တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး

ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
 
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်    အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း   ဒေသခံတို့က ဆိုသည်။

ပျော်ဘွယ်ကလေးရွာရှိ ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ   စစ်တပ်များမှ တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊ လူအင်အား၊ ငွေအင်အား   မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။” ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ ဦးညီညီလွင်က ပြောသည်။

အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့်
ရေပြတ်လတ်မှုဖြစ်ပေါ်နေစဉ် စည်ပင်သာယာမှ သောက်သုံးရေအတွက် တစ်ရက်လျှင် ဂါလံ(၈၀၀)ကား(၇)စီး ဖြင့်   ရေပေးဝေလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့အရင်က တစ်ရက်ကို ဂါလံ(၃၀၀၀)လောက် ပေးရတာ အခုစစ်သားတွေ လာတယ်ဆိုတော့ အရင်ကထက်ပိုပေး ရတာပေါ့ ” ဟု တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေ၀င်းကပြောသည်။

အဆိုပါစစ်သား(၄၀၀)ကျော်ခန့်မှာ ပျော်ဘွယ်ကလေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင်တည်းခိုလျက်ရှိသည်။
 
“ကျွန်မတို့ရွာသားတွေ စစ်သားတွေကို ကိုယ်တက်နိုင်သလောက်လေး အအေးတိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်၊ ရွာသားတွေလည်း  အားရင် သူတို့ကို ၀ိုင်းကူပေးကြပါတယ်” ဟု ပျော်ဘွယ်ကလေးရွာရှိကျောင်းအုပ်ဆရာမ ဒေါ်မိမိမော် ကပြောသည်။

အဆိုပါ ရေကန်(၅)ကန်မှာ တစ်ကန်သည် ပေ(၄၀၀)ပတ်လည်ခန့်ရှိပြီး၊ အခြားကန်များမှာ ပေ(၂၀၀)ပေ(၁၀၀)
ပတ်လည်ခန့်ရှိသောကန်များ ဖြစ်သည်။

“ကျွန်တော်တို့ရွာက ရေကန်တွေက အရင်က ဆယ်ပေလောက် နက်တယ်၊ သူတို့လာတူးပေးသွားတော့(၁၄) ပေလောက်တော့ နက်သွားမှာပေါ့၊ နောက်နှစ်တွေဆို ဒီလိုရေမရှားနိုင်လောက်တော့ဘူး” ဟု ပျော်ဘွယ် ကလေးရွာ ဥက္ကဌ ဦးညီညီလွင်ကပြောသည်။
တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က    ဒေသခံများအတွက် ရေကန်တူးပေး Reviewed by သစ်ထူးလွင် on 18:40 Rating: 5

55 comments:

Ocean Tanker said...

သာဓု သာဓု သာဓုပါဗျာ စစ်တပ်ကလဲစိတ်ထားကောင်းတဲ့လူတွေရှိပါသေးတယ်။
သူတို့လဲကောင်းတဲ့ဘက်ကရပ်တည်ရင်မြန်မာပြည်ကြီးကလှပသွားပါပြီ။

Thurein said...

အမြဲတမ်း ဆိုးရွားတဲ့ သတင်းတွေကိုပဲ ဖတ်နေရတာ ဒီလိုအပြုသဘောဆောင်တဲ့ သတင်းတွေကို တွေ့တာ စိတ်ချမ်းသာပါတယ်။ ချီးကျူးပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဆေးပညာနှင့်ပတ်သက်ပြီး မေးလိုရာမေးနိုင်ပါသည်။
www.academicmedicines.blogspot.com

I LOVE MY COUNTRY said...

ဒါမှ ပြည်သူချစ်တဲ့ ဗမာ့တပ်မတော်ရဲ့ လုပ်ရပ်ကွ အခြားတပ်တွေလဲ အဲလို စိတ်ဓါတ်လေးတွေ ရှိကြပါစေဗျာ

yelpaing said...

အဲဒါဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့စစ်တပ်အစစ်ပေါ့ဗျာ ။ အရင်တုန်းကစစ်တပ်နဲ့ ပြည်သူဆိုတာအဲဒီလိုတစ်သားတည်းနေခဲ့တာပါ။ဒီဘက်ခါတ်စစ်တပ်ကိုဖျက်ဆီးပစ်လိုက်တဲ့လူတစ်စုကြောင့်စစ်တပ်နဲ့ပြည်သူဟာကြည့်လို့ မရလောက်အောင်ကိုဖြစ်သွားခဲ့တာပါပဲ။လူတစ်စုရဲ့ အသုံးချခံ စစ်တပ်ကနေလွှတ်မြောက်မှ စစ်တပ်သရုပ်မှန်ပေါ်အောင်ဖေါ်ဆောင်နိုင်မှာပါ။ ။အဓိက ကတော့ပြည်သူသာအမိ ပြည်သူသာအဖ ပါဘဲ။

komyo said...

ကောင်းလိုက်တာကွယ် ဒါမှပြည်သူချစ်စစ်သားကြီးများ ဖြစ်မှာ ကျေးဇူးအထူးတင်
ရှိပါတယ် နောက်ဒီထက်များများ ပြည်သူ့အကျိုးပြုလုပ်ငန်းများလုပ်နိုင်ပါစေ။
ပြည်သူချစ်သော စစ်သားကြီးများဖြစ်ပါစေဗျာ။

Ko Gyi said...

Great Job. That is real Army.

Ebrahim said...

ပြည်သူတွေက တပ်မတော်သားတွေကို မမုန်းပါဘူး။
အမြဲ လေးစားချစ်ခင်နေတာပါ။ ဒါကို အခွင့်ကောင်းယူပြီး တချို့က ပြည်သူကို ပြန်စော်ကားကြလို့သာ စစ်တပ်နာမည်ပျက်နေတာ။
ပြည်သူထဲက ပေါက်ဖွားလာတဲ့ စစ်သားက ပြည်သူကို ပြန်စော်ကားတာ။ သစ်ပင်ခုတ်တဲ့ ပုဆိန်ရိုးဆိုတာ သစ်သားပါပဲ။ အမိန့်ပေးတဲ့လူကောင်းရင် တပ်မတော်သားတွေလဲ လူသားနှလုံး ရှိကြပါတယ်။ ဒီလို ခေါင်းဆောင်ကောင်းတွေ များများ ရှိလာရင် ပြည်သူတွေက တပ်မတော်သားတွေကို ချစ်မှာပါ

Thant Zin Win said...

တပ်မတော် နှင့် ပြည်သူ လက်တွဲကူ

burma thwe said...

ရှေ့လျှောက် ဒီလိုသတင်းလေးတွေပဲ ကြားချင်ပါတယ်ဗျာ...

ဖိုးသား said...

ဒါမျိုးသတင်းလေးကိုဖက်လိုက်ရတော့ စိတ်ထဲမှာအတော်လေးကြည်နူးမိပါတယ် ဒါမျိုးတွေများများလုပ်ပေးပါက ပြညသူနဲ့စစ်တပ်ဟာ တစ်သွေးတည်းတစ်သားတည်းဖြစ်လာမှာမလွဲပါ ဖြစ်လာဘို့အများကြီးမျှော်လင့်ပါတယ် .........အေးချမ်းပါစေ မြန်မာပြည်

Battlecal said...

ကောင်းတယ်ဗျို့ တစ်ကယ် ကျေးဇူးတင်ပါတယ်..

lwannaymie said...

ဒီလိုမျိုးတပ်မတော်သားကြီးများကို (ပြီးခဲ့တဲ့(နှစ်၃၀)ကျော်က တပ်မတော်နေ့မှာ ကြေကြေနပ်နပ်ကြီးနဲ့ မနက်အစောကြီးထပြီး စပယ်ပန်းကုန်းတွေ စွတ်ပေးခဲ့တာ မြင်ရောင် မိတယ်။) လေးစားပါတယ်...ရဲဗော်။

butilay said...

လိုချင်နေတာကြာပါပြီဗျာ။ မလေးရှားမှဆိုရင် စစ်တပ်လာရင် စစ်သားတွေနဲ့ ဓာတ်ပုံ အတူတူ တွဲရိုက်ချင်တဲ့သူတွေ အများကြီးပဲဗျာ။ လေးစားတာကို။
ဒီလို ပြည်သူချစ်တဲ့ စစ်သားတွေ ပြန်မြင်ချင်တယ်ဗျာ။

Myo1 said...

ကောင်းတဲ့အလုပ်ေုကာင့် ကောင်းတဲ့အကျိုးခံစားကြရပါစေ၊

Ko Min Chit Thu said...

ကြားရတာစိတ်ချမ်းသာလိုက်တာ၊ခေါင်းဆောင်ကောင်းလို့နောက်လိုက်ကောင်းတာလား၊နောက်လိုက်ကောင်းလို့ခေါင်းဆောင်ကောင်းတာလားတော့မသိဘူး၊
ရန်ကုန်တိုင်းတပ်မတော်သားများအားလုံး၊ထိုသို့ပြုတိုင်းပြုတိုင်းကြီးပွားသက်ရှည်
လာပါစေသောဝ်။(အဓမခိုင်းစေခြင်း၊စိတ်မပါဘဲလုပ်ရခြင်း၊တစ်လွဲရည်ရွယ်ချက်
ကြောင့်လုပ်ရခြင်းအတွက်ဆုတောင်းပေးခြင်းမဟုတ်ပါ)

Ko Min Chit Thu said...

ကြားရတာစိတ်ချမ်းသာလိုက်တာ၊ခေါင်းဆောင်ကောင်းလို့နောက်လိုက်ကောင်းတာလား၊နောက်လိုက်ကောင်းလို့ခေါင်းဆောင်ကောင်းတာလားတော့မသိဘူး၊
ရန်ကုန်တိုင်းတပ်မတော်သားများအားလုံး၊ထိုသို့ပြုတိုင်းပြုတိုင်းကြီးပွားသက်ရှည်
လာပါစေသောဝ်။(အဓမခိုင်းစေခြင်း၊စိတ်မပါဘဲလုပ်ရခြင်း၊တစ်လွဲရည်ရွယ်ချက်
ကြောင့်လုပ်ရခြင်းအတွက်ဆုတောင်းပေးခြင်းမဟုတ်ပါ)

nay naing kha said...

သစ်ထူးလွင် ဆိုဒ်လေးကိုတော့ ကြိုက်တယ်ဗျာ.. ဘာလို့လဲဆို DVB လို စစ်အစိုးရမကောင်းကြောင်းတွေပဲ ၀ါဒဖြန့်နေတာမဟုတ်လို့.. တကယ့် ပြည်သူ့အတွက်မီဒီယာဆိုတာ အရှိကို အရှိအတိုင်း.. ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ အမှန်အတိုင်းပဲတင်ရမှာပေါ့... အားပေးပါတယ်. နောက်လဲ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အရှိကို အရှိအတိုင်း စီစစ်ပြီးတင်ပေးနိုင်ရင် သိပ်ကောင်းမှာပါ...

Anonymous said...

တကယ်ကောင်းမွန်တဲ့လုပ်ရပ်ပါ... တာဝန်ရှိတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအားလုံးကိုလည်း ဒီလိုမျိုးစိတ်ဓါတ်လေးတွေကြောင့် အရမ်းလေးစားမိပါတယ်... ပြည်သူတွေချစ်အောင်လုပ်ဖို့ဆိုတာ လွယ်လွယ်လေးပါ... ဒါကို တပ်မတော်သားတွေ ဘာလို့ မလုပ်ဖြစ်တာလဲဆိုတာ အရမ်းအံ့သြမိပါတယ်... နောင်လဲ ဒီထက်မက ပြည်သူ့အကျိုးပြု ... ပြည်သူတွေ လေးစားအားကိုး ရတဲ့ အလုပ်တွေလုပ်ပြီး... ပြည်သူတွေရဲ့အားအဖြစ် အမြဲတမ်း လုပ်နိုင်ပါစေဗျာ...

mg soe said...

ကောင်းပါတယ်ဗျာ။ပျော်ဘွယ်ကျေးရွာကဒလနဲ့ရန်ကုန်ပေါက်ကျေးရွာကြားကရွာလေးပါ။ရန်ကုန်ပေါက်ကရင်သွယ်တန်းထားသောရေပိုက်ကိုပျော်ဘွယ်အ
ရောက်တွင်ရွာထဲသို့ပိုက်ကိုခွဲဝေပြီးသွယ်ပေးလျှင်ကျေးဇူးတင်မည့်မဆုံးပါ။
ကျေးရွာဖွံ့ဖြိုးရေးအတွက်မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ရန်ကုန်မြို့တော်စည်ပင်သာ
ရေးမှကူညီပေးစေလိုပါတယ်။ကိုကိုလွင် ဆက်လက်ကြိုးစားပေးပါအုံး

minsoeaung said...

တပ်ချုပ်ကြီးမင်အောင်လှိုင်ခင်ဗျား
မင်း
မင်္ဂလာရှိသောလုပ်ဆောင်မှုအတွက်ကျေနပ်ဝမ်းသာမိပါ
သည်။ အြးခားဆောင်ရွက်နိုင်မှုရှိတဲ့နေရာတွေမှာလည်း
ပြုလုပ်ပေးပါခင်ဗျာ။
နိင်ငံတော်သစ်။သမ္မတသစ်။တပ်မတော်ကျာုပ်အသစ်။
ခတပ်မတော်သားတွေရဲ့စိတ်ဓါတ်အသစ်နဲ့
အားလုံးငိုကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း က

KHANTLINNHTET said...

လှိုက်လှဲသော အသည်းနှလုံးမှ ဝမ်းမြောက်မိပါသည်။ ပြည်သူကို အမှန်တကယ် အကျိုးပြုပြီး ပြည်သူလူထု၏ ကိုးစားယုံကြည်အားထားရာ
တပ်မတော်ကြီး အမှန်တကယ် ပေါ်ထွန်းလာနိုင်ပါစေဆုတောင်းပါသည်။

clean2013 said...

ကြားရတာ ၀မ်းသာမိတယ်

အညာနိုင် said...
This comment has been removed by the author.
kozayar said...

ကောင်းပါတယ်ဗျာ သစ်ထူးလွင်အနေနဲ့ဒီလိုလေး သင့်သင့်မျှမျှဖော်ပြလာတဲ့အတွက် ပါ အရင်ကတော့ မိုးလင်းတာနဲ့ဖတ်လေ့ရှိတယ် ဒါပေမယ့်နောက်ပိုင်း သတင်းတွေကမိုးလင်းတာနဲ့ဖတ်ချင်စိတ်ရှိတော့ဘူးလေ ဆိုးရွားစိတ်ဆင်းရဲစရာတွေများတော့ မောနင်းမဖွင့်ချင်တော့ဘူး ခုလိုလေး ပေါ်လစီလေးပြောင်းလာတာကြိုဆိုပါတယ်ဗျာ နို့မို့ ရေးတာကနည်းနည်း အောက်ကထိုင်စောင့်ဆဲနေကျတာတွေကများများဆိုတော့ ဒီထက်အောင်မြင်ပါစေဗျာဆုတောင်းပေးပါတယ်

ngaba said...

ဒီသတင်းဖတ်ရတာ..
မင်္ဂလာရှိတယ်၊ ကျက်သရေရှိတယ်။ စိတ်ချမ်းသာတယ်။
သူတို့ ကောင်းတာလုပ်ရင် မီဒီယာက ကောင်းတာဖော်ပြပေးပါတယ်။
ဗမာအချင်းချင်း သတ်နေတဲ့ သတင်းထက် ဒီလိုသတင်းတွေပဲ အမြဲမြင်ချင် ကြားချင်မိပါတယ်။

Saw daunt said...

ဗိုလ်ချုပ်စန်းဦးလား --- သူအကြောင်းကောင်းကောင်းသိတယ် -- တကယ့် လူရိုး လူကောင်းကြီး --- တစ်ကယ့်ကိုလက်အောက်ငယ်သားကို ကြည့်တဲ့လူ --- အဘစန်းဦး ကျန်းမာပါစေ -- အဘတို့လို လူတွေပဲ တပ်မတော် ခေါင်းဆောင်ဖြစ်စေချင်တယ် --

Saw daunt said...

ဗိုလ်ချုပ်စန်းဦးလား --- သူအကြောင်းကောင်းကောင်းသိတယ် -- တကယ့် လူရိုး လူကောင်းကြီး --- တစ်ကယ့်ကိုလက်အောက်ငယ်သားကို ကြည့်တဲ့လူ --- အဘစန်းဦး ကျန်းမာပါစေ -- အဘတို့လို လူတွေပဲ တပ်မတော် ခေါင်းဆောင်ဖြစ်စေချင်တယ် --

ကျိန်စာ said...

တစ်နေ့တစ်နေ့ အလုပ်ကအပြန်သတင်းတွေ ဖတ်ရသမျှတွေထဲမှာ ဒီသတင်းက အမောအပြေဆုံးပါပဲ...

အမှန်တရားကိုသိသူ said...

ရိုးသားအေးဆေးပြီး တကိုယ်ကောင်းမဆန်တတ်တဲ့ တိုင်းမှုးဗိုလ်ချုပ်စန်းဦး၊
စိတ်နှလုံးအေးချမ်းခြင်းက မျက်နှာမှာပေါ်လွင်နေပါတယ်။
လူတိုင်းအပေါ် ကောင်းမွန်စွာဆက်ဆံတတ်ပြီး ခေတ်သစ်ဗိုလ်ချုပ်များလို့ စီးပွားရေး မသောင်းကျန်းတတ်သော ရှားပါးလှသော စစ်တိုင်းမှုးပါပဲ။

ANGELA SINGAPORE said...

မင်္ဂလာသတင်းကိုဖတ်လိုက်ရလို့ ဝါယမ စိုက်ပြီးတုးဖေါ်ပေးတဲ့ စစ်သား ၄၀၀ နှင့် အတူ စီမံဆောင်ရွက်ပေးတဲ့ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်စန်းဦး တို့ အားလုံး ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာပါစေ

ဒွာရာသား said...

တပ်မတော်နှင့်ပတ်သက်သောအလွန်ပီတိဖြစ်ရသည့်သတင်းဟုဆိုချင်ပါသည်

yein said...

ဒါ မှ ဒို့ ဗိုလ် ချုပ် အောင် ဆန်း တပ် မ တော် ဟေ့

Dohbamar said...

ရန်သူနဲ့တွေ့တော့မီးလို
ပြည်သူနဲ့တွေ့တော့ပန်းလို
နူးညံ့သိမ်မွေ့ယဉ်ကျေးသည်ဆိုတဲ့စစ်ချီသိချင်းလေး
ခေတ်ဟောင်းတေးမှ
တသစ်ဆန်းတေးဖြစ်ပါစေ။။

phyo said...

ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ ပြည်သူ့တွေရဲ့ဒုက္ခတွေကိုမျှဝေခံစားတက်ရပါမယ်

စစ်တပ်ယူနီဖောင်းမြင်ရရင်ကြောက်တဲ့စိတ်များကင်းဝေးကြပါစေ

moe zaw aung said...

ရန်သူနှင့်တွေ့တော့မီးလို၊ ပြည်သူနှင့်တွေ့တော့ပန်းလို

ရန်သူကိုနေလိုမီးလိုဆက်ဆံ၊ ပြည်သူကိုရေလိုပန်းလိုဆက်ဆံ

ဒါမှသာ ပြည်သူ့တပ်မတော် ဖြစ်မှာဧကန်။

mon lay said...

ကောင်းတယ်ဗျာအရမ်းကိုကောင်းတဲ့သတင်းပါ
ဒါမျိုးတွေပဲခဏခဏကြားချင်တယ်ဗျာ(၀မ်းသာတယ်)
သာဓုသာဓုသာဓုလို့ခေါ်ပါတယ်နောက်လဲများများလုပ်နိုင်ကြ
ပါစေ(တိုင်းမှူးနဲ့တပ်သားအားလုံးနဲ့မိသားစုတွေပါ အားလုံး
အားလုံး သောက်သုံးရေရလို့ပျော်ရွင်အဆင်ပြေသွားတဲ့ပြည်သူတွေ
လိုပဲအမြဲပျော်ရွှင်အဆင်ပြေကြပါစေ)လို့ဆုတောင်းပေးလိုက်ပါတယ်

Maunglusoe said...

ကန်ဘောင်အတွင်းအပြင်ကိုေ၇တိုက်စားမှုကာကွယ်ဖို့ မိုးဥိးကျအချိန်လောက်မှာ မြက်(ဘဲစားမြက်) စသည်တို့ စိုက်ပျိုးသင့်ပါတယ် ကျွဲ နွားတွေမတက်အောင် ကာရန် သင့်ပါတတယ် ကြွက်တွင်းတွေမတူးအောင်လဲ ပတ်ဝန်ကျင်ကိုသန့် ၇ှင်အောင်ထားရပါမယ်
ရေငွေ ပျံနှုးများမှာဖြစ်တဲ့ အတွက်ကန်ကို နက်နိုင်သမျှနက်နက်တူးသင့်ပါတယ်

king wunn said...

အတိုးမသိကို ၀မ်းသာ ကြည်နူးမိပါတယ်

kokogyip said...

စစ်သားတွေရဲ့ပုပါတင်ပေးသင့်တာပေါ့

မရဏမင်း said...

နေရာတိုင်းမှာတော့မကောင်းမှု/ကောင်းမှု၊ အဆိုး/အကောင်းရှိနေသလို တပ်မတော်ဆိုတဲ့ လူပေါင်းစုံ၊ အလွှာပေါင်းစုံ၊ လူမျို/ဘာသာပေါင်းစုံ ပါဝင်နေတာပါ။ ကောင်းတဲ့သူကိုကောင်းသလို့ ချီးမွှမ်းတာပြသာနာမရှိပေမယ့် မှားတာပြုတဲ့သူအချို့အတွက် အဖွဲ့အစည်းတစ်ခုလုံး ၀ါးလုံးရှည်နှင့်မရမ်းသင့်ပါ။ အမိန့်တစ်ခုအောက်မှာလိုက်ပါလုပ်ဆောင်နေရတဲ့သူတွေဖြစ်တဲ့အတွက် ခေါင်းဆောင်/အမိန့်သည် တော်တည့်မှန်ကန်နေပါက ပြည်သူချစ်တဲ့တပ်မတော်ဆိုတာ အမြဲမြင်တွေ့နေရမှာပါ

aungdin said...

ဒီပို့ကိုဖတ်ရင်း မျက်ရေစို့အောင်ပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်က မြစိမ်းရောင်စစ်ဆင်ရေးတို့ ရွှေဝါရောင်စစ်ဆင်ရေးတို့လာပြီဆို စစ်သားဦးကြီးတွေနဲ့စကားတွေပြောကြ အလုပ်တွေဝိုင်းလုပ်ကြ ပျော်စရာအရမ်းကောင်းခဲ့တာလေ ခုအဲလိုသတင်းဖတ်ရတော့ ဝမ်းသာလိုက်ရတာဗျာ။ ဟိုးအတိတ်ဆီကိုပြန်သတိရမိတာပေါ့။

nandar said...

ကျန်းမာကြပါစေ။ စစ်သားတွေရဲ့ကောင်းသတင်းတွေပန်းရနံ့လိုလွင့်ပြန့်ပါစေ။ အမေစုပြောတာမှန်တယ်။တပ်မတော်သားတွေထဲမှာလည်းစိတ်ထားကောင်းသူတွေရှိတယ်ဆိုတာကိုသက်သေပြလိုက်တာပါ။ နားဝင်အချိုဆုံးသတင်းလေးပါဘဲ။

AungNaingThu said...

နောက်ဆက်တွဲ သတင်းကို မသိကြသေးဘူး ထင်တယ် အဲဒီလို ရေကန်တူးပြီး- တစ်အိမ်ထောင်စု ကို ၅၀၀၀ ကျပ် အလှူငွေ ကောက်ခံသွားတယ်ဗျာ-- တချို့ကလဲ မတက်နိုင်လို့ အနည်းဆုံး ၃၀၀၀ကျပ်ထည့်ခိုင်းပါတယ်။

ကောင်းကောင်း said...

အခြားဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေ၊ အကြီးအကဲကြီးတွေ စိတ်ဓါတ်က ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်စန်းဦးလို ရှိမယ်ဆိုရင် နိုင်ငံတော်ကြီးအတွက်အရမ်းကောင်းတဲ့ ရလဒ်တွေရလာမှာသေချာတယ်။

RAIN said...

ပြောမပြတက်အောင်ကိုဝမ်းသာမိပါတယ်
အ၇မ်းစိတ်ချမ်းသာ၇တဲ့သတင်းလေးပါ
ထီပေါက်သလိုကိုဝမ်းသာမိပါတယ်......

စမလ said...

သားအမိချင်း ရန်တိုက်သူများ ရန်မှကင်းဝေးပါစေ။ ဒါတပ်မတောသားဆိုတာ တပ်မတော်က အရာရှိတွေမွေးတဲ့သားအဟုတ်ပါဘူး။ပြည်သူ့ မိခင်တွေကမွေးတာပါ။ဆထက်တိုးလို့ ကောင်းကျိုးဆောင်နှိုင်ကြပါစေ။

ကိုဖြိုး said...

" ပါဝင်သူအားလုံး ရေအကျိုးဆယ်ပါးနဲ့ ပြည့်စုံပါစေ "

chawthu said...

ဒီလို သတင်းမျိုး ဖတ်ရတာ မင်္ဂလာရှိလိုက်တာဗျာ.....။ ဝမ်းသာတယ်..... တကယ်လည်း ကျေးဇူးတင်ပါတယ်ဗျာ.....။

Sate Phwar said...

တိုင်းမှူးခိုင်းလို့လုပ်တာလား၊ ကိုယ်ပိုင်အသိနဲ့လုပ်တာလားတော့သိဖို့လိုပါတယ်
တိုင်းမှူးက အမြတ်ထုတ်သွားတယ်လို့ထင်ပါတယ်
တပ်မတော်မှာတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အထက်က အမိန့်အရ လုပ်နေရတာတွေ အများကြီးပါ
ဘာပဲဖြစ်ဖြစ် စစ်သည်ရဲဘော်များကို ကျေးဇူးတင်ပါတယ်ဗျာ
ကုသိုလ်ရတာပေါ့

ttt said...

ဝမ်းသာလွန်းလို့မျက်ရည်များတောင်လည်လာပါတယ်

မိုးမခ said...

အင်မတန်မင်္ဂလာရှိတဲ့ သတင်းပါဘဲ။ ဒီလိုသတင်းမျိုးကိုဖော်ပြပေးတဲ့ ဒီဆိုဒ်ကိုလဲ ကျေးဇူးတင်ပါတယ်။ လုပ်ဆောင်ပေးတဲ့ အဆင့်ဆင့်ကိုလဲ သာဓုခေါ်ပါတယ်။ စိတ်ထဲမှာ ကြည်နူးမိပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေ များလာလေလေ ပန်းတိုင်နီးလေလေ ဖြစ်မှာပါ။ ကျန်တဲ့ တပ်မတော် အသိုင်းအ၀ိုင်းမှ လည်းဖတ်၍ အတုယူစေလိုပါတယ်။

Ko Nyo Khant ( Mdy university.) said...

၈၈-ခုနှစ်နောက်ပိုင်း၁၀တန်းအောင်ပြီး...ဗိုလ်သင်တန်းတက်ခဲ့တဲ့သူတွေဟာ...ဒို့ပြည်သူတွေခံစားချက်တွေကိုသိကြပါတယ်...သူတို့ကိုယ်တိုင်လည်း..ခါးသီးတဲ့ခံစားချက်တွေရှိမှာပါဘဲ...ဒါကြောင့်န၀တခေတ်မှာဗိုလ်ဖြစ်ခဲ့တဲ့သူများ ဟာဒိုပြည်သူတွေရဲ့...ရဲဘော်တွေဖြစ်တယ်...

san san said...

တပ်နဲ့ပြည်သူလက်တွဲကူ သွေးခွဲလာသူဒို့၇န်သူ

Anonymous said...

"အမိန့်" ၏အောက်မှ လူသားတစ်ယောက်၏ဘ၀....
"အမိန့်" ၏အောက်မှ လူ့အဖွဲ့အစည်းတစ်ခု၏ တာဝန်.... ကို
ကိုယ်ချင်းလည်းစာ ကိုယ်နှင့်လည်းနှိုင်းယှဉ်ချင့်ချိန်ပြီး.... နားလည်ခြင်း ပေးနိုင်ကြပါစေ......

evil said...

တကယ်တော့ အရင်ကလဲ လုပ်ပေးကြပါတယ်။ ဒါပေမဲ့ စနစ်ဆိုးအရိပ်လွှမ်းနေလို့ရယ် ပဲလှော်ကြား ဆားညှပ်သူတွေကြောင့် ကျွန်တော်တို့ မျက်မှန်စိမ်းတွေ တပ်ထားမိကြတာပါ။

Powered by Blogger.