ကျွန်းစုမြို့ နယ်မှာ NLD ကိုယ်စားလှယ်အား မထောက်ခံကြောင်း လက်မှတ်တွေ အတင်းအဓမ္မလိုက်လံစုဆောင်းနေ

ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် စည်းရုံးရေးခရီးသွားရောက်ခဲ့စဉ်
တနသာင်္ရီတိုင်း၊ကျွန်းစုမြို့နယ်သဲချောင်းကျေးရွာ(အမျိုးသားလွှတ်တော်အမတ်
ဦးကျားမောင်၊ကျွန်းစုမဲဆန္ဒနယ်၊စီးပွါးရေးလုပ်သောနေရာ)တွင်သဲချောင်းကျေးရွာ
အုပ်ချုပ်ရေးမှုးဦးလှအေး၊ပြည်ခိုင်ဖြိုးရပ်ကျေးအဆင့် အတွင်းရေးမှုးဦးသန်းရီ၊ကျေးရွာနေအမျိုးသားလွှတ်တော်အမတ်ဦးကျားမောင်၏
တပည့်ကျော်ဦးတင်ငယ်(ထိုင်းနိုင်ငံသို့တရားမ၀င်သစ်မှောင်ခိုကုန်ကူးနေသူ)
များကသဲချောင်းရွာသားများအားလက်မှတ်များကို အတင်းအဓမ္မ ယနေ့ညနှင့် ၁၆၊၅၊၂၀၁၂တွင်အပြီးလိုက်လံထိုးခိုင်းနေပါသည်။

ခေါင်းစဉ်မှာရွာသားများသည်ဒေါ်အောင်ဆန်းစုကြည်အားမဲပေးခြင်းဖြစ်သည်။
ဒေါ်တင်တင်ရီအားမဲပေးခြင်းမဟုတ်ဟုဆိုခြင်း။ ဒေါ်တင်တင်ရီနှင့်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်သည်ရွာသားများအားလမ်း၊တံတား။ကျောင်း၊ဓမ္မာရုံ။ဘိလပ်မြေများလုပ်ဆောင်ခြင်း၊
ပေးဆောင်ခြင်းမရှိ။ ပြည်ခိုင်ဖြိုးမှဦးချစ်သန်းမှသာလျှင်အာလုံးလုပ်ဆောင်ပေးနိုင်သည်။

ထို့ကြောင့် NLD မှ ဒေါ်တင်တင်ရီအားပြန်လည်ကန့်ကွက်ပြီး။ပြည်ခိုင်ဖြိုးမှဦးချစ်သန်းအား
ထောက်ခံပါသည်ဆိုသော အချက်များဖြင့်ရွာသားများအားအတင်းလိုက်လံလက်မှတ်
ထိုးခိုင်းနေပါသည်။ ယခုအချိန်ထိရွာသားများကလက်မှတ်ထိုးပေးခြင်းမရှိသေးကြောင်း။

၁၆၊၅၊၂၀၁၂ရက်နေ့မနက်ပိုင်းတွင်ထိုသူများမှအုပ်စု ၃ စုခွဲပြီးလိုက်လံ
ထိုးခိုင်းမည်ဖြစ်ပါကြောင်းကို ထိုရွာခံနှင့်တဆင့်ဖုန်းပြောထားသောအသံဖိုင်ကိုပူးတွဲပြီး
သတင်းတင်ပြလိုက်ပါသည်ခင်ဗျား။
ကျွန်းစုမြို့နယ်အခြားကျေးရွာများတွင်ပါထိုသို့လိုက်လံလုပ်ဆောင်နေပါကြောင်းကိုလဲ
ရွာခံများမှသတင်းပေးသည်။

မြိတ်မြို့ မှ  ကိုဥက္ကာ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
ကျွန်းစုမြို့ နယ်မှာ NLD ကိုယ်စားလှယ်အား မထောက်ခံကြောင်း လက်မှတ်တွေ အတင်းအဓမ္မလိုက်လံစုဆောင်းနေ ကျွန်းစုမြို့ နယ်မှာ NLD ကိုယ်စားလှယ်အား မထောက်ခံကြောင်း လက်မှတ်တွေ အတင်းအဓမ္မလိုက်လံစုဆောင်းနေ Reviewed by သစ်ထူးလွင် on 03:29 Rating: 5

19 comments:

Sate Phwar said...

ကြည့်လဲလုပ်ပါဦး
ကျန်တဲ့မြို့နယ်တွေမှာ ကြံ့ဖွတ်ကိုယ်စားလှယ်တွေကို
အဲဒီလိုလုပ်ရင် လက်မှတ်ထိုးပေးဖို့ဝန်မလေးတဲ့သူတွေ
အများကြီးရှိတယ်။
နောက်ပြီး အဲဒီလိုလက်မှတ်ထိုးဖြုတ်ချဖို့ဆိုရင်
အဲဒီလွှတ်တော်ကိုယ်စားလှယ်ရဲ့မတရားမှုကိုပဲ
ရွေးချယ်ထားတဲ့မဲဆန္ဒရှင် ၁% ကလက်မှတ်ထိုးတိုင်ရင်
သမ္မတ က စုံစမ်းစစ်ဆေးပြီး တကယ်မတရားမှုလုပ်ထားမှ
ဖြုတ်လို့ရတာ
ကြံ့ဖွတ် အဲဒီဝဋ်မလည်ပါစေနဲ့

Toke Kyee said...

ကျားမောင်ဆိုတာကြပ်ချောင်း၊သဲချောင်းမှာငါးသူခိုးဘဝကနေ၊ဓားပြတိုက်၊ဆက်
ကြေးကောက်လုပ်နေတဲ့သူပါ။အခုထိသူ့တပည့်တွေအဲဒီတဝိုက်မှာသကဆဖဆို
တဲ့နာမည်နဲ့ပြည်သူ့စစ်လိုလိုဘာလိုလိုလုပ်ပြီးဒေသခံငါးဖမ်းလှေတွေကိုဆက်
ကြေးကောက်နေဆဲဖြစ်ပါတယ်။အဲဒီလိုလူမျိုးတွေလွှတ်တော်ထဲမှာရှိနေတာတိုင်း
ပြည်ရဲ့ပုံရိပ်ကိုအရမ်းဆိုးစေပါတယ်။ကျားမောင်ကိုမမြင်ဘူးတဲ့လူတွေ ဆိုမာလီက
ကြိုက်တဲ့ပင်လယ်ဓားမြတယောက်ကိုကြည့်လိုက်ပါ။အဲဒါကျားမောင်နဲ့ချွတ်စွတ်တူ
တဲ့သူ့ဓာတ်ပုံပါပဲ။

u kyawkyaw said...

ဒီမိုကရေစီရွေးကောက်ပွဲစံနစ်ကိုရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကြီးကိုယ်တိုင်သဘောမပေါက်၊နားမလည်တာထင်ရှားနေပါတယ်၊ဒီလိုရွာထဲလှည့်၊လက်မှတ်ထိုးခိုင်းပြီးရွေးရင်လူမိုက်တွေ၊အုပ်စုကောင်းတဲ့လူညစ်တွေဘဲကြီးစိုးနေမှာပေါ့၊
ဘယ်နိုင်ငံမှာဖြစ်ဖြစ်စစ်မှန်သော၊သန့်ရှင်းသောရွေးကောက်ပွဲစံနစ်သည်လျှိုဝှက်မဲပေးစံနစ်ဖြစ်ပါတယ်၊ဒီမိုကရေစီစံတွင်လဲရွေးကောက်ပွဲတွေရဲ့လွတ်လပ်သော၊သန့်ရှင်းသော၊ပြည်သူသဘောထားအမှန်ပေါ်လွင်သောအခြေအနေသည်လည်းပေတံတခုဖြစ်ပါတယ်၊ပြည်သူတွေကိုလူလိုလေးစားပြီးဆက်ဆံရပါမယ်၊ငါလုပ်ပေးထားတယ်၊ငါကျွှေးထားတယ်ဆိုပြီးခိုင်းချင်သလိုခိုင်းလို့မရတော့ပါ၊
ရွေးကောက်ခံထားရသောကိုယ်စားလှယ်ကြီးများသဘောပေါက်ရမှာက-၂၀၁၀ရွေးကောက်ပွဲတုန်းကငါတို့ပြိုင်ခဲ့ရတာက--
ပုခက်ထဲကမွေးတာလသားဘဲရှိသေးတဲ့ခလေးနဲ့အသက်၂၀လူပျိုအပြေးပြိုင်ခိုင်းသလိုပြိုင်ခဲ့ရတာဆိုတာမမေ့ပါနဲ့။
မိမိတို့၏ပုံရိပ်ကိုသန့်ရှင်းလေးစားအောင်သာပြုလုပ်ပါ။

tkm said...

ဒီကောင်တွေတော့လုပ်ပြန်ပြီ
တိုင်းပြည်မွဲအောင်
နိုင်ငံတကာထောက်ခံနေတဲ့အချိန်
လာရှုတ်ပြန်ပြီ
အရှက်လဲမရှိကြဘူးကွာ

Unknown said...

Toke Kyee ပြောတာကိုထောက်ခံပါသည်။ ကျားမောင်ဟာ မအရှုပ်သူခိုးတေါပါ

tapaungthi said...

ဖွတ်တွေအခုထိ နောင်တမရသေးပါလား
ဆက်လက်ကျရှုံးလိမ့်မယ် ဒီလိုပုံစံသာမိုက်ရိုင်းနေမယ်ဆိုရင်..။

aung naing said...

ချစ်သန်းကလဲတိုင်းမှုးဘ၀ကအကြောင်းမဲ့ပြုတ်တာမမှတ်သေးဘူး၊အမှတ်မရှိဘူး၊စားစရာမရှိတောဘူးလားငတ်နေလား၊မင်းကိုအကြောင်းမဲ့အလုပ်ဖြုတ်ထားတဲ့ကောင်တွေနဲ့သွားပေါင်းရလား၊မင်းကပွန်းလေးပါကွာ။သူတို့အာဏာမြဲဘို့ဝင်ထောက်ပေးနေတာလား။

ူlay said...

ရပ်ကွပ်ကလဲကြည့်မရဘူး...အသက်လဲကြီးပြီ..ကိုယ့်အလုပ်တော်၏ မတော်
၏ ကုသိုလ် အကုသိုလ် လောက်တော့သိသင့်ပါတယ်..Uကျားမောင်..
ယဉ်ကျေးလိမ်မာသင်တန်း တက်ဖို့ တိုက်တွန်းပါတယ်..အသက်ကြီးပေ သော်လည်း.......

kay kay said...

ဥပဒေကိုနားမလည်ကြဘူးလား
အဲဒိလို လက်မှတ်ထိုးရုံနဲ့ တတိုင်းပြည်လုံး လူသိရှင်ကြား
အနိုင်ရထားတာ ပျက်စီးပါ့မလား
ဘယ်လိုပဲလုပ်လုပ် ပြည်သူတွေက အမေစုကိုချစ်လို့ ယုံလို့ အမေစုပါတီကို မဲပေးခဲ့ကြတာ အကျိုးမျော်ကိုးလို့ မဟုတ်ဘူး
ကြံဖွတ်တွေ ဘာတွေလုပ်ဦးမလဲမသိဘူး ညဏ်နီညဏ်နက်တွေ ထုတ်ပြီး

Aung Soe Oo said...

ကျားမောင်လီးဘဲကွာခွေးသူတောင်းစားလူပါးဝနေတာ

Top Gun said...

ကြည့်လုပ်ကြပါအုံး!!ကျားမောင်!မင်းကိုဘယ်သူက ခိုင်းတာလဲ၊ မင်းဘယ်လို ကြံဖွံ့မှာရောက်လာတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိပါ။ ဦးချစ်သန်း က လုပ်မယ်လို့ပြောလား။ သူကပဲ ဒီလိုလုပ်ခိုင်းတာလား။
မထင်ဘူးနော်။ ဂွေးတက်အောင်မကနဲ့။ မင်းအကြောင်းလူတိုင်းသိတယ်။

66koaungaungtun@gmail.com said...

ပြည်ခိုင်ဖြိုးအမတ်များခင်ဗျာသတ္တိရှိရင်ယခုဘဲပြန်လယ်ရွေးကောက်ပွဲလုပ်ကြမလားခင်ဗျာ။ပြည်သူအားလုံးကအမေစုဘက်မှာပါ၊ခင်တို့ကိုဘယ်သူရွေးချယ်တင်မြှောက်ထားတာမဟုတ်ပါဘူးရီစရာတွေ၊အရှက်ရစရာတွေမလုပ်ပါနဲ့။

udana said...

မပြီးခင်ကြိုတင်ကြိုးစားပါ။ ပြီးမှလိုက်လုပ်တာကြံဖွတ်အလုပ်ဖြစ်
နေတယ်။ဒီလိုပုံနဲ့ တိုင်းပြည်ကိုခေါင်းဆောင်ဖို့ ဘယ်သူလက်ခံ
မှာလဲစောက်ရူးတွေ။

Lion King said...

အောက်လမ်းနည်းတွေပါ။

minmyozeya said...

ပြည်ထောင်စုအကျပ်ကိုင်ရေးနှင့် ဖွတ်ဖြစ်ရေးအသင်း (ပါတီ) ဆိုတာ နာမည်နှင့် လိုက်ပါပေတယ်.....

ဘိတ်သူ said...

အော်..ကျားမောင်..ကျားမောင်
ရုပ်ဆိုးသလောက်စိတ်ကလဲပုပ်လှချည်လား..

pyiesone said...

မင်းတို့ ပြောသလိုဆို ကျောင်းသားဝင်းနိုင်တို့ လုပ်တာကောင်းတယ်ပေါ့။ ရွေးကောက်ပွဲတုန်းက ဘယ်ပါတီကိုမဲပေးရမယ်၊ ဘယ်ပါတီကိုဖြင့်မဲမပေးရဘူး၊ ပြောတဲ့အတိုင်းမလုပ်ရင် ရွာကိုမီးရှို့မယ်၊ ခေါင်းဖြတ်သတ်မယ်လို့ ဘယ်ကောင်တွေပြောခဲ့လဲ။ သစ်တွေ၊ငါးတွေ၊မီးသွေးတွေ ခိုးခုတ်၊ခိုးဖမ်း၊ခိုးဖုတ်စရာမလိုတော့ဘူး၊ တရားဝင်လုပ်လို့ရမယ်။ တရားဝင်အခွန်တွေပေးစရာမလိုတော့ဘူး၊ ဒါတွေကိုဘယ်သူတွေ ပြောခဲ့လဲ။ ရွေးကောက်ပွဲပြီးသွားတော့ ငါတို့ရွာတွေမှာဘာဖြစ်လာလဲ။ ငါတို့ရွာသားတွေ၊ လက်တွေ့ခံစားရသူတွေအသိဆုံးပေါ့ကွာ။ ကြားတည်းကကိုယ်တိုင်မသိ၊မခံစားရပဲ ၀င်ပြီးမပြောကြပါနဲ့ကွာ၊ ငါတို့ကို ကိုယ်ချင်းစာကြပါအုံး။ အေးငါဒီလိုပြောလို့ ဆဲချင်လည်းဆဲကြ၊ ငါကဘယ်ဖက်မှမပါဘူး၊ သူတို့တွေကျွေးတဲ့ ထမင်းစားနေတာမဟုတ်ဘူး၊ မှန်တဲ့အတိုင်းပြောတာ၊ မယုံရင်လာကြည့်ကြ၊ မေးကြည့်ကြ။ ဘယ်သူလာလာဒေသကောင်းဖို့၊နိုင်ငံကောင်းဖို့အရေးကြီးတယ်၊ ပိုလုပ်ပေးနိုင်တဲ့သူကိုရွေးရမှာ၊လုပ်ရည်ကိုင်ရည်ရှိတဲ့သူကိုရွေးရမှာ ငါတို့တာဝန်ပဲ။

ကျွန်းစုသား

honey said...

အဲ့ဒီလူမိုက်တိုင်းပြည်ကိုထိခိုက်အောင်လုပ်ချင်တဲ့
အသုဘကိုအရေးယူပေးပါ။
အေ၇းမယူပေးတာကြံ့ဖါတ်ပါတီရဲ့အကြံပက်စက်မှုပဲ။
အရှက်တ၇ားကင်းပြီးဝရမ်းပြေးနဲ့ပေါက်လို့ပဲစားက
မွေးထားကြသူတွေမြန်မြန်ဘေးတွေ့ပါစေ..

honey said...

ကျွန်းစုသားစောက်၇ူးပဲ
နင့်လိုဦးနှောက်တစိတ်နဲ့လူကို
ဘယ်လိုရှင်းပြရှင်းပြ၇မှာမဟုတ်ရင်
တဗို့ထဲကြည့်တဲ့နွားပဲပေါ့။
အချိုကြိုက်လို့အပေါ်ယံအချိုကျွေးရင်ရတယ်ဆိုတဲ့
အထဲမှာငါတို့လိုပြည်သူတွေမပါဘူး။
နင်တို့ထက်ငါတို့ရန်ကုန်ကအစစအရာရာ
ကိုယ့်အစွမ်းအစနဲ့စီးပွါးရေးပြေလည်ပါတယ်။
သို့သော်တတိုင်းပြည်လုံးအနေအထားနဲ့
ကိုယ်ချင်းစာနာပြီးအမေစုပါတီကိုထောက်ခံမဲပေးခဲ့တာဟာ
ငါတို့ကနွားမဟုတ်လို့ပဲ...ရှင်းတယ်နော်

Powered by Blogger.