ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။
ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ၀တ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။
ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက တယ်လီဖုန်း ကွန်ဖရန့်ပြုလုပ်ကာ တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာမိသားစုများနှင့်လည်း
တွေ့ဆုံကြမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ http://citizenofburma.org ရှိ ‘သတင်းများ’ ကဏ္ဍနှင့် ‘အစီအစဉ် ပြက္ခဒိန်’ ကဏ္ဍ တို့တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု
ပေးအပ်ခဲ့ခြင်းဖြစ်သည်။     ။
 citizenofburma
ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ Reviewed by သစ်ထူးလွင် on 07:47 Rating: 5

28 comments:

ohnmar swe said...

ရသင့်တဲ့ဆုပါ.....ဦးကျော်သူနဲ့ဇနီးအတွက်ဂုဏ်ယူပါတယ်....နောင်လဲအားပေးနေမှာပါ.....

lwinmin said...

ကိုယ်ကျိုးမကြည့်ဘဲ..ပြည်သူလူထုအတွက်အကျိုးပြုလုပ်ငန်းတွေ လုပ်နေသော ရုပ်ရုင်သရုပ်ဆောင်အကယ်ဒမီဦးကျော်သူ နှင့်ဇနီးဒေါ်ရွေဇီးကွက် တို့အား ဂုဏ်ယူ ၀မ်းသာပါသည်...

nza said...

ပြည်သူ့က ပေးတဲ့ ချစ်ခြင်းမေတ္တာအကယ်ဒမီ ကို အမြဲတမ်း ရနေမှာပါ ဦးကျော်သူ။ အရမ်းအားကျဂုဏ်ယူပါတယ်။

aungaung said...

အမြဲတမ်းအားပေးပါတယ်

Aung said...

ဂုဏ်ယူပါတယ် ကိုကျော်သူ

ကျားမင်းသား said...

ဦးကျော်သူနဲ့ ဇနီး တို့နဲ့ ထပ်တူ ၀မ်းမြောက် ဂုဏ်ယူပါကြောင်း
နောက်ထပ်လည်း နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်များ ရရှိစေချင် ပါကြောင်း......

Anonymous said...

စေတနာ မေတ္တာမှန် မို့  ဒီဆုကို ရခဲ့တယ်လို့ ယုံကြည်တယ် . . ဒါကြောင့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့  ဂုဏ်ယူဝမ်းမြောက်စွာနဲ့ အားပေးလျှက်ပါ . . .

တဘိ said...

နိုင်ငံခြားမှာတင်မက ကမ္ဘာကပါဆုတွေပေးနေပေမယ့် တို့မြန်မာနိုင်ငံက ဦးကျော်သူအတွက် ဆုတွေ ဘွဲ့တွေမရတာ ဆိုးတယ် ဘာမဟုတ်တဲ့သူတွေကျတော့ သီရိသုဓမ္မတွေ သီဟဗလတွေ အို.......ရှုပ်နေတာပဲ မပြောတာပဲကောင်းတယ် ဘာပဲပြောပြောနတ်ပြည်မှာတော့ တစ်နေရာစာ ဦးကျော်သူတို့က ရနေပါပြီ
.......

ko thit said...

ကိုကျော်သူတို့ ဇနီးမောင်နှံနှင့်တစ်ကွ အများအကြိုး ဖြူစင်စွာ
ထမ်းရွက်နေကြသူများ
စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒပြည့်ဝပါစေ။
လာမဲ့ဘေး ဝေးပါစေ။
ထိမဲ့ခလုတ် ဆုတ်ပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ။
အကြောင်းနဲ့ အကြိုးကို
ဥာဏ်နဲ့စင်ခြင်ပီး နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်အောင်လွယ်ကူစွာ အားထုတ်နိုင်သူများ ဖြစ်ကြပါစေ၊

blessing said...

လေးစားဂုဏ်ယူပါတာ်ဦးကျော်သူ

honey said...

ကိုကျော်သူမိသားစု
ကိုလေးစားလျှက်ပါ။
သူများနဲ့မတူသောစိတ်စေတနာကို
အားကျမိပါတယ်။
ထူးမြတ်သောကုသိုလ်ကိုအားကျမိပါတယ်။

လင်းလင်း said...

ခင်ဗျားတို့ဇနီးမောင်နှံကို၈ုဏ်ယူပါတယ်ဗျာ။

Anonymous said...

ဂုဏ်ပြုပါတယ်ဦးကျော်သူ.ဆုနဲ့တကယ်ကို ထိုက်တန်ပါတယ်.

လင်းလင်း said...

ခင်ဗျားတို့ဇနီးမောင်နှံကို၈ုဏ်ယူပါတယ်ဗျာ။

ရွှေစင် said...

လူမျိုးမရွေးဘာသာမရွေးဆင်းရဲချမ်းသာမရွေး
ကိုယ်ကျိုးစွန့်ပြီး။မည်သူမှမလုပ်နိုင်တဲ...ရှင်းရှင်းပြောရရင်ကိုယ်အတွက်မကျန်ရင်
ဘာမှမလုပ်တဲ့မြန်မာပြည်ကသူဌေးကြီးထက် ဘ၀ကိုစွန့်ပြီးပေးဆပ်ခဲ့တဲ.
ကိုကျော်သူတိုဇနှီးမောင်နှံအတွက်အများကြီးဂုဏ်ယူပါတယ်။

111111230 said...

ဟုတ်ကဲ့ဥိးကျော်သူတို့မိသားစုကျန်းမာကြပါစေဗျာ

dateba.myo said...

ဒီဆုက ကိုကျော်သူနဲ.ထိုက်တန်တဲ့ဆုပါ။ဝမ်းအသာဆုံးပါပဲ။ကိုကျော်သူအတွက်ဆုတွေထပ်ပေးသင့်ပါသေးတယ်။သတင်းထပ်ကြားပါရစေအစ်ကို...

Anonymous said...

အမြင့်မြတ်ဆုံးသော လူတိုင်းမလုပ်နိုင်တဲ့ ပရဟိတ လုပ်ငန်းတွေလုပ်တယ်။ အသိုင်းအ၀ိုင်းရဲ့ တိုက်ခိုက်မှုတွေကြားမှာ မိမိယုံကြည်ရာကို သတ္တိရှိရှိ ဇွဲရှိရှိ အောင်မြင်သည်အထိ လျှောက်လှမ်းနိုင်ခဲ့တယ်။
လက်တွဲဖော်ကလည်း မငြီးမငြူ သဘောထား ပြည့်ဝစွာ ပါရမီဖြည့်ပေးခဲ့တယ်။
မြင့်မြတ်တဲ့ စိတ်ထားတွေ၊ အမူအကျင့်တွေနဲ့ အတိပြီးနေတဲ့ တွဲလက်ညီတဲ့ စုံတွဲ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်ကို လေးစားကြည်ညိုမိပါတယ်။
မင်းသားဘ၀တုန်းက လူတွေရဲ့ ချစ်ခင်မှုကိုရခဲ့တယ်။ ခုချိန်မှာ ချစ်ခင်မှုအပြင် လေးစား၊ကြည်ညိုမှုတွေကိုပါ ခံယူရသူတွေ ဖြစ်နေပါပြီ။
ဦးကျော်သူတို့ စုံတွဲ ကျန်းမာ၊ ချမ်းသာစွာနဲ့ အမျိုး၊ ဘာသာ၊ သာသနာ အကျိုး ဆထက်ထမ်းပိုး တိုးလို့ ဆောင်ရွက်နိုင်ပါစေ.....

Unknown said...

ဘ၀မှာ အောင်မြင်နေတဲ့ရုပ်ရှင်မင်းသားလုပ်ငန်းကိုတောင် ဆက်မလုပ်ပဲ ပြည်သူ့တွေအတွက်ကိုယ်ကျိုးစွန့်လွှတ်ခဲ့တဲ့စိတ်ဓါတ်ကြောင့်
အခုလိုဆုကို ထိုက်ထိုက်တန်တန်ရတာ ဂုဏ်ယူလို့မဆုံးပါဘူး

Dragon said...

ှီဝမ်းသာပါတယ်...မင်္ဂလာတရားတော်နဲ့အညီပါပဲဗျာ...

Blogger said...

လှလေးစိန်၊ ဖိုးခွေးတို့ဈေး၊ မာနမင်းသားစတဲ့ ကျော်သူရဲ့ဇာတ်ကားတွေပြန်ပြသပေးစေချင်တယ်

ရာရာ said...

ရေများရာမိုးရွာတဲ့သူတွေကိုတွေ့ရတိုင်းမြင်ရတိုင်း ဦးကျော်သူကို ဦးမညွှတ်ပဲမနေနိုင်ပါဘူး။ လေးစားတယ်..။ အားကျတယ်..။ နောင်တစ်နေ့သူလို့မျိုး ပြည်သူတွေလိုအပ်ချက်ကိုသယ်ပိုးနိုင်တဲ့သူ ဖြစ်ဖို့ကျိုးစားမယ်။

Unknown said...

အားကျဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ .....ကိုကျော်သူတို့ ဇနီးမောင်နှံ့ ဘေးမသီ ရန်မခပဲ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လို့ ထာဝရ သာယာပျော်ရွှင်နိုင်ကြပြီးလျှင် အသက်ရာကျော်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ........။

popmyitta said...

အသုဘ ပို့တိုင်းတွေ့နေရတဲ့ ဦးကျော်သူနှင့်ဇနီး တို့ကို
အခုလို့ အလေးထား ဂုဏ်ပြုကြတဲ့အတွက် အင်မတန်မှ
ဝမ်းသာပီတိဖြစ်ရပါတယ်...
လေးစားပါတယ်... ဂုဏ်ယူပါတယ်။
အစား... ဆင်းရဲ
အနေ....ဆင်းရဲ
အသေ....ဆင်းရဲတဲ့
မြန်မာပြည်က ကျောမွဲတွေကတော့
ကိုကျော်သူတို့ ရှိနေတဲ့အတွက်
ငွေမရှိလို့ သေရမှာ... ကြောက်နေကြတဲ့လူတွေ
အခုအခါမှာတော့... သေရမှာ မကြောက်ကြတော့ပါ။
နောင်လဲ ဆင်းရဲသား ပြည်သူများအတွက်
အထောက်အပံ့ပြုပြီး ကိုယ်၏ချမ်းသာသုခ....
စိတ်၏ချမ်းသာသုခ တို့နှင့်ပြည့်ဝပါစေ...
ပြည့်ဝအောင်လည် မိမိကိုယ်ကို ဆောင်ရွက်နိုင်ပါရန်စေလို့
ဆုတောင်းမေတ္တာ... ပို့သလိုက်ပါတယ်။

win said...

ဝမ်းသာဂုဏ်ယူလို့မဆုံးပါဘူး၊အရမ်းကိုလေးစားပါတယ်၊ကိုကျော်သူတို့ဇနီးမောင်နှံကျန်းမာချမ်းသာစွာဖြင့် ဒီထက်ပိုမိုအောင်မြင်တိုးတက်ပါစေ၊

အောင်ရဲမိုး said...

လိုက်ဖက်ညီ တဲ့  အိမ်ထောင်ဖက် ပါဘဲ အားကြ အတုယူစရာကောင်းပါတယ်။
နိုင်ငံ အတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေ ထပ်မံဆောင်ရွက်နိုင်ပါစေ။

တရားရှင် said...

ေ၇ှးလူကြီးသူမတွေကပြောကြတယ် အသေကြပ်အနေကြပ်တဲ ဒါပေမဲအနေတာကြပ်ချင်ကြပ်မယ်အသေတောမကြပ်ပါဘူး ဘာဖြစ်လိုလဲ
ဆိုတော ကိုကျော်သူတိုဇနှီးမောင်နှံရှိနေလိုပါ။

winkhaing said...

မွန်မြတ်တဲ့စိတ်ထားပိုင်ရှင်ဇနီးမောင်နံလေပါပဲ

Powered by Blogger.