ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ

ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။

KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --
၁။ ၆ ဘီး  - ငါးရံခေါင်း(ဒမ်ထရပ်)         = 1,500,000
၂။ ၁၀ ဘီးကား                                =    800,000
၃။ ၁၂ ဘီးကား                                =  1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား =  1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား =  1,000,000
၆။  Back Hole အား ၅၀၀ အထက်        =  2,000,000
၇။ ကျင်းသား   (တစ်ယောက်)             =         2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန်           = 5,000,000
၉။ ယူဒါ+Dozer                                =   200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား                  =   300,000
၁၁။ လုပ်ပိုင်ခွင့်                                 = 3,000,000

စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။

အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း
အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ်
သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။
ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း
များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
ကျောက်မျက်ကုမ္ပဏီတွေကို KIA မှာ ပေးပို့ ထားတဲ့ ဆက်ကြေးနှုန်းထားများဖြစ်ပါတယ်။

ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ Reviewed by သစ်ထူးလွင် on 10:48 Rating: 5

27 comments:

မောင်လေး said...

ဒီလိုပဲလေ၊ ဓါးပြဟာ ဓါးပြအလုပ်ပဲလုပ်မှာပေါ့။

မောင်ဆင်ကြီး said...

အင်း..... ပြောတော့ ကချင်ပြည်သူ့ ငြိမ်းချမ်းရေး အတွက်လိုလို ဘာလိုလို နဲ့ ခုတော့လဲ ပြည်သူတွေကိုနှိပ်စက် ဆက်ကြေးကောက်(အတင်းအဓမ္မကောက်)မပေးရင် ဟိုဘက် လူလိုလို စွပ်စွဲအပြစ်ရှာ ညှင်းပန်းနှိပ်စက် ဒါလား ကချင်ပြည်သူတွေ တွက် လွတ်လပ်ရေး ကောင်းစားရေး ..............နောက်ပြီး ကိုယ်မသေဖို့ ပြည်သူတွေ ဘယ်လိုဖြစ်နေပါစေ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုပြီး ဥပဒေမဲ့ လုပ်ရပ် အကြမ်းဖက်မှုတွေက လဲ တစ်ပုံတပင်......နောက်ပြီး ဒေသခံတွေကိုလဲ မေးကြည့်စမ်းပါဦး ခင်ဗျား တို့ ရဲ့ စုဆောင်းရေး (ကေအိုင်ကေ စစ်သားအတင်းအဓမ္မပြုလုပ် စေခိုင်းမှု)ဆိုတာကလဲ သူတို့အတွက် ကျီးလန့်စာ စား ဘ၀....
မှတ်ချက်။ ။ကျွန်တော် သည် ပြည်သူ ထဲမှ ပြည်သူတစ်ဦးသာ ဖြစ်သည် မည်သည့်အဖွဲ့အစည်း အသင်းအဖွဲ့ဝင် မဟုတ်ပါကြောင်း ...(ပြည်သူတစ်ဦးရဲ့ ရိုးရှင်းသော အမြင်သာ ဖြစ်ပါကြောင်း....)

mad dog said...

ဒီ KIA ဆိုတဲ့ကောင် တွေ၇ဲ့ လုပ်၇ပ်က သူပုန် ဓမြ အဆင့်ပဲ

အဘ said...

ကောက်သင့်တယ်ဒီထက်တောင်ပိုကောက်သင့်တယ်..ဒါမှစောက်တရုတ်တွေငါတို့တိုင်းပြည်ကအမြန်ပြေးကုန်မှာ...တသက်လုံးရှိသမျှသယံဇာတတွေကိုအခွန်းထုပ်နဲနဲဘဲပေးရပြီးအဆိုးရတွေနဲ့ရိုက်စားလုပ်နေကြတာ..နဲတောင်နဲသေးတယ်..

patrioticburmese said...

အစကတော့ ဒီစစ်အစိုးရပဲမကောင်းဘူးလိုထင်တာ အခုတော့ ဒီခွေးသူတောင်းစား KIA လဲအတူတူပဲ။ လက်နက်ကိုင်ဆို ဘယ်အဖွဲမ မကောင်းဘူး။ ဒီသူတောင်းစား KIA လဲ တရုတ်အားကိုးနဲ လူပါးဝနေတာ။ ခေါင်းဆောင်တစုပဲ ကောင်းစားပြီး ကချင်တိုင်းရင်းသားတွေ အကုန် ဒုက္ခရောက်နေကြတယ်။အခြားလက်နက်ကိုင်တွေနဲ တောင် ငြိမ်းချမ်းရေလုပ်လို့ ရနေတာ ဒီကောင်တွေက ဘာကောင်တွေ မှို့ဒီလောက် ဖင်ခေါင်းကြယ်နေရတာလဲ။ ကြာပါတယ် အဲဒီ ကောင်တွေကို တတပ်လုံး ပြုတ်အောင် တိုက်ပြစ် ရှုပ်တယ်။

jaithein said...

ကျနော်တို့ ရှမ်းမြောက်မှာ(ကျောက်မဲမြို့ နယ် မိုင်းငေါ့)မှာပိုလို့ တောင်စိုးပါ့..ငြိမ်းချမ်းရေး အပစ်ရပ် မလုပ်ခင်ကဆို ဆပ်ကြေး မကောက်ဘူး လုံးဝမရှိဘူး..အပစ်ရပ်ပြီးတော့မှပဲ ဆပ်ကြေးမြို့ ထဲထိတောင်ဝင်ကောက်တယ်..ဒါတောင်မကပါဘူး စုဆောင်းရေးလုပ်လို့ လူငယ်တွေပါသွားတာအများကြီးပဲ...ကျနော့်အထင်တော့ SSA တောင်မြောက် လက်နက်ကိုင်အားလုံးအပစ်မရပ်တာပိုကောင်းမယ်ထင်တယ်

မောင်မောင် said...

ဟား ဟား လို.သာ ရီလိုက်ချင်တယ်ကေအိုင်အေ..

We Are Kachin said...

ကချင်ပြည်နယ်ကကျပ်သိန်းပေါင်းများစွာယူသွားတာကိုလည်းထည့်ပြောအုန်းလေ။ သူများနယ်မြေမှာစီးပွါးလာရှာရင် သူ့ဒေသမှာရှိတဲ့အစိုးရကိုအခွန်တော့ပေးရ မှာပေါ့။ KIA တောင်းတော့ဆက်ကြေးကောက်တယ်တဲ့။ ပါမစ်ရဖို့အစိုးရနဲ့ အစိုးရ၀န်ထမ်းတွေကို တရားဝင်ရောတရားမ၀င်ပါပေးရတာထည့်မပြောကြပါ လား။ မပေးချင်ရင်သူများမြေမှာစီးပွါးလာမရှာကြနဲ့။

Unknown said...

ငါတို့မလေးရှားကလူတွေကောဘယ်လောက်ပေးရမလဲ

Unknown said...

နင်လည်းတူတူဘဲထင်တယ်ဓါးပြတိုက်စားပါလား

shade said...

KIAကဆက်ကြေးမရရင်ဗုံးလာပြီးခွဲတတ်တယ်။ကျွန်တော်တောင်
ကံကောင်းလို့မသေတာ။တကယ်တော့KIAဆိုတာဓမြအကြီးစားပါ
ပဲ။အလုပ်လုပ်ရတာလဲအသက်ဘေးကြားမှာပါ။ဒါတောင်သူဌေးတွေ
ကသူတို့ဆက်ပြီးချမ်းသာရေးကိုပဲရှေ့ရှုနေတတ်ကြတယ်။

Allinic said...

ကချင်ပြည်နယ်မှာစီပွားရှာပြီးချမ်းသာသွားသူတွေဒုနဲ့ ဒေးပါ
ဖားကန့်မြို့ မှာကပ်တရာလမ်းကောင်းကောင်းတောင်မရှိသေးပါဘူး ..အမှန်ဆိုတိုးတက်အောင်လုပ်ပေးခဲ့ ရင်သူတို့ တောင်းစရာမလိုလောက်ပါဘူး..တပြည်နယ်လုံးအစစအရာရာနိမ့်ကျနေခဲ့ တာပါ
သူ့ ဘက်ကကြည့်တော့လက်ဖ၀ါး..ကိုယ်ဘက်ကကြည်တော့လက်ဖမိုးဖြစ်နေတယ်... အဆင်ပြေအောင်ညှိပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်

ကျော်ထူး (စောဌက်) said...

စိတ်မပူကြပါနဲ့၊ မကြာခင်မှာ ကေအိုင်အေကလည်း အကောက်ခွန်ဌာန၊ အမြတ်ခွန်ဌာနတွေ စနစ်တကျဖွဲ့စည်းလာတော့မှာပါ။

ပြည်မအာဏာပိုင်တွေက လွှတ်ထားတဲ့ အကောက်ခွန်ဦးစီးဌာန၊ အမြတ်ခွန်ဦးစီးဌာန၊ လူဝင်မှုငွေကောက်ကြီးကြပ်ရေးဌာန၊ ပြည်သူ့ချဉ်ရဲ၊ ပြည်သူ့သတ်မတော် စတာတွေကို အစားထိုးသွားမှာပါ။

ဆက်ကြေးဆိုတဲ့စကားက အကြားနဲ့ အထင်လွဲကြတာပါ။
အမှန်တော့ ကေအိုင်အေက ပြည်သူ့ဝန်ထမ်းနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်ကောက်တဲ့ အခွန်အတုပ်တွေပါ။

ဒါတွေ လက်လွှတ်ရမှာစိုးလို့လည်း ပြည်မက အသေအလဲ တက်တိုက်နေတာပေါ့။

may said...

KIA ဖားကန့်တာဝန်ခံရဲ့ တူမကလဲလောပန်းတယောက်ရဲ့အငယ်ဘဲလေ။ကိုယ့်မိသားစုကိုယ့်အမျိုးတောင်နုင်အောင်မအုပ်ချုပ်နိုင်ဘဲနဲ့များဟား ဟား လို.သာ ရီလိုက်ချင်တယ်ကေအိုင်အေ..

ဖိုးသားလေး said...

ညီအစ်ကိုတို့
မြစ်ဆုံစီမံကိန်းကိုလည်းရပ်ပြီးပြီနော်
ဗုံးတွေခွဲလို့ ရထားမစီရဲကြတော့ဘူးနော်

အလျော့ပေးတားတွေ တော်တော်များနေပြီနော်
သူတို့ဘာကြောင့် တိုက်ပွဲတွေကိုစိန်ခေါ်နေတာလဲနော်
အစိုးရဘက်ကလည်း ဘာကြောင့်စစ်တပ်တွေနောက်မဆုတ်သေးတာလဲနော်
ကေအိုင်ကေ က ကချင်လူမျိုးတွေကို မသနားဘူးလားနော်
စားဝတ်နေရေးတွေခက်နေကြပြီနော်
သူတို့လူမျိုးတွေပျက်စီး ဆင်းရဲနေတာ မသနားဘူးလားနော်


အဲ့ ကျွန်တော်တို့ကဗမာလူမျိုးတွေဗျ
ရှေးလူကြီးတွေကတော့
တရုတ်ကဖိ ရှမ်းကအိ ဗမာတွေပျောက်တော့မယ်တဲ့
အခု ကချင်က ဘယ်လို ဗမာတွေကိုလုပ်ဦးမလဲ
သည်းခံပါတယ်။
သမ္မတက အပြစ်အခတ်ရပ်ဖို့ညွန်ထားတယ်တဲ့
သူတို့စပြစ်မှ ပြစ်တဲ့
သူတို့ဗုံးကျဲရင် ဗမာစစ်သားတွေ ဘယ်လောက်သေမလဲနော်
စစ်တပ်နောက်ဆုတ်ခဲ့ရင် အဂ်လိပ်တွေလို မြန်မာပြည်ကို အထက်ပိုင်းက စသိမ်းလိမ့်မယ်တဲ့ အချို့က ပြောကြတယ်။

ကေအန်ယူနဲ့တောင် ငြိမ်းချမ်းရေးအဆင်ပြေလို့ စစ်ကားတွေ အစီး100 လောက် နေပြည်တောကို ပြန်လာတာ ကိုယ်တိုင်တွေ့ပြီးပါပြီ

သို့ ကချင်တို့
ကျွန်တော်က အစိုးရဘက်လဲမပါဘူး၊ ခင်းဗျားတို့ဘက်လဲမပါဘူး
ဒါပေ့မယ် ဗမာလူမျိုးဗျ။
စဉ်းစားပါဦး
ခင်းဗျားတို့ ကိုယ်လွတ်ရုန်းနိုင်ပြီလား
ဒါဆို ကချင်ကို တိုင်းပြည်သစ်အနေနဲ့ထောင်နိုင်ပြီလား
ကချင်လူမျိုးတွေ ဘယ်နားနေလို့ ဘာစားပြီး ဘာအလုပ်လုပ်မလဲ
ကျွန်တော်တို့ချော့နေတာနော်.....
ဗမာတွေမျိုးတုံးတော့မယ်
ကချင်တွေ ကျုပ်တို့ခေါင်းပေါ်တက်တော့မယ်
ဗမာတွေရယ် သိကြပါတော့
တဘက်တည်းကိုတွေးပြီး တဘက်သက်မဆန်တော့ပါနဲ့တော့
သမ္မတလဲချော့ရလို့မောလောက်ပါပြီး
လူသားချင်းစာနာလွန်းလို့ပြောရတာပါ
ကိုယ့်လူမျိုးအချင်းချင်းကို မသနားဘဲဆက်ပြီး တိုက်ခိုက် စိန်ခေါ်ကြတယ်

ထလော့ဗမာ ထကြပါတော့
အမျိုခံရတော့မယ်

မောင်လေး said...

We Are Kachin ဆိုသူခင်ဗျား။
ကချင်ပြည်နယ်က ခင်ဗျားတို့ ကချင်လူမျိုးတည်းနေတာမို့ လို့  ဒီစကားပြောတာလား။ ရှမ်းတွေလဲ ကချင်ပြည်နယ်မှာ ဟိုးပဝေ သဏီထဲကနေလာတာ။ ကချင်ပြည်နယ်မြေပြန့် မှာ ရှမ်းလူမျိုး အများဆုံးပဲ။နောက်ပြီး KIA က ကချင်ပြည်နယ် အစိုးရ ဆိုပြီးတော့ ဘယ်သူက ခန့် ထားလို့ လဲ။ KIA ရဲ့လောဘက ဒီမှာပေါ်နေတာဘဲ။ ရိုးသားပြီးအေးချမ်းစွာနေလိုတဲ့ ကချင်ပြည်နယ်သားများ(ကချင်လူမျိုးအပါအ၀င်)ကိုညှာတာရင်ဒီလိုလက်လွှတ်စပယ်မပြောပါနဲ့ ။ ငြိမ်းချမ်းရေးရသွားရင် KIA ခေါင်းဆောင်တွေရဲ့ ခံစားနေရတဲ့ များပြားလှတဲ့ စည်းစိမ်တွေ ၊ ၀င်ငွေတွေ ဆုံးရှူံးမှာကြောက်ပြီး ငြိမ်းချမ်းရေး မရအောင်အမျိုးမျိုးအကြောင်းပြပြီးအချိန်ဆွဲနေတာတွေတော်သင့်ပါပြီ။

P ,P said...

သြော်.... မသိလို့မေးတာနော်။ ကချင်အစိုးရက ကေအိုင်အေ... ဟုတ်လား။

မှန် said...

တခုခုတော့စဉ်းစားဖို့လိုပြီနော်..............

pyaponthu said...

အခွန်ကောက်ပြီးကချင်ပြည့်အတွက်ဘာလုပ်ပေးလဲ။အစိုးရဆောက်ပေးတဲ့လမ်းတံတားတွေဖျက်ဘို့လက်နက်တွေတရုတ်ဆီက၀ယ်ဘို့မဟုတ်လား။သူတို့ကချင်ခေါင်းဆောင်တွေတရုတ်ပြည်မှာကောင်းစားနေပြီးခေါင်းမပါတဲ့KIA တွေတိုက်နေတယ်။ကချင်ပြည်သူကိုဒုက္ခပေးတာKIAတွေဘဲ

shade said...

We Are kachine ရေ မင်းတို့KIA က ကချင်ပြည်ကောင်းစားရေး
အတွက်ဘာတွေလုပ်ပြီးပြီလဲ။မင်းတို့လည်းစစ်ရုးပါ။လူထုကိုလက်
နက်ပြပြီးလုပ်ချင်တာလုပ်နေတာငါမသိဘူးထင်နေလို့လား။

ပုဂံစစ်သည် said...

WeAreKachin ဆိုတဲ့ကောင် သူပုန်ဆိုတာ သိသာထင်ရှားနေပြီနော်။ မင်းစိတ်ဓါတ်တွေ အင်မတန်မှအောက်တန်းကျနေတယ်။ ပြုပြင်ဖို့တော့လိုနေပြီ။ ဒါပြည်ထောင်စုမြန်မာနိုင်ငံတော်၊ မင်းတို့ကချင်ပြည်နယ်ကို မင်းတို့ပဲပိုင်တယ်မထင်နဲ့၊ တိုင်းရင်းသားအားလုံးပိုင်တယ်၊ ဗမာပြည်လဲ ဗမာလူထုတစ်ယောက်ထဲပိုင်တယ်မထင်နဲ့ အားလုံးပိုင်တယ်၊ အဲ့ဒါမင်းခေါင်းထဲမြဲမြဲမှတ်ထားစေချင်တယ်။

ကျော်ထူး (စောဌက်) said...

အပေါ်က ပန်းကန်စစ်သီ

သူပုန်ဆိုရင် ဘာဖြစ်သတုံးကွ၊ အစိုးရဆိုတဲ့ စကားအဓိပ္ပါယ်ရော မင်းနားလည်လို့လား။

လယ်သမားသူပုန် ဆရာစံ
ဝရမ်းပြေး မောင်အောင်ဆန်း
ဆူပူအောင်လှုံ့ဆော်သူ ဦးဥတ္တမ
မုဆိုးဖိုကလူမိုက်ခေါင်းဆောင် ဦးအောင်ဇေယျ

စာရင်းလုပ်ရင် မကုန်နိုင်ပါဘူးကွ၊ ကြည့်တဲ့ဖက်အပေါ် မူတည်ပြီး စာသားတွေ ပြောင်းသွားတာပါ။

ကိုယ်အသာစီးရလို့ အစိုးရလုပ်၊ ကိုယ့်အလှည့်ကျ သူများထက်တောင် ဖိနှိပ် အနိုင်ကျင့်တတ်တာ ဗမာလူမျိုးတွေရဲ့ ဖျောက်လို့မလွယ်တဲ့ အစဉ်အလာတစ်ရပ် ဖြစ်နေပါပြီကွာ။

ကုလားထိုင်မှာ ကျောလေးမှီပြီး အေးအေးဆေးဆေး အရင် ထိုင်တွေးလိုက်ပါဦး။

ကဲ ရေးရင်းနဲ့ သုံးရတာကိုက "ကုလားထိုင်"တဲ့၊ သုံးရတဲ့ စကားလုံးကိုပဲကြည့်။
ဒါကိုမှီပြီး ထပ်ပြောရင် မင်းလိုလူတွေဆီက ဖင်ပိတ်အော်တာတွေပဲ ထပ်ထွက်လာမှာမို့ မပြောချင်တော့ပါဘူးကွာ။

greenlover said...

အကုန်လုံးရဲ့စိတ်ဓာတ်အောက်တန်းကျပါတယ် comment ရေးနေတဲ့လူတွေလည်းအကုန်ပါတယ် လူကြီးကအစ ကလေးအဆုံးပေါ့လေ
ကြက်ကလေးက ကြက်မ ကိုဆိတ် ကြက်ကလေးတွေအချင်းချင်းပြန်ဆိတ်ဆိုတော့ ရစရာမရှိတော့ဘူးပေါ့ KIA ကဆက်ကြေးတောင်း အစိုးရတပ်၊ရဲ ၊ ဌာနဆိုင်ရာ တွေက ဖားရိုက် ကဲပြည်သူတွေအတွက်ဘယ်မှာလဲ အကုန်လုံးဒီပုတ်ထဲကဒီပဲပါဘဲဘယ်သူ့ကိုမှခါးခါးသီးသီးပြောစရာမလိုပါဘူးကိုယ်စီကိုယ်ငါ့ ရဲ့စိတ်ဓာတ်တွေကိုအရင်ပြင်ဖို့ကအရေးအကြီးဆုံးပါ

greenlover said...

ကျွန်တော် ဒီနှစ်ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေတဲ့ IDPs(Internally Displaced People) တွေကိုအကူအညီပေးနေတဲ့ သူပါ နေရာအဆုံလူအဆုံနဲ့ဆက်သွယ်နေရတဲ့သူပါ အဖြစ်အပြတ်တွေ မျက်မြင်ကိုယ်တွေ့အတွေ့အကြုံတွေအများကြီးရှိပါတယ် ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ မပြောချင်ပါဘူး မဝေဖန်ချင်ဘူး ဒါပေမဲ့ အဖြစ်အပြတ်တိုင်းမှာအကြောင်းနဲ့အကျိုးဆိုတာရှိတယ်ဆိုတာကိုဘဲနားလည်စေချင်တယ်

ကျော်ထူး (စောဌက်) said...

greenlover

မင်းအနေနဲ့ တကယ့်နေရာတွေမှာ လုပ်ကိုင်နေသူမှန်ရင် မင်းရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက ကိုယ်တိုင် တွေ့ကြုံခံစားရတဲ့ သူအနေနဲ့ အဲဒီ ဖြစ်နေတာတွေနဲ့ အကျိုးအကြောင်းတွေရဲ့ တစ်ဖက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကစလို့ မတူတာတွေ၊ လူတိုင်း မမြင်နိုင်တာတွေ၊ အရင်းအမြစ်ကနေ ဖြေရှင်းစရာ လိုနေတာတွေ ရှိတယ်ဆိုတာ မင်းအနေနဲ့ သိနိုင် မြင်နိုင်သလား ဆိုတာကတော့ ငါသံသယရှိတယ်။ မင်းပြောတဲ့ ကြက်တွေ ဆိတ်ကြတယ်ဆိုတာ ကြက်ကလေး အချင်းချင်းဆိတ်တာထက် ကြက်မကဆိတ်ရင် ကြက်ကလေးတွေ ခေါင်းပေါက်ပြီး သေပွဲအမြန် ဝင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ငါ ဒီမှာ ကွန်မန့်ဝင်ရေးနေတာ အပျော်မဟုတ်ပါဘူး။ အားနည်းတဲ့သူတွေ ဘူးလေးရာ ဖရုံမဆင့်ရလေအောင် တစ်ဖက်တစ်လမ်းကနေ အချက်အလက်တွေနဲ့ ဖေးမနေတာပါ။ ဒီလိုပြောလို့ မင်းရဲ့ ခံစားချက်ကို မှားတယ်လို့ အပြစ်မတင်ချင်ပါဘူး။ မင်းအတိုင်းတာနဲ့ မင်းမှန်နိုင်ပါတယ်။ တစ်ချိန် အသက်ရလာလို့ ပိုင်းခြားစိတ်ဖြာ မြင်နိုင်တဲ့အခါ မင်းသိလာမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ပြည်မမှာ နေသူတွေအနေနဲ့ IDP ဆိုတာတောင် မသိကြသူတွေ များပါတယ်။ ကိုယ်ချင်းစာဖို့ကတော့ ဝေလာဝေးပေါ့။ ဒီတော့ မင်းရေးထည့်ပြတာကိုတော့ ကျေးဇူးတင်ပါတယ်။
IDP

greenlover said...

ကျော်ထူး(စောဌက်)
ခများလို အချက်အလက်နဲ့ comment ပေးလာတဲ့လူ တွေကိုတော့ချီးကြူးပါတယ် ဒါပေမဲ့ လူအများက လူမျိုးရေးစစ်ဘဲဖြစ်တောမလိုလို အဲလို comment တွေပေးနေတာကတော့မကောင်းပါဘူး

မောင်လေး said...

ဘာစစ်မှလဲမဖြစ်စေချင်ဘူး။ဘာတိုက်ပွဲသံမှလဲမကြားချင်ဘူး။ဖြစ်လာရင်ကြားညှပ်နေရတာကပြည်သူလူထုပဲ။အမြန်ငြိမ်းချမ်းပြီးအေးအေးချမ်းချမ်းနေရတာကိုပဲလိုလားပါတယ်။

Powered by Blogger.