ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင် အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။
"ကျွန်တော်တို့ မနက်ပိုင်း ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၂ နာရီလောက်အထိ ကျွန်တော်တို့ အလွတ်သဘော တွေ့ကြတာပါ။ တမနက်လုံးလို့ ပြောလို့ရပါတယ်။ ရှေ့လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆွေးနွေးတယ်။ ထပ်ပြီးတွေ့ကြဖို့ကို သဘောတူတယ်။ အဲတာပါပဲ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတာက ရှေ့လုပ်ငန်း အစီအစဉ်တွေကို အဓိက ပြောဆိုတာပါ"
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နှစ်ဘက်လုံးက ပြောဆိုခြင်း မပြုပါဘူး။ ဆွေးနွေးပွဲမှာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ၊ ဦးခင်ရီနဲ့ ဦးစိုးသိန်းတို့ ပါဝင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ၊ ဦးခရာခွန်းအောင်တို့ ပါဝင်ကြောင်း သိရပါတယ်။
RFA-Burmese
ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ Reviewed by သစ်ထူးလွင် on 04:15 Rating: 5

8 comments:

linn said...

အခုတစ်ခါဆွေးနွေးတာ တရုတ်ပြည်မှာမဟုတ်ပဲ ထိုင်းမှာဆိုတော့ နဲနဲတော့တိုးတက်လာပြီပြောရမယ်။ နောက်တစ်ခါ (သို့) အပြီးသတ် ဆွေးနွေးရင် မြစ်ကြီးနားမှာဆို အောင်မြင်ဘို့ပိုများမယ်ထင်ပါတယ်။ ရအောင်ခေါ်ကြည့်ပါ။ အဆင်ပြေပါစေ ဆုတောင်းပါတယ်။ ( KNU နဲ့လည်း ဖားအံမှာ အပြီးသတ် ဆွေးနွေးတယ်ထင်ပါတယ်။ ဦးအောင်မင်းနဲ့ပါပဲ။)

catman said...

kio ကချင်ဘိန်း ဓါးပြကောင်တွေနဲ့ ဘာမှမဆွေးနွေးနဲ့ အကုန်မျိုးဖြုတ်ပစ် ရ မှာ ရှုံးခါနီး ပထွေး(တရုတ်)ကမထောက်ပံ့တော့ဘူးဆို စေ့စပ်ဆွေးနွေး တော့မယ့် မင်းတို့ စောင့်ကျင့် တွေကိုတစ်လောကလုံးကသိနေပြီ ဆွေးနွေးလို့ အခွင့် အရေးတွေရပြီဆိုရင် လူစုမယ် ဆက်ကြေးကောက်မယ် လက်နက်ဝယ်မယ်.မူးယစ်ဆေးဝါးအကြီးအကျယ်လုပ်မယ်.မတရားနည်းနဲ့ငွေကို နည်းမျိုးစုံသုံးပြီးရှာမယ်...ပြီးရင်လက်နက်ကိုသောင်းကျန်းမယ်. တံတားတွေမိုင်းခွဲမယ် ..လူသတ်မယ်...ပြောရင်တော့ကုန်နိုင်မယ်တော့မထင်တော့ဘူး..မင်းတိုံ kia kio ဆိုတာလူ့လောကကနေပျောက်ကွယ်မယ့်နေ့ဟာ ဘာမှမကြာ တော့ပါဘူး..မင်းတို့ကိုကြိုဆိုနေတဲ့သူတစ်ဦးတော့ရှိတယ်..အဲဒါက ယမမင်းဘဲ....

minsoeaung said...

စိတ်လျော့ထားပါသူငယ်ချင်း။
မကောင်းပေမဲ့လည်းကိုယ့်သွေးသားတွေဖြစ်နေပါတယ်။
သူတို့ကိုဆွေးနွေးသူကတော်ရင်အောင်မြင်မှပါ။
ဒို့နိုင်ငံသားတွေ သွေးမကွဲဘို့ကအရေးကြီးပါတယ်နော်။
နွားကွဲကျားဆွဲ ဘို့လုပ်နေတာကိုသတိရှိကြပါစို့လား။

minsoeaung said...

စိတ်လျော့ထားပါသူငယ်ချင်း။
မကောင်းပေမဲ့လည်းကိုယ့်သွေးသားတွေဖြစ်နေပါတယ်။
သူတို့ကိုဆွေးနွေးသူကတော်ရင်အောင်မြင်မှပါ။
ဒို့နိုင်ငံသားတွေ သွေးမကွဲဘို့ကအရေးကြီးပါတယ်နော်။
နွားကွဲကျားဆွဲ ဘို့လုပ်နေတာကိုသတိရှိကြပါစို့လား။

zayzay said...

catman မင်းဟာအရူးတစ်ယောက်ပါလား။စိတ်မကောင်းပါဘူး။
မင်းစစ်တပ်ကကောင်ဆိုတာ ငါသိတယ်။

MI 35 said...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောင်မြင်ရင် သမတကြီးကိုငြိမ်းချမ်းရေး Novel ဆုရရှိစေချင်ပါတယ်။
ယခင်က အဖွဲ့ အများကြီးနဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင်လုပ်ပေးခဲ့ဘူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ကိုလည်း ငြိမ်းချမ်းရေး Novel ဆုရရှိစေချင်ပါတယ်။
ရသင့်ရထိုက်သောသူများသာ ရစေချင်သည့်
MI 35

Ngawde said...

catman ဆိုတဲ့ ကြောင် မင်းကKIA/KIOကိုဘိန်းဓါးပြ လို့ပြောရအောင် သူတို့က မင်းတို့ အိမ်က ဘိန်းတွေဘယ်လောက်တောင် ဓါးမြတိုက်သွားလို့ ပြောနေတာလဲ..KIA/KIO ကလက်နက်ကိုဝယ်စရာမလိုတာ..ကို့လက်နက်ကိုယ်ထုတ်ပြီးပစ်နေတာမင်းတို့အဘ စစ်တပ်ကတာ တရုတ်စီကလက်နက်တွေဝယ်၊တရုတ်ကိုဖအေလုပ်နေတာ...အင် အဲ့ဒါတွေမင်းပိုသိမှာပါ.....

linn said...

Novel ငြိမ်းချမ်းရေးဆုအကြောင်းကြားတိုင်း ဆိုဗီယက်က ဂေါ်ဘာချော့ကို သတိရပါသည်။ Novel ဆုလည်းရပြီးရော နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ လုံးဝပျောက်ကွယ်သွားရှာပါသည်။ ဘာကြောင့် သည်လိုဖြစ်ရသည်ကို ဥာဏ်ရှိသူများ ဆင်ခြင်ကြပါကုန်။

Powered by Blogger.