ရပ်/ကျေး ဥပဒေများအား NNDPက ဆွေးနွေးပွဲ ပြုလုပ်ပေးမည်

ယမင်း(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
 
ပြည်သူများအနေဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေ များအား သိရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီပါတီသစ်က ဆွေးနွေးပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နည်းဥပဒေတွေ မထွက်သေးပေမယ့် လုပ်နိုင်တဲ့အချက်အလက်တွေကို ဖော်ပြတဲ့သဘောပါ။ အခု ရပ်ကွက် တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ပြည်သူတွေက မကြိုက်ကြတာကို တွေ့ရတယ်။ ဒီဥပဒေတွေထဲမှာ ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှုးကို မကြိုက်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာရယ်၊ ဘယ်လိုအချက်တွေ ၀င်လာရင် အရေး ယူလို့ရတယ် ဆိုတာတွေကို ပြည်သူလူထုသိအောင် ချပြမယ့်သဘောပါ” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ သင်္ယန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။ 

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား မေလ(၂၇) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ပါတီဝင်များနှင့် စိတ်ပါဝင်စားသော မည်သူမဆိုလာရောက် ဆွေးနွေးနိုင်ကြောင်း၊ နောက်ပိုင်းတွင်လည်း တစ်လတစ်ကြိမ်ပုံမှန်ကျင်းပနိုင်ရန် စီစဉ် လျှက်ရှိကြောင်း သိရသည်။
 
“ကျွန်တော်တို့ရပ်ကွက်မှာလဲ ဒီလိုမျိုးတွေ လာဟောပြောပေးနိုင်ရင် ကောင်းမှာပဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးက ပြည်သူတွေဘက်ကို မကြည့်ဘူး။  တကယ်လို့ ဒီလိုဥပဒေတွေ ထွက်လာမယ်ဆိုရင် ကျွန်တော်ကတော့ အပြည့် အ၀ထောက်ခံပါတယ်” ဟု မြောက်ဒဂုံမြို့နယ် (၄၃)ရပ်ကွက်မှ ကိုမော်စီက ပြောသည်။   
 
အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပြည်သူများအနေကြုံတွေ့နေရသော ဆင်းရဲမှုပပျောက်ရေးနှင့် လူထုအခက် အခဲများအား ကူညီပေးနိုင်ရန် လာမည့် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးတွင် အမြန်ဆုံးတင်ပြ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် လုပ်ငန်းရှင်တစ်ယောက်၏ အကူအညီယူကာ သင်္ကန်း ကျွန်း ရပ်ကွက်တွင် အ၀ီစိတွင်း (၂)တွင်းကို တူးဖော်ပေးလျှက်ရှိသည်။
ရပ်/ကျေး ဥပဒေများအား NNDPက ဆွေးနွေးပွဲ ပြုလုပ်ပေးမည် ရပ်/ကျေး ဥပဒေများအား NNDPက ဆွေးနွေးပွဲ ပြုလုပ်ပေးမည် Reviewed by သစ်ထူးလွင် on 18:34 Rating: 5

8 comments:

g man said...

၇ပ်ကွက်အုပ်ချုပ်ေ၇းမှူးဆိုတာ
ပြည်သူတွေနဲ့တိုက်၇ိုက်ထိတွေ့နေတာ
သူတို့ကိုပြည်သူတွေအကျိုးတကယ်လုပ်ဆောင်နိင်အောင်လုပ်၇င်
်ကြံ့ခိုင်ေ၇းနောက်ေ၇ွးကောက်ပွဲမှာအခြေနေကောင်းမယ်
်မဲ၇ှုံးမှဘာကြောင့်၇ှုံးမှန်းမသိဖြစ်မနေနဲ့
ဲအခုကတည်းကပြုပြင်ထားပါ

Anonymous said...

အဲဒီလိုဟောပြောတာတော့ အရမ်းကောင်းတာပေါ့။ ဒါပေမဲ့ လက်လှမ်းမမီတဲ့နေရာတွေအတွက် online soft copy လေး မရနိုင်ဘူးလား။

ngaba said...

လုပ်ငန်းရှင်တစ်ယောက်၏ အကူအညီယူကာ....က စတာပဲ။
ဖြစ်နိုင်ရင် အဲဒီနည်းလမ်းမျိုးတွေနဲ့ ကင်းနိုင်သမျှ ကင်းရင် အကောင်းဆုံးပါ။

Karen Youth Organization said...

ဦးသိန်းညွန့်ကိုမေးရဦါ်မယ် ....အကယ်လို့ NLD မှတ်ပုံပြန်တင်ရင် NNDP ကိုဖျက်သိမ်းပြီး NlD ကိုပူးပေါင်းမယ်လို့ ပြည်တွင်းဂှာနယ်တွေကနေ တရားဝင် လူကြီးမင်းပြောထားဘူးပါတယ်နော်..ဟုတ်ကဲ့ပါ အခု NLD တရားဝင်မှတ်ပုံတင်ရုံသာမက ကြားဖြတ်ရွေးကောက်ပွဲကငိုလည်းဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော် အသီးသီးမှာလည်း ပြည်သူတွေအတွက်တာဝန်ထမ်းဆောင် နေပါပြီ...ဦးသိန်းညွန့် NLD ဘယ်တော့လောက် ပူးပေါးမလဲ ဆိုတာ ပြောပြနိုင်ရင် ပြောပြပေးစေချင်ပါတယ်....

Youth and HIV/AIDS said...

ကျွန်တော်က ဦးသိန်းညွန့်ရပ်ကွက်သားပါ။ဦးသိန်းညွန့်ကိုပြောပေးပါဦး၊ ကြီးကြီကျယ်ကျယ်တွေလျှောက်ပြောနေပြီးသူနေတဲ့ရပ်ကွက်(ဇ/မြောက်)မှာလွှတ်တော်ကိုယ်စားလှယ်(ဦးသိန်းညွန့်)ကိုယ်တိုင်ကြားဝင်ဆောင်ရွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပိုက်ဆံရှိ (ဘူဇွာလူတန်းစား)နဲ့ပေါင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရောင်းစားတဲ့ကိစ္စကိုတောင် အောင်မြင်အောင်မဆောင်ရွက်နိုင်ခဲ့ပါဘူး၊ကျွန်တော်တို့ရပ်ကွက်သားတွေမှာတော့အားကိုးတ ကြီးနဲ့ အကူအညီတောင်းခဲ့ပေမယ့် ဘာမှဖြစ်မလာပါဘူး၊ ကျွန်တော်တို့ အားကိုးအားထားပြုစရာတစ်နေရာပဲရှိပါတော့တယ်။အဲဒီနေရာကတော့..................ဆက်လက်စောင့်ကြည့်ကြပါစို့

kothantun said...

Sam Yanwin တောင်းဆိုချက်ကို အသံဖိုင်တင်ပေးပါမယ် NNDP
facebookမှာ တင်ပေးပါ့မယ်
ngaba ပြောတာကိုပြန်ဖြေရရင် ကျွန်တော်တို့ပါတီဟာ nld လို
ကြံ့ခိုင်ရေးလို ငွေကြေးအင်အား မတောင့်တင်းပါ ပြည်ပ အလျူငွေလည်းလက်မခံပါ ရပ်ကွက်နေပြည်သူတွေရေအခက်အခဲ
ပြသနာတင်ပြလာတော့ လျူမဲ့ အလျူရှင်လည်းပေါ်လာတယ် အဲဒီတော့ ရေလိုအပ်နေတဲ့ ပြည်သူတွေဝမ်းသာရတယ် စည်ပင်ရေက လမ်းထိပ်ပိုင်းမှာဘဲ ရတယ် လမ်းအတွင်းပိုင်းတွေမှာမရဘူး စည်ပင်ကို တင်ပြတော့လည်း မထူးလာဘူး အဲဒီတော့ လျူမဲ့သူရှာပြီး ရေအခက်အခဲကို ကူညီဖြေရှင်းပေးနေတာပါ ။
Karen Youth Organization အမေးက nld ကိုမေးကြည့်ပါ ကျွန်တော်တို့ NNDP က မပူးပေါင်းတာလား NLDကလက်မခံတာလားဆိုတာ နောက်ဆုံး NLD ကထွက်လာတဲ့ ကြောငြာချက်မှာ ကျွန်တော်တို့လို ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့သူတွေဟာ နိုင်ငံရေး ပြစ်မှုကြီးကို ကျူးလွန်ခဲ့သူတွေလို့ ပုဒ်မတပ်ထားတယ် NLD ပြန်ပြီးမှတ်ပုံတင်စဉ် ကလည်း NLD ကလွင့်စင်သွားသူတွေ ပဲ့ထွက်သွားသူတွေ သစ္စာဖေါက်တွေအဖြစ် ပုဒ်တပ်ထားပြီး ဒီလူတွေ ပါတီကို ပြန်ဝင်ချင်ရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ အရေးယူရမယ် ပါတီညီလာခံကို တင်ရမယ်ဆိုပြီး သဘောထားတွေတုံးပြန်ခဲ့တယ် ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းဟာ NLD ဆိုတာမရှိတော့လို့ ကိုယ့်ရပ် ကိုယ့်ဒေသကို တော့ ခြင်္သေ့စာမကြွေးနိုင်ဘူးဆိုတဲ့ အဓိက ခံယူချက် ဝင်ခဲ့တာ။
Youth and HIV/AIDS ပြောတာ အချက်အလက်လွဲနေပါတယ် ဇ/မြောက်ရပ်ကွက် မှာ ရပ်မိရပ်ဖနဲ့ အုပ်ချုပ်ရေးမှုးတို့ အဝေမတည့်ကြတာကနေ ခွက်စောင်းခုတ်တဲ့ကိစ္စ ပါ အဲဒီကိစ္စ ကို ခင်ဗျားသိချင်ရင် NNDPရုံးမှာ လာလေ့လာလို့ရပါတယ် အဖြစ်ပျက်အမှန်နဲ့ အထောက်အထားမှန်တွေကို လာကြည့်ပါ လို့ဖိတ်ခေါ်ပါတယ် ။

evil said...

ကိုသန်းထွန်းဖြေတာကို သဘောကျတယ်။ ကျွန်တော်သိချင်တာ လဲ သိသွားတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လဲ 2010 election မှာ ဒီစိတ်နဲ့ မဲပေးခဲ့တာလေ။ ဒီပွဲလုပ်မဲ့ သတင်းကို ရထားလို့ ကျွန်တော်လဲ လာလေ့လာဖို့ ဆုံးဖြတ်ထားတာ။ အခု ဒီမှာတွေ့ရတော့ အဆင်သင့်တာပေါ့။ ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်နေတာက ဥပဒေ ရယ်၊ ဥပဒေကိုနားမလည်တာရယ်။ ဒါနဲ့ ကြုံလို့ပြောချင်တာရှိတယ်။ NDF ကနေ NLD ကိုပြောင်းသွားတဲ့ ဒေါက်တာ မြတ်ဥာဏစိုး ပြောသွားတာကို သိပ်သဘောမတွေ့ဘူး။ ပါတီငယ်တွေအပေါ်ပြောသွားတဲ့ ကိစ္စပါ။ နိုင်ငံမှာ 2 ပါတီ 3 ပါတီလောက်ပဲ ရှိမှကောင်းတာ ဆိုပြီးပြောသွားတယ်။ ရှုတ်တယ်ပေါ့။တကယ်တော့ ခင်ဗျားတို့ သွားသင့် တာ ၊ သွားနေတာက ပါတီစုံဒီမိုကရေစီလေ။ 2 ပါတီ ဒီမိုကရေစီမှမဟုတ်တာ။ ဒီကနေတစ်ပါတီစနစ်ဖြစ်မယ်။ ကျွန်တော်တို့ တွန်းလှန်ခဲ့တာ တစ်ပါတီစနစ်ကို မကြိုက်ကြလို့လေ။ သူ့အနေနဲ့ ပြောင်းတာပြောင်းပါ။ ဒါကသူ့ဆန္ဒ ၊ ဒါပေမဲ့ ရပ်တည်မှုကို သူလေးစားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်က သာမန်လူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျွန်တော်မြင်တာကျတော့ သူနဲ့ ပြောင်းပြန်ဖြစ်နေလို့ ။ ကျတော်မြင်တာကျတော့ ပါတီငယ်တွေ၊ တိုင်းရင်းသားပါတီတွေ အားကောင်းစေချငိတယ်။ ဘာလို့လဲဆိုတော့ ဒီပါတီငယ်တွေဟာ အစိုးရဖွဲ့နိုင်လောက်အောင် မဖြစ်နိုင်သလို ထိန်းညှိမှုအတွက် အရေးကြီးတယ်လို့ ယူဆလို့ပါ။ ကျွန်တော်ထင်တာ မှာရင်လဲမှားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးထဲ မြုပ်နှံထားသူ မဟုတ်လို့ပါ။ အကို့ အမြင်ကို ပြောပေးပါဦး။

evil said...

တစ်ကယ်တော့ NLD မှာ ကျွန်တော်တို့ မသိတာတွေ အများကြီးပါ။ ဒေါ်အောင်ဆန်းစုကြည် မသိပဲ ဖြစ်ခဲ့တာတွေလဲ အများကြီးပါ။

Powered by Blogger.