YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် ၄ မှာရှိတဲ့ YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်ဟာ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၁၀ ရက်က လှိုင်သာယာစက်မှုဇုန် YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမားများ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြစဉ်။
မနေ့က မနက်ကတည်းက အလုပ်သမားတွေဟာ စက်ရုံဝင်းနားမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာတော့ အင်အား တစ်ထောင်နီးပါးလောက်အထိ ရှိလာခဲ့တာပါ။
အလုပ်သမားတွေဟာ လက်ရှိ အခြေခံ လုပ်ခလစာ တစ်သောင်းကျော်၊ အိုဗာတိုင်ကြေးနဲ့ ပေါင်းလိုက်ရင် လေးသောင်းနီးပါး ရရှိတယ်လို့ ဆိုပါတယ်။ သူတို့ တောင်းဆိုနေတာက အခြေခံ လုပ်ခလစာကို တစ်သောင်းကျော်ကနေ နောက်ထပ် နှစ်သောင်းထပ်တိုးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဆန္ဒပြသူ အလုပ်သမားတွေဟာ အမျိုးသမီး အလုပ်သမများဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ သွားရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
RFA-Burmese
YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ Reviewed by သစ်ထူးလွင် on 04:15 Rating: 5

4 comments:

တန`င်္လာကိုကို said...

လက်မလျှော.နဲ.ဗျာ။ စည်းလုံးညီညွတ်လျှင်အောင်မြင်မှာပါ။ အမျိုးသမီးတွေ
ဆိုတော.အင်နဲ.အားနဲ.မှတောင်းဆိုနိုင်ပါ.မလားစိုးရိမ်ပါတယ်။ တတ်နိုင်သူ
များမှဝိုင်းကူညီပေးလိုက်ကြပါဦး။ ထိုက်သင်.တဲ.လစာလုပ်အားခများရရှိ
နိုင်ကြပါစေ။

Ukyawkyaw said...

နိုင်ငံသားအားလုံး၏အထွတ်အထိပ်နေရာရရှိထားသူ ဦးသိန်းစိန် မှ
အမြန်ဆုံးဖြေရှင်းရန်သက်ဆိုင်ရာဌာနအားအမိန့်ပေးစေလိုပါသည်၊အလုပ်သမားဝန်ကြီးဌာနမှာလည်းအခြေခံဝန်ထမ်းအလုပ်သမားလစာကိုအမြန်ဆုံးသတ်မှတ်ပေးစေလိုပါသည်။
ဒီလိုတနေရာပြီးတနေရာဖြစ်နေရင်လာရောက်ရင်းနှီးမြုပ်နှံမည့်သူများကြောက်လန့်သွားနိုင်ပါသည်။

မောင်မောင် said...

ဥပဒေကို တခါတည်းသတ်မှတ်ထားမှသာ သင့်တော်ပေလိမ့်မည်..အလုပ်သမားတွေအတွက်.လည်းမနစ်နာစေရအောင်..နိုင်ငံဘက်ချက်လည်း မထိခိုက်အောင်...ဒီလိုတစ်ဖွဲ.ပြီးတစ်ဖွဲ.တောင်းဆိုနေတာက ဥပဒေက မညီမျှလို.သာ ဖြစ်တယ်..

innyatara said...

ရှက်တတ်ရင် ကိုယ်ကိုကိုယ် သတ်သေသင့်တယ်... ဒီလိုတောင်းဆိုနေတာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး၊ မြန်မာနိုင်ငံသားတွေလေ၊ စက်ရုံပိုင်ရှင်တွေက နိုင်ငံခြားသားတွေ၊ ကျွန်တော်တို့အစိုးရ က ယုန်ကလေးနှာစေးနေသလို လုပ်နေတယ်။ ပြောတော့မူး လူးတော့အိုင် ဆိုသလိုဖြစ်နေပြီ ကတိတွေအများကြီးပေး အများကြီး တိုင်းပြည်အကျိုးလုပ်ပေးမယ်ပြောပြီး လက်တွေ့ ဘာမှာဖြစ်မလာတာတော့ ဘယ်လိုလုပ်ကြမလဲ အနည်းဆုံးလုပ်ခလစာဥပဒေ ဆိုတာ ဘယ်တော့ထွက်မှာလည်း လာမည် ကြာမည်ပေါ့ ထွက်မလာတာလည်းဖြစ်နိုင်တယ်ပေါ့...ကျက်သရေတုံးတယ် မြန်မာပြည်မှာ နေသရွေ့တော့ ၀ဋ်ခံလိုက်ပေါ့

Powered by Blogger.