သတင်းရေးသားသူ ဖော်ထုတ်ရန် လျှောက်ထားမှု The Voice အနိုင်ရ

သတ္တုတွင်းဝန်ကြီးဌာန မှ The Voice Weekly ဂျာနယ်ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုတွင် သတင်းရေးသားသူ ကို ဖော်ထုတ်ပေးရန် တရားရုံးကို သတ္တုတွင်း ၀န်ကြီး ဌာန၏ တင်ပြ လျှောက်ထားမှု တရားရုံးက ပလပ် (ပယ်ချ) လိုက်ကြောင်း ဒဂုံမြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်သည်။အဆိုပါ အမှု၏ ပင်မ တရားစွဲဆိုမှု ဖြစ်သော ပုဒ်မ ၅၀၀ အတွက် နှစ်ဖက် ရှေ့နေများ ဇွန်လ ၆ ရက်နေ့တွင် လျှောက်လဲ ရမည်ဖြစ်ကြောင်း တရားရုံးက ယနေ့ဆုံးဖြတ်သည်။

The Voice Weekly
သတင်းရေးသားသူ ဖော်ထုတ်ရန် လျှောက်ထားမှု The Voice အနိုင်ရ သတင်းရေးသားသူ ဖော်ထုတ်ရန် လျှောက်ထားမှု The Voice အနိုင်ရ Reviewed by သစ်ထူးလွင် on 13:59 Rating: 5

13 comments:

Ma Ma Hnin ze said...

စိတ်မကောင်းပါဘူးရှင်...အခုတောဘူးပေါ်သလိုပေါ်နေတော့သေပြိပေါနော်..ဟင်းဟင်း။နွားကွဲတောကျားဆွဲတဲ့ ခင်ဗျားတိုစားတုန်းကတောတူတူစားပြီးတော့ အခုမှ အပုပ်ဖုန်းမနေနဲ..ယဉ်ယဉ်လေးပြောရင်ပေါ်ကုန်ပြီပေါ့နော်၊ရိုင်းရိုင်းလေးပြောရင်ဆောက်ရှက်ကွဲတာပေါ်နော် ။

sean said...

ဝမ်းသာတယ်.. လပ်စားမှုတွေ ပိုမို လျှော့ပါးစေဘို့ ဆက်ရေးကြပါ..THE VOICE ကို ချီးကျူး ပါတယ်..
ွှThe Voice ကမှန်တယ်ဆိုရင် သတ္တုတွင်း လပ်စားတာကိစ္စမှာ လပ်စားတာ အမှန်ဘဲပေါံ...

နတ်ရိုး said...

ဒါ အစဘဲရှိသေးတယ်နော်
နောက် ဆို ရင် တော့ . . . . . .

innyatara said...

သတ္တုတွင်းဝန်ကြီးဌာနကတာဝန်ရှိတဲ့သူတွေက ရူးရင်ရူး မရူးရင်စာမတတ်လို့ ပဲဖြစ်မယ် ဥပဒေမှာ အတိအလင်းပြဌာန်းထားတာကို တရားစွဲချင်သေးတယ် တရားစွဲခိုင်းတဲ့သူကတော့ ကျွန်တော်ထင်တယ် စစ်သားအရေခွံလဲထားတဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ယောက်နေမှာပေါ့ အရပ်သားဝန်ထမ်းတွေက ရာထူးတိုးချင်ရင် စာမေးပွဲဖြေရတယ်။ စာတတ်တဲ့သူတွေကိုးခင်ဗျ။ စစ်သား တွေကျတော့ စာမေးပွဲဖြေစရာမလိုဘူး တိုက်ရိုက်ခန့်တယ်။ စာမှ မတတ်တာကိုးခင်ဗျ။ သည်းခံကြပါ။ သနားကြပါ။ တပ်ထဲမှာ ငတ်ပြတ်လာတဲ့သူတွေဆိုတော့။

မရဏမင်း said...

အားလား...စော်ဘွားမျိုးလား၊ရပ်စောက်မျိုးလား..

chitthu said...

အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ထိရောက်သော အရေးယူမှုများမှ တစ်နိုင်ငံလုံးနှင့်နောင်လာမည့် အစိုးရအဖွဲ့နှင့် ပြည်သူများအကြားတွင် လာဘ်စားမှုများပပျောက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ပင်စင်ယူပြီးသွားသော တာဝန်ရှိပုဂိုလ်ကြီးများကိုလည်း လိုအပ်သကဲ့သို့ အရေးယူနိုင်ရန် စီစဉ်သင့်ပါသည်။ ဥပမာ တစ်လောက တိုက်ပြိုသည့်ကိစတွင် ကြံ့ခိုင်မှုလက်မှတ်ထိုးပေးသော(စစ်ဆေးပြီးသော) သူအား ပင်စင်ယူပြီးပင်ဖြစ်စေ၊ လက်ရှိတာဝန်ထမ်းဆောင်နေစဉ်ပင်ဖြစ်စေ ထိရောက်သော အရေးယူမှုကို စံပြအနေဖြင့် ပြုလုပ်သင့်ပါသည်။ ယခုသတုတွင်းဝန်ကြီးဌာနကိစကိုလည်း မည်သူတို့က မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို ပြည်သူများအား သိရှိစေရန်အတွက် ထုတ်ပြန်စုံစမ်းသင့်ပါသည်။

Aung Aung said...

ဝန်ထမ်း အရာရှိကြီးတွေ အကုန်လုံး လာဘ်စားတာ တလောကလုံးသိတယ်။ သူခိုးကို သူခိုးလို. ပြောတာကို တရားရှုံး လုပ်ချင်တာ မရှက်ကြဘူး။ ပြောစမ်းပါ ဘယ် အရာရှိကြီးကြီးကများ လစာလေးနဲ. စားနေလို.လဲ။ ၀န်ထမ်းကြီးတွေ အားလုံး သူခိုးချည့်ဘဲ။

Thurein said...

ဒီတစ်ခါတော့ မြန်မာ့တရားစီရင်ရေးစနစ်ရဲ့ ဆုံးဖြတ်မှုပာာ အတော်လေးရဲရင့်ပါတယ်။ ဒီလိုမျိုး ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ရဲရဲရင့်ရင့် ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် နောက်ပိုင်းတရားစီရင်ရေးတွေအတွက် အများကြီးအားတက်မိပါတယ်။

www.academicmedicines.blogspot.com

လွင့်မောင်မောင် said...

အဟတ်...ဒီအမှုကဆက်စစ်လို့မရဘူးလေ..အဟ အားလုံးပေါ်ကုန်မှာ
အဟိ ရီရတယ် အဟဲ..ဗြဲ.....

Anonymous said...

မြန်မာတွင်မက တကမ္ဘာလုံး တရားဥပဒေ ကြီးစိုးပါစေ။

zawmyoaye said...

စားတုန်းကစားပြိးတော့ဘာကြောက်နေတာလဲလူ့ငနွားတို့ရဲ့ 
သိန်း၁၀၀၀ဆိုတာနည်းတဲ့ငွေမဟုတ်ဘူးလူကြိးမင်းတို့ရဲ.့ 
ခင်ဗျားတို့ အရမ်းချမ်းသာနေတဲ့အချိန်ထမင်းငတ်တဲ့သူကငတ်
နေတယ်

ကြေးနီမိုင်းသား said...

အမှန်တရားဘက်က ရပ်တည်တဲ့ မီဒီယာ The Voice အတွက် ဂုဏ်ယူပါတယ် ခင်ဗျာ

ကြေးနီမိုင်းသား

Unknown said...

ဒဂုံမြို့နယ် တရားရုံးမှ တရားသူကြီးများ ယခုအမှုအား အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပေးရဲတဲ့ သတ္တိအတွက် ချီးမွမ်းဂုဏ်ယူ လေးစားရပါတယ်....နောက်နောင်တွင်လဲ အမှန်တရားဘက်မှ ထာဝရ ရပ်တည်နိုင်ကြပါစေကြောင်း..........

Powered by Blogger.