ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား


  ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး……….
 ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်
သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင်
 ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့်
လုပ်နေကြရတာဖြစ်တယ်။

      မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊
ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ စပယ်ရှယ်စားပြီး
 စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို
ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့
လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့
ရင်းမြစ်ကြီးက သွားရည်ယိုလောက်တယ်လေ။

 ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်း
မဟုတ်ဘူး။ ပတ်စပို့လုပ် WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာ
အလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်နေကြပြီဖြစ်တယ်။

 တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့
 သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမားတွေကို အယင်တုန်းက
 မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့
တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ်
သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက
 ယူတာက ဘတ် ၁၅၀ ပေးရ ပါတယ်။ မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ
 အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း
 စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှမဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီး
လုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ်လည်း မပျက်ဘူး။
စားစရိတ်နဲ့ သွားစရိတ်တွေ မကုန်ဘူးလို့ အလုပ်သမားတွေက ပြောကြတယ်။

                                    “ရေနစ်သူကို ၀ါးကူလို့ထိုးခြင်း”

အနီရောင်ပတ်စပို့ မြန်မာအစိုးရ၀ါဇီစက်ရုံက ထုတ်ပေးတဲ့ အနီရောင်
 ပတ်စပို့ နဲ့ တောင်မှ အကုန်အကျ များလွန်းလို့ စိတ်ညစ်နေကြရတဲ့ မြန်မာ
အလုပ်သမားတွေကို ယခု တစ်ပူပေါ်နှစ်ပူ ဆင့်လာတဲ့ လုပ်ရပ်က
 ပေါ်လာပြီးဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ Trust Link ကုမ္ပဏီက လာရောက်ပြီး
 တော့ ခရမ်းရောင် အီလက် ထရွန်နစ် ပတ်စပို့စာအုပ် တစ်အုပ်ကို ဘတ်ငွေ
၅၅၀ နဲ့ ထုတ်ပေးနေတယ်။ မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း
ကိုယ်တိုင်လာရောက်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။
၂နှစ်ပြည့်ပြီဖြစ်တဲ့ အနီရောင် ပတ်စပို့ကို ဘန်ကောက် မြန်မာသံရုံးမှာ
 နောက်ထပ် ထိုင်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးလို့ မရတော့ဘူး။
သံရုံးနဲ့ နီးစပ်သူတွေ အပြောကတော့ ခရမ်းရောင် ပတ်စပို့စာအုပ်
 များများရောင်းရအောင် လုပ်ခြင်းဖြစ်တယ်လို့ စွတ်စွဲပြောဆိုကြတယ်။

 မြန်မာသံရုံးမှာ အလုပ်သမားကိုယ်တိုင် သွားစရာမလိုပဲ သက်တမ်းတိုး
လို့ ရတဲ့ လုပ်ငန်းစဉ်ကိုယခု အသစ်သတ်မှတ်လိုက်တဲ့ မူအရဆိုရင်
ယာယီပတ်စပို့ ထုတ်ပေးတဲ့ မူလနေရာတွေကို အလုပ်သမား
တွေ ကိုယ်တိုင် သွားရောက်ပြီးတော့မှ စာအုပ်အသစ် ထုတ်ယူရမှာဆိုတော့
 စရိတ်စက လေးငါးထောင်အထိ ထပ်မံကုန်ကျမယ်လို့ သိရတာကြောင့်
အလုပ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြရပါတယ်။
တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အလုပ်သမားတွေကို နှိပ်စက်နေကြပါ
လားလို့  ပြောနေကြတယ်။

 ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေ
ဆီက ငွေတွေကို ထိုင်းနိုင်ငံ အတွင်းမှာ ကုန်အောင် နည်းအမျိုးမျိုးနဲ့ 
ဂုတ်သွေးစုတ်နေကြခြင်းသာဖြစ်တယ်လို့  ခေတ်ပညာတတ် မြန်မာ
အလုပ်သမားတွေက ပြောကြပါတယ်။

ပတ်စပို့စာအုပ်တိုးခြင်းဟာ စာအုပ်ဖိုးလောက် သာကုန်သင့်ပြီး ပတ်စပို့
အသစ်လုပ်သလို မျိုး လူကိုယ်တိုင် နယ်စပ်ကို အရောက်သွားပြီး ပြန်လဲ
ရမယ်ဆိုတာက မြန်မာအစိုးရအနေနဲ့ အလွန် ရက်စက်ရာ ကျပါတယ်။
 မြန်မာအစိုးရအနေနဲ့ Trust Link ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရမ်းရောင်
ပတ်စပို့ စာအုပ် ရောင်းချရရေး အတွက် ဒီလောက် ဦးစားမပေးသင့်ဘူး။
စာအုပ်အရောင်းပြောင်းခြင်းထက် မြန်မာအလုပ် သမားတွေ လုံလုံခြုံခြုံ
 နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးက သာအဓိကဖြစ်တယ်လို့  ပြောကြ ပါတယ်။

 မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရတဲ့ အနေအထားကနေ နယ်စပ်နဲ့ 
ပတ်စပို့ ထုတ်ပေးတဲ့နေရာတွေမှာ လူကိုယ်တိုင်သွားရောက်ပြီးမှ
 ပတ်စပို့အသစ်ကိုလဲလှယ်ရမယ် ဆိုတဲ့ အမိန့်ကို ဆက်လက်ကျင့်သုံးနေ
မယ် ဆိုရင် ကျေးကျွန်းသဖွယ် အလုပ်လုပ်နေကြရတဲ့ မြန်မာအလုပ်
သမားတွေအတွက် ဗူးလေးရာဖရုံဆင့် သာမက ရေနစ်သူကို
ဝါးကူထိုးသတ်တာမျိုး ဖြစ်နေတာကြောင့် ပြန်လည်သုံးသပ်သင့်ကြောင်း……
                                                                                            
 ကျော်သောင်း
Myanmar News Now
ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား Reviewed by သစ်ထူးလွင် on 10:01 Rating: 5

13 comments:

nyinyi said...

စာအုပ်အသစ်ဖိုး+ထိုင်းအလုပ်သမားလက်မှတ်+ပွဲစားခ ၁ ယောက်ကို အနဲဆုံး ဘတ် ၁ သောင်းကျော် (၁​ဘတ် ၂၆.၆ ကျပ် ) မှမကုန်ရင် ယာယီပတ်စပို့ လုပ်မရပါ ။ အခု စာအုပ်အသစ်ဖိုးခွေကတော့ ထပ်ပေါင်းငွေပေါ့ ။ ဒုဝန်ကြီးကိုဘဲ တည့်တည့်ပြောချင်ပါတယ် trust link ဆီကနေ ပေးတာကို ယူတာတော့ မပြောလိုပါဘူး ။ ဒီက မြန်မာတွေ အတွက်တော့ ဖူးလေးရာ ဖရုံဆင့် ဆိုသလို ဖြစ်နေပါတယ် ။။

မြတ်နိုး said...

နိုင်ငံတော် အစိုးရရဲ့ စေတနာတွေပေါ့ဗျာ။

ခင်မျိုးချစ် said...

ကမ္ဘာအရပ်ရပ်မှ မြန်မာသံရုံးဝန်ထမ်းများအားလုံးသို့ အထူးမေတ္တာရပ်ခံလိုပါသည်။ မိမိတို့ကိုယ် မိမိ သူများနဲ့မတူ ကံကောင်းသူများ ပြည်သူများက ပေးထားတဲ့လစာနဲ့ စားရိတ်များကို ခံစားသုံးဆောင်နေပြီး တခြားပြည်သူတွေနဲ့မတူ ငါတို့က သီးသန့်အလွှာများလို့ ဘ၀င်မြင့်စွာ ပြုမူလုပ်ဆောင် နေတာတွေ တော်သင့်ပါပြီ။ တွေးပြီးရှက်သင့်ပါပြီ။ အထူးသဖြင့် မြန်မာအလုပ်သမားများစွာ နဲ့ပါတ်သက်ဆက်ဆံနေရတဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား အစရှိတဲ့နိုင်ငံသံရုံးဝန်ထမ်းများ မိမိနိုင်ငံသားများ ကို အထူးကိုယ်ချင်းစာနာစိတ်ဖြင့် ပြည်သူ့ဝန်ထမ်းကောင်း များပီပီ တာဝန်ထမ်းဆောင်ပေးကြစေလိုပါတယ်။ မိမိလူမျိုး များကို မိမိတို့ တာဝန်ရှိသူ/တာဝန်ယူထားသူ များမှ မစောင့်ရှောက်လျှင် မစောင့်ရှောက်နိုင်လျှင် တာဝန်မကျေရာ ကျပြီး ပြည်သူအပေါ်မှာ သံသရာကြွေးတင် ပါတယ်။ သံသရာပြတ်အောင် အားမထုတ်နိုင်ကြသေးသူများ အားလုံးအတွက် သံသရာကရှည်လှသဖြင့် တစ်ဘ၀စာကို ကြည့်ပြီး မမောက်မာကြစေလိုပါ။ မခက်ခက်အောင် မလုပ်ကြ စေလိုပါ။

နိုင်ငံခြားမှာ ၀န်ထမ်းတွေ Service ဘယ်လိုပေးကြသလဲ ဆိုတာ ဥပမာ တစ်ခုလေးပြောပြပါမည်။ နိုင်ငံခြားမှာ ကျောင်းလာတက်ကြသော ကျောင်းသားများအတွက် ဗီဇာသက်တမ်းတိုးရတဲ့ ကာလရှိပါတယ်။ သက်တမ်းမပြည့်ခင် ၄ပတ်လောက်အလိုက စပြီး မိမိကျောင်းအားတဲ့အချိန်မှာ သွားတိုးနိုင်ပေမယ့် လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံခြားသား အများစုကျောင်းတက်ရာ နံမည်ကြီး တက္ကသိုလ်ကကျောင်းများကို တစ်ရက်အချိန်ပေးပြီး လာရောက် သက်တမ်းတိုးပေးပါတယ်။ သူတို့ လာမယ့်ရက်ကိုလည်း ကျောင်းရုံးကနေတစ်ဆင့် ကျောင်း website ကနေတစ်ဆင့် သတင်းတင်ထားတာမို့ ကျောင်းသား အများစု အဆင်ပြေကြပါတယ်။

အခုထိုင်းက မြန်မာအလုပ်သမားတွေကိစ္စမှာလည်း လက်လုပ်လက်စား လစာနည်း ခရီးသွားရမှာ ကြောက်ကြ အတွေ့အကြုံမရှိကြတဲ့ မျက်နှာမွဲ ပြည်သူများကို ထောက်ညှာသော အားဖြင့် လူတွေ ထောင်သောင်းချီပြီး ကိုယ့်ဆီလာခိုင်းမယ့်အစား ကိုယ့်ရုံးအဖွဲ့က Mobile office အဖြစ် သုံး လေးရက်လောက် သူတို့နဲ့ အနီးဆုံးမြို့တွေမှာ သွားဆောင်ရွက်ပေးလိုက်မယ်ဆိုရင် အခက်တွေ့နေတဲ့ ပြည်သူအများ စိတ်ချမ်းသာကြရမှာမို့ နတ်လူ သာဓုခေါ်စရာ ကိစ္စဖြစ်ပါတယ် ...
မိမိတိုင်းသူပြည်သားများကို စာနာစွာဖြင့်ဆက်ဆံနိုင်ကြပါစေ။

ကိုကို said...

အားလုံးကိုကန်တော့ပါရဲ့ဗျာ..
မရှိလို့ဖာခံစားပါတယ်.အကြွေးနဲ့--သွားတယ်ဆိုတာမျိုးဖြစ်နေပီ.

mon lay said...

သူတို့တွေရဲ့နေရာခဏ၀င်စဉ်စားကြည့်ပြီး သူတို့အားလုံးအစဉ်ပြေမယ့်
နည်းလမ်းလေးရှာပေးကြပါဗျာ ကျွန်ကိုနွံနစ်အောင်လုပ်နေတယ်လို့
ကြားရုံနဲ့ကို မဆီမဆိုင် သနားမိတာအမှန်ပါ.ငွေပေါများ အားအားယားသွား
အပန်းဖြေနေတာမဟုတ်ဘူးလေ သူတို့က ဘေးကြပ်နံကြပ် ဒုက္ခတွေကြား
မှာနေနေရတဲ့ သူတို့ကို အတတ်နိုင်ဆုံးကူညီပေးကြပါနေပါလို့မေတ္တာရပ်ခံ
တယ်ဗျာ..(အားလုံးအဆင်ပြေပါစေ)လို့ကျွန်တော်ကဆုတောင်းပေး
လိုက်ပါတယ်

ZAWAUNG said...

မျက်နှာမွဲ ပြည်သူများကို ထောက်ညှာသော အားဖြင့် လူတွေ ထောင်သောင်းချီပြီး ကိုယ့်ဆီလာခိုင်းမယ့်အစား ကိုယ့်ရုံးအဖွဲ့က Mobile office အဖြစ် သုံး လေးရက်လောက် သူတို့နဲ့ အနီးဆုံးမြို့တွေမှာ သွားဆောင်ရွက်ပေးလိုက်မယ်ဆိုရင် အခက်တွေ့နေတဲ့ ပြည်သူအများ စိတ်ချမ်းသာကြရမှာမို့ နတ်လူ သာဓုခေါ်စရာ ကိစ္စဖြစ်ပါတယ် ...
မိမိတိုင်းသူပြည်သားများကို စာနာစွာဖြင့်ဆက်ဆံနိုင်ကြပါစေ။

မြန်မာပြည်က အုပ်ချုပ်တဲ့ ကောင်တွေအဲလောက် အသိညဏ်ရှိမယ်.
စိတ်ထားကောင်းမယ်ဆိုရင် မြန်မာတွေ နိုင်ငံတကာမှာ ကျွန်မြစ်စရာမရှိဘူး.
ဒီကောင်တွေ ခေတ်အဆက်ဆက် မျိုးဆက်မွေး တိုင်းပြည်ကိုထင်တိုင်းလုပ်ခဲ့လို့ အကုန်ဒုက္ခရောက်ရတယ်..
တိုင်းရင်းသားဒေသေတွေ အဆိုးဆုံး..
အခွင့်အရေးရတော့ကုလားနဲ့တရုပ်..
အခုတခါ ဘင်္ဂလီကုလားတွေက ရိုဟင်ဂျာ ဘာညာနဲ့ ပြည်နယ်တောင်
တောင်းဖို့လုပ်နေပြီ..အဲဒါ တွေ အုပ်ချုပ်တဲ့ လူတွေသောက်သုံးမကျလို့ဖြစ်
ကြတာ..

patrioticburmese said...

ခင်မျိုးချစ် ပြောတာကို အပြည့်အဝ ထောက်ခံပါတယ်။

hoh said...

တော်တော်ရက်စက်တဲ့ကောင်တွေ။ ကိုယ့်လူမျိုးအချင်းချင်းကို လုပ်ရက်တယ်။
စာနာစိတ်လေးတော့ရှိအုန်းမှပေါ့။ ပိုက်ဆံပဲကြည့်နေကြတယ်။ ဒီလိုကောင်တွေ မရှိတော့မှ အေးမယ်။ ငွေရူးရူးနေတဲ့ကောင်တွေ။ မင်းတို့တွေ မသေခင်နဲ့ သေအံ့မူးမူးအချိန်ထိ ပြန်ပြီး ၀ဋ်လည်ပါစေ။ (၆၀)ကျော်ပင်စင်နာကစလို့ သေမဲ့အချိန်ထိ ၀ဋ်လည်ပါစေ။ တစ်သံသရာလုံး ဆပ်လို့မကုန်ပါစေနဲ့။

ကျော်ကိုဦး said...

သူများနိုင်ငံကို အားကျတာဟာ...ကိုယ့်နိုင်ငံကအားကျစရာမကောင်းလို့ပေါ့နော်
ဘယ်တော့တိုးတက်မှာလဲ............အင်း
ကျွန်တော့်အမြင်ကတော့ ....မြန်မာနိုင်ငံမှာရှိတဲ့သူတွေ ကျွန်တော်အပါအ၀င်...၅နှစ်နှင့် အထက် ပုဂ္ဂိုလ်တွေကို
ရှင်းလင်းလျှင် ....အပြောင်းအလဲဖြစ်ပြီး....လိမ်ညာလှည့်ပတ်မူတွေ ကင်းမယ်လို့
သုံးသပ်ပါတယ်..

မောင်မောင် said...

ကျေးဇူးပြုပြီးစိတ်ဓါတ်တွေပြောင်းပေးကျပါဗျာ..ကျနော်တို.လိုနိုင်ငံခြားထွက်ပြီးအလုပ်လုပ်တဲ့ လူတိုင်း အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်တိုင်း သံရုံးက ဖြေရှင်းပေးတယ်ဆိုတာ မရှိခဲ့သလို ကြားလည်းမကြားဖူးဘူး..ဘာဖြစ်လိုဒီလောက်ထိ ရက်စက်ချင်ကြတာလည်းဗျာ..နိုင်ငံတကာမှာ မျက်နှာငယ်ရတဲ့ဘဝကို ရင်နာလွန်းလို.ပါဗျာ...လူကြီးမင်းတို့ ကိုယ်တိုင်လည်း သိလိမ့်မယ်ထင်ပါတယ်..သိရက်သားနဲ.ကိုယ့်ကောင်းစားဖို.အတွက် သက်သက်လုပ်ကြတာဆိုရင်လည်း လူကြီးမင်းတို့သားစဉ်မြေးဆက် ဝဋ္ဋ်မလည်ပါစေနဲ့လို. ဆန္ဒပြုဆုတောင်းလိုက်ပါတယ်..

မောင်မောင်(ကိုရီးယား)

kyawminmin said...

အမိမဲ့သားရေနည်းငါး ဆိုတာဒါကိုပြောတာ။
အရှင်ကတစ်မျိုးသခင်ကတစ်မျိုးအမျိုးမျိုး
နိပ်စက်နေကြတယ်။
အရင်ကသခင်မျိုးဟေ့ဒို့ဗမာ
ငတုံးကြီးတို့ခေတ်မှာတော့ကျွန်မျိုးဟေ့
ဒို့မြန်မာပေါ့။ငတုံးကြီးတို့တိုင်းပြည်မှာ
လူဖြစ်ရတာ လူအဖြစ်ရှုံးတာနာတယ်။
သူတို့တာဝန်ယူလုပ်ပေးထားတဲ့
ယာယီပတ်စပို့ကိုပဲ အီလက်ထရွန်းနစ်ပတ်စပို့
ပြောင်းရတယ်လို့။ဂျိုမပေါက်တဲ့ဒုဝန်ကြီမြင့်သိန်း
အလွန်ရွှေဥာဏ်တော်စူးတယ်။
စာနာမူ ငဲ့ကွက်မူဆိုတာ အလုပ်သမားဒုဝန်ကြီးနှင့်
တန်တဲ့ခေါင်းမှာရှိသေးရဲ့လား။

လူ့တိရိစ္ဆာန် တစ်ဘို့ပဲသိတယ် နွားကြီး။

zmt said...

အော်မြန်မာပြည်မှာအလုပ်မပေးနိင်လို့ သူများနိင်ငံမှာ ကျွန်သွားခံပါတယ် ဆိုနေ မှ ကိုယ့်အပေါ်မှာ ပဲ ကိုယ့်လူမျိုး က နှိပ်စက်နေ ပါ ရောလား ..
ဘယ်အချိန် ကျမှကောင်းနိင်မလဲနော်..ရင်လေးတယ်..

သူ၇ိယ said...

ဒင်းတို့အလှည့်ကြရင်လည်း...
“လဲရာသူခိုးထောင်း”
“နူရာဝဲစွဲ”
“မြေနိမ့်ရာလှံစိုက်”..ကြပါစေဗျာ...

Powered by Blogger.