ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်း၏ အုပ်စုဖွဲ့ ရိုက်နှက်ခံရသူတွေနှင့် မေးမြန်းခန်း(ရုပ်/သံ)


အပြစ်မဲ့လူငယ်တွေကို ရဲအယောက် ၅၀ ကျော်မှ ရိုက်နှက်မှုဖြစ်ပွား
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်းက ရဲအယောက် ၅၀ ကျော်ဟာ မေလ ၁၆ ရက်နေ့ ည၈ နာရီလောက်က အောင်စည်တော် လ္ဘက်ရည်ဆိုင်ထဲမှာ လ္ဘက်ရည်သောက် နေကြတဲ့ ရပ်ကွက်နေ လူငယ်တွေကို ဝင်ရောက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမှတ် (၈) တပ်ရင်းက ရဲနှစ်ယောက်က အဲဒီနေ့ နေ့လည် ၂ နာရီလောက် အရက်ဆိုင်မှာ အရက်လာဝင်ရင်း မိန်းခလေးနှစ်ယောက်ကို မဖွယ်မရာ ပြောခဲ့ရာက ရပ်ကွက်နေလူငယ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားရာက စတင်ခဲ့တာ လို့သိရပါတယ်။အဲဒီလို အရိုက်ခံရတဲ့သူတွေထဲမှာ ကျောင်းသားလူငယ်တွေလည်းပါဝင်နေပါတယ်။
ဘားမားဗီဂျေ

ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်း၏ အုပ်စုဖွဲ့ ရိုက်နှက်ခံရသူတွေနှင့် မေးမြန်းခန်း(ရုပ်/သံ) ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်း၏ အုပ်စုဖွဲ့ ရိုက်နှက်ခံရသူတွေနှင့်  မေးမြန်းခန်း(ရုပ်/သံ) Reviewed by သစ်ထူးလွင် on 17:51 Rating: 5

13 comments:

လွမ်း said...

စစ်ခေတ် ပြီးသွားတယ်ဆိုပြီး ရဲခေတ် လာမလုပ်ချင်ပါနဲ့

kyaw tun naing said...

ဘာမှကြေးအေးပေးစရာအကြောင်းမရှိဘူး..... ဒီလိုတောင်းပန်ပြီးကြေအေးလို့ရကြေးဆိုရင် လိုက်ရိုက်နေမှာပေါ့ ယောင်္ကျားဆိုရင် လုပ်ရဲရင်ခံရဲရတယ်ကွ
အခြောက်စိတ်တွေမို့လို့လဲ အုပ်စုဖွဲ့လုပ်တာ သတ္တိရှိရင်တစ်ယောက်ချင်းရှင်းပေါ့... မှန်တယ်ထင်ဥပဒေ အရရှင်းလို့လဲရတာပဲ..ခုလုပ်တာကမင်းမဲ့စရိုတ်လုပ်တာပဲ လုံးဝကြေအေးမပေးနဲ့....

ဖိုးဖိုးကြီး said...

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခင်ဗျား---ကြားသိရသည့်အတိုင်း မင်းမဲ့စရိုက်ကျင့်သုံးနေကြတဲ့အကျင့်ပျက်ရဲဝန်ထမ်းအချို့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူသင့်ပါပြီ။ တာဝန်ရှိတဲ့အုပ်ချုပ်သူ ရဲအရာရှိတွေပါ အလိုတူ-အလိုပါ တွေကိုထိရောက်စွာအရေးယူသင့်ပါတယ်။ နဂိုကရဲတွေရဲ့အကျင့်စရိုက်တွေကြောင့် နိုင်ငံတော်မှာအုပ်ချုပ်ရေးအတွက် နံမည်ပျက်လျှက်ရှိနေပါတယ်။ ယခုလည်းရဲတွေဖြစ်လျှက်နဲ့ပြည်သူတွေကိုမစောင့်ရှောက်ဘဲ-ဒီလိုမျိုး
ကိစ္စတွေ ဖြစ်အောင်ဖန်တီးနေတဲ့ ဒီရိုင်းပြတဲ့ ရဲဝန်ထမ်းပါဝင်ပတ်သက်သူ
များကိုဖေါ်ထုတ်ပြီး-ပြစ်ဒဏ်ချပေးပါရန်နှင့်အဲ့ဒီလိုမှမလုပ်ဘဲ-မမြင်ချင်
ယောင်ဆောင်နေရင်တော့-ဆူပူမှု့တွေ ဖြစ်လာနိုင်တာကို သုံးသပ်မိပါတယ်
ဒါကြောင့်---ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးအနေနှင့်အများကြီးတာဝန်ရှိပါ
တယ်။ ၀န်ကြီးအနေနဲ့ဒီကိစ္စကို အပြတ်ကိုင်တွယ်ပါ။ မကိုင်နိုင်ရင်တော့
နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ပြုလုပ်ရမလိုဖြစ်သွားမယ်။ သမ္မတကြီးမှာ
ဒီထက်အရေးကြီးတဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက်
လုပ်နေရတဲ့အချိန်ဖြစ်နေရတဲ့အတွက်-သက်ဆိုင်ရာပြည်ထဲရေးပြည်ထောင်
စုဝန်ကြီးက-အပြစ်ရှိသူတွေကို ဖြုတ်/ထုတ်/သတ် လမ်းစဉ်ကိုကျင့်သုံးရ
မယ်ဟုသုံးသပ်ပါတယ်။ ပြတ်ပြတ်သားသား ပြည်သူတွေအတွက် တရား
မျှတစွာ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ၀န်ကြီး။

SOE TINT said...

အဖြစ်အပျက်ကို ကိုယ်တိုင်ပါဝင်တဲ့သူတွေအမှန်သိကြပါတယ် မှားတဲ့ဘက်က
လျော့လိုက်ကြပါ လူဘဲမှားမှန်းမှန်မှန်းလူတိုင်းသိရပါတယ်ဗျာ

Anonymous said...

နိုင်ငံတော်ဆိုတဲ့ ကောင်တွေ ဘယ်ရောက်နေလဲကွ...ဒါမင်းမဲ့စရိုက်လို့ခေါ်တယ်...ဒီကောင်တွေကို ဘယ်လိုအရေးယူမှာလဲ...နိုင်ငံတော် သမ္မတကြီးရေ...လုပ်ပါအုန်း

honey said...

မင်းမဲ့စရိုက်ကျင့်သုံးနေတာ
ခုချိန်ထိပဲလား။သမ္မတကြီးသိက္ခာဆယ်ပါအုံး။

chawthu said...

ကျွန်တော်ကတော့ ဒီအဖြစ်အပျက်မှာ Gangsters ဆန်ဆန် ဝင်ရောက်ရမ်းကားတဲ့ ရဲတွေရော၊ အခုထက်ထိ အရေးယူ၊ အပြစ်ပေးတာ တစ်ခုမှ မလုပ်သေးတဲ့ သူ့တို့ အထက်အရာရှိမင်းတွေကိုရော ပြည်သူကျွေးတဲ့ ထမင်းကိုးစားပြီး ပြည်သူ့ကို ပြန်ကိုက်တဲ့ ကောင်တွေလို့ သတ်မှတ်ပါတယ်.....။ တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံကို စောင့်ရှောက်ပေးနေတဲ့ ဒီလို အဖွဲ့အစည်းမျိုးကတောင် စည်းကမ်းမဲ့ ထိန်းမရဖြစ်နေမှတော့ ကျန်တဲ့ လူတွေက တရားမျှတမှုအတွက် ဘယ်သူ့ကို အားကိုးရတော့မလဲ.....။

အောင် said...

ဒီကိစ္စကို ဘယ်လိုရှင်းမှာလဲ
ပြည်သူကို စော်ကားတာ

Sai said...

ဒီလိုပဲ..ရဲရော..စစ်သားရော..အတူတူပဲ..လက်နက်ကိုင်ပြီးရမ်းကားနေတာ..ပညာမတတ်..ဦးနှောက်မရှိတော့ပိုဆိုးတယ်..

minsoeaung said...

ဒီလိုအဆင့်မရှိတဲ့ ရဲ လက်ကိုပြည်သူ့အုပ်ချုပ်ရေးအာဏာ
မအပ်သင့်ဘူးလို့ထင်ပါတယ်။ဒီတာဝန်နဲ့ထိုက်တန်တဲ့သူ
တွေမွေးဘို့လိုပါသေးတယ်။ ကနေ့ ရဲ တွေကဟိုတောင်း
ဒီတောင်း တောင်းစားနေတဲ့ပညာဘဲတတ်ကြတာနော်။
လူကြီးမင်းဦးခင်ရီ လုပ်ခဲ့တာလေ။
ရဲ တွေ သုံးစားမရတော့ဘူး။
ဒါကြောင့်ထိရောက်ပြင်းထန်စွာအပြစ်ပေးပါူရန်ဆန္ဒပြု
ပေးပါခင်ဗျား။

ကိုပေါက်စ said...

သက်ဆိုင်ရာ ရဲတပ်ရင်းက တာဝန်ရှိသူတွေကို အကြောင်းကြား
တိုင်တန်းပါ၊ ရဲစခန်းမှာ အမှု့ဖွင့်ပါ။ တိုင်းမှူး(ရဲ)၊ရဲချုပ်၊အထိ သိအောင်အကြောင်းကြားပါ၊(ကိုယ့်ဖက်ကမှန်ဖို့တော့ လိုမယ်နော်)
ရဲအယောက် (၅၀) ဆိုတော့ အရေအတွက်ကများနေသလိုပဲ....
အရေးအခင်းတစ်ခုကိုဖြိုခွင်းလို့ရတဲ့ အင်အားလောက်ရှိနေတယ်၊
( တခုခုတော့မှားနေသလိုပဲ)

REQULAR said...

ဒါသက်သက်မဲ့ အနိင်ကျင့်တာပဲ ဒါတွေကျတော့ လူကြီးတွေလုပ်နေတဲ့လူတွေက ဘာလုပ်နေကြတာလဲ စခန်းရှေ့ မှာရေးထားတဲ့ ကူညီပါရစေက ဘာလဲ စခန်းရှေ့မှာ ပိုက်ဆံပေးရင်ကူညီမယ် ပိုက်ဆံပေးရင် ရိုက်ပေးမယ် လို့သာပြောင်းရေးပါတော့လားဗျာ

အညာနိုင် said...

လာမဆွနဲ့  ကြွ သွားမယ် ..ဒို့ က ..မျိုးချစ်တဲ့ သူတွေနော် ..မင်းတို့ ကဘာတွေလဲ..ပြည်သူကြွေးတာစာြး့ပီး ..သူတောင်းစားဗိုက်ဝလို့ ...တောင်သလိုဖြစ်နေပြီ စဉ်းစားးးး

Powered by Blogger.