သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို

High-Art စက်ရုံမှ အလုပ်သမားခေါင်းဆောင် မမြနှင်းရီမှထပ်မံဆန္ဒပြရခြင်းအား စာနယ်ဇင်း သမားများကို ရှင်းလင်းနေပုံ
ရန်ကုန်၊ မေ ၂၁
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ ရန်ကုန်၊ မေ ၂၂
High-Art (Hi Mo) ဆံပင်တုစက်ရုံတွင် အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်သဘောတူ ထားသော စာချုပ်ကို အလုပ်ရှင်မှ တရားမဝင် ဟုဆို၍ အလုပ်သမားများထပ်မံ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 ”သဘောတူစာချုပ်ကို တရား ဝင်ဖြစ်ဖို့အတွက် စက်ရုံနံရံတွေမှာ ကပ်ဖို့မေးတော့ ဒီစာချုပ်ကတရား ဝင်မဟုတ်ဘူး၊ ပြန်ချုပ်ရမယ်လို့ စက်ရုံပိုင်ရှင်ကပြောတာနဲ့ထပ်ပြီး ဆန္ဒပြခဲ့တာ”ဟုHigh-Art စက်ရုံ အလုပ်သမားခေါင်းဆောင် မမြနှင်း ရီကမေ ၂၁ ရက်နေ့တွင်ပြောသည်။အဆိုပါစက်ရုံမှ အလုပ်သမား များသည် မေ ၈ရက်နေ့နှင့် ၉ရက် နေ့များတွင်စတင်၍ အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ ဆန္ဒ ဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ် ခဲ့ကြသည်။

 မေ ၁ဝ ရက်နေ့တွင် စက်ရုံမှတာဝန် ရှိသူ ဒေါ်နန်းသောင်း ရင်၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် အလုပ်သမားကိုယ်စားလှယ်များမှ အခြေခံလစာ ကျပ်သုံးသောင်းတိုး  မြှင့်ေ ပးရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ယင်းသဘောတူစာချုပ်အား တရားဝင်ဖြစ်စေရေးအတွက်အလုပ် သမားများမှ နံရံတွင်ကပ်ရန် စီစဉ် ရာတွင် မေ ၁၇ ရက်နေ့၌ အလုပ် ရှင်ဘက်မှ ၄င်းစာချုပ်မှာ တရားဝင် မဟုတ်ကြောင်းနှင့် ပြန်လည်ချုပ်ဆို ရမည်ဟု ပြောဆိုခြင်းကြောင့် ထပ်မံ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၎င်း ထံမှသိရသည်။


အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ”အလုပ်ရှင်ကထွက်ပြေးသွားတာ သူ့ကိုစာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲ ထားတယ်၊ သူတို့ကကိုရီးယားစက် ရုံဆိုတော့ ကိုရီးယားနောက်တစ် ယောက်ထပ်ရောက်လာရင်တော့ညှိ ပေးမှာပါ” ဟု မေ ၂၂ ရက်နေ့၌ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ပြောကြား ခဲ့သည်။အလုပ်ရှင်ဘက်မှ စာချုပ် အသစ်ကို အခြေခံလစာကျပ်တစ် သောင်းခွဲဖြင့်ချုပ်ဆိုရန်တိုက်တွန်း သော်လည်း အလုပ်သမား ကိုယ်စား လှယ်များက သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းမရှိကြောင်း၊ လက်ရှိ တွင်စက်ရုံထဲ၌ပင် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်နေကြကြောင်းသိရသည်။

အဆိုပါ စာ ချုပ်ဖောက်ဖျက်မှု နှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှလည်း အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ထပ်မံဆောင်ရွက်ပေးမည်ကို စောင့် ကြည့်လျက်ရှိကြောင်း ကျောင်းသားဟောင်းကိုချစ်ကိုကိုက ပြောသည်။

  ဝေယံမိုးမြင့်၊ မေဇင်ဝင်း - Popular Myanmar News Journal
သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို Reviewed by သစ်ထူးလွင် on 13:52 Rating: 5

12 comments:

ပုသိမ်သား...ဆင်မ said...

တလမှ ၁၅၀၀၀ ဘယ်လိုထမင်းစားရမှာလည်း....ကိုရီးယားသူဌေးဆိုလည်းမေးကြည့် ပါ သူတိုနိုင်ငံမှာsoju နှစ်ပုလင်းလောက်ဆို အဲဒီ၁၅၀၀၀ ကုန်ပြီ....အလုပ်သမားဝန်ကြီးကတောင်မနိုင်ရင် ဖွင့် မခိုင်းတော့ နဲ့ ..ဒိုးလိုက်တော့ ..အစိုးရအနေနဲ့  လစာတစ်လဘယ်လောက်ဆိုတာသတ်မှတ်ပေးသင့် ပြီနော်...............

မောင်ရစ် said...

မင်းဘိုးအေတွေကရော ငတုန်းတွေမို့လို့ တစ်လ တစ်သောင်းခွဲနဲ့
အလုပ်ဝင်လုပ်တာလား၊ဘာမှမသိဘဲနဲ့ကြားဘူးနားဝနဲ့လာပြောမနေနဲ့ကွ။ စက်ရုံတွေက အခြေခံလစာကို ၁သောင်းခွဲဆိုတာကလဲ ကျန်တဲ့ဘာကြေးညာကြေးအပိုကြေးတွေနဲ့ပေါင်းလိုက်ရင် အနည်းဆုံးတော့ တစ်လကို ၆သောင်းနဲ့၇သောင်းကြားရတယ် အလုပ်သမားတွေကို နှိမ်ပြီး အမြတ်ထုတ် တဲ့စက်ရုံလဲမရှိဘူး မဟုတ်ပါဘူး ရှိပါတယ် ဒါပေမဲ့အခုနောက်ပိုင်းအတော်နည်းသွားပြီ
ဘာပညာမှလဲမတတ်(တစ်ချို့ဆို စာတောင်မတတ်ပါ) ဘာအတွေ့အကြုံမှလဲမရှိ အခုမှအလုပ်စ၀င်တဲ့ လူတစ်ယောက်ကို စလာတဲ့..၈သောင်းတစ်သိန်းပေးရအောင်
အလှူလုပ်နေကြတာလဲမဟုတ်ဘူး စီးပွားရေး လုပ်နေကြတာလေ ၊ အခြေခံလစာကို ဘာလို့တစ်သောင်းခွဲပဲ
ပေးထားတာလဲဆိုတော့ အဲ့ဒီအလုပ်သမားတွေထဲမှာပဲတစ်ချို့လူတွေရှိတယ် အလုပ်တစ်ခု ၀င်လာတယ် ပြဿနာတစ်ခုရှာတယ် နောက်ပြီးအလုပ်ထုတ်တော့ ၃လစာတောင်းတယ်။ ပြီးရင်နောက်စက်ရုံတစ်ခုသွားတယ် ပြဿနာ တစ်ခုထပ်ရှာတယ် အဲ့လိုနဲ့၃လစာထပ်တောင်းတယ် မပေးရင်အလုပ်သမားရုံးကိုတိုင်တယ် ဒီတော့ စက်ရုံတွေက အဲ့လိုအလုပ်သမားတွေကြောင့် အခြေခံလစာကို နှိပ်ပစ်လိုက်တယ် ပြဿနာရှာတယ်တိုင်တယ်ဆိုရင် ၃လစာပေးလိုက်တယ်လေ ဒါကြောင့်မို့နည်းနေတယ် ရှင်းရှင်းလေးပါ သူတို့အခွင့်အရေးသူတို့ဖျက်စီးတာ ဒါကိုပြောပြလဲ နားမ၀င်ဘူး။နားလည်းမလည်ကြဘူး နှိမ်ပြောတာမဟုတ်ဘူး ပညာမှမတတ်တာ ဘယ်နားလည်မလဲ။ ဒီကိစ္စ မှာ စက်ရုံတွေဘက်လွန်တာလဲ လွန်တယ် သို့သော်အလုပ်သမားတွေ ဘက်ကလဲ အမှန်ကြီးပဲတော့မဟုတ်ဘူး ဒါကို ဘာမသိညာမသိ မိုးကျရွှေကိုယ် သတင်းထောက်ပေါက်စတွေက ပေါက်ကရလျှောက်ရေးတာကို ဘာပဲဖြစ်ဖြစ် လက်ခုတ်ဆိုတာမျိုးက နှစ်ဘက်တီးမှ မြည်တာပါ
ပညာတတ်လူတန်းစားတွေက သမာသမတ်ကျကျစဉ်းစားကြည့်ကြသင့်တယ် ဘယ်စက်ရုံမှမဖွင့်ခိုင်းဘဲဒိုးလိုက်လဲကိစ္စတော့သိပ်မရှိလောက်ကြဘူးလေ..ဘာလို့လဲဆိုတော့ စက်ရုံတွေဖွင့်တဲ့သူတွေအများစုက မြန်မာနိုင်ငံတစ်ခုထဲမှာပဲ
သူတို့က ရင်းနှီးမြုတ်နှံထားတာမဟုတ်ဘူးလေ သူတို့ရင်းနှီးမြုတ်နှံမှုက နိုင်ငံအနှံအပြားရှိနေတာလေ တကယ်ဒုက္ခရောက်ကျမှာက အဲ့ဒီအလုပ်ရုံစက်ရုံတွေကို မှီခိုစားသောက်နေကြတဲ့ အလုပ်သမားတွေ အောက်ခြေလူတန်းစားတွေလေ လူလတ်တန်းစားနဲ့ ပညာရှင်လူတန်းစားတွေကတော့ ဒီမှာတခြားအလုပ်တွေပေါပါတယ်..အဲ့ဒါမှမလုပ်ချင်လို့နိုင်ငံခြားသွားလုပ်ချင်လဲ အချိန်မရွေးပေါ့..အောက်ခြေအလုပ်သမားလူတန်းစားသာ ဒုက္ခရောက်ရမှာလေ...သူဌေး သဘောင်္နစ်တာလောက် ကဘာအရေးလဲ ကြားထဲက သူတောင်းစားတွေ ခွက်ပျောက်ကုန်မယ်။

မောင်မောင် said...

ပုသိမ်သား..ဆင်မ..

ဆိုဂျူး နှစ်လုံး ၁၅၀၀၀ မပေးရပါဘူးဗျာ..နည်းနည်းတော့များသွားပြီ...

innyatara said...

အစိုးရအဖွဲ့ဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဘာလုပ်နေတာလည်း ကိုယ်နဲ့မဆိုင်ဘူးလား ကိုယ့်နိုင်ငံထဲမှာ ကိုယ်လူမျိုးတွေရဲ့ အခွင့်အရေးလေး ကိုတောင်မှ မကာကွယ်နိုင်ရင် တစ်ခြားနိုင်ငံဆိုရင် ပိုဆိုးမယ် စိတ်ပျက်စရာ တော့ကောင်းနေပြီ ဖိလစ်ပိုင်ဆိုင်ရင် တစ်ခြားနိုင်ငံရောက်နေတဲ့ သူ့နိုင်ငံသားတွေအတွက်ဆိုရင် သမ္မတတောင်မှ အရေးဆိုပေးတယ်။ ငါတို့မြန်မာအစိုးရကတော့ ကိုယ်ထမင်းဝရင်ပြီးရော လုပ်နေတယ်။ စိတ်ပျက်စရာကြီးပါ။

မရဏမင်း said...

အခြေခံလစာသတ်မှတ်ပေးသင့်ပါပြီ။ဒါမှမဟုတ်ရင်နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေမှာနောင်တတွေရမှာမလွှဲဧကန်ပါ။သယ်ယူပို့ဆောင်စားရိပ်၊အခြေခံအဆောက်အအုံစားရိပ်၊ပြည်ပမှပညာရှင်၊အုပ်ချုပ်သူတာဝန်ခံနေထိုင်မှု...စတဲ့စတဲ့...အစရှိတဲ့ကုန်ကျမှုတွေထည့်မတွက်တာ၊နယ်မြေအေးချမ်းမှုအာမခံချက်တွေမရှိသေးတာတောင်မှဘာလို့လာရောက်ရင်းနှီးမြုပ်နှံနေကြလဲ..အာဆီယံနိုင်ငံတွေရဲ့အခြေခံလစာတွေမှာဗီယက်နမ်၊စင်္ကာပူ၊ဖိလစ်ပိုင်နိုင်ငံတွေလို $300မပြောပါဘူး...ပြည်တွင်းကုန်ဈေးနှုန်းနဲ့ချိန်ဆလို့အခြေခံလူတန်းစားတစ်ယောက်ရဲ့တစ်နေ့လုပ်အားခသည်အခြေခံအဆင့်လူတန်းစား(၁)ယောက်ထမင်းနှပ်မှန်အောင်စားနိုင်ရင်အဆင်ပြေပါပြီ(ဟိုတယ်မှာစားချင်လို့တော့မရဘူးလေ)...တာဝန်ရှိသူများဆောင်ရွက်နိုင်ရန်တွန်းအားပေးနိုင်သူများ..အလေးနက်ထားလုပ်ဆောင်ပေးဖို့တိုက်တွန်းပါရစေဗျာ....

ချစ်ဖူး said...

မြန်မာနိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနဟာ အလကားပါလို့ သူများတွေ ထင်ကုန်မယ်နော်။ စလုံးမှာတော့ သူတို့ ခွင့်မပြုရင် အလုပ်လုပ်ခွင့်ကို မရှိတာ။ ကိုယ့်နိုင်ငံသားတွေကို လစာလုံလောက်အောင်တော့ ရစေချင်ပါတယ်။

Ebrahim said...

အလုပ်သမားဝန်ကြီးဌာနကနေ စာချုပ်ဖောက်ဖျက်မှုနဲ့ အလုပ်ရှင်ကို တရားစွဲဆိုမှုအပေါ် ထောက်ခံပါတယ်။
ကိုယ့်နိုင်ငံသားတွေကို လုပ်ခ လစာ နည်းနည်းလေးနဲ့ ကျွန်သဘောက်လို လာခိုင်းစားတာမျိုးကို လုံးဝ ကန့်ကွက်ပါတယ်
အားလုံး အဆင်ပြေကြပါစေ

skyworld said...

အော် ကိုညွန်ကြားရေးမှူးချုပ်ကြီး ဦးဝင်းရှိန် .....ခင်ဗျားပါ ပါဝင်ညှီနိုင်းပါ
လျက်နဲ့ အဲလို ဖြစ်ရလား ... အခု အစိုးရုံးတွေမှာ လုပ်တဲ့ နေ့ စားလေး
တွေက တနေ့ ကို 1100 လေဗျာ .. အဲဒါ အခြေခံလစာပေါ့ ..... စက်
ရုံက အဲလောက်မှ အခြေခံလစာမပေးနိုင်ရင် ပြန်ခိုင်းလိုက်တော့ပေါ့။
နောက် လိုအပ်မယ်ထင်တဲ့ ဥမဒေတွေ ( သို့ ) ပြည်သူကို /အလုပ်သမား
တွေကို အကျိုးမပြုတဲ့ လုပ်ထုံးလုပ်နည်းတွေ ၊ နည်ဥပဒေတွေ ၊ညွန်ကြားချက်
တွေ ၊ တည်ဆဲဥမဒေတွေကို ပြင်သင့်တာ ပြင် အစားထိုးသင့်တာထိုး ပယ်
ဖျက်သင့်တာ ဖျက် လုပ်တော့လေဗျာ...နောက်စက်ရုံတစ်ရုံက အဲလိုဖြစ်
ရင် ခင်ဗျားသွားမနေနဲ့ တော့  အဲဒီစာရွက်ကလေးပဲ ပေးလိုက်တော့ 
အဲလိုတွေ မဖြစ်သင့်သေးဘူးလား ညွန်ချုပ်ကြီးရာ ...

sainyi said...

အပေါ်ကမောင်၇စ်ဆိုတဲ့ ကောင်မင့်ပထွေး ကိုရီယားထိလို့ နာနေတာလား
မြန်မာနိုင်ငံမှာ လူတယောာက်ဝင်ငွေနဲ့  ကုန်ဈေးနှုံးကိုနှိုင်းယှဉ်ကြည့်လိုက်လေ
မျှတမှုရှိရဲ့ လားဆိုတာ မြန်မာနိုင်ငံမှာမလုပ်နိုင်လို့ နိုင်ငံထွက်လုပ်ပါလို့ ပြော၇အောင် ခွေမသားမောင်၇စ် ဒို့ လူမျိုးတွေကို သူများနိုင်ငံမှာကျွန်ခံ ခိုင်းနေတာလား
မောင်၇စ်မင်းဟာမဟုတ်မှလွဲေ၇ာ မင်းအမေဟာ ကိုရီးယားသားနဲ့ ၇တာလားကွ

U-Click said...

Hello မောင်ရစ်။
ကျေးဇူးဘဲဗျာ။ ကျူပ်ပြောချင်တာတွေလဲဒါပဲဗျာ၊ ၃ လစာလုပ်စားနေတဲ့လူတွေအများကြီးဘဲ၊

U-Click said...

Hello Mr. Sainyi;
ယဉ်ကျေးတဲ့မြန်မာလူမျိုးတယောက်မှဟုတ်ပါစ၊ကိုယ့်အမြင်ကိုယ်ဖေါ်ပြတဲ့ ပလက်ဖေါင်း မှာဆဲဆိုတာမကောင်းပါဘူးဗျာ။ ဒီ ပလက်ဖေါင်း ဟာ ဆဲဆိုတဲ့ ပလက်ဖေါင်း မဖြစ်သင့်ပါဘူး။ ဒီလို မယဉ်ကျေး တဲ့ comment တွေကိုတင် မပေးသင့်ဘူးလို့ အကြံပြုချင်ပါတယ်။

koko said...

ဟယ်လို sainyi မိုက်ရိုင်းတယ်နော် ခင်ဗျားဘာသိလဲ အဲ့ဒီစက်ရုံ့မှာ အသက်၁၆ နှစ်မပြည့်ဘဲအလုပ်ဝင်လုပ်နေတယ် စာမတတ်တဲ့သူတွေရှိတယ် ခင်ဗျားသိလား ခင်ဗျားကစာတတ်ပေတတ်ဆိုတော့ အလုပ်တစ်ခုမကောင်းရင် နောက်တစ်ခုပြောင်းလို့ရတယ်လေး ဒီမိန်းကလေးတွေကဘာတတ်လဲ ကိုယ်ချင်းမစာလို့ပြောမဟုတ်ဘူးနော် အဲ့ဒီမိန်းကလေးတွေ အလုပ်ပြုတ်ကုန်ရင် ခင်ဗျားတင်ကျွေးထားမှာလား

Powered by Blogger.