သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ

NLD အမတ်များ
သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် NLD လွှတ်တော်အမတ်များ (Credit: ABC)
သြစတြေးလျင်ငံမှာ ​နိုင်ငံရေးသင်တန်းတက်ဖို့ရောက်နေကြတဲ့ ​NLD ​အမတ်တွေ ​ဟာ ​ဆစ်ဒနီတက္ကသိုလ်မှာ ​တပါတ်ကြာသင်တန်း ​တက်ရောက် ​အပြီး ​ကင်ဘာရာမြို့တော်ကို ​ရောက်ရှိနေကြရာမှာ ​ကင်ဘာရာမြို့တော်အခြေစိုက် ​မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးပေါ်လွင်စိန်က ​လှိုက်လှိုက်လှဲလှဲ ​ကြိုဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

NLDလွှတ်တော်အမတ်များဖြစ်ကြတဲ့ ​ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်းနဲ့ ​ဦးဖြိုးဇေယာသော် ​တို့ဟာ ​သြစတြေးလျလွှတ်တော်ကိုလဲသွားရောက်လေ့လာခွင့် ​ရ ​ကြပြီး၊ ​သြစတြေးလျဝန်ကြီးချုပ်  ​Julia ​Gillard ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​အပါအဝင် ​သြစတြေးလျနိုင်ငံက ​ဝန်ကြီးတွေ ​အတော်များများနဲ့ ​တွေ့ဆုံခွင့် ​ရခဲ့ ​တဲ့အကြောင်း ​ကင်ဘာရာမြို့တော်ကိုသွားရောက်သတင်းယူနေတဲ့ ​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ ​ခဲ့ပါတယ်။

ဟစ်ဟော့ပ်အဆိုတော်ကနေ ​နိုင်ငံရေးဘဝကိုပြောင်းလဲဝင်ရောက်ခဲ့တဲ့ ​NLD ​အမတ် ​ဦးဖြိုးဇေယျာသော်ကလည်း ​သြစတြေးလျနိုင်ငံမှာ ​ယခင်က ​Midnight ​Oil ​ဆိုတဲ့ ​နာမည်ကြီးဂီတအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ​အခုအခါမှာ ​လေဘာပါတီလွှတ်တော်အမတ် ​နဲ့ ​အခြေခံပညာရေးဝန်ကြီးဖြစ်လာတဲ့ ​Peter ​Garrett ​နဲ့လည်း ​တွေ့ဆုံခွင့် ​ရခဲ့ပါတယ်။
Radio Australia - Myanmar
သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ Reviewed by သစ်ထူးလွင် on 09:07 Rating: 5

6 comments:

sawkofan said...

နှစ်ဖက်ပူပေါင်းဆောင်ရွက်နိုင်ပါစေ

66koaungaungtun@gmail.com said...

NLDအမတ်များကိုကြိုဆိုပါတယ်။ပြည်သူအတွက်အလုပ်လုပ်ပေးပါ၊ကုလားထိုင်မရှာပါနဲ့။

Kolatt said...

ပြည်သူတွေရဲ့မျော်လင့်ချက် NLD ရဲ့ အဓိကအချက်အနေနဲ့ ကြိုးစာကြပါဗျာ။

kan said...

၁။ကုလားထိုင်ရှိမှ ဂုဏ်ရှိလူရိုသေမည်။
၂။လူရိုသေသည့် အလျှောက် အရိုသေခံ ဘဝနှင့်ထိုက်တန်စွာ ကြင့်ကြံရမည်။
၃။ကုလားထိုင်ရှာနေဖို့မလို လူတကာပေးသော ကုလားထိုင်တွင် ထိုင်တတ်ဖို့လိုသည်။
၎။သင်ထံမပြတ်ရောက်လာသော လူထုအား ထိုင်စရာမရှိပဲ သင်ကြာရှည်စွာလက်ခံပြောဆိုဖြေရှင်းနှိုင်မည်မဟုတ် ကုလားထုင်ရှာပါ။
၅။လူပြတ်လျှင်လမ်းလျှောက်ပါ။
၆။ခေါင်းဆောင်ကောင်းတယောက်သည် ကုလားထိုင်တွင် ဘယ်တော့မှထိုင်မနေဆိုသောကြောင့် ကုလားထိုင်ရှိထားရမည်။
၇။မထိုင်ချင်နေနှိုင်သည် သို့သော်ထိုင်ဖို့ရှိထားရမည်။

ြုမန်မာပြည်သူစစ်စစ်.... said...

လက်ခုပ်တီးပြီး အားပေးနေပါတယ်...

junethitsar said...

NLD အမတ်များအားလုံး "အမေစု" ရဲ့ လမ်းပြမှုအောက်မှ ပြည်သူများနဲ့အတူ လက်တွဲပြီး စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ကြိုးစားပါ။ အမြဲအားပေးနေပါတယ်။

Powered by Blogger.