NLD လွှတ်တော် ကိုယ်စားလှယ် တချို့ နေပြည်တော်ရောက်ရှိ

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် (၃၀) ကျော် နေပြည်တော်မှာ ဒီကနေ့ ရောက်ရှိနေကြပြီး၊ မနက်ဖြန် ကျမ်းသစ္စာကျိန်ဆိုဖို့ အဆင်သင့် ဖြစ်နေကြပြီလို့ NLD လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီကနေ့ဟာ ကမ္ဘာ့အလုပ်သမားနေ့ အစိုးရ ရုံးပိတ်ရက် ဖြစ်ပေမယ့် လွှတ်တော်ရုံးကို ဖွင့်လှစ်ပေးထားပြီး၊ မှတ်ပုံတင် ကဒ်ပြားနဲ့ စာရွက်စာတမ်း ကိစ္စတွေ အပါအ၀င် လွှတ်တော်တက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ
ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်ကို ရောက်လာတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို
ဒေသခံ NLD ပါတီဝင် (၆၀) လောက်က ပန်းစည်း၊ ပန်းကုံးတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျမ်းသစ္စာ ကျိန်ဆိုဖို့အတွက် မနက်ဖြန် မနက်ပိုင်းမှာ လေကြောင်းခရီးနဲ့ နေပြည်တော်ကို သွားရောက်မှာဖြစ်တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
RFA-Burmese
NLD လွှတ်တော် ကိုယ်စားလှယ် တချို့ နေပြည်တော်ရောက်ရှိ NLD လွှတ်တော် ကိုယ်စားလှယ် တချို့ နေပြည်တော်ရောက်ရှိ Reviewed by သစ်ထူးလွင် on 07:27 Rating: 5

8 comments:

Anonymous said...

ကြိုဆိုပါတယ် NLD

တရားရှင် said...

ဝမ်းသာပါတယ်အမေ တိုင်းးပြည်ကောင်းဖို့အတွက်
ပထမဆုံးခြေလှမ်းဖြစ်ပါစေ။

lwinmin said...

NLD လွတ်တော်တတ်တော့မည်ကြားသိရပါရျွ် ၀မ်းသာဂုဏ်ယူမိပါသည်..ပြည်သူ့အတွက် အလျွှော့ပေးလိုက်တာကိုး သဘောပေါက်ပါသည်...အမေစုကျန်းမာပါစေ

konamazu said...

အတိုင်းမသိဝမ်းသာပါတယ်...နိုင်ငံနဲ့လူမျိုးအတွက်ပါ။

Aung said...

ပြည်သူ့ အတွက် NLD လာပြီဟေ့

MinKaungKha said...

လုပ်ထုံးလုပ်နည်းစာသား /ကျမ်းသစ္စာ စားသားပြင်သလား


တကယ်တော့ ခေါင်းဆောင်ဆိုတာ ပြောတဲ့အတိုင်းလုပ် လုပ်တဲ့အတိုင်းပြောဖို့လိုတယ် ဆိုလိုတာက ကတိတည်ဖို့လိုတယ်-
အတိတ်ကခေါင်းဆောင်အများစု ဟာ အားကျစရာမဖြစ်ခဲ့/ role model မဖြစ်ခဲ့တာက အပြောတမျိုးအလုပ်တမျိုး တွေလုပ်ခဲ့လို
ဒါကြောင့် ကျနော် တို့ရဲ့ ခေါင်းဆောင်တွေကို အားကျ ကြည်ညိုချင်တယ် walk to the talk, talk to the walk ဖြစ်ကြပါ။
အမေစု တောင်းဆိုတာ လည်း အဲဒါဖြစ်ဖို့လို့ နားလည်ယုံကြည်မိတယ်

myomin said...

လွတ်တော်သတင်းတွေနားတွေနားထောင်တော့မယ်

mad dog said...

အပေါ်က AUNG ၇ဲ့ comment ကို နဲနဲ ထပ်ဖြည့်ပေးမယ်။
ပြည်သူ့ အတွက် NLD လာပြီဟေ့ ။ လွှတ်တော် ထဲက ဖွတ်တွေ မဟုတ်မဟတ် လုပ်၇ပ် တွေ ၇ပ်တန်းက ၇ပ်တော့ ။ အထူးသဖြင့် အောင်သောင်း အောင်သိန်းလင်း နဲ့ ဌေးဦး ပဲ။ ကျော်ဆန်း လဲ လာပြီးတော့ မျက်၇ည်ခံ မထိုးနဲ့

Powered by Blogger.