အစမ်းသပ်ခံ ပညာရေးမဖြစ်သင့်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းပြော

မြန်မာနိုင်ငံ ​ပညာရေးဟာ ​လွန်ခဲ့တဲ့ ​နှစ် ​၂၀ ​ကျော်ကာလအတွင်း ​အစမ်းသပ်ခံ ​ပညာရေးဖြစ်ခဲ့ပြီး ​ခုချိန်မှာ ​မြန်မာနိုင်ငံက ​ဒီမိုကရေစီနိုင်ငံအဖြစ် ​မရောက်သေးပေမယ့် ​တိုးတက်မူတွေ ​ရှိသင့်တဲ့အတွက် ​နိုင်ငံတကာ ​တက္ကသိုလ်တွေအနေနဲ့ ​ကူညီပူးပေါင်းမူတွေ ​လုပ်မယ်ဆိုရင် ​ကြိုဆိုကြောင်း ​NLD ​လွှတ်တော်အမတ် ​ဦးဖြိုးမင်းသိန်းက ​ပြောပါတယ်။ ​မြန်မာနိုင်ငံကို ​သယံဇာတနဲ့ ​ထူထောင်တဲ့ ​နိုင်ငံမဖြစ်စေလိုပဲ ​အသိပညာတွေနဲ့ ​ထူထောင်တဲ့ ​နိုင်ငံဖြစ်စေလိုတယ်လို့လဲ ​ပြောလိုက်ပါတယ်။

  လွန်ခဲ့တဲ့ ​တနင်္လာညနေပိုင်းက ​သြစတြေးလျနိုင်ငံရဲ့ ​မြို့တော် ​ကင်ဘာရာမြို့ရှိ ​ANU ​တက္ကသိုလ်မှာ ​ပြုလုပ်တဲ့စာတမ်းဖတ်ပွဲမှာ ​ပြောသွားတာဖြစ်ပါတယ်။ ​စာတမ်းဖတ်ပွဲကို ​တက်ရောက်နားထောင်သူ ​ပရိသတ်တစ်ဦးက ​မြန်မာနိုင်ငံမှာ ​တိုးတက်ပြောင်းလဲမူတွေ ​ရှိလာနေတဲ့အတွက် ​Accademic ​engagement ​လို့ ​ခေါ်တဲ့ ​ပညာရေးဆိုင်ရာ ​ပူးပေါင်းမူတွေ ​လုပ်ဖို့ ​သင့်ပြီလားလို့ ​မေးရာမှာ ​ဦးဖြိုးမင်းသိန်းက ​နိုင်ငံတကာနဲ့ ​ပူးပေါင်းဆောင်ရွက်မူတွေ ​လိုအပ်တဲ့အတွက် ​လာရောက်ဖို့ ​ဖိတ်ခေါ်ခဲ့ပါတယ်။

ပညာရေးသာမက ​ကျန်းမာရေးဆိုင်ရာတွေမှာလည်း ​ကူညီထောက်ပံ့မူတွေ ​ဆက်လက်လုပ်ဖို့ ​လိုတယ်လို့လဲ ​ပြောပါတယ်။

တိုင်းရင်းသားအရေးနဲ့ ​ပတ်သက်ပြီး ​မေးမြန်းရာမှာတော့ ​NLD ​အနေနဲ့ ​ဒုတိယပင်လုံစာချုပ်ကြီး ​ပေါ်ပေါက်လာနိုင်အောင် ​ကြိုးစားနေတဲ့အကြောင်း၊ ​ကရင်အမျိုးသားအစည်းအရုံး ​(KNU) ​အစရှိတဲ့ ​တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း ​ကြုံရင်ကြုံသလို ​ဆွေးနွေးမူတွေ ​လုပ်နေတယ်လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​တည်ငြိမ် ​အေးချမ်းမူရဖို့အတွက် ​ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ​NLD ​ပါတီ၊ ​တိုင်းရင်းသားပါတီတွေ၊ ​တိုင်းရင်းသားခေါင်းဆောင်တွေ၊ ​အစိုးရအပြင် ​စစ်တပ်အစရှိတဲ့ ​သက်ဆိုင်သူတွေ ​အားလုံး ​တွေ့ဆုံဆွေးနွေးပြီး ​သဘောတူညီမူတွေ ​ရယူမှသာ ​ဖြစ်နိုင်မယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

အဲဒါ့အပြင် ​ပြည်ပကို ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံသားတွေအနေနဲ့ ​ပြည်ပမှာ ​ကြုံတွေ့ရတဲ့ ​အတွေ့အကြုံတွေ၊ ​ပညာတွေနဲ့ ​မြန်မာနိုင်ငံကို ​ပြန်ပြီး ​အကျိုးပြုမူတွေ ​လုပ်ဖို့ ​လိုလားကြောင်း ​ပြန်လာတဲ့အခါမှာလည်း ​လုံခြုံစွာ ​ပြန်လာနိုင်အောင် ​အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွေပေးပြီး ​ဥပဒေတစ်ရပ်အနေနဲ့ ​ဖြစ်လာအောင် ​ကြိုးစားသွားမယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းအပါအဝင် ​NLD ​ပါတီကလွှတ်တော်အမတ်ဖြစ်သူ ​ဇေယျာသော်နဲ့ ​ဒေါ်စန္ဒာမင်းတို့လည်း ​သြစတြေးလျနိုင်ငံကို ​ရောက်ရှိနေပြီး ​သြစတြေးလျနိုင်ငံဝန်ကြီးချုပ်၊ ​နိုင်ငံခြားရေးဝန်ကြီး ​အစရှိတဲ့ ​ပုဂ္ဂိုလ်တွေအပြင်သြစတြေးလျနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မြန်မာသံအမတ်နဲ့လည်း ​မြန်မာသံရုံးမှာ ​တွေ့ဆုံခဲ့ပါတယ်။



NLD လွှတ်တော်အမတ်တွေကို သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Julia Gillard တွေ့ဆုံ

NLD အမတ်များနှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား

NLD အမတ်များနှင့် သြစတြေးလျနိုင်ငံရောက် မြန်မာသံအမတ် ဦးပေါ်လွင်စိန်
Radio Australia
အစမ်းသပ်ခံ ပညာရေးမဖြစ်သင့်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းပြော အစမ်းသပ်ခံ ပညာရေးမဖြစ်သင့်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းပြော Reviewed by သစ်ထူးလွင် on 09:04 Rating: 5

13 comments:

ရှမ်းလေး said...

နိုင်ငံခြားရောက်ပြီဟေ့ ဆိုရင် ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်တွေဘဲ ဖြစ်ဖြစ် လည်စီးလေးတွေပါတဲ့ ဥရောပ ၀တ်စုံတွေ ၀တ်မှ ဟိုရောက်နေတဲ့တိုင်းပြည်က ထမင်းကျွေးမယ်လို့များ အောင့်မေ့နေကြလား မသိဘူး ... ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမူ ၀တ်စုံလေးတွေဝတ်ပြီး စကားလက်ဆုံပြောတာတို့ အခမ်းအနားတက်တာတို့လုပ်ရင် ဘာဖြစ်သွားမှာလဲ .. ဒီနေရာမှာတော့ အမေစုက တကယ့်ကို စံပြပုဂ္ဂိုလ် စစ်တစ်ယောက်ပါဘဲ ..

ချစ်ဖူး said...

အစမ်းသပ်ခံဆိုတာ ဘာလဲ။ မစမ်းသပ်ဘဲနဲ့ကော ဘယ်လို လုပ်လို့ရမလဲ

ohnmar swe said...

မြန်မာနိုင်ငံအတွက်အခုလိုမျိုးလုပ်ဆောင်နေတာတွေ့ရလို့ဝမ်းသာမိပါတယ်... မြန်မာဝတ်စုံနဲ့ဆို ပိုကောင်းမယ်ထင်တယ်........

me: me: said...

ဗိုလ်ကြီးပေါ်လွင်စိန်နှင့် ဇနှီး မမီမီဖေ၀င်း နေကောင်းကြတယ်နော်။
သမီးလေးလဲ တော်တော်ကြီးရောပေါ့။

me: me: said...

ဗိုလ်ကြီးပေါ်လွင်စိန်နှင့် ဇနှီး မမီမီဖေ၀င်း နေကောင်းကြတယ်နော်။
သမီးလေးလဲ တော်တော်ကြီးရောပေါ့။

cherish said...

မအောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ် ပညာရေး မူဝါဒ၊ စနစ်တွေကြောင့် ယိုယွင်းခဲ့ရတဲ့ အခြေအနေကို လက်တွေ့ကျတဲ့ မူဝါဒတွေနဲ့ ထပ်ပြီး စမ်းသပ်ရအုံးမှာ ဖြစ်တဲ့အတွက် အစမ်းသပ်ခံ ပညာရေး စနစ်ကတော့ ရုတ်တရက် လွတ်မြောက်နိုင်ကြမှာတော့ မဟုတ်ဘူးလေ။ ရေရှည်စီမံကိန်း တစ်ခုမှာ နှစ်စဉ်ပြန်လည် အကဲဖြတ် သုံးသပ်မှုတွေနဲ့ ချဉ်းကပ်ပြီး ကျောင်းသားတွေကို တဖြည်းဖြည်းဆွဲခေါ်သွားတာ အသင့်လျော်ဆုံးဖြစ်မယ်လို့ ယူဆပါတယ်။ အကူးအပြောင်းကာလမှာ အရမ်းကို ဂရုစိုက်ရတာမို့ ကောင်းတယ်ဆိုပြီးတော့ ရုတ်တရက် ပြောင်းလဲလိုက်ရင်လဲ လူထုလိုက်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ အပြောင်းအလဲကိုတော့ ကြိုဆိုပါတယ်။

minsoeaung said...

ပပဖြိုးမင်းသိန်း
မင်းဆွဲခဲ့ မြေပုံ ကိုပြန်ကြည့်ပါအုံးနော်။

ပညာရေးကိုအဆင့်မီစေချင်တာလက်ခံပါတယ်။
ပင်လုံကိုတော့မထိပါနဲ့ကွာ။ဒို့ဗိုလ်ချုပ်အောင်ဆန်းကိုတန်
ဘိုးထားပါ။ ကျွန်တော်တို့တောင်းပန်ပါတယ်။

HAN MYO said...

စနစ်တခုမှတခုသို့အကူးအပြောင်းတိုင်းတွင်ကောင်းမည်၊မကောင်းမည်ကိုမည်သူမျှအာမဘန္တေမခံနိုင်ပေ။ ကောင်းစေလို၍လုပ်ဆောင်မည့် ဆောင်ရွက်ချက်အတွက်ဝမ်းမြောက်မိပါသည်။ သူတို့လုပ်ခဲ့တာကိုထည့်မပြောပဲမိမိတို့ရဲ့လုပ်ဆောင်နိုင်စွမ်းပီပြင်ရန်စွမ်းဆောင်စေလိုပါသည်။

Unknown said...

စမ်းသပ်တယ်ဆိုတာ ကိုယ့်လူမျိုး ကိုယ် အကျိုးရှိဖို့ သူများထက်ပိုတော်ဖို့လုပ်သွားတာ လက်ခံတယ် အခုတော့ ဒီလိုမဟုတ်ဘူး မသိသူ မတတ်သူများလေး ငါတို့ လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုပြီးလုပ်သွားလို့ အခုလို အာဏာပြ ပညာရေးဖြစ်တာ တကယ် အသိ့ပညာရှင် အတတ် ပညာရင်ဆိုတာ ဒီလိုမျိုး အစိုးရကို လက်မခံလို့ လွတ်ရာလွတ်ကြောင်းရှာပြီးစီးပွားရှာကြတာပါ ဒီတော့လက်ရှိ အာဏာရ အစိုးရက ဒီမိုကရေစီ အုပ်ချူပ်ရေးခေတ်မှာ မြန်မြာိပည်သူ ပြည်သားတွေ ဒီမိုကရေစီ အပြည့်ဝရအောင် လက်တဆုပ်စား မကြည့်ဘဲ ဒီမိုကရေစီ အပြည့်ဝလိုချင်တဲ့ ပြည်သူတွေ အတွက် ကြည့်ရှူ့ဆောင်မပေးပါ။

taikwinster said...

မြန်မာတို့ ရဲ့ မတိုးတက်ရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ဟိုတစ်ဘောက်၊ဒီတစ်ဘောက် ရန်ဖြစ်နေသလိုပြောဆိုထိုးနှက်တတ်ခြင်း
ဟာလည်း အကြောင်းတစ်ခုဖြစ်တာသေချာတယ်။လွတ်လပ်ရေးရပီးကတည်းက
မတိုးတက်ရတဲ့အကြောင်းအရင်းဟာလည်း မညီညွတ်ကြပဲ၊သူ့ ထက်ငါကဲ
မူဝါဒတွေကွဲပီး ရန်ဖြစ်ခဲ့ကြတဲ့အကြောင်းကြောင့်ဆိုတာ မမေ့သင့်ပါဘူး။
အပြုသဘောနဲ့ သာအကောင်းဘက်ကိုရောက်လာအောင် အားပေးကြ
စေချင်ပါတယ်။ရန်ဖြစ်နေကြလို့ မညီညွတ်ကြရင် ဟိုဠတ တွေကထပ်ပီး
သိမ်းယူသွားမှာစိုးလွန်းလို့ ပါ။

aungdin said...

ပညာရေးနဲကပတ်သတ်ပြီး ဦးဖြိုးမင်းသိန်းပြောတာမှန်ပါတယ် နိုင်ငံတစ်ခုထူထောင်တာဟာ လူစွမ်းအားအရင်းမြစ်နဲ့တည်ထောင်တာဟာ အကောင်းဆုံးလို့ထင်ပါတယ် ။ ဒါပေမယ်လက်ရှိအခြေနေမှာ ပညာရေး စနစ်ကောင်းရင်တောင်အချိန်ပေးရဦးမယ်ထင်ပါတယ်။ ခုလက်တလောလုပ်နိုင်တာက ပြည်ပရင်းနှီးမြုတ်နှံမှုကနေရလာမယ့် နည်းပညာတွေ လုပ်ငန်းအတွေ့ကြုံတွေဟာအနီးစပ်ဆုံးအခြေနေတွေပါ အဲဒီအတွက်ပြည်ပရင်းနှီးမှုတွေဖိတ်ခေါ်နိုင်တဲ့အလုံးအရင်းနဲ့ဝင်လာနိုင်တဲ့အခြေနေကိုဖန်တီးနိုင်မှုကအဓိကျမယ်ထင်ပါတယ်။ အဲဒါမှ နိုင်ငံအတွင်းမှာရှိနေတဲ့ ကုန်ကြမ်းတွေက ကုန်ချောတွေဖြစ် နိုင်ငံခြားငွေပိုရမယ် နိုင်ငံအတွက်အခွန်တွေရလာမယ် ပြည်သူတွေအလုပ်လုပ်ပိုင်ခွင့်တွေများလာမယ် အခြေခံလုပ်အားခတွေတိုးလာမယ် နည်းပညာတွေရလာနိုင်မှာဖြစ်လို့ပါ။

ကဝေမင်းသား said...

ဟုတ်ကဲ့.. စမ်းသပ်ပါတယ်.. စဉ်ဆက်မပြတ်ပညာရေးစနစ်ကြောင့် ကလေးတွေ အတန်းသာကြိးလာတယ် စာမကျေ ဘာမှ မတတ် .. (7) တန်းကျောင်းသားတစ်ယောက်က က ၊ ခ၊ ကို အ အထိ ဆုံးအောင် ရေးရင် မမှန် .. အရေ အတွက်သာရှိပြီး အရည်အချင်းမရှိတဲ့ သူတွေ ပေါအောင်လုပ်နေတဲ့ ပညာရေး စနစ်ကိုင်ြသင့်နေပါပြီဗျာ ....

ကျောင်းဆရာ said...

ပညာရေးဆိုတဲ့ ခေါင်းစဉ် ကြောင့် တစ်ခုလောက် ၀င်ပြောကြည့်မယ်
နာပေါင်းလည်းများပြီ
ဒီလက်အောက်ခံ ပညာရေးစနစ် ( သတ်မှတ်ပေးတဲ့ အတိုင်းအဓမ သင်ရတဲ့စနစ် ) ကို ပြင်ပြီးကောင်းမွန်တဲ့ သုတေသန ပြုလုပ်ခြင်းတွေနဲ့
စနစ်တကျ လေ့ကျင့် ပေးရတဲ့ စနစ်ဆီကို သွားဖို့ ကြိုးစားပေးကြပါ။
ဒါပေမယ့် ၀န်ထမ်းတွေနဲ့ ခေါင်းဆောင်ပိုင်းတွေကို စိစစ်ပေးဖို့လိုမယ်
နိုင်ငံရေးသမားစိတ်ဝင်စားတဲ့ ပညာရေးမဟုတ်ဘဲ
တတ်တဲ့ လူ စနစ်တကျ လေ့လာထားတဲ့ ပညာရေးဆိုရင် ကလေးတွေ နှစ်ပေါင်းဘယ်လောက်စောင့်ရမှာလဲ
မသေခင်တော့ မြင်သွားချင်တယ်

Powered by Blogger.