကျေးရွာမှ ဦးတင်အောင်ကပြောသည်။

စပါးစိုက်တောင်သူများအနေဖြင့် စပါးဝယ်ယူသူများကို(၇)ရက်(၈)ရက်အကြွေးရောင်းပေးနေရပြီး နေ့စဉ် စပါးဝယ်သူအား   မျှော်နေကြောင်းကိုလည်း သိရှိရသည်။

“ကျွန်တော်တို့ ပွဲစားတွေအနေနဲ့ နွေစပါးဆိုတာ တင်းရေများများဝယ်ထားလို့ အဆင်မပြေဘူး၊ ပြီးတော့ရာသီ ဥတုကလည်း အဆင်မပြေတော့   နွေစပါးက မိုးမိတာတွေရှိတော့ ၀ယ်လို့သိပ်အဆင်မပြေဘူး”ဟု ပဲခူးမြို့ပေါ်ရှိပွဲစား ကိုဌေးဝင်းကပြောသည်။

ယခုအချိန်သည် နွေးစပါးရိတ်သိမ်းချိန်တွင် မိုးတစ်ပြိုက်၊ နှစ်ပြိုက်နေ့စဉ်ရွာသွန်းလာသည့်အခါ စပါးများမိုးမမိ

စေရန် ဆောင်ရွက်နေရသောကြောင့် တောင်သူများနှင့် စပါးပွဲစားများပါ အနည်းငယ်ဒုက္ခရောက်နေကြောင်း ရခြင်းဖြစ်သည်။

Shwe Myitmakha Media Group
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်